Saturday, July 23, 2011

ငြိမ်းချမ်းရေးမြို့တော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ။

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ
၂၃၀၈၁၁ (ထက်အောင်ကျော်)




အရှေ့အလယ်ပိုင်းနဲ့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ ဗုံးကွဲတဲ့သတင်းတွေဟာ အထူးအဆန်း မဟုတ်တော့ပေမဲ့ (ဒေါ်အောင်ဆန်းစုကြည်အပါဝင်..) ငြိမ်းချမ်းရေးနိုဗယ်ဆုပေးနေတဲ့မြိုတော် အော်စ လိုမှာ ဗုံးကွဲတယ်ဆိုတာကတော့ အတော်ကိုထူးဆန်းတဲ့သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော်မယုံ။ တကယ်က ဗုံကွဲတဲ့ ၀န်ကြီးချုပ်ရုံးနဲ့ ကျနော်ငှားနေတဲ့အိမ်က (ဒီဗွီဘီ-ရုံး ခန်းရှိတဲ့ Wessels Gate လမ်း) နီးနီးလေး။ လမ်းလျောက်ရင် ၂-မီနစ်ထက် ပိုမဝေး။ မနေ့ကတောင် အင်တာနက်ကိစ္စအတွက် မြိုထဲသွား ရင်းနဲ့ ၀န်ကြီးချုပ်ရုံးဘေးလမ်းကနေ ပါတ်ပြန်လာခဲ့တာပါ။

အော်စလိုစီးတီး။ ဘူတာကြီးနဲ့ လူစည်းကားတဲ့ဈေးတန်းတွေမှာ အယင်ကထက် လုံခြုံရေးတပ် သားတွေများနေတာကို သတိထားမိပေမဲ့ ၀န်ကြိးချုပ်ရုံးရှေ့မှာတော့ ဘာလုံခြုံရေးမှမတွေ့မိ။ နော်ဝေး ဆိုတာ အငြိမ်းချမ်းဆုံးနိုင်ငံတခုဖြစ်တာနဲ့အညီ လက်နက်ကိုင်အစောင်ရှောက်တွေကို တော်ယုံ နဲ့မြင်ရ လေ့မရှိ။ ကျနော်မှတ်မိသလောက်ဆိုရင် နန်းတော်ဘေးရှိ အမေရိကန်သံရုံးတခုမှာဘဲ့ လက်နက်ကို ပစ်နိုင်တဲ့အဆင့်နဲ့ အသင့်ကိုင်ထားတဲ့ ရဲတွေကိုတွေ့ရပီး နန်းတော်နဲ့ ကမ်းနားက ရဲတိုက်ပေါ်မှာတော့ ဟန်ရေးပြ လက်နက်ကိုင်ပီး ပုံစံတကျလမ်းလျောက်နေတဲ့ ဘုရင့်တပ်မတော်က စစ်ရေးပြစစ်သား တွေကိုသာ တွေ့ဖူးပါတယ်။

ဒီလိုနိုင်ငံမျိုးမှာ ဗုံးကွဲတယ်ဆိုတော့ ဘယ်လိုလုပ်ယုံနိုင်စရာရှိမလဲ။ ဘာဘဲ့ဖြစ်ဖြစ် ကျနော်ဟာ ပုဂိုလ်အရကံကောင်းပီး သတင်းသမားတဦးအရ ကံဆိုးတယ်ပြောရမလားဘဲ့။ ဗုံးကွဲတဲ့ဒီနေ့ကျမှ အင် တာနက်ပျက်လို့ အင်တာနက်အပိုပစ္စည်းဝယ်ယူရေးအတွက် မြိုပြင်က Get ရုံးကိုသွားနေတဲ့ အချိန် ဖြစ်နေပါတယ်။ အဲဒီရုံးကအပြန် သူငယ်ချင်းတယောက်အိမ်မှာဝင်ပီး Tour de Framce စက်ဘီးစီး ပြိုင်ပွဲကြည့်နေစဉ်မှာ ဖုန်းဝင်လာပါတယ်။ အော်စလိုမြိုလယ်မှာ အခု ၃-နာရီလောက်က ဗုံးကွဲတယ်တဲ့။ ဒီတော့မှ ချက်ချင်း NRK နော်ဝေး တီဗွီ-လိုင်းကိုပြောင်းပီးကြည့်ရပါတယ်။


