Monday, May 23, 2016

Tour of California ပွဲ စာစုများ။

Tour of California ပွဲ ပထမနေ့ Sagan အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ပထမနေ့ (San Diego - San Diego) 170.5 km ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ Peter Sagan (Svk) Tinkoff Team က 4:20:41နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Wouter Wippert (Ned) Cannondale Pro Cycling နဲ့ Dylan Groenewegen (Ned) Team LottoNl-Jumbo တို့က နှာတဖျားစီ နောက်ကျပြီး ဒု-တ ဖြစ်သွားပါတယ်။
San Diego မှာတက်ထွက်ပြီး San Diego မှာပြန်ဝင်တယ်ဆိုပေမဲ့ ပေ ၂၅၀၀ လောက်မြင့်တဲ့ တောင်တန်းတွေကိုကျော်ရပါသေးတယ်။ တာထွက်ပြီး သိပ် မကြာခင်မှာကတည်းက ၇ ဦးပါ Breakaway တခု ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။ ဘယ်လောက်အထိလွတ်သွားသလဲဆိုရင် တာထွက်ပြီး ကီလို ၃၀ အတွင်းမှာတင် ၆ မီနစ်ခွဲအထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Alexander Kristoff ရဲ့ Katusha အသင်းနဲ့ Mark Cavendish ရဲ့ Dimension Data အသင်းတို့က ဦးဆောင်ပြီး chase လိုက်ပါတယ်။ ဒါပေမဲ့ ရှေ့ပြေးအဖွဲ့က တော်ရုံနဲ့အရှိန်မကျပါဘူး။ ပန်းဝင်ဖို့ ကီလို ၁၀၀ လိုတဲ့အထိ ၅ မီနစ်ကျော် ပြတ်နေဆဲပါ။ နောက်ပိုင်းမှာတော့ တဖြေးဖြေးချင်းအရှိန်ကျလာ သို့မဟုတ် Peloton က တဖြေးဖြေးခြင်း အရှိန်တင်လာတာကြောင့် ပန်းဝင်ဖို့ ကီလို ၆၀ ခန့်အလိုမှာ Gap က ၂ မီနစ်ကျော်ရုံလေးပဲ ကျန်ပါတယ်။
ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက Breakaway ကို ချက်ချင်းမိအောင်မဖမ်းပဲ ကန့်သတ် ချိန်၊ ကန့်သတ်အကွာအဝေးအတွင်း ဆက်လွတ်ပေးထားခြင်းပါ။ အဲဒီအချိန်မှာ Breakaway ၇ ဦးအတွင်းအချင်းချင်းပြိုင်ကြရင်းနဲ့ အုပ်စုတွေကွဲသွားပါတယ်။ ၃ ဦးဆက်ပြေးပြီး ၄ ဦး ကျန် ခဲ့ပါတယ်။ နောက်ဆုံး ၁၀ ကီလိုအကျန်မှာတော့ အဲဒီ ၃ ဦးကြား အချင်းချင်းထပ်ပြိုင်ပြီး နှစ်ဦး ထွက်ပြေးပြန်ပါတယ်။
ဒီလိုနဲ့ ယာလဲညက်၊ ကြက်လဲမောတဲ့အချိန်ုလို့ပြောနိုင်တဲ့ ပန်းဝင်ဖို့ ၄ ကီလိုအရောက်မှာ တော့ အားလုံးကိုဖမ်းမိပြီး အုပ်စုတခုတည်းဖြစ်သွားပါတယ်။ တနည်းအားဖြင့် Sprinter တွေ အနိုင်ယူမဲ့ပွဲ၊ အထူးသဖြင့် ပီတာဆာဂန်အတွက် အလားအလာကောင်းသွားတဲ့ပွဲအဖြစ် အသွင်းပြောင်းလာတယ်ဆိုပါတော့။ ။
...

Tour of California ဒုတိယနေ့ Ben King အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ဒုတိယနေ့ (South Pasadena - Santa Clarita) 148 km ပွဲမှာ Ben King (USA) Cannondale Pro Cycling က 3:52:09 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Evan Huffman (USA) Rally Cycling က နှာတဖျား နောက်ကျပြီး ဒုတိယရပါတယ်။ Alexander Kristoff (Nor) Team Katusha နဲ့ Peter Sagan (Svk) Tinkoff Team တို့ကတော့ Peloton ကို ဦးဆောင်ပြီး ၈ စက္ကန့်နောက်ကျနဲ့ ၃-၄ ရပါတယ်။
ပ-ဒု ရသူ နှစ်ဦးစလုံးဟာ ၅ ဦးပါ Breakaway အုပ်စုထဲကဖြစ်ပြီး Peloton က အချိန် မီမဖမ်းနိုင်ပဲ ပန်းဝင်တဲ့အထိ လွတ်မြောက်သွားသူတွေဖြစ်ပါတယ်။ ဒီ လိုလွတ်သွားတဲ့အတွက် GC အပြောင်းအလဲဖြစ်ပြီး ဆာဂန်ဆီက အ၀ါရောင် အကျီကို Ben King က လုယူသွားခဲ့ပါတယ်။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Ben King (USA) Cannondale Pro Cycling 8:12:34 
2 Evan Huffman (USA) Rally Cycling 0:00:08 
3 Peter Sagan (Svk) Tinkoff Team 0:00:14 
4 Alexander Kristoff (Nor) Team Katusha 0:00:20 
5 Daniel Eaton (USA) UnitedHealthcare Professional Cycling Team 0:00:21 
6 William Barta (USA) Axeon Hagens Berman 
7 Sindre Skjøstad Lunke (Nor) Team Giant-Alpecin 0:00:23 
8 Niccolò Bonifazio (Ita) Trek-Segafredo 0:00:24 
9 Bryan Coquard (Fra) Direct Energie 
10 Danny Van Poppel (Ned) Team Sky တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Thousand Oaks ကနေ Gibraltar အထိ 167.5 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၁၀၀၀ကျော်မြင့်တဲ့ တောင် ၃ လုံးအပြင် ပန်းဝင်တောင်ကုန်းက ပေ ၃၀၀၀ ကျော်မြင့်တဲ့အတွက် စပရင့်တာ တွေနဲ့စာရင် တောင်တက်သမားတွေ အလားအလာ ပိုကောင်းမဲ့သဘော ရှိနေပါတယ်။ ။
...

