Thursday, January 6, 2022

Interview with Bo Hla Tint of NUG on New Year Wishes. Part-2



“၂၀၂၂ မှာ အောင်မြင်မှုရဖို့အတွက် အချင်းချင်းကြားညီညွတ်ရေး၊ မျိုးဆက်တွေကြား ညီညွတ်ရေးက သိပ်အရေးကြီးပါတယ်”

(ဦးဘိုလှတင့်- NUG အာဆီယံဒေသဆိုင်ရာ သံအမတ်)
-------------------------------------------
(၆/၁/၂၀၂၂)

အခုနှစ်သစ် ၂၀၂၂ မှာ တော်လှန်ရေးအောင်မြင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီအရေးကြီးတဲ့အပြင် တော်လှန်ရေးအဖွဲ့တွေကြား အချင်းချင်း ညီညွတ်မှု၊ မျိုးဆက်တွေကြား အချင်းချင်း ညီညွတ်မှုက ပိုအရေးကြီးတယ်လို့ NUG အာဆီယံဒေသဆိုင်ရာ သံအမတ် ဦးဘိုလှတင့်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်နီးပါးကြာလာချိန်မှာ အမေရိကန်အစိုးရဖက်က NDAA ဥပဒေထုတ်ပြီး အကူညီပေးတာအပါဝင် ၂၀၂၂ ရဲ့ တိုက်ပွဲအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- NDAA ဥပဒေအရေ နယ်စပ်ဖြတ်အကူအညီ ဒေါ်လာ သန်း ၅၀ အပြင် နောက်ထပ် ဘယ်လိုအကူအညီတွေ ထပ်ရနိုင်သေးလဲ...
- တနှစ်နီးပါးကြာတဲ့အထိ PDF တွေကို လက်နက်ပြည့်စုံအောင် မတပ်ဆင်ပေးနိုင်သေးတာ ဘာကြောင့်လဲ...
- ၂၀၂၂ မှာ အောင်ပွဲရနိုင်တယ်လို့ပြောနေကြတာဟာ ဘာတွေအထောက်အထားရှိလို့လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More