ဝန်ကြီးချုပ်ရုံး ဗုံးခွဲခံရပီ


Friday, July 8, 2011

နော်ဝေးနဲ့ ဒိန်းမတ်က ရှင်ပြုပွဲများ (သို့မဟုတ်) တတိယနိုင်ငံရဲ့ ဒုတိယ ဝေဒနာ။





နော်ဝေးနဲ့ ဒိန်းမတ်က ရှင်လောင်းလှည့်ပွဲများ (သို့မဟုတ်) တတိယနိုင်ငံရဲ့ ဒုတိယဝေဒနာ
၀၉၀၇၁၁ (ထက်အောင်ကျော်)

မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ ရှင်လောင်းလှည့်တယ်ဆိုတာဟာ နှစ်စဉ်မြင်နေကြ ၁၂-ရာ သီပွဲတွေထဲက တခုမျှသာဖြစ်တဲ့အတွက် စိတ်ထဲမှာ ဘာမှထူးထူးခြားခြားသတိပြုမိတာမျိုးမရှိခဲ့။ ဒါပေ မဲ့ အဲဒီနိုင်ငံနဲ့ နှစ် ၂၀-ကျော်ဝေးကွာနေပီး မိုင်ပေါင်း ၅၀၀၀-ကျော် စည်းခြားခံထားရတဲ့အရပ်မှာ အနေကြာလာတဲ့အခါမှာတော့ ရှင်လောင်းလှည့်ပွဲဆိုတာဟာ အထူးအဆန်းတခုလို ပြန်ခံစားလာမိပါ တယ်။ "နော်ဝေးမှာလဲ မြန်မာနိုင်ငံမှာလိုမျီုး ရှင်လောင်းလှည့်ပွဲလုပ်မယ်'' ဆိုပီး သတင်းကြားမိတော့ ကျနော် အထူးစိတ်ဝင်စားမိပါတယ်။

နောက်တခါ တိုက်ဆိုင်မှုလို့ပြောရမလားဘဲ့။ မြန်မာတွေတကယ်လုပ်မဲ့ ရှင်ပြုပွဲတွေမတိုင်မှီ တလခန့်အလိုမှာ ရှင်လောင်းလှည့်ပွဲကို မြန်မာ့ယဉ်ကျေးမှုပြပွဲထည့်မှာထည့်ပေးဖို့ နိုင်ငံတကာ ယဉ် ကျေးမှုပြပွဲစီစဉ်သူတချို့က မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲတော်ကို ပြီးခဲ့တဲ့မေလနောက်ဆုံး ပါတ်တုန်းက ဟားမားမြိုမှာကျင်းပခဲ့ပြိး နော်ဝေးလူမျိုးတွေနဲ့ နော်ဝေးအခြေချ တခြားနိုင်ငံသားတွေလဲ အတော်စိတ်ဝင်စားခဲ့တယ်လို့ အဲဒီပွဲမှာ ရှင်လောင်းလှည့်ပွဲသရုပ်ပြခဲ့သူတွေကပြောပါတယ်။