Tour of California တတိယနေ့ Alaphilippe အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ တတိယနေ့ (Thousand Oaks - Gibraltar) 167.5 km တောင်တက်ပြိုင်ပွဲမှာ Julian Alaphilippe (Fra) Etixx - Quick-Step က 4:36:59 နာရီနဲ့ တကို်ယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Peter Stetina (USA) Trek-Segafredo က 0:00:15 စက္ကန့်နောက်ကျနဲ့ ဒုတိယ၊ George Bennett (NZl) Team LottoNl-Jumbo က 0:00:25 စက္ကန့်နောက်ကျနဲ့ တတိယ ရသွားပါတယ်။
...
၁၆၇ ကီလိုအတွင်း ဘာတွေဖြစ်ခဲ့သလဲ...။
...
တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ၇ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ် မြောက်သွားပါတယ်။ ပန်းဝင်ဖို့ ကီလို ၁၀၀ အလိုမှာ ၄ မီနစ်အထိ Peloton ကိုဖြတ်ထားနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ Peloton အရှိန်တင်ပြီး ပြန်လိုက်တဲ့အတွက် ပန်းဝင်ဖို့ ကီလို ၄၀ ခန့်မှာ ၂ မီနစ်ကျော်ကျော်လေးပဲ ကျန်ပါတယ်။
နောက်ပိုင်းမှာတော့ Breakaway အဖွဲ့ဟာ ၂ ဦးစီ၊ ၃ ဦးစီအဖြစ်ကွဲပြဲကုန်ပြီး တဖွဲ့ပြီးတဖွဲ့ ပြန် ဖမ်းမိကုန်ပါတယ်။ နောက်ဆုံးပန်းဝင်တောင်ကုန်းဟာ ပေ ၃၀၀၀ ကျော်မြင့်တဲ့အတွက် ဒီ တောင်ကပွဲရဲ့အဆုံးအဖြတ်ကိုပေးသွားတဲ့သဘောဖြစ်ပါတယ်။
...
၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 12:49:47 
2 Peter Stetina (USA) Trek-Segafredo 0:00:19 
3 George Bennett (NZl) Team LottoNl-Jumbo 0:00:31 
4 Brent Bookwalter (USA) BMC Racing Team 0:00:37 
5 Neilson Powless (USA) Axeon Hagens Berman 0:00:40 
6 Laurens ten Dam (Ned) Team Giant-Alpecin 0:00:43 
7 Lachlan Morton (Aus) Jelly Belly p/b Maxxis 0:00:45 
8 Rohan Dennis (Aus) BMC Racing Team 0:00:58 
9 Samuel Sanchez (Spa) BMC Racing Team 
10 Haimar Zubeldia (Spa) Trek-Segafredo 0:01:09 တို့ဖြစ်ပါတယ်။
...
မနက်ဖြန်မှာတော့ Morro Bay ကနေ Laguna Seca အထိ 215 km ကို ဆက်လက်ယှဉ် ပြိုင်ဖို့ရှိနေပါတယ်။ မနက်ဖြန်ပွဲဟာ မြေပြန့်များတာကြောင့် မနေ့က တောင်တက်ပွဲမှာ ပြတ် ကျန်ခဲ့တဲ့ ကျနော်တို့ရဲ့ဇတ်လိုက်ပြီး ပီတာဆာဂန် ဒီနေ့ အလားအလာပြန်ကောင်းလာမယ် လို့မျှော်လင့်ရပါတယ်။ ။
...

