ချီဖွေမြို့ကို KIA သိမ်းပိုက်... ဘုတလင်တိုက်ပွဲမှာ စစ်သားတွေကို PDF ဖမ်းဆီး... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၁- ၁၀- ၂၀၂၄)
ကချင်ပြည်နယ်၊ အထူးဒေသ (၁) က ချီဖွေမြို့ကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက မနေ့က သိမ်းပိုက်လိုက်ပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။
ချီဖွေကို ၂ ရက်ပဲ ထိုးစစ်ဆင်ပြီး ၂၉ ရက်နေ့မှာ ရဲခစန်း၊ စုပေါင်းဂိတ်နဲ့ ကာကင်းတွေကို သိမ်းပြီးတဲ့နောက် နောက်ဆုံးကျန်နေတဲ့ ဗျုဟာကုန်းကို မနေ့က သိမ်းလိုက်ပြီဖြစ်တယ်။ ဒါကြောင့် ချီဖွေ တမြို့လုံး လွတ်မြောက်သွားပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြကြပါတယ်။
ဗျုဟာကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး ဗျုဟာမှူး အပါအဝင် လက်ရ ဖမ်းမိသူတွေလည်း ရှိတယ်လို့ ဖေါ်ပြနေကြပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ အသေးစိပ် မပြောပါဘူး။
ချီဖွေကို သိမ်းအပြီးမှာ ဆော့လော်မြို့ကို သိမ်းနိုင်ရေး KIA က ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- လားရှိုးမြို့ကို စစ်ကောင်စီ လေတပ်က ဗုံးထပ်ကြဲတဲ့အတွက် အရပ်သားတဦး အပြင်းအထန် ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး...
- လားရှိုးကို လေကြောင်းကနေ ဗုံးကြဲနေတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်ဆင်ပါ ဆောင်ရွက်နိုင်ရေးအတွက် မိုးရယ်ကနေ စစ်ပြင်နေတယ်လို့ ဒေသတွင်း မီယာတွေက ဖေါ်ပြ...
- ဘုတလင် မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က အကျအဆုံးများပြီး လက်ရဖမ်းမိတာ၊ လက်နက်သိမ်းမိတာတွေရှိ...
- ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ‘ချင်းညီနောင်’ အဖွဲ့က သတိပေးချက် ထုတ်ပြန်...
- လွိုင်ကော်မြို့က စစ်သားတဦး လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ Loikaw Local Pdf က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment