Sunday, May 4, 2025

ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလ...


ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလည်သေးဟု TNLA ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ မေ ၂၀၂၅

တရုတ် စီမံကိန်းတွေ ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ လုံခြုံရေးမှာ အဓိက အရေးပါတဲ့ အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းကို AA (အာရက္ခတပ်တော်) က ဝိုင်းမိထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ကျောက်ဖြူနဲ့ ရဲတပ်ရင်းကြားမှာ ကာကင်းစခန်းအသစ်တွေ ထပ် ဆောက်နေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းသာ ကျသွားရင် AA တပ်တွေ ဝင်လာပြီး  ကျောက်ဖြူရှိ စစ်တပ် စခန်းတွေကို ချက်ချင်း လာတိုက်နိုင်တယ်၊ အမ်းမြို့တိုက်ပွဲလိုမျိုး ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံရနိုင်တာကြောင့် အခုလို ပြင်ဆင်တာဖြစ်တယ်လို့ စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ် အမ်းမြို့နဲ့ နပခ သိမ်းတိုက်ပွဲမှာ စလင်း (ပကဖ) လည်း ပါဝင်ပြီး ရဲဘော် ၈ ဦး ကျဆုံးခဲ့ရတယ်၊ အခု အိမ်အပြန်လမ်းမှာ ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုကြတယ်လို့ စလင်း (ပကဖ) က ဗီဒီယို သတင်းထုတ်ပြန်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ဒေသ  နောင်ချိုနဲ့ မိုးကုတ် မြို့နယ်ကို မေ ၃ ရက်မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ဒေသခံ သေဆုံး ဒဏ်ရာရ...

- မြန်မာလူထုဆန္ဒကို တရုတ်အစိုးရ နားမလည်ဖြစ်နေဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောဆို...

- မတ္တရာမြို့နယ် အခြေစိုက် ခမရ ၇၀၃ က စစ်သား ၂ ဦး သေနတ် ၂ လက်နဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံ ခိုလှုံလာ...

- မင်းဘူး အခြေစိုက် ခမရ ၄၁၇ က စစ်သားသစ် ၃ ဦးဟာလည်း သေနတ် ၃ လက်နဲ့ အတူ မေ ၄ ရက်မှာ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းထံ ခိုလှုံုလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်ကနားလည်လာအောင် ဝိုင်းပြောဖို့လိုပါတယ်”


“မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်ကနားလည်လာအောင် ဝိုင်းပြောဖို့လိုပါတယ်”

- ဗိုလ်မှူးကြီး တားပန်လ (တွဲဖက်အထွေထွေအတွင်းရေးမှူး- PSLF/TNLA)

(၄- ၅- ၂၀၂၅)

“ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်းလို့ ဒီပြသာနာတွေဖြစ်နေတယ်ဆိုတာကို မြန်မာပြည်သားတွေက နားလည်ထားပေမယ့် တရုတ်ဖက်ကတော့ အိမ်နီးချင်းနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတယ်လို့ပဲ နားလည်ထားတယ်၊ ဒါကြောင့် မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်က နားလည်လာအောင် ဝိုင်းပြောဖို့ လိုတယ်” လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ ကပြောပါတယ်။

မေလ ၄ ရက် အွန်လိုင်းကနေ ကျင်းပတဲ့ စစ်ကောင်စီနဲ့ TNLA ကြားက အပစ်ရပ်ရေး ဆွေးနွေးပွဲအခြေအနေ၊ တရုတ်က ဖိအားပေးမှုအပေါ် ဘယ်လိုတုန့်ပြန်မလဲ၊ NUG, PDF အပါဝင် မဟာမိတ်တွေအပေါ် ဘယ်လိုသဘောထားသလဲ... စတဲ့အကြောင်းတွေပါဝင်တဲ့ သတင်းစာရှင်းပွဲအတွင်း သူက ဒီလို ပြောခဲ့တာပါ။

အဲဒီသတင်းစာရှင်းပွဲအတွင်း ပြောကြားချက်တွေထဲက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုနဲ့ မဟာမိတ်တွေအပေါ် သဘောထား အပိုင်းကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

(အခြား အချက်အလက်တွေကိုလည်း အပိုင်းလိုက် ဆက်လက်ကောက်နုတ် တင်ပြပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, May 3, 2025

“လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာဖက်ကို ပြန်သွားနေရတာက မြန်မာပြည်ရဲ့ ...


“လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာဖက်ကို ပြန်သွားနေရတာက မြန်မာပြည်ရဲ့ ထူးခြားချက်ပဲ”

- ဦးတိုးဇော်လတ် (Independent Press Council Myanmar)

(၃-၅-၂၀၂၅)

“တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေမှာ စစ်ကောင်စီက အင်တာနက်တွေဖြတ်၊ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက် လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေကို ပရိတ်သတ်က ပြန်အားကိုးနေရတဲ့အခြေအနေဟာ မြန်မာပြည်ရဲ့ နောက်ပြန်ဆုတ်နေတဲ့ ထူးခြားချက်ဖြစ်တယ်” လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ဒီနေ့ မေ ၃ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလောကအခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကမ္ဘာ့သတင်းလွန်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလောကအခြေအနေ ဘယ်လိုရှိသလဲ... ဖမ်းဆီးခံသတင်းသမား ဘယ်လောက်ကျန်နေသေးလဲ...

- မြန်မာလူထုက သတင်းကို ဘယ် မီဒီယာတွေဆီကနေ အဓိက ရယူနေကြသလဲ... စစ်ကောင်စီ မီဒီယာလား- ဆိုရှယ်မီဒီယာလား...

- စစ်ကောင်စီမီဒီယာနဲ့ တော်လှန်ရေးမီဒီယာကြားမှာ အများပြည်သူက သတင်းမှန်ကို ဘယ်နေရာမှာ ရှာယူရမလဲ..

- လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေ မြန်မာနိုင်ငံမှာ ပြန်ခေါင်းထောင်လာတာ ဘာကြောင့်လဲ...

- VOA, RFA ရေဒီယိုတွေ ပြန်လည်ထုတ်လွှင့်နိုင်မယ့် အလားအလာရှိသေးလား...

- ဘက်မျှပြီး သမာသမတ်ကျတဲ့ သတင်းတွေ ပရိသတ်ဆီ ပို့ပေးနိုင်ဖို့ သတင်းသမားတွေ ဘယ်လိုကြိုးစားနေကြသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, May 2, 2025

ကျာက်ကြီးက စစ်တပ်စခန်း ၆ ခု KNLA သိမ်းပိုက်... ဗန်းမော် စကခ ၂၁ ဝင်းအတွင်...


ကျောက်ကြီးမြို့နယ်က စစ်တပ်စခန်း ၆ ခု KNLA သိမ်းပိုက်... ဗန်းမော် စကခ ၂၁ ဝင်းအတွင်းပိုင်းအထိ KIA တပ်တွေ ရောက်ရှိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၃ မေ ၂၀၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်သား ၂၀ ကျော် သေ၊ လက်နက် ၃၀ နီးပါး ရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါရွာနဲ့ နောင် ကုန်းတံတား စခန်းတွေကို ဧပြီ ၂၈ မှာ တပြိုင် တည်း ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးအပါဝင် ၂၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်တွေတွေ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- နတ်လင်းမြို့နယ် အရှေ့ဘက် ဒမငယ် ရွာရှိ ရဲ နဲ့ ပျူစောထီး ပူးပေါင်းခစန်းကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်လိုက်ပြီး ရဲ ၂ ဦးသေ၊ သေနတ် ၆ လက် ရရှိ...

- ဗန်းမော်မြို့မှာ နောက်ဆုံးကျန်နေတဲ့ စကခ ၂၁ နဲ့ ခလရ ၄၇ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အနီးကပ် စီးနင်းတိုက်ခိုက်နေပြီး ဗဟိုကင်းအထိရောက်နေ...

