ဖားကန့်၊ ဆိုင်းတောင်ရွာရှိ စစ်တပ်ကို KIA တိုက်ခိုက်... ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူရွာကို
PDF တိုက်ခိုက်... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရ သတင်းများ...
(၂၀- ၉ -၂၀၂၄)
တအာင်းဒေသ သီပေါနဲ့ နောင်ချို့မြိရှိ အရပ်သား ပစ်မှတ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် လူတွေ ထိခိုက်ပြီး နေအိမ်တွေ မီးလောင် ပျက်စီးတယ်လို့ PSLF/ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉၊ နေ့လည် ၁၂ ခွဲကနေ ၂ နာရီအကြား ဂျက်ဖိုက်တာက (၃) ကြိမ်လာရောက်ပြီး သီပေါမြို့နယ်၊ ကွန်ကျုံး ကျေးရွာကို ပေါင် (၅၀၀) ဗုံး အပါအဝင် ဗုံး (၁၁) လုံး ကြဲချသွားတာလို့ ဆိုပါတယ်။
အလားတူ မွန်းလွဲ ၃ နာရီမှာ Y-Y12 လေယာဉ်က နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျောခြံနဲ့ မြို့မဈေးကို ဗုံးအလုံး (၆၀) ကျော် ကြဲချပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- ဖားကန့် မြို့နယ် ဆိုင်းတောင် ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ထိခိုက်မှု ရှိနိင်...
- မန္တလေး- ဂေါဝန်ဆိပ်ကနေ ခဲယမ်း-ရိက္ခာ အပြည့်နဲ့ အရင်လကတည်းက ထွက်ခွာလာတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စု ၁၀ စင်းခန့်ထဲက တစီးပဲ ဗန်းမော်ကို ရောက်လာဟုဆို...
- ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူရွာမှာ ၃ နှစ်ကြာ တပ်စွဲထားတဲ့ ပျူ - စစ်ကောင်စီပူးတွဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် ပျုတွေ စခန်းစွန့်ခွာ ထွက်ပြေးသွား...
- AA - အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဂျက်ဖိုက်တာ လေယာဉ် တစင်းက စက်တင်ဘာ ၁၇၊ ညနေပိုင်းမှာ ဗုံးကြဲတဲ့အတွက် ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံက အရပ်သား ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ...
- “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို ဆန်အိတ် (၅၀၀) နဲ့ ငွေသား ကျပ်သိန်း (၁၅၀) လှူဒါန်းခဲ့တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။)
0 comments:
Post a Comment