ဗန်းမော်နဲ့ မိုးမောက်မှာ တိုက်ပွဲ ပြင်းထန်... လားရှိုးကို စစ်တပ်က ဗုံးထပ်ကြဲ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ …
(၂၉ -၉ -၂၀၂၄)
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မိုးမောက် ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ခမရ(၄၃၇) တပ်ရင်းကို ပြန်ရချင်လို့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ အပြင်းအထန် တိုက်နေတာလို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။
တချိန်တည်းမှာပဲ ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။
တဖက်မှာ တိုက်ပွဲပြင်းထန်နေပေမယ့် တဖက်မှာတော့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် သဘောထား မေးတဲ့အခါမှာတော့ KIO ဗဟိုက ဒီကိစ္စကို ဆွေးနွေးတာ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပြပါတယ်။
KIO ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကတော့ … “စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ နည်းလမ်းမမှန်ဘူး … ဆွေးနွေးဖို့ ပြောတာထက် အာဏာသိမ်းတာကို ထုချေလွှာတင်တာနဲ့ မကြာခင် သန်းခေါင်စာရင်းကောက်မယ်ဆိုတာကို အသိပေးတာက အဓိက ဖြစ်နေတယ်” လို့ ဝေဖန်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင်...
- MNDAA- ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၈၊ ည ၈ နာရီခွဲခန့်မှာ ၉ ကြိမ်မြောက်အဖြစ် စစ်တပ်က ဗုံးထပ်ကြဲ...
- တင်္နသာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာမှာ နှစ် ၄၀ ကျော် အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်သားတွေဟာ စက်တင်ဘာ ၂၅ မှာ စခန်းစွန့်ခွာ ထွက်ပြေးသွား...
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မ ရဲစန်းက ရဲတပ်သား ထူးကြီး G3 တလက်နဲ့ အတူ အလင်းဝင်လာတဲ့အတွက် ဂုဏ်ပြု ဆုငွေ ချီးမြှင့်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment