Thursday, January 13, 2022

Interview with U Than Soe Naing on 2022. Part-2



“PDF က ထိုးစစ်လုပ်နိုင်ရင် ၂၀၂၂ အတွင်းမှာ အလှည့်အပြောင်းရဲ့ ရောင်ချည်ကို မြင်လာရနိုင်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးလေ့လာသုံးသပ်သူ)
---------------------------------------------------
(၁၃/၁/၂၀၂၂)

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ EAO တပ်တွေပူးပေါင်းပြီး ၂၀၂၂ ရဲ့ ပထမ ၆ လမှာ ခုခံစစစ်ကနေ ထိုးစစ်ဖက်ကို ဗျုဟာပြောင်းနိုင်မယ်ဆိုရင် နှစ်မကုန်ခင်မှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေကို မြင်လာရဖွယ်ရှိတယ်လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်နီးပါးကြာလာတဲ့အချိန်၊ ၂၀၂၂ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- အာဏာသိမ်းပြီး တနှစ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အထိကျသွားသလဲ...
- စစ်လက်နက် တင်ပို့ခွင့် ပိတ်ဆို့ရေးကို ဘာကြောင့် မလုပ်နိုင်သေးတာလဲ...
- ၂၀၂၂ အတွင်းမှာ PDF က ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းနိုင်တဲ့ အခြေအနေရှိရဲ့လား...
- တော်လှန်ရေးကိုဦးဆောင်နေသူတွေရဲ့ စီမံခန့်ခွဲမှုစွမ်းရည်အပေါ် ဝေဖန်သင့် မသင့်...
- ၂၀၂၂ မကုန်ခင်မှာ အောင်ပွဲရဲ့ရောင်ချည်ကို မြင်လာရနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် စနေ၊ တနင်္ဂနွေမှာတော့ စစ်ကောင်စီတပ်ထဲကနေ ပြည်သူ့တော်လှန်ရေးဆီ ဘက်ပြောင်းလာတဲ့တပ်မတော်သား (၂၀၀၀) ကျော်ထဲက တဦးဖြစ်သူ ဗိုလ်ကြီး ညီသုတနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More