- ကျောက်ဖြူကို စစ်ကူပို့လိုက်စဉ် လမ်းမှာ ပျောက်သွားတဲ့ တပ် ၉၉ က ဗိုလ်မှူးနဲ့အဖွဲ့ကို စစ်ကောင်စီတပ်က ရှာဖွေတွေ့ရှိသွားပြီး ပစ်ခတ်ရှင်းလင်း...

- နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် အပါအဝင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ TNLA တပ်တွေ ပြန်ဆုတ်ပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသာ နေရမယ်လို့ စစ်ကောင်စီဘက်က တောင်းဆိုတဲ့အတွက် ကူမင်း ဆွေးနွေးပွဲ ရှေ့ဆက်မရ ဖြစ်ခဲ့ရတယ်လို့ TNLA သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 1, 2025

ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအထိနာ ... ကျုံဒိုးက တက်လာတဲ့ စစ်ကောင်စီတပ်...


ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအထိနာ ... ကျုံဒိုးကတက်လာတဲ့ စစ်ကောင်စီတပ် KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂ မေ ၂၀၂၅

မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်း လုံခြုံရေးအတွက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၉ ဦး သေပြီး သေနတ် ၉  လက် ရရှိတယ်လို့ CDF-Asho (ချင်း ကာကွယ်ရေးတပ်-အရှို) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ မနက် ၈ နာရီခန့်မှာ ကပစ ၁၃ က စစ်သား ၂၀ ခန့်ဟာ ပဇီ ကျေးရွာ ဘုန်းကြီးကျောင်းကနေ ထွက်လာပြီး လမ်းကင်းလုံခြုံရေးယူနေစဉ် တိုက်ခိုက်တာလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ဆီမီးခုံ မြို့အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ၂ ဦး သေပြီး သေနတ် ၂ လက် ရရှိ...

- ထန်းတပင်မြို့နယ် သပြေညွန့် စခန်းကနေ ဇရပ်ကြီးမြို့ ခလရ ၇၃ ဆီ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၅ ဦး သေဆုံး...

- ကျုံဒိုးမြို့ကနေ စစ်ကြောင်း ၂ ခုခွဲပြီး ကော့ကရိတ်ဘက် ထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းမိ...

- AA (အာရက္ခတပ်တော်) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေ သိမ်းပိုက်ထားတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက အရေးကြီးစခန်းနေရာတွေကို စစ်ကောင်စီဘက်က တန်ပြန် ထိုးစစ်ဆင်လာနေ...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ လုံခံ ကျေးရွာကို မေ ၁ ရက်၊ ညနေ ၇ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲ...

- အင်အားပြင်းငလျင်ဒဏ် ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက် နိုင်ရေးအတွက် တစ်လတာ အပစ်အခတ် ရပ်စဲထားတာကို နောက်ထပ် တစါလ သက်တမ်းတိုးလိုက်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ရှမ်းမြောက်မှာ နည်းနည်းငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေး အ...


“ရှမ်းမြောက်မှာ နည်းနည်းငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေး အရှိန်မြင့်တက်လာမယ်လို့ မှန်းဆပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁- ၅- ၂၀၂၅)

“တရုတ်ဖိအားကြောင့် ရှမ်းမြောက်မှာ တော်လှန်ရေးအရှိန်နည်းနည်း ငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေးအရှိန် မြင့်တက်လာဖွယ်ရှိတယ်၊ တရုတ်ဖက်ကလည်း မြန်မာလူထုရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ဖိအားကြောင့် လားရှိုးနဲ့ ရှမ်းမြောက်ဖက်မှာ တိုက်ပွဲတွေ ငြိမ်သွားရင် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ထိခိုက်နိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ပြောက်ကြားစစ်ကနေ ချေမှုန်းရေးစစ်ပွဲအဆင့်ထိ တက်လာနေပြီလား...

- KNU ရဲ့ စစ်တောင်းမြစ်ဝှမ်းလှုပ်ရှားမှုက နွေဦးတော်လှန်ရေးအတွက် ဘယ်လိုအရေးပါသလဲ...

- AA နဲ့ NUG ကြားမှာ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မလား...

- တရုတ်အစိုးရက နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးလာအောင် ဘယ်လို စည်းရုံးဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More