“၂၀၀၈ အထိုင်အောက်ကနေ အရင်ပုံစံနဲ့ ကမ်းလှမ်းနေလို့ အလုပ်မဖြစ်ဘူးလေ”
- ပဒိုစောတောနီ (ပြောခွင့်ရပုဂ္ဂိုလ် - KNU)
(၂၇- ၉ -၂၀၂၄)
“၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ အရင်ပုံစံအတိုင်း ကမ်းလှမ်းနေရင် အရင်ပုံစံအတိုင်းပဲ စစ်အာဏာသိမ်းမှု ထပ်ကာထပ်ကာဖြစ်နေလိမ့်မယ်။ စစ်အာဏာရှင်အပါဝင် ဘယ်အာဏာရှင်မျိုးမှ မပေါ်ပေါက်နိုင်အောင် ဒီတော်လှန်ရေးကို ဆင်နွဲနေတာဖြစ်တယ်။ ဒါကို ကမ္ဘာက နားလည်ဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။
ERO တွေ၊ PDF တွေ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးဆွေးနွေးပါ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါဆိုပြီး စစ်ကောင်စီက မနေ့က ကမ်းလှမ်းချက်ထုတ်ပြန်တဲ့ အပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်က အရင်ခေတ် ဆွေးနွေးပွဲတွေဆီ ပြန်သွားချင်တာလား...
- ဆွေးနွေးပွဲမလုပ်ခင် စစ်တပ် နိုင်ငံရေးကထွက်ရမယ်အပါဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အခြေခံသတ်မှတ်ချက်က ဘာတွေလဲ...
- လက်ရှိအခြေအနေကို လူထုက နားလည်ပေမယ့် အိမ်နီးချင်းနိုင်ငံအချိုု့က နားမလည်တာ၊ နားမလည်ချင် ဟန်ဆောင်နေတာကို ဘယ်လို ရှင်းပြသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အခြား ERO တွေ၊ PDF တွေရဲ့ တုန့်ပြန်ချက်တွေကိုလည်း ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)
0 comments:
Post a Comment