Friday, September 27, 2024

သီပေါက တပ်ရင်း ၂ ခုကို TNLA သိမ်းပိုက်... အမ်းမြို့က စစ်တပ်စခန်းကို AA တ...


သီပေါက တပ်ရင်း ၂ ခုကို TNLA သိမ်းပိုက်... အမ်းမြို့က စစ်တပ်စခန်းကို AA တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၉ -၂၀၂၄)

ရှမ်းမြောက်ဒေသ သီပေါအခြေစိုက် ခမရ-၅၀၃ နဲ့ ၅၀၄ ကို TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

တိုက်ပွဲတွေ လနဲ့ချီပြင်းထန်ပြီးတဲ့နောက် ၂၆ ရက်နေ့မှာ ၅၀၃ ကိုသိမ်းမိတယ်၊ ၂၇ မနက်ပိုင်းမှာတော့ ၅၀၄ ကိုပါ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုးကားဖေါ်ပြပါတယ်။ ဒါကြောင့် သီပေါမှာ ခလရ ၂၃ တခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် TNLA ပြောခွင့်ရ လွေးယေဦးကတော့ တိုက်ပွဲတွေပြင်းထန်နေတာမှန်ပေမယ့် တပ်ရင်း ၂ ခုစလုံးသိမ်းနိုင်တယ်ဆိုတဲ့သတင်း အတည်ပြုချက်မရသေးဘူးလို့ BNN ကို ပြောပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်အပေါ်မှာတော့ အယုံအကြည့်မရှိဘူးလို့ လွေးယေဦးက ပြောပါတယ်။ စစ်ကောင်စီဖက်က အခြေအနေမကောင်းလို့ လှည့်ကွက်ထွင်တာသာဖြစ်ပြီး အရင်က ဆွေးနွေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးမရတဲ့အပြင် ပြည်သူ့စစ်ဘ၀ အပြောင်းခံလိုက်ရတာက သက်သေအဖြစ် ရှိနေပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင်...

-  ငြိမ်းချမ်းရေးကမ်းလှမ်းပြီး နာရီပိုင်းအတွင်းမှာတင် MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ...

- ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေတပ်က စက်တင်ဘာ၂၇၊ ညနေပိုင်း ၄ နာရီခွဲခန့်မှာ ဗုံးထပ်လာကြဲသွား...

- ရခိုင်ဖက်မှာတော့ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာဖက်မှာ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းတွေရဲ့ စုပေါင်းအင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းနဲ့ AA အာရက္ခတပ်တော် စက်တင်ဘာ (၂၆) မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အလောင်း (၅) လောင်းနဲ့  လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့ AA က သတင်းထုတ်ပြန်...

- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ပျု နဲ့ စစ်သား ၃ ဦးသေ၊ အချို့ဒဏ်ရာရ၊ ခဲယမ်းအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More