Tour of California ၄ ရက်မြောက်နေ့ Sagan ဒုတိယအကြိမ် အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ၄ ရက်မြောက်နေ့ ( Morro Bay ကနေ Laguna Seca အထိ) 215 km ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ Peter Sagan (Svk) Tinkoff Team က 5:16:33 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Greg Van Avermaet (Bel) BMC Racing Team နဲ့ Nathan Haas (Aus) Dimension Data တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရပါတယ်။ စက်ဘီးသမား ၃၀ ခန့်တပြိုင်တည်း Sprint တင်ပြီး ကုန်းဆင်း မှာပန်းဝင်တာကြောင့် ကြည့်ရတာ အတော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
လက်ရှိအ၀ါရောင်အကျီပိုင်ရှင် Julian Alaphilippe (Etixx Quickstep) လည်း ပထမ အုပ်စုထဲပါလာတာကြောင့် GC အပြောင်းအလဲမဖြစ်ပဲ သူကပဲ အ၀ါရောင်အကျီကို ဆက်ထိမ်းထားဆဲဖြစ်ပါတယ်။
...
၂၁၅ ကီလိုအတွင်း ဘာတွေဖြစ်ခဲ့သလဲ...။
...
၂၁၅ ကီလိုဆိုတာ နည်းတဲ့ခရီးမဟုတ်။ Spring Classics တရက်စာပွဲလိုမျိုး ဖြစ်နေပါတယ်။ ထူးခြားတာက တာထွက်ပြီး ကီလို ၆၀ လောက်မှာ တာတို ဘုရင် Mark Cavendish (Dimension Data) အပါဝင် ၇ ဦးဟာ Breakaway အဖြစ်ထွက်ပြေးလွတ်မြောက်သွားပါတယ်။
စာရေးသူမှတ်မိသလောက်ဆိုရင်တော့ ဒီလောက်နာမည်ကြီးတဲ့ စက်ဘီးသ မားမျိုးကို Breakaway ထဲလွတ်ပေးတာမတွေ့ဖူးသေးပါ။ သူ့ရဲ့ဦးဆောင်မှုနဲ့ ဒီအဖွဲ့ဟာ အပြန်အလှန်တလှည့်စီဦးဆောင်စီးရင်းနဲ့ Peloton ကို ၅ မီနစ် ကျော်အထိ ဖြတ်ထားနိုင်လိုက်ပါတယ်။
နာမည်ကြီးတွေအပါဝင် ၇ ဦးအင်အားနဲ့ ၅ မီနစ်အထိဖြတ်ထားတယ်ဆိုတော့ သူတို့ကို မီအောင်ပြန်ဖမ်းဖို့ဆိုတာ မလွယ်တော့ပါ။ ဒါပေမဲ့ လက်ရှိ အ၀ါရောင် အကျီပိုင်ရှင်ရဲ့အသင်း Etixx နဲ့ ဆာဂန်ရဲ့ Tinkoff အသင်းတွေက အသားကုန် အရှိန်တင်ပြီး Peloton ကို ဦးဆောင်လိုက်နေပါတယ်။
ဒီလိုနဲ့ ကီလို ၃၀ ၀န်းကျင်အကျန် နောက်ဆုံး ဒုတိယ တောင်အတက်မှာ Cavendish ကိုချန်ထားခဲ့ပြီး ကျန် ၅ ဥိးထွက်ပြေးပါတယ်။ အဲဒီကနေစပြီး Breakaway စတင်ပြိုကွဲတယ်လို့ စာရေးသူကထင်ပါတယ်။ ကာဗင်းဒစ်ဟာ လုံးဝခြေကုန်ပြီး ပုံပျက်ပန်းပျက်ကျန်ခဲ့ပါတယ်။ နောက်တဥိးပါ သူနဲ့အတူကျန် ခဲ့တဲ့အတွက် ရှေ့ပြေး ၅ ဦးဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ Peloton ထဲကနေ Daniel အပါဝင် တချို့ဖောက်ထွက်ပြေး လိုက်ပါတယ်။ ဆာဂန်ရဲ့ Tinkoff အသင်းဖေါ်တွေကတော့ ရှေ့ပိုင်းမှာ ထိပ်ဆုံး ကိုတက်ပြီး Peloton ကိုဦးဆောင်စီးခဲ့ရတဲ့အတွက် တဦးပြီးတဦး ခြေကုန် လက်ပန်းကျ၊ တာဝန်ပြီးတဲ့သဘောနဲ့ နောက်မှာပြတ်ကျန်ခဲ့ကြကုန်ပါတယ်။
ဆိုလိုတာက အသင်းဖေါ်မရှိတော့တဲ့ ဆာဂန်တယောက် ဒီပွဲမှာ ပထမ ရဖို့ ဆိုတာ မလွယ်တော့တဲ့သဘောပါ။
...
နောက်ဆုံးတောင်ကုန်းအထိ ရှေ့ပြေးအဖွဲ့က ပထမ ၃ ဦးလောက်ကို Peloton က ဖမ်းလို့မမိသေးပါဘူး။ ဒါပေမဲ့ Gap က ၁၀ စက္ကန့်ကျော်ရုံလေးသာကန်တဲ့ အတွက် ကွန်ထရိုးလုပ်ထားနိုင်တဲ့သဘောတော့ရှိနေပါတယ်။ ဒီလိုနဲ့ နောက် ဆုံးတောင်အကျော် အကွေအကောက်များလှတဲ့ ကုန်းအဆင်းမှာတော့ ဆာဂန်တို့အုပ်က ရှေ့ပြေးအဖွဲ့ကို မိသွားပါတယ်။
ဒါပေမဲ့ ဆာဂန်က တယောက်တည်း။ အထူးသဖြင့် BMC မှာက ၃ ဦးထက် မနည်းပါလာပါတယ်။ တခြားအသင်းတွေလည်း ၂ ဦးလောက်တော့ပါကြပါ တယ်။ ဆာဂန်ကို အားလုံးက အသေကပ်ထားပေမဲ့ သူက ဦးဆောင်ပြီး မပြေး ပဲနဲ့ လမ်းဟိုဖက်ထိုးထွက်၊ ဒီထက်ထိုးထွက်လုပ်နေပါတယ်။
ပန်းဝင်လမ်းဟာ ကုန်းဆင်းဖြစ်ပြီး ကားပြိုင်ပွဲလမ်းတခုလို အကွေ့အကောက် များပါတယ်။ နောက်ဆုံးပန်းဝင်စည်းရောက်ဖို့ မီတာ ၅၀ အလိုလောက်မှာမှ အသားကုန် Sprint တင်ပြီး အခုလို ပထမ ရသွားတာဖြစ်ပါတယ်။ ဒါဟာ သူရဲ့ ဒုတိယ နေ့အောင်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ အရင်နှစ်ကလို GC ပထမ ရဖို့တော့ အလားအလာသိပ်မရှိပါဘူး။ ဘာကြောင့်လဲဆို မီနစ် ၂၀ ကျော်တဲ့အထိ GC ပြတ်နေလို့ဖြစ်ပါတယ်။
ဆိုလိုတာက နောက်ထပ် ၄ ရက်အတွင်း ဆာဂန် တကြိမ်မက ပထမ ထပ်ရ နိုင်သေးပေမဲ့ အ၀ါရောင်အစား အစိမ်းရောင်နဲ့ပဲ ကျေနပ်ရမဲ့သဘောရှိနေပါ တယ်။

၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 4
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 18:06:17 
2 Peter Stetina (USA) Trek-Segafredo 0:00:22 
3 George Bennett (NZl) Team LottoNl-Jumbo 0:00:37 
4 Brent Bookwalter (USA) BMC Racing Team 0:00:40 
5 Neilson Powless (USA) Axeon Hagens Berman 0:00:43 
6 Laurens ten Dam (Ned) Team Giant-Alpecin 0:00:49 
7 Rohan Dennis (Aus) BMC Racing Team 0:01:01 
8 Samuel Sanchez (Spa) BMC Racing Team 
9 Rob Britton (Can) Rally Cycling 0:01:12 
10 Haimar Zubeldia (Spa) Trek-Segafredo 0:01:15 တို့ဖြစ်ပါ တယ်။
မနက်ဖြန်မှာတော့ Lodi ကနေ South Lake Tahoe အထိ 213 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၆၀၀၀ ကျော်တဲ့ တောင်တန်းကြီး တခု ပါပေမဲ့ ပထမ တောင်အတက်ကိုသာ မျောပြီးလိုက်ပါနိုင်မယ်ဆိုရင် တာတို ဘုရင်တွေ အလားအလာကောင်းဆဲဖြစ်တာမို့ ဆာဂန် မရဘူးလို့တော့ အပြတ် မပြောနိုင်သေးပါ။ ဒါပေမဲ့ ပုံမှန်အားဖြင့်ဆိုရင်တော့ မနက်ဖြန်ပွဲဟာ တောင် တက်ဘုရင်တွေအတွက် အလားအလာပိုကောင်းနေပါတယ်။ ။
....

Tour of California ၅ ရက်မြောက်နေ့ Skujins အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ၅ ရက်မြောက်နေ့ (Lodi - South Lake Tahoe) 213 km တောင်တက်ပြိုင်ပွဲမှာ Toms Skujins (Lat) Cannondale Pro Cycling က အသားကုန် စပရင့်တင်ပြီး 5:54:45 နာရီနဲ့ ပထမ ရသွားပါတယ်။

Adam de Vos (Can) Rally Cycling က နှာတဖျားနောက်ကျပြီး ဒုတိယနဲ့ Xabier Zandio (Spa) Team Sky က 0:00:08 စက္ကန့်နောက်ကျနဲ့ တတိယ ရသွားပါတယ်။
သူတို့ ၃ ဥိးစလုံးဟာ တာထွက်ပြီး သိပ်မကြာခင်မှာကတည်းက လွတ်မြောက် သွားတဲ့ ၁၈ ဦး ပါ Breakaway ထဲက ပန်းဝင်တဲ့အထိ လွတ်သွားသူ ၄ ဦးထဲ ကဖြစ်ပါတယ်။
အ၀ါရောင်၊ အစိမ်းရောင်အပါဝင် Peloton တခုလုံးက ၄၁ စက္ကန့်နောက်ကျပြီး ပန်းဝင်လာပါတယ်။ ဒါကြောင့် GC အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။
...
၂၁၃ ကီလိုမီတာအတွင်း ဘာတွေဖြစ်ခဲ့သလဲ...။
...
မနေ့ကဟောကိန်းထုတ်ထားတဲ့အတိုင်း ဒီနေ့ပွဲဟာ တောင်တက်သိပ်များတဲ့အတွက် တာတို ဘုရင်တွေ၊ အထူးသဖြင့် အစိမ်းရောင်အကျီပိုင်ရှင် ပီတာဆာဂန်အတွက် သိပ်မလွယ်ပါဘူး။ ပိုဆိုးတာက Breakaway ဟာ ၁၈ ဦးအထိရှိနေခြင်းပါ။
ဒီရှေ့ပြေးအုပ်စုဟာ လမ်းတလျောက်မှာရှိတဲ့ Point အမှတ်တွေ၊ တောင်တက်အမှတ်တွေ အားလုံးကို သိမ်းကြုံးယူသွားခဲ့ပါတယ်။ ကီလို ၅၀ ၀န်းကျင် တောင်ကုန်းတက်တခုမှာတော့ ရှေ့ပြေးအဖွဲ့ထဲက ၂ ဦး (အခု ပထမ ရသူအပါဝင်) တောင်တက်ဘုရင်ရဖို့ အမှတ်လု ထွက် ပြေးရင်းနဲ့ နောက်က ၁၆ ဦးနဲ့နဲနဲပြတ်သွားပြီး ၂ ဦးတည်းလွတ်သွားသလိုဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက် ၁၈ ဦးအဖွဲ့ဟာ ၄ စုလောက်ကွဲပြီး တကွဲတပြာစီဖြစ်သွားလိုက်ပါသေးတယ်။ ဒါပေမဲ့ ကီလို ၃၀ ခန့်အလိုမှာတော့ အားလုံးတစုတည်းပြန်ဖြစ်သွားပြန်ပါတယ်။ နောက် ဆုံး ကီလို ၂၀ ၀န်းကျင်မှာတော့ အခု ပထမ ရသူ တဦးတည်း ထွက်ပြေးပါတယ်။ သူ တဦးတည်း ပြေးနေတာက အတော်လေးကြာတော့မှာ အခု ဒု-တ ရသူ ၂ ဦးတွဲက ထွက်ပြေးလိုက်လာပါ တယ်။
ဒီလိုနဲ့ သူတို့ ၃ ဦး ဟန်ချက်ညီစီးလာပြီး ပန်းဝင်တောင်ကုန်းရောက်မှ အသားကုန် စပရင့်တင် ရာကနေ Skujins က ပထမ ရသွားတာဖြစ်ပါတယ်။ သူတို့နောက်မှာတော့ Jasper Stuyven (Bel) Trek-Segafredo တကိုယ်တော် ထွက်ပြေးလိုက်လာတာ ၃ ဦးကို မိဖို့ ၁၀ စက္ကန့် လောက်ပဲ လိုပါတော့တယ်။
...
ဒါက ရှေ့ပြေးအုပ်စုအခြေအနေ။ Peloton ဖက်ကိုကြည့်မယ်ဆိုရင် အရှိန်တင်သင့်သလောက် မတင်နိုင်လို့ ရှေ့ပြေးအဖွဲ့ကို ဖမ်းမမိနိုင်တာလို့ ဆိုချင်ပါတယ်။ တချို့နေရာတွေမှာ ၂ မီနစ် အောက်အထိ Gap က ကျသွားပေမဲ့ ဆက်ထိမ်းမထားနိုင်ပဲ ၄ ခွဲ ၅ မီနစ်အထိပြန်ပြတ်သွား မျိုးတွေ့ခဲ့ရပါတယ်။
တောင်တက်ပွဲဆိုပေမဲ့ ပထမ တောင်တက်ကျော်တဲ့အထိ Peloton အတွင်း အားပြည့် အင်ပြည့်ရှိနေဆဲပါ။ နောက်ပိုင်းတောင်ကုန်းတွေမှာတော့ တဖြေးဖြေးခြေကျလာတယ်လို့ ထင်ရပါတယ်။ GC ဆရာကြီးတွေရဲ့အသင်းတွေကလည်း ရှေ့ပြေးအဖွဲ့ထဲမှာ GC ကို ရန်ရှာ နိုင်တဲ့လူ မပါတာကြောင့် အသေအလဲ မလိုက်ပဲ လွတ်ပေးလိုက်တာလဲဖြစ်နိုင်ပါတယ်။
ပန်းအ၀င်မှာတွေ့ရတဲ့ အစိမ်းရောင်အကျီပိုင်ရှင် ပီတာဆာဂန် အတော်လေး ခြေကုန် လက်ပန်း ကျနေတာတွေ့လိုက်ရပါတယ်။ မနက်ဖြန် ITT တဦးချင်းစံချိန်ပြုပွဲမှာတော့ အခြေ အနေပြန်ကောင်းလာမယ်လို့မျော်လင့်ရပါတယ်။
GC သမားတွေထဲမှာတော့ မနှစ်က ဆာဂန်ကို ၂ စက္ကန့်အပြတ် (နောက်ဆုံးနေ့မှာ တတိယ ရပြီး အပိုဆု ၃ စက္ကန့်ရလို့) နဲ့ ကပ်ရှုံးသွားသူ Alaphilippe ဟာ အကောင်းဆုံးအနေအထား မှာရှိနေဆဲပါ။ အခုတိုင်းဆို ၈ ရက်တာပွဲပြီးတဲ့အထိ သူပဲ အ၀ါရောင်အကျီကို ဆက်ထိမ်းသွား မဲ့အလားအလာရှိနေပါတယ်။
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 24:01:45 
2 Peter Stetina (USA) Trek-Segafredo 0:00:22 
3 George Bennett (NZl) Team LottoNl-Jumbo 0:00:37 
4 Brent Bookwalter (USA) BMC Racing Team 0:00:40 
5 Laurens ten Dam (Ned) Team Giant-Alpecin 0:00:49 
6 Neilson Powless (USA) Axeon Hagens Berman 0:01:01 
7 Rohan Dennis (Aus) BMC Racing Team 
8 Samuel Sanchez (Spa) BMC Racing Team 
9 Rob Britton (Can) Rally Cycling 0:01:12 
10 Haimar Zubeldia (Spa) Trek-Segafredo 0:01:15 တို့ဖြစ်ပါတယ်။
....
မနက်ဖြန်မှာတော့ Folsom မှာ (ITT) တဦးချင်းစံချိန်ပြု 20.3 km ကို ဆက်လက်ယှဉ်ပြိုင် ရဖို့
ရှိနေပါတယ်။ ။
....


