နိုင်ငံရေးနည်းလမ်းဖြစ်ဖြေရှင်းရန် EAO-နဲ့ PDF ကို စစ်ကောင်စီ ဖိတ်ခေါ်ဟုဆို... အပါဝင် ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၂၇- ၉ -၂၀၂၄)
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့တွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါဝင် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးပြင်းထန်စွာဒဏ်ရာရတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ မနက် ၈ နာရီခန့်မှာ ဂျက်ဖိုက်တာက မြို့တော်ခန်းမနဲ့ ဌာနဆိုင်ရာရုံးတွေ၊ မြို့လယ်နေရာတွေကို ဗုံးကြဲတဲ့အတွက် အခုလို အသေပျောက်များရတာလို့ ဒေသခံတွေကပြောပါတယ်။
အလားတူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုလည်း စက်တင်ဘာ ၂၅ မှာ စစ်တပ်က ဗုံးကြဲတဲ့အတွက် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိတယ်လို့ ဖေါ်ပြပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီးဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသရှိ လားရှိုးနဲ့ သီပေါကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲပြီးနောက် အခု ရခိုင်ဖက်ကိုပါ ဗုံးကြဲလာတာဖြစ်ပါတယ်။
ဒါ့အပြင်...
- စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီတိုက်လေယာဉ် မနေ့ည ၇ နာရီခန့်မှာ ဗုံးကြဲသွားတယ်။ စက်တင်ဘာ ၂၅၊ ည ၁၀ နာရီခွဲက ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း အပြင်းထန်ဒဏ်ရာရနေချိန်မှာ နောက်ထပ် ဆက်တိုက် ဗုံးကြဲတာဖြစ်ပါတယ်...
- မကွေးတိုင်း၊ ရေစကြိုမြို့မှာတော့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းက ကင်းသမားကို လက်နက်နဲ့အတူ အရှင်ဖမ်းမိ...
- ကချင်ပြည်နယ်၊ မိုးမောက်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA - တို့ကြား တိုက်ပွဲပြင်းထန်နေ...
- EAO- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ PDF - ပြည်သူ့ ကာကွယ်ရေးတပ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်င်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းတယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment