Thursday, May 19, 2016

Giro d'Italia ပြိုင်ပွဲ ဒုတိယ သီတင်းပတ် စာစုများ။

Giro d'Italia ပွဲ ၄ ရက်မြောက်နေ့ Ulissi အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၄ ရက်မြောက်နေ့ (Catanzaro ကနေ Praia a Mare အထိ) 200 km ပြိုင်ပွဲမှာ Diego Ulissi (Ita) Lampre - Merida က 4:46:51 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါ တယ်။ 

သူ့နောက်မှာတော့ Tom Dumoulin (Ned) Team Giant-Alpecin နဲ့ Steven Kruijswijk (Ned) Team LottoNl-Jumbo တို့က 0:00:05 စက္ကန့်စီ နောက်ကျပြီး ဒု-တ ရပါတယ်။
ဒါပေမဲ့ ဒုတိယ ရသူ Tom Dumoulin ဟာ အရင်နေ့က ပန်းရောင်အကျီရထားသူ Kittel နဲ့ ၉ စက္ကန့်ပဲကွာပါတယ်။ ဒီနေ့ ဒုတိယ ရလို့ အားလုံးထက် ၂၀ စက္ကန့်အသာနဲ့ ပန်းရောင်အကျီ ကိုပြန်ယူသွားပါတယ်။ Kittel ကတော့ တောင်ကုန်းအတက် နှစ်ခုစလုံးမှာပြတ်ကျန်ခဲ့ပြီး ပန်းရောင်ကို စွန့်လွှတ်လိုက်ရပါတယ်။
...
ဒီနေ့ ပန်းဝင်စာရင်းကတော့...
# Rider Name (Country) Team Result
1 Diego Ulissi (Ita) Lampre - Merida 4:46:51 
2 Tom Dumoulin (Ned) Team Giant-Alpecin 0:00:05 
3 Steven Kruijswijk (Ned) Team LottoNl-Jumbo 
4 Alejandro Valverde (Spa) Movistar Team 0:00:06 
5 Gianluca Brambilla (Ita) Etixx - Quick-Step 
6 Vincenzo Nibali (Ita) Astana Pro Team 
7 Ilnur Zakarin (Rus) Team Katusha 
8 Matteo Busato (Ita) Southeast - Venezuela 
9 Esteban Chaves (Col) Orica-GreenEdge 
10 Nicolas Roche (Irl) Team Sky တို့ဖြစ်ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 4
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 14:00:09 
2 Bob Jungels (Lux) Etixx - Quick-Step 0:00:20 
3 Diego Ulissi (Ita) Lampre - Merida 
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:24 
5 Georg Preidler (Aut) Team Giant-Alpecin 
6 Vincenzo Nibali (Ita) Astana Pro Team 0:00:26 
7 Alejandro Valverde (Spa) Movistar Team 0:00:31 
8 Jakob Fuglsang (Den) Astana Pro Team 0:00:35 
9 Nicolas Roche (Irl) Team Sky 0:00:37 
10 Esteban Chaves (Col) Orica-GreenEdge တို့ဖြစ်ပါတယ်။
...
ကီလို ၂၀၀ အတွင်း ဘယ်လိုစီးခဲ့ကြသလဲ...။
၎ ရက်မြောက်နေ့ဟာလည်း အရင်နေ့တွေလိုပါပဲ၊ တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက Matthias Brändle (IAM Cycling) Nicola Boem (Bardiani), Matej Mohoric (Lampre Merida) and Joey Rosskopf (BMC) တို့ပါတဲ့ ၄ ဦးပါ Breakaway တခုထွက်ပြေးလွတ် မြောက်သွားပါတယ်။ ဘယ်လောက်အထိလွတ်သွားသလဲဆိုရင် ပန်းဝင်ဖို့ ၆၀ ကီလို လိုတဲ့ အထိ ၃ မီနစ်ခွဲပြတ်နေဆဲပါ။
တတိယတောင်ဖြစ်တဲ့ San Pietro ကျော်တဲ့အခါမှာတော့ ပထမ အုပ်စုကိုမိသွားပြီး နောက်ထပ် AG2R La Mondiale က ၂ ဦးထွက်ပြေးပါတယ်။ သိပ်မကြာခင်မှာ ဒီနေ့ ပထမ ရသူ Ulissi အပါဝင် ၁၅ ဦးခန့် သူတို့နှစ်ဦးနဲ့လာပေါင်းမိပါတယ်။ ပန်းရောင်အကျီပိုင်ရှင် ကာတဲလ် ပြတ်ကျန်ခဲ့ပြီမို့ ဒီ ၁၅ ဦးအဖွဲ့ ပထမ ရသွားနိင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။
နောက်ဆုံး ၁၀ အကျန်မှာမှ ကျန်လူတွေကိုချန်ထားခဲ့ပြီး Ulissi နဲ့ သူ့အသင်းဖေါ် ၂ ဦးက ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Gap က ၁၀ စက္ကန့်ကျော်ရုံလေးသာရှိတာမို့ ပန်းဝင်စည်း မရောက်ခင်ဖမ်းမိသွားမလားဆိုပြီးထင်စရာပါ။ 
Vincenzo Nibali အပါဝင် GC သမားတွေအားလုံးကတော့ ဒုတိယ အုပ်စုနဲ့အတူပန်းဝင်နိုင်ခဲ့ ပါတယ်။ ဒီနေ့ပွဲမှာ စာရေးသူအတွက်အချက်မှားခဲ့တာကတော့ ပေ ၁၀၀၀ ကျော်မြင့်တဲ့ တောင်နှစ်လုံးသာပါတဲ့အတွက် တာတိုဘုရင်တွေ ပထမ ဆက်ရနိုင်တယ်ဆိုတဲ့ မှန်းဆိုချက် ပါ။ 
တကယ်တော့ အဲဒီတောင် ၂ ခုစလုံးမှာ တာတိုဘုရင်၊ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် ကာတဲ ပြတ်ကျန်ခဲ့ပါတယ်။ ဒါအပြင် ပန်းအ၀င်တောင်ကုန်းကလည်း အတော်မြင့်ပါတယ်။ တခါ တလေ တောင်က ပေ ၅၀၀ လောက်သာရှိတယ်ဆိုပေမဲ့ ဟိုပင်လမ်းကမ်းစပ်အထိဆင်းပြီး သုညကနေပြန်တက်ရတာမျီုးဆိုရင် အတော်အမောဆို့စေပါတယ်။ ဒီနေ့ပန်းဝင်တောင်ဟာ အဲဒီလိုတောင်မျိုးဖြစ်ပါတယ်။
တချို့တာတိုသမားတွေဟာ တချိန်လုံးလေခိုပြီး ပန်းအ၀င် မီတာ ၁၀၀ လောက်ကိုသာ အသားကုန်စီးတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနေလိုတောင်တက်ရတဲ့အခါမှာတော့ လေခိုနိုင် ဖို့တောင်မလွယ်တော့ပါ။ ဂျာမဏီက ကာတဲနဲ့ ဂါဗဲ၊ အင်္ဂလန်က မာ့ခ် တို့ဟာ ဒီလို စပရင့် တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ Tom Dumoulin၊ ပီတာဆာဂန်၊ ခရစ်စတော့နဲ့တချို့ကတော့ ပေ ၁၀၀၀ ၀န်းကျင် တောင်တွေကိုတက်နိုင်ကြပါတယ်။ ဒါကြောင့်သူတို့ တာတိုဘုရင်ကနေ Classcis သမား အဆင့်ဆီတက်လာကြပါတယ်။
ဒါပေမဲ့ ဒီလို ၂၁ ရက်တာပွဲတွေမှာ GC ရဖို့ဆိုတာကတော့ ပေ ၅၀၀၀ လောက်မြင့်တဲ့ ဧရာ မတောင်တန်းတွေကို မတက်နိုင်ပဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် လာမဲ့ရက်တွေ အတွင်း ကြုံတွေ့လာရမဲ့ မဟာတောင်တက်တွေမှာ Nibali အပါဝင် တောင်တက်ဘုရင်တွေ ရဲ့ ခြေစွမ်းကို ပိုမြင်လာရဖို့ရှိနေပါတယ်။
...
မနက်ဖြန်မှာတော့ Praia a Mare ကနေ Benevento အထိ 233 km ကို ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၂၀၀၀ ကျော်မြင့်တဲ့ တောင် ၅ လုံးအထိပါဝင်ပေမဲ့ ပန်းအ၀င်ကီ ကီလို ၃၀ ခန်ဟာ မြေပြန့်ဖြစ်တာကြောင့် တောင်အတက်မှ ပြတ်ကျန်မနေအောင် မျှော လိုက်နိုင်တဲ့ တာတိုဘုရင်တွေ၊ အထူးသဖြင့် တောင်တက်အား အတော်အတန်ကောင်းပြီး စံချိန်ပြုအာားကောင်းတဲ့ Tom Dumoulin ပန်းရောင်အကျီကို ဆက်ထိမ်းထားနိုင်ဘွယ်ရှိ တယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။ ။
...


