Wednesday, January 5, 2022

Interview with Bo Hla Tint of NUG on Hun San. Part-1



“ဒီခရီးစဉ်မှာ အာဏာရှင်အချင်းချင်းဆွေးနွေးပြီး ပြည်သူတွေကြား အမြင်ကွဲအောင် လုပ်လာနိုင်ပါတယ်”

(ဦးဘိုလှတင့်- NUG. အာဆီယံဒေသဆိုင်ရာ သံအမတ်)
------------------------------------------------
(၅/၁/၂၀၂၂)

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွမ်ဆမ်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ ဒီမိုကရေစီအရေးအတွက် ဘာမှထူးလာမှာမဟုတ်ပဲ အာဏာရှင်အချင်းချင်း ကူညီတာမျိုးသာဖြစ်ဖို့များတယ်။ အရှိန်ကောင်းနေတဲ့ နွေဦးတော်လှန်ရေးကို အချိန်ယူဆွဲဆန့်နိုင်မယ့် စီမံကိန်းမျိုး၊ တညီတညွတ်တည်းရှိနေတဲ့ ပြည်သူတွေရဲ့အမြင်တွေကို ဝေဝါးအောင်လုပ်တာမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အာဆီယံဒေသဆိုင်ရာ NUG သံအမတ် ဦးဘိုလှတင့်က ပြောပါတယ်။

သဖက်ခါ ဇန်နဝါရီ ၇ ရက်မှာ နေပြည်တော်ကိုသွားဖို့ပြင်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွမ်ဆမ်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ဒီခရီးစဉ်ကြောင့် မြန်မာ့အရေး ဘာတွေထူးလာနိုင်သလဲ...
- ဟွမ်ဆမ်ဟာ အာဆီယံ မူ ၅ ချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာလား...
- နေပြည်တော်မှာ ဘယ်သူတွေနဲ့ တွေ့ခွင့်ရနိုင်သလဲ...
- တချိန်တည်းမှာဖြစ်ပေါ်နေတဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေ NDAA က မြန်မာ့ဒီမိုကရေစီရေးအတွက် ဘယ်လောက်အရေးပါသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NDAA ဥပဒေအရ ဒေါ်လာ သန်း ၅၀ အကူအညီရတာအပါဝင် ၂၀၂၂ အတွင်း နွေဦးတော်လှန်ရေးရဲ့ အလားအလာအကြောင်း ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More