Thursday, January 27, 2022

Interview with Salai Yaw Mann of CDF-Mindat. part-2



“စကစ ဖက်က ပြိုဆင်းနေပြီ။ ကျနော်တို့ဖက်က လုပ်စရာရှိတာ ဆက်လုပ်နေဖို့ပဲလိုတယ်” 

(ဆလိုင်းယောမာန်- CDF- Mindat)
----------------------------------------------------------------------------------
(၂၇/၁/၂၀၂၂)

နွေဦးတော်လှန်ရေး တနှစ်နီးပါးကြာလာတဲ့အချိန်မှာ စစ်ကောင်စီဖက်က တဖြေးဖြေး ပြိုဆင်းလာနေပြီး တော်လှန်ရေးအင်အားစုတွေဖက်က နယ်မြေအတော်များများကို ထိန်းထားနိုင်ပြီ၊ ဒီအရှိန်အတိုင်းဆက်ထိန်းသွားရင်ကို မကြာခင်မှာ အောင်ပွဲကို မြင်လာရနိုင်တယ်လို့ ချင်းပြည်နယ် မင်းတပ်ဒေသ ပြည့်သူ့ကွယ်ရေးတပ်  CDF- Mindat ပြောခွင့်ရသူ ဆလိုင်းယောမာန်ကပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ချင်းတောင်ပေါ်က မင်းတပ်မြို့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- မင်းတပ်မြို့နယ်ကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးနေတဲ့အခြေအနေ...
- တနှစ်တာကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စနစ်တကျ တိုးတက်လာမှု အနေအထား...
- ပြည်တွင်း-ပြည်ပ အလှူရှင်တွေအပေါ် ရှေ့တန်းရောက် တော်လှန်ရေးသမားတွေရဲ့ အမြင်....စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်ညမှာတော့ လွိုင်ကော်မြို့က စစ်ပြေးဒုက္ခသည်တွေအကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More