Giro d'Italia ပွဲ ၅ ရက်မြောက်နေ့ Greipel အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၅ ရက်မြောက်နေ့ (Praia a Mare ကနေ Benevento အထိ) 233 km ပြိုင်ပွဲမှာ ဂျာမဏီမှ နာမည်ကြီးတာတိုဘုရင် André Greipel (Ger) Lotto Soudal က 5:40:35 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Arnaud Demare (Fra) FDJ နဲ့ Sonny Colbrelli (Ita) Bardiani CSF တို့က စက်ဘီး ၅ စီးစာလောက်ပြတ်ပြီး ဒု-တ ရသွားပါတယ်။ ရှေ့ပြေး ၄ ဦးအဖွဲ့ကို ပန်းဝင်ဖို့ ၇ ကီလိုအလိုလောက်မှာဖမ်းမိပြီး အားလုံး တအုပ်ထဲ ပန်းဝင်တာကြောင့် ပထပကနေ ၅၀ လောက်အထိဟာ ဆက်တိုက် ၀င်လာကြတာဖြစ်ပါတယ်။
မနေ့က ပန်းရောင်အကျီရထားသူ Tom Dumoulin (Ned) Team Giant-Alpecin အပါဝင် GC သမားတွေအားလုံးလဲ ပထမ အုပ်စုထဲပါလာတာ ကြောင့် GC အပြောင်းအလဲမဖြစ်ခဲ့ ပါဘူး။
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 19:40:48 
2 Bob Jungels (Lux) Etixx - Quick-Step 0:00:16 
3 Diego Ulissi (Ita) Lampre - Merida 0:00:20 
4 Georg Preidler (Aut) Team Giant-Alpecin 
5 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:24 
6 Vincenzo Nibali (Ita) Astana Pro Team 0:00:26 
7 Alejandro Valverde (Spa) Movistar Team 0:00:27 
8 Ilnur Zakarin (Rus) Team Katusha 0:00:35 
9 Jakob Fuglsang (Den) Astana Pro Team 
10 Nicolas Roche (Irl) Team Sky 0:00:37 တို့ဖြစ်ပါတယ်။
....
၂၃၃ ကီလိုမီတာကို ဘယ်လိုစီးခဲ့ကြသလဲ...။
ဒီနေ့ပွဲဟာ အရှည်ဆုံး ဒုတိယ ပွဲစဉ်ဖြစ်ပြီး ကျေးလက်ဒေသတွေ၊ ကွင်းပြင်တွေ၊ တောင်တန်း တွေကိုဖြတ်စီးရတာကြောင့် အချိန် ၆ နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ တာထွက်ပြီး ကီလို ၄၀ ခန့် မှာ Daniel Oss (BMC), Alexander Foliforov (Gazprom), Amets Txurruka (Orica-GreenEdge) နဲ့ Pavel Brutt (Tinkoff) တို့ ၄ ဦးပါအဖွဲ့တခု Breakaway အဖြစ် ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ဘယ်လောက်အထိလွတ်သွားသလဲဆိုရင် 6:30 မီနစ်ခွဲ သို့မဟုတ် ၄ ကီလိုနီးပါးအထိလွတ် သွားပါတယ်။ စာရေးသူ TV ရှေ့ထိုင်ကြည့်မိတဲ့ ပန်းဝင်ဖို့ ကီလို ၉၀ ခန့်အလိုမှာ Gap က ၅ မီနစ်ခွဲ ရှိနေပါသေးတယ်။ အဲဒီရှေ့ပြေး ၄ ဥိးထဲက BMC အသင်းသားတဦး လမ်းအကွေ့မှာ လဲပြိုပြီး ခြံစည်းရုံးဒေါင့်မှာသွားကပ်နေတာမြင်လိုက်ရပါတယ်။ ဒါပေမဲ့ တခြား ၃ ဦးကို မီ အောင်ပြန်လိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းလဲပြိုမှုကိုတော့ Peloton ထဲမှာတွေ့ရပြီး လမ်းဘေးကခြုံတောထဲ ၃ ဦးပြုတ် ကျသွားတာ အခြေအနေအတော်ဆိုးပါတယ်။ ဒါပေမဲ့ ဆက်စီးနိုင်ခဲ့ကြပါတယ်။ Tinkoff အသင်း GC သမား Rafal Majka နဲ့ အခြားတဦး ဘီးပေါက်သလားမသိပါ။ တာယာလဲရင် ပြတ်ကျန်ခဲ့လို့ ပန်းဝင်ဖို့ ကီလို ၂၀ လောက်အလိုမှာ အသင်းဖေါ် ၂ ဦးအကူအညီနဲ့ ၃ ဦး တည်းအမီလိုက်နေတာတွေ့လိုက်ရပါတယ်။
နောက်ဆုံးလဲပြိုမှုနဲ့ ပွဲကိုအဆုံးအဖြတ်ပေးတယ်လို့ပြောနိုင်တဲ့လဲပြိုမှုကတော့ ပန်းဝင်ဖို့ ၁.၅ ကီလိုအလို၊ အသင်းတွေအားလုံး တန်းစီပြီး ရထားတွဲလိုနေရာယူနေချိန်မှာ Rein Taaramae (Katusha) တယောက် အကွေ့မှာ ပြိုလဲသွားခြင်းပါ။ သူဒီလိုလဲတဲ့အတွက် ရှေ့က ၁၀ ဦး ကျော်ပဲလွတ်ပြီး ကျန်လူတွေပိတ်မိသလိုဖြစ်သွားပါတယ်။
အထူးသဖြင့် ရထားတွဲလိုတန်းစီနေရာယူထားသူတွေထဲက Roberto Ferrari ဆိုရင် Lampre-Merida အသင်းသားတွေကို စောင့်ရင်း ပြန်ကြည့်၊ ပြညန်ကြည့်နဲ့စီးနေပါတယ် Sonny Colbrelli (Bardiani-CSF)လဲ အလားတူပါပဲ။ အဲဒီလိုဖြစ်နေချိန်မှာ Andre Greipel (Lotto Soudal) က ဟိုနောက် ၁၀ ဦးလောက်ပြတ်နေဆဲပါ။ ဒါပေမဲ့ ပန်းဝင်စည်းရောက်ဖို့ မီတာ ၃၀၀ လောက်မှာ အသားကုန်အရှိန်တင်ပြီး ရှေ့ကလူတွေအားလုံးကိုကျော်ဖြတ်၊ ပထမ ရသွားတာဖြစ်ပါတယ်။ 
...
မနက်ဖြန်မှာတော့ Ponte ကနေ Roccaraso အထိ 157 km ကို ဆက်လက် ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ ပေ ၅၀၀၀ လောက်မြင့်တဲ့တောင် ၂ လုံး၊ ပေ ၁၀၀၀ ကျော်မြင့်တဲ့တောင် ၃ လုံးပါတဲ့အပြင် ပန်းဝင်တောင်ဟာ ၅၀၀၀ မြင့်တဲ့ တောင်ဖြစ်တာမို့ တာတိုဘုရင်တွေအတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။
တောင်တက်ဘုရင်တွေ၊ အထူးသဖြင့် GC ဆရာကြီးတွေရဲ့ခြေစွမ်းကို မနက် ဖြန်အသေ အချာမြင်ရတော့မှာဖြစ်ပါတယ်။ မနက်ဖြန်ခြေစွမ်းကိုကြည့်ပြီး ၂၁ ရက်တာပွဲမှာ ဘယ်သူ ပန်းရောင်ရနိုင်သလဲဆိုတာကိုပါ မှန်းနိုင်တဲ့အနေထား ဖြစ်သွားနိုင်ပါတယ်။ 
ဒါကြောင့် တောင်တက်အားသိပ်မကောင်းလှတဲ့ Tom Dumoulin မနက်ဖြန် မှာ ပန်းရောင် အကျီစွန့်ရဖို့အလားအလာများနေပြီး GC ဆရာတွေထဲက Vincenzo Nibali (Ita) Astana Pro Team။ Alejandro Valverde (Spa) Movistar Tea။ Ilnur Zakarin (Rus) Team Katusha နဲ့ Mikel Landa Meana (Spa) Team Sky တို့ထဲက တဦးဦး ရသွားနိုင်တဲ့ အလားအလာ ရှိနေပါကြောင်း ဟောကိန်းထုတ်လိုက်ရပါတယ်။ ။
....


