Saturday, January 8, 2022

Interview with Aung Thu Nyein on Hun San's trip to Myanmar.



“ဟွမ်ဆမ်ရဲ့ခရီးစဉ်က အာဆီယံနဲ့ ကုလ အထူးသံတွေအတွက် လမ်းကြောင်း ပွင့်လာနိုင်ပါတယ်”

(ဦးအောင်သူငြိမ်း- နိုင်ငံရေး လေ့လာသုံးသပ်သူ)
-------------------------------------------------
(၈/၁/၂၀၂၂)

ကမ္ဘောဒီယားဝန်ကြီးချုပ်နဲ့ အာဆီယံအလှည့်ကျဥက္ကဌ ဝန်ကြီးချုပ်ဟွမ်ဆမ်ရဲ့ နေပြည်တော်ခရီးစဉ်ပြီးရင် အာဆီယံနဲ့ ကုလသမဂ္ဂ အထူးသံတမန်တွေအတွက် သံတမန်လမ်းကြောင်း ပွင့်ကောင်းပွင့်လာနိုင်တယ်လို့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပထမဆုံး ဝန်ကြီးချုပ်အဆင့်နဲ့ နေပြည်တော်ဆီ ၂ ရက်တာသွားပြီး အာဏာသိမ်းစစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆမ်ရဲ့ခရီးစဉ် နောက်ဆက်တွဲ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့...
- ဒီခရီးစဉ်က သွားဖို့ လိုအပ်ပါရဲ့လား...
- အရင် သံတမန်တွေသွားတုန်းက ဘာမှမထူးပဲ အခု ဟွမ်ဆမ်ခရီးစဉ်ကျမှ လူတွေက ဘာကြောင့် ပိုစိတ်ဝင်စားနေတာလဲ...
- စစ်ပွဲတွေ အရှိန်ကောင်းနေစဉ်မှာ နိုင်ငံတကာဖက်က ကြားဝင်ရေး ဖြစ်လာနိုင်ပါ့မလား...
- လူသားချင်းစာနာမှု အကူအညီ တိုးပြီးရလာနိုင်သလား...
- ၂၀၂၂ မှာ မြန်မာ့အခြေအနေ ပိုကောင်းလာနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More