ဆိုလိုတာ ကတော့ မြန်မာ့ရိုးယာရှင်လောင်းလှည့်ပွဲဆိုတာဟာ ဖိရိုးဖလာမြန်မာတဦးရဲ့မျက်စိထဲမှာ သိပ်မထူးဘူး လို့ထင်ရပေမဲ့ မြန်မာမဟုတ်တဲ့လူတွေ။ မြန်မာနိုင်ငံနဲ့ဝေးကွာနေတဲ့လူတွေကြားမှာတော့ အတော့်ကို ထူးခြားတဲ့ ပွဲတခုဖြစ်နေပုံရပါတယ်။ နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ အခုချိန်ဟာ ဥရောပနဲ့ မြော က်အမေရိကားတိုက်အတွက် နွေရာသီအားလပ်ရက်တွေဖြစ်တာကြောင့် အမေရိကန်နဲ့ ကနေဒါရောက် ရဲဘော်ကြီးတွေကလဲ စုပေါင်းရှင်ပြုပွဲတွေ။ ရဟန်းခံပွဲတွေလုပ်နေတဲ့အကြောင်း အီးမေးနဲ့တသွယ်။ Face Book နဲ့တမျိုးဆက်သွယ်ပီး ဓါတ်ပုံတွေတင်ထားတာနဲ့လဲ အချိန်ကိုက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ၁၀၉။ ၁၁၀- အလုပ်လက်မဲ့ဖြစ်နေတဲ့ကျနော်ဟာ အဲဒီပွဲတွေကို မပျက်မကွက်သွား ဖြစ်ခဲ့တယ်ဆိုပါတော့။

တကယ်ကတော့ ရှင်ပြုပွဲက ၂-ခုပါ။ ပီးခဲ့တဲ့လနှောင်းပိုင်းက အော်စလိုမှာ ကျင်းပခဲ့တဲ့ ကိုဇော်နိုင်ဦးနဲ့ မလွင်လွင်ဦးတို့ရဲ့သား မောင်အိုးဝေလုလင်-ရဲ့ပွဲနဲ့ ဘုန်ကြီးကျောင်း (အတိအကျဆိုရင်တော့ ဘုန်းကြီးအိမ်လို့ပြောရမယ်ထင်ပါတယ်။ ဗုဒ္ဒဘာသာဘုန်းတော်ကြီး ၂-ပါး အတွက် ကျောင်းအဖြစ်ပေးထားတာ မျီုးမဟုတ်ဘဲ သာမန်မြန်မာဒုက္ခသည် ၂-ဦးအတွက်ပေးထားတဲ့ ခွဲတန်းကျအိမ်ခန်းတခုမျှသာ ဖြစ်ပါတယ်) ရှိရာ ဆိုရာဆမ်မြိုလေးမှာ အခုလ ၂-ရက်နေ့ကကျင်းပခဲ့တဲ့ ကိုအောင်ထူးနဲ့ မအေးဝေေ၀ဦးတို့ရဲ့သား ၂-ဦးဖြစ်သူ မောင်ထက်ဝေအောင်နဲ့ မောင်ကျော်ဝေအောင် တို့ရဲ့ ရှင်ပြုပွဲတွေဖြစ်ပါတယ်။ ဒါဟာ နော်ဝေးနိုင်ငံက မြန်မာဘုန်းကြီးကျောင်းမှာ ပထမ-ဆုံးကျင်းပတဲ့ မြန်မာကလေးငယ်မျိုးဆက်သစ်တွေရဲ့ ရှင်ပြုပွဲတခုလဲဖြစ်ပါတယ်။

(ဘုန်းကြီးကျောင်းလား။ ဘုန်ကြီးနေတဲ့အိမ်လား။ တတိယ-နိုင်ငံရောက် ဘုန်းဘုန်းများရဲ့ဘ၀-ကို အောက်ပါ ဗွီဒီယို-မှာ ကြည့်နိုင်ပါတယ်)




Monday, June 27, 2011

ဥရောပရဲ့ နွေရာသီ အားလပ်ရက် သတင်း ၄-ပါတ်ကာလမှာ မြန်မာတွေ ဘာလုပ်ကြသလဲ

ဇွန်လလယ်ကနေ ဇူလိုင်လလယ်အထိ နွေရာသီ သတင်း ၄-ပါတ်ကာလ၀န်းကျင်ကို အားလပ်ရက်အဖြစ်
နော်ဝေးနဲ့ ဥရောပတလွားမှာသတ်ထားပါတယ်။ ဆောင်းတွင်းကာလတလျောက်လုံး အိမ်ပြင်သိပ်
မထွက်ဘဲ မနားတန်းအလုပ်လုပ်လာခဲ့တဲ့လူတွေဟာ ဒီအချိန်မှာ ဟောလီးဒေးယူပီး နိုင်ငံရပ်ခြား
ဆီသွားလည်သူ။ နော်ဝေးနိုင်ငံမှာဘဲ့ မိသားစုဆီပြန်လည်သူ။ မရောက်ဘူးသေးတဲံနေရာဆီ
သွားရောက်လည်ပါတ်သူတွေများလွန်းတဲ့အတွက် အဲဒီလူတွေရဲ့လုပ်ငန်းခွင်မှာ နေရာလပ်နေပီး နွေရာသီအလုပ်ခွင် တွေလဲပေါများလှပါတယ်။

တချိန်တည်းမှာဘဲ့ စာသင်ကျောင်းတွေအားလုံးလဲပိတ်ထားတဲ့အတွက်
မိသားစုအလိုက် ခရီးသွားဖို့အကောင်းဆုံးအချိန်တခုလဲဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာတွေဘာလုပ်ကြသလဲ?

မရောက်ဖူးသေးတဲ့ နော်ဝေးမြောက်ပိုင်းအပါဝင် ဥရောပတခြားနိုင်ငံတွေ။
မြောက်အမေရိကားတိုက်နဲ့ တခြားဝေးလံတဲ့ဒေသတွေဆီ သွားရောက်လည်
ပါတ်သူအတော်နဲတာကိုတွေ့ရပီး အများစုကတော့ သူတို့သူငယ်ချင်းတွေ။
ရဲဘော်ရဲဘက်ဟောင်းတွေ။ မိသားစုတွေရှိရာ ထိုင်း-မြန်မာနယ်စပ်ကိုဘဲ့
ပြန်လည်ပါတ်လေ့ရှိတာကိုတွေ့ရပါတယ်။

အခုနှစ်နွေရာသီအားလပ်ရက်အတွက် အော်စလိုမြိုဝန်းကျင်တခုတည်းမှာတင်
ထိုင်းကိုပြန်လည်တဲ့ မြန်မာ-နော်ဝေး ဦးရေ ၂-ဒါဇင်လောက်ရှိပါတယ်။

ဒါကြောင့် ပြီးခဲ့နှစ် ထိုင်း-မြန်မာနယ်စပ်ဆီကျနော်ရောက်ခဲ့စဉ်က ရေးသား
ထားတဲ့ဆောင်းပါးတပုဒ်နဲ့ ...ချင်းမိုင်။ မယ်ဆိုင်။ ရွေတြိဂံ။ ပူးခက်။ ကော့စမွေ။
ဟွာဟင်။ မဲကလောင် ရေပေါ်ဈေး။ ဘန်ကောက် ဘိုင်ယွတ်တာဝါ။ ကန်ချနပူရီက
ဒုတိယ-ကမ္ဘာစစ် စစ်သချိုင်း။ စန်ခရပူရီက သမိုင်းဝင်သစ်သားတံတား။ ဘုရားသုံးဆူ
ဂိတ်-အကြောင်း ရိုက်ထားတဲ့ ရုပ်-သံ မှတ်တန်းတခုကို အခုတပါတ်အတွက်
ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်

........................................................
ချင်းမိုင်-ပူးချက်-ကန်ချနပူရီ



...................................