Giro d'Italia ပွဲ ၆ ရက်မြောက်နေ့ Tim Wellens အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၆ ရက်မြောက်နေ့ (Ponte ကနေ Roccaraso အထိ) 157 km တောင်တက်ပြိုင်ပွဲမှာ ဘလဂျီယံ လူငယ် Tim Wellens (Bel) Lotto Soudal က 4:40:05 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Jakob Fuglsang (Den) Astana Pro Team နဲ့ Ilnur Zakarin (Rus) Team Katusha တို့က 0:01:19 မီနစ် နောက်ကျပြီး ဒု-တ ရသွားပါတယ်။
သူတို့နှစ်ဦးနောက်မှာတော့ လက်ရှိပန်းရောင်အကျီပိုင်ရှင် Tom Dumoulin (Ned) Team Giant-Alpecin က 0:01:22 မီနစ်နောက်ကျနဲ့ပန်းဝင်လာတဲ့ အတွက် ပန်းရောင်ကို ဆက်ထိမ်းထားနိုင်လိုက်ပါတယ်။ ဒိနေ့ သူမရနိုင်တော့ ဘူးလို့ စာရေးသူ မနေ့က ဟောကိန်းထုတ်ခဲ့တာ လွဲသွားပါတယ်။
သူ့နောက်မှာ ဆက်တိုက်ပန်းဝင်လာသူ ၆ ဦးကတော့..
5 Kanstantsin Siutsou (Blr) Dimension Data 0:01:24 
6 Domenico Pozzovivo (Ita) AG2R La Mondiale 
7 Esteban Chaves (Col) Orica-GreenEdge 0:01:29 
8 Rigoberto Uran (Col) Cannondale Pro Cycling 0:01:33 
9 Rafal Majka (Pol) Tinkoff Team 
10 Alejandro Valverde (Spa) Movistar Team 0:01:39 တို့ ဖြစ်ပါတယ်။
...
GC အပြောင်းအလဲ မဖြစ်ခဲ့ပါ..။
...
Tom Dumoulin နံပတ် ၄ နေရာကနေပန်းဝင်တဲ့အတွက် GC အပြောင်းအလဲမဖြစ်ခဲ့ ဘူးဆိုပေမဲ့ GC ထဲမှာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ အဓိကလူပြော များနေတာကတော့ GC အတွက်ရေးပန်းအစားဆုံး ဖြစ်သူ Vincenzo Nibali (Ita) Astana Pro ရဲ့ခြေစွမ်းပါပဲ။ သူဟာ ပန်းဝင်ဖို့ ၄ ကီလိုလောက်အလိုမှာ အုပ်စုထဲကနေ တကိုယ်တော် ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ လွတ်အောင်မပြေးနိုင်ပဲ စကိုင်းအသင်းရဲ့ဦးဆောင်ဖမ်းဆီမှုကို ခံလိုက် ရပါတယ်။
အဲဒီလို သူ့ကိုပြန်မိတဲ့အချိန်မှာ Tom Dumoulin က ထပ်ထွက်ပြေးပါတယ်။ အခု တတိယ ရတဲ့ ရုရှားကစက်ဘီးသမားအပါဝင် ၂ ဦးကပ်ပါလာပေမဲ့ နာမည်ကြီး GC သမားတဦးမှ ချက်ချင်းမလိုက်နိုင်ပဲ အားလုံးကြောင်ပြီးကျန်ခဲ့ပါတယ်။ တခြားနာမည်ကြီး GC သမားတွေဖြစ်တဲ့ Alejandro Valverde (Spa) Movistar Tea နဲ့ Mikel Landa Meana (Spa) Team Sky တို့လည်း နဘာလီနဲ့ ထူးမခြားနားအခြေ အနေပါပဲ။ ထူးခြားတာကတော့ Black Horse အဖြစ်တင်စားခံနေရတဲ့ Ilnur Zakarin (Rus) Team Katusha တတိယ နေရာကနေပန်းဝင်ပြီး GC မှာ လည်း တတိယ နေရာကိုရသွားခြင်းပါပဲ။
၆ ရက်တာပွဲအပြီး GC သမား ၁၀ ဦးကတော့...
General classification after stage 6
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 24:22:15 
2 Jakob Fuglsang (Den) Astana Pro Team 0:00:26 
3 Ilnur Zakarin (Rus) Team Katusha 0:00:28 
4 Bob Jungels (Lux) Etixx - Quick-Step 0:00:35 
5 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:38 
6 Alejandro Valverde (Spa) Movistar Team 0:00:41 
7 Diego Ulissi (Ita) Lampre - Merida 
8 Esteban Chaves (Col) Orica-GreenEdge 0:00:44 
9 Vincenzo Nibali (Ita) Astana Pro Team 0:00:47 
10 Kanstantsin Siutsou (Blr) Dimension Data 0:00:49 တို့ဖြစ်ပါ တယ်။
...
ပေ ၅၀၀၀ ကျော်မြင့်တဲ့တောင် ၂ လုံးနဲ့ ကီလို ၁၆၀ နီးပါးကို ဘယ်လိုစီးခဲ့သလဲ...။
...