Tour of California ၆ ရက်မြောက်နေ့ Dennis အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ၅ ရက်မြောက်နေ့ (Folsom (ITT) 20.3 km တဦးချင်း စံချိန်ပြုပွဲမှာ Rohan Dennis (Aus) BMC Racing Team က 0:24:16 မီနစ် နဲ့ ပထမ ရသွားပါတယ်။

Andrew Talansky (USA) Cannondale Pro Cycling က 0:00:17 စက္ကန့် နောက်ကျပြီး ဒုတိယနဲ့ Taylor Phinney (USA) BMC Racing Team က 0:00:20 စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။
လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Julian Alaphilippe (Fra) Etixx - Quick-Step က ၄၅ စက္ကန့်နောက်ကျပြီး နံပတ် ၈၊ အစိမ်းရောင်အကျီပိုင်ရှင် Peter Sagan (Svk) Tinkoff Team က ၁ မီနစ်၂၄ စက္ကန့်နောက်ကျပြီး နံပတ် ၂၃ ရပါတယ်။ ဆိုလိုတာက GC အပြောင်းအလဲမဖြစ်ပဲ Alaphilippe ပဲ ထိပ်ဆုံး မှာရှိနေဆဲဖြစ်ပါတယ်။
၆ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 6
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 24:26:46 
2 Rohan Dennis (Aus) BMC Racing Team 0:00:16 
3 Brent Bookwalter (USA) BMC Racing Team 0:00:38 
4 Andrew Talansky (USA) Cannondale Pro Cycling 0:00:47 
5 Neilson Powless (USA) Axeon Hagens Berman 0:01:08 
6 Lawson Craddock (USA) Cannondale Pro Cycling 0:01:17 
7 Samuel Sanchez (Spa) BMC Racing Team 
8 Laurens ten Dam (Ned) Team Giant-Alpecin 0:01:24 
9 George Bennett (NZl) Team LottoNl-Jumbo 0:01:45 
10 Jurgen Van den Broeck (Bel) Team Katusha 0:01:48 တို့ဖြစ် ပါတယ်။
မနက်ဖြန်မှာတော့ Santa Rosa ကနေထွက် Santa Rosa ကိုပြန်ဝင်တဲ့ 146.5 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၁၂၀၀ ၀န်းကျင် တောင် ၃ လုံးပါတဲ့အတွက် တာတိုဘုရင်တွေအတွက် မလွယ်ပါဘူး။ ဒါပေမဲ့ ၁၂၀၀ ဆိုတာ သိပ်မြင့်တဲ့တောင်လို့မဆိုနိုင်တဲ့အတွက် နောက်ဆုံးတောင် အထိ မျောပြီးလိုက်ပါလာနိုင်ရင် ပန်းမ၀င်ခင် မြေပြန် ကီလို ၂၀ လောက်မှာ တာတိုဘုရင်တွေ မရနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ။
...