Add caption


Monday, June 20, 2011

Midsummer မှာ ဘာတွေလုပ်ကြမလဲ။

အခုသတင်းပါတ် ဇွန်လ ၂၃-ရက်နေ့ဟာ နော်ဝေးနိုင်ငံအတွက်
နေ့တာ အရှည်ဆုံးနေ့ဖြစ်ပီး တခြား ဥရောပနဲ့ မြောက်အမေရိကားတိုက်
တချို့နိုင်ငံတွေမှာတော့ ဇွန်လ ၂၁-ကနေ ၂၄-အထိ နေ့တာအရှည်ဆုံးနေ့
Midsummer-အခန်းနားတွေကို သူနိုင်ငံဒေသအလိုက် ကျင်းပကြမယ်လို့
သိရပါတယ်။

ဒါကြောင့် ၂၀၀၉-ဇွန်လ ၂၂-၂၃-၂၄-မှာရိုက်ထားတဲ့ နေမ၀င်ည ရုပ်သံ-မှတ်တန်းနဲ့
ခရီးသွားဆောင်းပါးကို ဒီသတင်းပါတ်အတွက် ထပ်မံ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

အားလုံးကိုလေးစားလျက်
ထက်အောင်ကျော်



North Cape မှ သန်းကောင်ယံ နေ-အလှ



သန်းကောင်ယံ-နေ-ဖြစ်ပေါ်လာပုံကို နာရီပိုင်းအလိုက်ပြထားပုံ



ဘာကြောင့် နေမ၀င်ညနဲ့ နေမထွက်တဲ့နေ့ တွေဖြစ်ပေါ်လာသလဲဆိုတာကို ရှင်းပြတဲ့ပုံ



သန်းကောင်ယံ နေ-ကို မြင်နိုင်တဲ့ဒေသများ-


ကျနော်ရောက်ခဲ့တဲ့ Tromsø မြို-
-----------------------------------------


နော်ဝေးမြောက်ပိုင်း သန်ကောင်ယံမှာထွက်တဲ့ နေ- ရုပ်သံ-မှတ်တန်း





Friday, June 10, 2011

နိုပိုး-ဒုက္ဒသည်စခန်းမှ အကူညီလိုနေတဲ့ ကလေးငယ်များဘဝ

နိုပိုးဒုက္ဒသည်စခန်းအတွင်း ကျောင်းတွေပြန်ဖွင့်နေပီဖြစ်လို့
သူတို့ရဲ့ကလေးငယ်တွေအတွက် ပညာရေးအထောက်ကူ လိုနေတဲ့
အကြာင်း ကျောင်းဆရာတဦးက ကျနော်ဆီ အီးမေးလ် ပို့လာပါတယ်။
ဒါကြောင့် လူမှုကယ်ဆယ်ရေးကိုစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအနေနဲ့ပါ
တတ်နိုင်သလောက်ဝိုင်းကူညီနိုင်စေရေးအတွက် အယင်လကတင်ထားတဲ့
နိုပိုးစခန်းက ABSDF ရဲဘော်ဟောင်းမိသားစုများရဲ့ ကလေးငယ်တွေရဲ့
မျော်လင့်ချက် ဗွီဒီယို-က အခုတပါတ်အတွက် ထပ်မံတင်ပေးလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်-






နရေးရှင်းမပါဘဲ မူရင်းအတိုင်းတင်ထားပါတယ်။

မရှင်းတာရှိရင်- နိုပိုးစခန်းသွား ခရီးသွားဆောင်းပါးနဲ့ တွဲ- ဖတ်စေချင်ပါတယ်။

Wednesday, June 8, 2011

ဂျီနီဗာသို့ အလည်တခေါက်.

အခုတလော သတင်းတွေထဲမှာ ဂျီနီဗာမှာကျင်းပနေတဲ့
လူ့အခွင့်ရေးကောင်စီအစည်းဝေး။ အိုင်အယ်အို-အစည်းဝေးနဲ့ အဲဒီအစည်းဝေးဆီ ဒေါ်အောင်ဆန်းစုကြည်က
ဗွီဒီယို-လင့် နဲ့စကားပြောမယ်လို့ကြားရတဲ့အတွက် ဂျီနီဗာ-အမှတ်တရအဖြစ် ၂၀၀၈- မတ်လနှောင်းပိုင်းက
ရိုက်ထားတဲ့ သတင်း ၂-ပုဒ်ကို တင်ပေးလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်-




Share

Twitter Delicious Facebook Digg Stumbleupon Favorites More