ဒီနေ့ပွဲရဲ့ ထူးခြားချက်က တာမထွက်ခင်မှာကတည်းက မိုးတွေရွာနေခြင်းပါပဲ။ ဥရောပမှာ နေသာပြီးရာသီဥတုကောင်းနေတာကြောင့် ဒါဟာ ပုံမှန်မဟုတ်ဘူးလို့ပြောနိုင်ပါတယ်။ မိုးသဲ ပြီးလေတိုက်နေတဲ့ကြားထဲ တာထွက်လာရတဲ့စက်ဘီးသမားတွေအားလုံး မိုးကားတွေ၊ အအေးခံဝတ်စုံတွေ၊ ခြေအိပ်၊ လက်အိပ်အစုံပေါ့။
TV မှာစပြတဲ့အချိန်က ပန်းဝင်ဖို့ ကီလို ၉၀ ကျော်လိုပါသေးတယ်။ ပေ ၅၀၀၀ မြင့်တဲ့ ပထမ တောင်ကိုကျော်ပြီးလို့ ကုန်းဆင်းချိန်ဖြစ်ပါတယ်။ ပထမ ရှေ့ပြေး ၃ ဦးက ၃ မီနစ်ကျော်ပြတ် နေဆဲဖြစ်ပြီး ရေစိုနေတဲ့ကုန်းဆင်းမှာ ချော်မလဲအောင် သတိထားဆင်းနေတာတွေ့ရပါတယ်။
အစောပိုင်းကဆိုရင် ဒီ ၃ ဦးဟာ ၆ မီနစ်ခွဲအထိ လွတ်သွားခဲ့သေးတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ကျနော်ကြည့်နေတဲ့အချိန်မှာတော့ သူတို့ ၃ ဦးရဲ့အရှိန်တဖြေးဖြေးကျသွားပြီး နောက် ဆုံးတဦးပဲကျန်ပါတယ်။ ကျန် ၂ ဦးကို Peloton ကမိသွားပါတယ်။ ရှေ့မှာပြေးနေသူကိုမိဖို့ စက္ကန့် ၄၀ လောက်သာကျန်တော့တာမို့ မကြာခင်မိသွားလိမ်မ့ယ်လို့ထင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး။ မိုးစဲစအချိန်၊ ကုန်းဆင်းကနေ မြေပြန့်ရောက်ချိန်မှာ Peloton ဟာ အရှိန်ကိုလုံးဝလျော့ချလိုက်ပြီး အစာစားတာ၊ အားယူတာစသဖြင့် အေးအေးဆေးဆေး လုပ်နေတာတွေ့ရပါတယ်။ ဒီလိုနဲ့ အရင်က ပြတ်ကျန်ခဲ့သူတဦး ရှေ့ကပြေးနေသူဆီရောက် လာပြီး ၂ ဦးပေါင်းဆက်ပြေးလိုက်တာ ကီလို ၇၀ အလိုမှာ ၂ မီနစ်ကျော် ပြန်ပြတ်သွားပါ တယ်။
ကီလို ၆၀ ကျော်အလိုမှာတော့ အခု ပထမ ရသွားတဲ့ Tim Wellens (Lotto Soudal) နဲ့ သူ့ အသင်းဖေါ်တဦး၊ တခြားတဦး ပေါင်း ၃ ဥိး ပေါ်တင်ထွက်ပြေးပါတယ်။ ဒါပေမဲ့ GC ဆရာတွေ က အေးဆေးပါပဲ။ ဘယ်သူမှမလိုက်ပဲ လွတ်ပေးလိုက်ပါတယ်။ ကီလို ၅၀ ခန့်အလိုမှာ အဲဒီ ၃ ဦးနဲ့ ရှေ့ပြေး ၂ ဦးပေါင်းမိပြီး ၅ ဦးအလှည့်ကျဆက်စီးပါတယ်။ အရှိန်ကတဖြေးဖြေးတက်လာ လိုက်တာ ပန်းဝင်ဖို့ ကီလို ၂၅ အလိုမှာ ၉ မီနစ်တောင် ပြတ်သွားခဲ့ပါတယ်။
...
GC အတွင်း စိမ်ခေါ်မှုနှင့် Astana အသင်းရဲ့နည်းပရိရယ်...။
...
