Wednesday, September 25, 2024

သီပေါမှာ တိုက်ပွဲပြင်းထန်... ကရင်နီမှာ စစ်ရေး တင်းမာ... ၁၀၂၇ ဒုတိယလှိုင်...


သီပေါမှာ တိုက်ပွဲပြင်းထန်... ကရင်နီမှာ စစ်ရေး တင်းမာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၆- ၉ -၂၀၂၄)

ရှမ်းမြောက်ဒေသ၊ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေယာဉ်တွေသုံးပြီး ခုခံနေတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

သီပေါရှိ ခမရ-၅၀၃၊ ၅၀၄ နဲ့ ခလရ ၂၃ နေရာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ် …. Y-12 လေယာဉ်နဲ့ ခဲယမ်း- ရိက္ခာတွေ ချပေးနေတယ်လို့ စစ်ဖက် သတင်းရပ်ကွက်ကို ကိုးကားဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၄ က စပြီး တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေတဲ့အတွက် စစ်ကောင်စီ တပ်တွေမှာ ခဲယမ်း-ရိက္ခာ ပြတ်လပ်လာတဲ့သဘောရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ TNLA ဖက်တော့ ဒီနေ့ တိုက်ပွဲသတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- MNDAA - (ကိုးကန့်တပ်) ထိန်းချုပ်ထားတဲ့ လားရှိုးကို စစ်ကောင်စီက ၆ ကြိမ်မြောက်အဖြစ် ဗုံး ထပ်ကြဲ...

- တောင်ကုတ်မြို့နယ်၊ ရွာမ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ...

- ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို ကားလမ်းပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု တိုးလာနေ...

- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်...

- ဟားခါးမြို့မှာ CDM မလုပ်ပဲ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်နေတဲ့ Non-CDM ဝန်ထမ်းတွကို စစ်ကောင်စီနဲ့ တန်းတူ သဘောထားပြီး တိုက်ခိုက်သွားမယ်လို့ CDF – Hakha သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More