Tour of California ၇ ရက်မြောက်နေ့ Kristoff အနိုင်ရ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ ၇ ရက်မြောက်နေ့ Santa Rosa ကနေထွက် Santa Rosa ကိုပြန်ဝင်တဲ့) 146.5 km ပြိုင်ပွဲမှာ နော်ဝေးမှ နာမည်ာကီး တာတိုဘုရင် Alexander Kristoff (Nor) Team Katusha က 4:19:52 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး Peter Sagan (Svk) Tinkoff Team က ဆံချည်မျှင်တခုစာ နောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ Danny Van Poppel (Ned) Team Sky က တတိယ ရပါတယ်။
အ၀ါရောင်အကျီပိုင်ရှင် Julian Alaphilippe (Fra) Etixx - Quick-Step ဟာ ဒီနေ့တနေကုန် ပြိုင်ဖက်တွေရဲ့ စိမ်ခေါ်ခြင်းကို အကြီးအကျယ်ခံခဲ့ရပေမဲ့ နောက်ဆုံးတော့ ပထမ အုပ်စုမှာ ပန်းဝင်နိုင်တာကြောင့် အ၀ါရောင်ကို ၁၆ စက္ကန့်အသာနဲ့ ဆက်ထိမ်းထားဆဲဖြစ်ပါတယ်။
၇ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 7
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 28:46:38 
2 Rohan Dennis (Aus) BMC Racing Team 0:00:16 
3 Brent Bookwalter (USA) BMC Racing Team 0:00:38 
4 Andrew Talansky (USA) Cannondale Pro Cycling 0:00:47 
5 Neilson Powless (USA) Axeon Hagens Berman 0:01:08 
6 Lawson Craddock (USA) Cannondale Pro Cycling 0:01:17 
7 Samuel Sanchez (Spa) BMC Racing Team 
8 Laurens ten Dam (Ned) Team Giant-Alpecin 0:01:24 
9 George Bennett (NZl) Team LottoNl-Jumbo 0:01:45 
10 Jurgen Van den Broeck (Bel) Team Katusha 0:01:48 တို့ဖြစ်ပါ တယ်။
...
အစိမ်းရောင်နဲ့ တနေ့စာ ပထမ အကြား ဆာဂန် တယောက်ဗျာများ..။
...
ဒီနေ့ပွဲအတွင်း စိတ်ဝင်စားဖို့အကောင်းဆုံးပုဂ္ဂိုလ်ကတော့ ကျနော်တို့ရဲ့ ဇတ် လိုက်ကြီး ပီတာဆာဂန်ပါပဲ။ မနှစ်ကလို အ၀ါရောင်အကျီ ရနိုင်ခြေမရှိတော့တဲ့ ဆာဂန်အတွက် အဓိကရွေးချယ်ရမဲ့ ပန်းတိုင်ဟာ တနေ့စာပွဲတွေ များများ အနိုင်ရဖို့လား၊ လက်ရှိရထားတဲ့ အစိမ်းရောင်အကျီကို ထိမ်းသိမ်းဖို့လား ဆို တာပါပဲ။
မနေ့ကပြောခဲ့သလို ဒီနေ့ပွဲမှာ ပေ ၁၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးရှိတဲ့ အတွက် တာတိုဘုရင်တွေ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆာဂန်ဟာ တာတိုဘုရင်သက်သက်မဟုတ်၊ Cassicis ဘုရင်ငယ်တပါးလည်း ဖြစ်နေတာကြောင့် ပေ ၁၀၀၀ လောက်ကိုတော့ မမှုဘူးဆိုတဲ့သဘောရှိပါ တယ်။
ဒါကြောင့် တာထွက်ပြီး ပထမ တောင်အဖြတ်မှာကတည်းက ထွက်ပြေးကြတဲ့ ၁၄ ဦးပါ Breakaway ထဲ သူပါသွားပါတယ်။ ဒီအဖွဲ့ဟာ တဖြေးဖြေးအရှိန် ကောင်းလာပြီး နောက်ပိုင်းမှာတော့ ဆာဂန်နဲ့ ၆ ဦး ထပ်မံထွက်ပြေးသွားပါ တယ်။ ပန်းဝင်ဖို့ ကီလို ၈၀ လောက်မှာအခုလို ဒုတိယအဆင့်ထွက်ပြေးသွား တာဖြစ်ပြီး ၂ မီနစ်နီးပါး Peloton နဲ့ပြတ်နေတာကြောင့် လွတ်သွားမလားလို့ တောင် ထင်စရာကြီးပါ။
ဘာကြောင့်လဲဆို ဆာဂန်နဲ့အတူပါလာသူ ၆ ဦးထဲမှာ Van Avermaet (ဒီနှစ် အစောပိုင်း အီတလီပွဲတခုမှာ ဆာဂန်နဲ့ အကြိတ်အနယ်စီးခဲ့သူ) တို့လိုပုဂ္ဂိုလ် တွေလည်းပါလာလို့ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုပါလာခြင်းကိုက ဆာဂန်အတွက် ပြသာနာ ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆို တယောက်တလှည့် ရှေ့တက်အရှိန်တင် စီးဖို့ Van Avermaet က ငြင်းဆိုခဲ့ရကနေ ဆာဂန် စိတ်ဆိုးပြီး တကိုယ်တော် ထွက်ပြေးစီးမိလို့ဖြစ်ပါတယ်။
ဆာဂန် အဲဒီလို တကိုယ်တော်ထွက်ပြေးလိုက်တာ လက်ကျန် ၅ ဦးအဖွဲ့ကို တမီနစ်ခွဲအထိဖြတ်ထားနိုင်ပြီး Peloton ကို ၂ မီနစ်ခွဲအထိ ဖြတ်ထားနိုင်လိုက် ပါတယ်။ ဒါပေမဲ့ တောင်ကုန်းတခုကျန်သေးတဲ့ ကီလို ၅၀ လောက်ကို သူ တယောက်တည်း ဘယ်စီးနိုင်ပါ့မလဲ။ 