ရှေ့ပြေးအဖွဲ့ကို ၉ မီနစ်ပြတ်တဲ့အထိ လွတ်ပေးထားတဲ့ GC ဆရာတွေဟာ ပန်းဝင်ဖို့ ၂၅ ကီလို အလိုလောက်မှာတော့ အရှိန်ကိုစတင်လာပါတယ်။ အံသြဘွယ်ကောင်းလောက်အောင် ရှေ့ပြေးအဖွဲ့အရှိန်ကျလာပြီး ၉ မီနစ်ကနေ ၇ မီနစ်အထိဆင်းသွားပါတယ်။ ၅ ဦးထဲက တဦး ပြုတ်ကျန်တဲ့အတွက် ရှေ့ပြေး ၄ ဦးပဲရှိပါတော့တယ်။ ဒီလိုနဲ့ပန်းဝင်ဖို့ ၁၆ ကိလိုအလိုလောက် မှာတော့ အခု ပထမ ရသူက တခြား ၄ ဦးကိုဖြတ်ထားပြီး တကို်ယ်တော် ထွက်ပြေးပါတယ်။
ကျန် ၄ ဦးပေါင်းမလိုက်ပဲ တကွဲတပြားစီလိုက်တာကြောင့် Tim Wellens ဟာ တဖြေးဖြေးနဲ့ ရှေ့ကိုရောက်သွားပါတယ်။ ပန်းဝင်ဖို့ ၁၂ ကီလိုအလိုလောက်မှာတော့ GC အုပ်စုထဲက Jakob Fuglsang (Astana) တကို်ယ်တော်ထွက်ပြေးပါတယ်။ GC သမားတွေ တဦးမှ မလိုက်ပဲ လွတ်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှတော့ Kanstantin Siutsou (Dimension Data) က ထပ်ထွက်ပြေးပြီး သူနဲ့ပေါင်းကာ ၂ ဦးအပြန်အလှန်စီးနိုင်ခဲ့ပါတယ်။
Jakob Fuglsang ဒီလိုထွက်ပြေးတာဟာ (Astana) အသင်းရဲ့နည်းပရိယယ်ဖြစ်ပြီး အဓိက အားဖြင့် ပန်းရောင်အကျီပိုင်ရှင် Tom Dumoulin (Ned) ကိုရှေ့ထွက်လိုက်ပြီး စွမ်းအင်ကုန် အောင်မြူဆွယ်တဲ့သဘောဖြစ်ပါတယ်။ ဘာကြောင့်လဲဆို Fuglsang ဟာ Dumoulin နဲ့ ၃၅ စက္ကန့်ပဲပြတ်တာကြောင့် မိအောင်ဖမ်းမထားရင် ပန်းရောင်အကျီကို စွန့်ရမဲ့သဘောရှိနေပါ တယ်။ ဒါပေမဲ့ တွန် က မလိုက်ပဲ အုပ်စုထဲမှာပဲ ဆက် ငြိမ်နေပါတယ်။
ဒီတော့ ဒုတယိ နည်းဗျုဟာအဖြစ် ပန်းဝင်ဖို့ ၄ ကီလိုအလိုမှာ အသင်းခေါင်း ဆောင် Vincenzo Nibali ကိုယ်တိုင်ထွက်ပြေးပါတယ်။ လွတ်သွားတယ်ဆိုရင် ရှေ့ပြေး Fuglsang က သူ့ကိုစောင့်ပြီး ၂ ယောက်တွဲပြေးမဲ့သင်္ကေတ ဆိုပါတော့။ ဒါပေမဲ့ Sky အသင်းက သူ့ကို လွတ်မပေးပဲ မိအောင်ပြန်ဖမ်းလိုက်နိုင်ခဲ့ပါတယ်။ (နောက်ပိုင်း နီဘာလီ ပြန်ပြောတဲ့အတိုင်း ဆိုရင်တော့ Fuglsang ပြေးတာဟာ စီစဉ်ထားတဲ့အတိုင်းပြေးတာဖြစ်ပေမဲ့ သူကပြေးဖို့အစီ စဉ်မရှိပဲနဲ့ အသင်းကားက တိုက်တွန်းလို့ပြေးရတာဖြစ်တယ်။ အဲဒီအချိန်မှာလေသိပ်တိုက်နေ တဲ့အတွက် ပြေးတဲ့အချိန်မှားသွားတယ်လို့ဆိုပါတယ်)။
နီလာလီ အဲဒီပြန်ဖမ်းမိချိန်မှာ ဘယ်လိုမှမျှော်လင့်မထားပဲ ထွက်ပြေးသွားသူကတော့ ပန်းရောင်အကျီပိုင်ရှင် Dumoulin ပါပဲ။ ဒါကြောင့် GC ရဖို့မှန်းမထားပါဘူးဆိုပြီး အမြဲတန်းငြင်းနေသူ Dumoulin ရဲ့ခြေစွမ်းကို လျော့တွက်လို့မရပါဘူး။ ပြီးတော့ နယ်သာလန်ဟာ တောင်မရှိတဲ့ ပင်လယ်ရေမျက်နှာပြင် ထက်နိမ့်တဲ့နိုင်ငံဖြစ်တာကြောင့် နယ်သာလန်သားတွေ တောင်တက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်ဟာလဲ မမှန်တော့ပါဘူး။ မနှစ်က စပိန် ၂၁ ရက်ပွဲမှာ သူ့ခြေစွမ်းကိုမြင်ဖူးသူတွေ သိပြီးဖြစ်မှာပါ။
...
