Saturday, January 22, 2022

Interview with Bo Na gar. Part-1



“EAO တွေနဲ့ ကျန်တဲ့ဒေသကလူတွေ အားလုံးပါလာရင် စစ်ကောင်စီတပ်သားတွေ လက်နက်ချ ထွက်ပြေးရမှာပါ”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင် နဂါးတပ်တော်- MRDA)
------------------------------------------------------------------------------
(၂၂/၁/၂၀၂၂)

တိုက်ပွဲမဖေါ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ တိုက်ပွဲမဖေါ်သေးတဲ့ တိုင်းနဲ့ ပြည်နယ်က တော်လှန်ရေးသမားတွေအားလုံး ပါလာမယ်ဆိုရင် စစ်ကောင်စီတပ်တွေ လက်နက်ချထွက်ပြေးရမယ့်အခြေအနေ ရောက်လာမှာသေချာတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်မှူး ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းကို အဓိကအခြေပြုပြီး မကွေးတိုင်းနယ်စပ်၊ ချင်းပြည်နယ်စပ်နဲ့ ကချင်ပြည်နယ် နယ်စပ်တွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အညာဒေသ နွေဦးတော်လှန်ရေး လှုပ်ရှားမှူအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ဗိုလ်နဂါးဆိုတာ ဘယ်သူလဲ...
- စစ်ကိုင်းတိုင်း၊ မကွေး၊ ချင်းနဲ့ ကချင်နယ်စပ်မှာ လွတ်မြောက်နယ်မြေ အတော်ကျယ်ပြန့်နေပြီလား...
- လေယာဉ်နဲ့ုဗုံးကျဲနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးသမားတွေက ဘယ်လိုခုခံတိုက်ခိုက်နေသလဲ...
- NUG နဲ့ EAO တွေက ဒေသခံတော်လှန်ရေးသမားတွေကို ဘယ်လိုအကူအညီပေးသင့်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၂ အတွင်း စစ်ပွဲကိုအပြောင်းအလဲဖြစ်စေတဲ့အထိ တော်လှန်ရေးသမားတွေဖက်က စစ်ရှိန်မြှင့်နိုင်ခြေရှိ မရှိ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More