ပန်းဝင်ဖို့ ကီလို ၃၀ လောက်အကျမှာ ဆာဂန်အရှိန်ကျလာပြီး Peloton က ဖမ်းမိသွားပါတယ်။ အဲဒီနောက် အားပြန်ဖြည့်ပြီး ပန်းဝင်ဖို့ ၁၀ ကီလိုလောက် အလိုမှာကတည်းက ခရစ်စတော့နောက်မှာ တန်းဝင်စီပါတယ်။ ခရစ်စတော့ တို့အသင်းက ဘာမှမပြောပါဘူး။ ကြည့်ရတာ ရှေ့မှာ ဒီလောက်တကိုယ်တော် စီးထားတဲ့ပုဂ္ဂိုလ် ပန်းအ၀င်မှာ စပရင့်မတင်နိုင်တော့ဘူးလို့ ထင်ထားပုံလဲ ရပါ တယ်။
ဒါပေမဲ့ ဆာဂန်ရဲ့ ပန်းအ၀င် စပိဟာ အံ့သြဖို့ကောင်းလောက်အောင် အား ကောင်းလှပါတယ်။ ဒါပေမဲ့ ကီလို ၁၀၀ နီးပါးကို တကို်ယ်တော်ရှေ့ပြေးစီး ထားတာဆိုတော့ လမ်းတလျောက်မှာ လုံးဝ စွမ်းအားမထုတ်ပဲ ပန်းဝင်စည်း သက်သက်အတွက်ချန်ထားသူ ခရစ်တော့ကို ဘယ်မီပါ့မလဲ။ ရှေ့မှာပြောခဲ့တဲ့ အတိုင်း ဆံချည်မျှင်တခုစာ အသာနဲ့ ခရစ်စတော့က အနိုင်ယူသွားပါတယ်။
တနည်းအားဖြင့် ဆာဂန် တယောက် ပထမ ပိုင်းမှာ အစိမ်းရောင်ကို ထိမ်းဖို့ အဒိကကြိုးစားရင်း Breakaway အဖြစ်ပြေးခဲ့ပုံရပါတယ်။ တကယ်လို့ သူနဲ့ အတူပြေးတဲ့သူတွေဟာ ဟန်ချက်ညီစီးနိုင်မယ်ဆိုရင် အစိမ်းရောင်အပြင် တနေ့စာအတွက် ပထမ ကိုပါရသွားနိုင်ပါတယ်။ ဒါပေမဲ့ တခြားလူတွေက သူနဲ့ စီးဖို့ငြင်းခဲ့တော့ နောက်ဆုံး Peloton ကိုစောင့်ပြီး ပန်းအ၀င်မှာမှ စပရင့်တင်ဖို့ ရွေးခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့စာ ပထမ ဆုံးရှုံးခဲ့ပြီး အစိမ်းရောက်ကိုတော့ ဆက် ရထားဆဲပါ။
..
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Sacramento ကနေထွက် Sacramento ဆီပြန်ဝင်တဲ့ 136.5 km ကို ဆက်စီးရမှာဖြစ်ပါတယ်။ တောင် တက်လုံးဝမရှိပဲ မြေပြန့်သက်သက်ဖြစ်တာကြောင့် တာတိုဘုရင်တွေ ရဖို့များ ပါတယ်။ ဒီနေ့ကြုံခဲ့ရတဲ့ အမှားကိုသင်္ခန်းစာယူနိုင်ရင်တော့ ဒီနေ့ပွဲမှာ ပီတာ ဆာဂန် ပထမ ရလိမ့်မယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး နေ့မှာ ပထမ ယူနေကြ မာ့ခ် ကာ့ဗင်းဒစ်နဲ့ ဒီနေ့ပထမရသူ ခရစ်စတတော့တို့ ကိုလဲ လျော့တွက်ထားလို့မရတဲ့အတွက် နောက်ဆုံးနေ့ ပန်းဝင်စည်းဟာ စိတ် လှုပ်ရှားဘွယ်အပြည့်ရှိနေမှာ အသေအချာပဲဖြစ်ပါတယ်။ ။
...


Tour of California ပွဲပြီးစီး၊ Alaphilippe အ၀ါရောင်အကျီရသွားပြီ...။
...
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာကျင်းပမဲ့ Tour of California ပွဲ နောက်ဆုံးနေ့ (Sacramento ကနေထွက် Sacramento ဆီပြန်ဝင်တဲ့) 136.5 km ပွဲမှာ Mark Cavendish (GBr) Dimension Data က 3:01:12 နာရီနဲ့ အသားကုန် စပရင့်တင်ပြီး ပထမ ရသွားပါတယ်။

