“မြန်မာအချင်းချင်း တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိလာနေပါတယ်”
- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)
(၂၉ - ၉ -၂၀၂၄)
“ထိုင်း နိုင်ငံအတွင်း မြန်မာအလုပ်သမားတွေ အဖမ်းခံရတာ၊ အလုပ်ခွင်တွေ အပိတ်ခံရတာတွေဟာ အိမ်ရှင်ထိုင်းနိုင်ငံသားတွေက သတင်းပေးတိုင်ကြားတာအပြင် မြန်မာအချင်းချင်းကြား မနာလိုစိတ်နဲ့ တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးခံရတာတွေလည်း ရှိလာနေတယ်။ အချင်းချင်းလေးစားဖို့၊ ထိုင်း ဥပဒေတွေကို လေးစားဖို့လိုတယ်” လို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။
ထိုင်းရောက် မြန်မာတွေ ဖမ်းဆီးခံရမှုတိုးလာနေတာ၊ ကျောင်းတွေ- အလုပ်ခွင့်တွေ ပိတ်ပင်ခံရမှုတိုးလာနေတာ ...စတဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- နားလည်မှုနဲ့ဖွင့်ထားတဲ့ ကျောင်းတွေ၊ အလုပ်ခွင်တွေကို ဘာကြောင့် အွန်လိုင်းပေါ်တင်ပြီး ကြော်ညာနေကြတာလဲ...
- ထိုင်းရဲ့တင်းကျပ်မှုက အလုပ်သမားတွေအပြင် နိုင်ငံရေးတက်ကြွသူတွေကိုပါ အနှောက်အယှက်ဖြစ်စေသလား...
- ဒီလို အကျပ်အတည်းကြားမှာ ကွန်ဒိုမီနီယံ ဝယ်သူတွေထဲ ထိုင်းရောက်မြန်မာတွေက ထိပ်ဆုံးမှာရှိတယ်ဆိုတာက တကယ်လား...
- အဖမ်းအဆီးတွေ သက်သာအောင် ဘာတွေကိုရှောင်ပြီး ဘာတွေကို ဆောင်ထားသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment