Thursday, January 20, 2022

Interview with Pado Mhan Mhan of KNU. Part-2


“၂၀၂၃ ရွေးကောက်ပွဲဆိုတာကို ခေါင်းထဲမထည့်ပါနဲ့၊ လက်ရှိတော်လှန်ရေးကိုသာ အရှိန်မြှင့်ပါ”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၂၀ /၁/၂၀၂)

စစ်ကောင်စီက ကျင်းပပေးမယ့် ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို ခေါင်းထဲထည့်လိုက်တာနဲ့ တော်လှန်ရေးတခုလုံး နောက်ပြန်ဆုတ်သွားနိုင်တာကြောင့် စစ်အုပ်စု အစီစဉ်ကို ခေါင်းထဲမှာမထားပဲ လက်ရှိတော်လှန်ရေး အရှိန်မြှင့်တင်ရေးကိုသာ ဆောင်ရွက်သင့်တယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

၂၀၂၃ မှာ ရွေးကောက်ပွဲရှိနေတဲ့အတွက် နွေဦးတော်လှန်ရေးကို ၂၀၂၂ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့ ပြောဆိုချက်၊ ထင်မြင်ယူဆချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- PDF တွေ လက်နက်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
- EAO အဖွဲ့တွေရဲ့ ရပ်တည်အလိုက် အကန့်အသတ်နဲ့ဖြစ်နေတဲ့ စစ်ပွဲကနေ တနိုင်ငံလုံး စစ်ပွဲဆီ ဦးတည်လာနိုင်သလား...
- EAO အဖွဲ့တွေရဲ့ လက်ရှိရပ်တည်ချက် ၃ မျိုးဟာ မကြာခင်မှာ တမျိုးတည်းပေါင်းသွားနိုင်ခြေရှိသလား..
- ၂၀၂၂ အတွင်း တော်လှန်ရေးအောင်မယ်လို့ပြောနေကြတာတွေက ဘယ်လိုအထောက်ထားတွေ ရှိနေလို့လဲ...
- ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို စဉ်းစားသင့် မသင့်...စတဲ့ အကြောင်းအရာတွေကို ... ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More