Peter Sagan (Svk) Tinkoff Team နဲ့ Alexander Kristoff (Nor) Team Katusha တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရသွားပါတယ်။
လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Julian Alaphilippe (Fra) Etixx - Quick-Step လည်း ပထမ အုပ်စုအတွင်းပါလာတဲ့အတွက် GC အပြောင်းအလဲမရှိပဲ သူကပဲ အ၀ါရောင်အကျီကို သိမ်းပိုက်သွားခဲ့ပါတယ်။
...
136.5 km အတွင်း ဘာတွေထူး...။
... 
TV စပြတဲ့ ပန်းဝင်ဖို့ ကီလို ၈၀ လောက်အလိုမှာကတည်းက ရှေ့ပြေး ၇ ဦးအဖွဲ့ ဟာ ၂ မီနစ်ကျော်လွတ်မြောက်နေပါတယ်။ ဒါအပြင် သူတို့ ၇ ဦးဟာ ဟန်ချက် ညီအပြန်အလှန်စီးနေတာမို့ အရှိန်က ကျမသွားပါ။
Peloton က နည်းနည်းအရှိန်တင်လိုက်နေပေမဲ့ ဒီလောက်နဲ့တော့ ပြန်မိဖို့ မလွယ်ပါဘူး။ ဦးဆောင်လိုက်မဲ့ ဆာဂန်တို့ Tinkoff Team အသင်း၊ ခရစ်စ တော့တို့ Katusha အသင်း၊ အ၀ါရောင်အကျီပိုင်ရှင် Etixx - Quick-Step အသင်းကြားမှာ ဘယ်သူဦးဆောင်မလဲ၊ ဘယ်လောက်ကြာကြာ ရှေ့မှာ ရပ် ပေးမလဲဆိုတာ သဘောထားကွဲနေပုံရပါတယ်။
ပန်းဝင်ဖို့ကီလို ၃၀ ခန့်အလိုမှာဆိုရင် Gap က တမီနစ်အောက်တောင် ရောက်နေပြီ။ ဆာဂန်တို့အသင်းက ရုတ်တရက်နောက်ဆုတ်လိုက်တဲ့အတွက် တမီနစ်ကျော်အထိ ပြန်တက်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၅ ကီလိုလောက် အကျန်မှာတော့ ဘယ်လိုမှဆက်လွတ်ထားလို့မဖြစ်တဲ့အတွက် (လွတ်ထားရင် ပြန်ဖမ်းမိဖို့မဖြစ်နိုင်တော့တဲ့အတွက်) ဆာဂန်တို့အသင်း ဦးဆောင်ပြီး အသား ကုန်အရှိန်တင်လိုက်တာတွေ့ရပါတယ်။
ဒီလိုနဲ့မြို့ပတ် ပြိုင်ပွဲ နောက်ဆုံးပတ်မှာ ၇ ဦးစလုံးကို မိသွားပါတယ်။ မမိခင် လေးမှာ ကားဗင်းဒစ်တို့ရဲ့ အသင်းကလည်း လာကူပေးပါတယ်။ ပြီးတာနဲ့ ကား ဗင်းဒစ် နေရာယူရပါတယ်။ ခရစ်စတော့တို့အသင်းလည်း ရှေ့ဆုံးရောက်လာ ပါတယ်။ အဲဒီအချိန် ဆာဂန်ရဲ့အသင်းဖေါ်တွေအားကုန်လို့ ဆာဂန်တဦးတည်း သာရှေ့မှာကျန်ပါတယ်။
သူဟာ မနေ့ကလို အသင်းလိုက်နေရာယူထားတဲ့ ခရစ်စတော့နောက်မှာ ရ ထားတွဲအဖြစ် တန်းဝင်စီထားပါတယ်။ သူ့နောက်မှာမှ ကားဗင်းဒစ်က လာစီ ထားပြန်ပါတယ်။ ဒီလိုနဲ့ ပန်းဝင်ဖို့ မီတာ ၅၀ အလို အသားကုန် စပရင့်တင်ချိန် မှာ တချိန်လုံးငြိမ်နေတဲ့ ကားဗင်းဒစ်က စွတ်ကောင်းပြီး နှာတဖျားအသာနဲ့ ပထမ ရသွားတာဖြစ်ပါတယ်။

၈ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC သမားတွေကတော့..
Final general classification after stage 8:
1 Julian Alaphilippe (Fra) Etixx - Quick-Step 31:47:50
2 Rohan Dennis (Aus) BMC Racing Team 0:00:21
3 Brent Bookwalter (USA) BMC Racing Team 0:00:43
4 Andrew Talansky (USA) Cannondale Pro Cycling 0:00:52
5 Lawson Craddock (USA) Cannondale Pro Cycling 0:01:22
6 Samuel Sanchez (Spa) BMC Racing Team 0:01:22
7 George Bennett (NZl) Team LottoNl-Jumbo 0:01:50
8 Jurgen Van Den Broeck (Bel) Team Katusha 0:01:53
9 Neilson Powless (USA) Axeon Hagens Berman 0:01:57
10 Laurens Ten Dam (Ned) Team Giant-Alpecin 0:02:13 တို့ဖြစ်ပါ တယ်။
ဝါ-စိမ်း-ဖြူ-ပျောက်ကျား အကျီပိုင်ရှင်တွေကတော့ အ၀ါရောင် ၈ ရက်တာ အတွက် အကောင်းဆုံးအဖြစ် Julian Alaphilippe (Fra) Etixx - Quick-Step။ အစိမ်းရောင် Point အများဆုံးအဖြစ် Peter Sagan (Svk) Tinkoff Team။ အဖြူရောင် အသက် ၂၃ နှစ်အောက် အကောင်းဆုံးလူငယ်အဖြစ် Neilson Powless (Axeon Hagens Berman)နဲ့ တောင်တက်ဘုရင် ပျောက်ကျားအဖြစ် Evan Huffman (USA) Rally Cycling က ရရှိသွားပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖုန်းနီးယားက ၈ ရက်တာပွဲပြီးဆုံးသွားပါပြီ။ ဥရောပမြေ အီတလီမှာ ၂၁ ရက်တာကျင်းပနေဆဲ့ Giro d'Italia ပွဲကတော့ ၁၅ ရက်ပဲရှိပါသေးတယ်။ မနက်ဖြန် ဒုတိယ သီတင်းပတ်အတွက် နားရက် ဖြစ်ပြီး အင်္ဂါနေ့မှာ မဟာတောင်တက်ပွဲနဲ့ ပြန်စမှာမို့ အင်္ဂနေ့မှာ ပြန်ုဆုံကြပါစို့။ ။
...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More