Tuesday, September 24, 2024

လားရှိုးနှင့် သိပေါကို စစ်တပ်က ဗုံးကြဲ... တန့်ဆည်နဲ့ ရေစကြိုက ပျု စခန်းတ...


လားရှိုးနှင့် သိပေါကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်... တန့်ဆည်နဲ့ ရေစကြိုက ပျု စခန်းတွေကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...

(၂၄ - စက်တင်ဘာ- ၂၀၂၄)

မြေပြင်တိုက်ပွဲ မရှိပဲ ငြိမ်းချမ်းနေတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတဲ့အတွက် အရပ်သား ၁ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရပြီး အဆောက်ဦတွေ မီးလောင်ပျက်စီးတယ်လို့ MNDAA- မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်) က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄၊ မနက် အစောပိုင်း တနာခွဲခန့်မှာ စစ်ကောင်စီ တိုက်လေယာဉ်က လားရှိုးမြို့ ရပ်ကွက် (၂) ဈေးနဲ့ ဖူလီလိုက် ဟိုတယ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ အရပ်သား ၉ ဦး ဒဏ်ရာရတယ် …

မနက် ၄ နာရီမှာ တိုက်လေယာဉ် ထပ်ရောက်လာပြီး ဖူလီလိုက် ဟိုတယ် နောက်ဘက်ရှိ လူနေရပ်ကွက်ကို ပစ်မှတ်ထား ဗုံးကြဲရာမှာ အရပ်သားတဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ် … ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။

လားရှိုးကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း ဒါဟာ စစ်ကောင်စီရဲ့  ၅ ကြိမ်မြောက်  လေကြောင်း တိုက်ခိုက်မှုဖြစ်ပါတယ်။ အရင်တိုက်ခိုက်မှုနဲ့ မတူတာက ပေါင် ၅၀၀ ဗုံးတွေကို လူနေထူထပ်တဲ့ ဈေးတွေ၊ ဟိုတယ်တွေထဲ ကြဲသွားတာဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

ဒါဟာ အပစ်ရပ်စဲရေးအတွက် ကြားဝင်ပေးဖို့ တရုတ်ကို MNDAA ဖက်က တောင်းဆိုပြီးနောက်ပိုင်း စစ်ကောင်စီဖက်က တုန့်ပြန်ချက်လည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- သီပေါမြို့နယ် နားလွယ် ကျေးရွာကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲလို့ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရ...

- တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ မနေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့စစ် ပစ်ခတ်မှုမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၅၀၀ ကျော် ဖမ်းမိပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၈၀ ကျော်ကို တရုတ်ဘက် လွဲပေးဖို့ ပြင်နေ...

- မိုးမောက်မြို့ ၇ မိုင် ဝန်းကျင်မှာ စစ်ကောင်စီနဲ့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲ ပြန်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်နေ...

- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲ ရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး စခန်း... မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ ပျုစောထီးနဲ့ စစ်သားစခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More