Sunday, January 30, 2022

Interview with Banya Khung Aung of KHRG. part-2



“လာမယ့် ၆ လတာအတွင်း တော်လှန်ရေး အရှိန် ပိုမြင့်လာမယ်လို့ မျှော်လင့်ပါတယ်”

(ဗညားခွန်အောင်- Karenni Human Rights Group)
------------------------------------------------------------------------------
(၃၀ /၁/၂၀၂၂)

ကရင်နီဒေသအပါဝင် ဒေသအချို့မှာ တော်လှန်ရေးအရှိန်မြှင့်နေပြီဖြစ်ပြီး ကျန်တဲ့ဒေသတွေကပါ တိုက်ပွဲဖေါ်လာမယ်ဆိုရင် ၂၀၂၂ ခုနှစ် နှစ်လယ်လောက်မှာ တိုက်ပွဲအရှိန် အတော်မြင့်လာမယ်၊ အောင်မြင်မှုတွေ ပိုရလာမယ်လို့ မျှော်လင့်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KHRG မှ ဗညားခွန်အောင်ကပြောပါတယ်။

ကရင်နီဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ပြေးဒုက္ခသည် ၂ သိန်းလောက်အထိရှိလာနေချိန်မှာ ပတ်ဝန်းကျင်ဒေသတွေက အခုချိန်အထိ တိုက်ပွဲထဲပါမလာသေးတာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေမှာဖွင့်ထားတဲ့ စာသင်ကျောင်းနဲ့ ဆေးခန်းတွေရဲ့အခြေအနေ...
- ကရင်နီဒေသမှာ တိုက်ပွဲပြင်းထန်နေပေမယ့် ဆက်စပ်ဒေသတွေက အခုထိ တိုက်ပွဲထဲ ပါမလာသေးတာ ဘာကြောင့်လဲ...
- ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်းဒေသ တိုက်ပွဲတွေက တနိုင်ငံလုံးအထိ ဆက်စပ်နိုင်ခြေရှိရဲ့လား...
- စစ်ပြေးဒုက္ခသည်တွေ ကူညီရေးအတွက် ဘယ်လိုဆောင်ရွက်သင့်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More