Monday, September 23, 2024

မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တိုက်ပွဲဖြစ်... သီပေါက တရုတ်ပိုက်လိ...


မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တိုက်ပွဲဖြစ်... သီပေါက တရုတ်ပိုက်လိုင်းအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၄- ၉ -၂၀၂၄)

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့စစ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း မီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

စက်တင်ဘာ ၂၃၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပစ်ခတ်မှု စတင်ဖြစ်ပြီး မင်္ဂလာ မူဆယ် အိမ်ယာထဲရှိ ကျားဖြန့် ရုံတွေထဲကို စစ်တပ်က ဝင်လာတဲ့အတွက် ပြည်သူ့စစ် အဖွဲ့တွေက ပြန်ပစ်တာလို့ဆိုပါတယ်။

ညနေပိုင်းအထိ ပစ်ခတ်မှု ရှိနေဆဲဖြစ်ပြီး ဒေသခံအချို့လည်း ထွက်ပြေးနေကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- သီပေါ မြို့ရှိ ခလရ-၂၃ တပ် ဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA- တအာင်းတပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတလုံးဟာ တရုတ်ပိုက်လိုင်းခွဲ ရုံဘေးနားကို ကျရောက်ပေါက်ကွဲ...

- ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA- တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြစ်ကြီးနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ...

- ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီသဘောၤအုပ်စု ၂၁ စီးကို ဆားလင်းကြီးမြိုနယ် တနေရာမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်...

- ဂန့်ဂေါခရိုင် အမှတ် (၁၈) PDF တပ်ရင်းဆီကို ထီးလင်းက စစ်ကောင်စီ တပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More