Saturday, January 15, 2022

Interview with Capt Nyi Thuta. Part-1 Edit



“စစ်ကောင်စီဖက်ကမှာက အစားထိုးဖို့ လူမရှိတော့ဘူး။ PDF တွေဖက်မှာက လူအင်အား၊ စိတ်ဓတ်အင်အား အရမ်းကောင်းနေပါတယ်”

(ဗိုလ်ကြီးညီသုတ- People Soldiers' Defense Force- PSDF)
-------------------------------------------------
(၁၅/၁/၂၀၂၂)

မြန်မာနိုင်ငံမြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ အင်အားသိန်းနဲ့ချီရှိနေပြီး စိတ်ဓတ်အင်အားကလည်းကောင်း၊ စစ်ရေးအတွေ့အကြုံကလည်း တစုံတရာရှိလာနေပြီဖြစ်တဲ့အတွက် လက်နက်ပံ့ပိုးမှုသာ ပိုအားကောင်းလာမယ်ဆိုရင် အချိန်တိုအတွင်း စစ်ကောင်စီကို အလဲထိုးနိုင်မှာဖြစ်တယ်လို့ စကစ ဖက်ကနေ နွေဦးတော်လှန်ရေးဖက် ကူးပြောင်းလာသူ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တနှစ်နီးပါးကာလအတွင်း စကစ ဖက်ကနေ တော်လှန်ရေးဖက် ကူးပြောင်းလာတဲ့ CDM တပ်မတော်သား ဘယ်လောက်ရှိနေပြီလဲ...
- ပြည့်သူ့စစ်သားအဖွဲ့နဲ့ LPDF တွေရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေက အားရစရာရှိရဲ့လား...
- PDF အင်အားနဲ့ စကစ တပ်အင်အား နှိုင်းယှဉ်ရင် ဘယ်တပ်ဖွဲ့က ပိုများနေသလဲ...
- စိတ်ဓတ်ကျနေတဲ့ စကစ တပ်မှာ စုဖွဲ့မှုပါ ပျက်နေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CDM ပြည်သူ့စစ်သားတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်လိုတာဝန်တွေပေးထားသလဲ... ဆိုတဲ့အကြောင်းအပါဝင် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More