မနက်ဖြန်မှာတော့ Sulmona ကနေ Foligno အထိ 211 km ကိုဆက်လက်ယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။ ပေ ၃၀၀၀ လောက်မြင့်တဲ့ တောင် ၄ လုံးပါတယ်ဆိုပေမဲ့ ဒီနေ့တောင်တွေ လိုမျိုး ရေပြင်ညီအထိဆင်းပြီးမှ ပြန်တက်ရတဲ့တောင်မျိုးမဟုတ်တဲ့အတွက် သိပ်မြင့်တယ် လို့မဆိုနိုင်ပါ။ တာတိုဘုရင်တွေ လေခိုမျောလိုက်နိုင်တဲ့အနေအထားရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် GC ကိုမချိန်ပါဘူးလို့ပြောနေသူ Dumoulin ကပဲ ပန်းရောင်အကျီကို ဆက်ထိမ်း ထားမဲ့သဘောရှိနေဆဲဖြစ်ပါတယ်။ ။
....


Giro d'Italia ပွဲ ၇ ရက်မြောက်နေ့ Greipel ဒုတိယအကြိမ် အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၇ ရက်မြောက်နေ့ (Sulmona ကနေ Foligno အထိ) 211 km ပြိုင်ပွဲမှာ ဂျာမဏီမှ နာမည်ကြီး တာတိုဘုရင် André Greipel (Ger) Lotto Soudal က 5:01:08 နာရီနဲ့ ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ Giacomo Nizzolo (Ita) Trek-Segafredo နဲ့ Sacha Modolo (Ita) Lampre - Merida တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရပါ တယ်။ တကယ်တော့ လူ ၁၀၀ လောက်တပြိုင်တည်းပန်းဝင်စည်းကို ၀င်တိုး ကြတဲ့အပြင် လမ်းကလည်းအကွေ့အကောက်များတာကြောင့် နေရာမှန်ယူ နိင်ဖို့မလွယ်ပါဘူး။
အခု ပထမ ရသွားတဲ့ Greipel ဟာ တကယ်ဆိုလမ်းကြောင်းပိတ်မိနေသူပါ။ ဒါပေမဲ့ ထိမ်းစီးရင်းနဲ့ ပန်းဝင်စည်းပေါ်ရောက်ဖို့ မီတာ ၅၀ လောက်မှာ လမ်းပွင့် တာနဲ့ကြုံပြီး အသားကုန် စပရင့်တင်ရာကနေ ပထမ ရသွားတာပါ။
လက်ရှိပန်းရောင်ပိုင်ရှင် Tom Dumoulin လည်း ပထမ အုပ်စုထဲပါလာတာ ကြောင့် GC အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။ ၇ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 7
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 29:23:23 
2 Jakob Fuglsang (Den) Astana Pro Team 0:00:26 
3 Ilnur Zakarin (Rus) Team Katusha 0:00:28 
4 Bob Jungels (Lux) Etixx - Quick-Step 0:00:35 
5 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:38 
6 Alejandro Valverde (Spa) Movistar Team 0:00:41 
7 Diego Ulissi (Ita) Lampre - Merida 
8 Vincenzo Nibali (Ita) Astana Pro Team 0:00:47 
9 Kanstantsin Siutsou (Blr) Dimension Data 0:00:49 
10 Rigoberto Uran (Col) Cannondale Pro Cycling 0:00:51 တို့ဖြစ်ပါတယ်။
...
211 KM ကို ဘယ်လိုစီးခဲ့ကြသလဲ...။
တာလွတ်ချိန် ဒီနေ့ရာသီဥတုက သာသာယာယာရှိပါတယ်။ လွတ်တာနဲ့လွှတ် ခြင်း ၃ ဦးပါ Breakaway တခု လွတ်သွားပါတယ်။ ပထမ တောင်တက်ပြီး နောက်ပိုင်းမှာတော့ နောက်ထပ်လိုက်လာသူ ၃ ဦးပါ လွတ်လာတဲ့အတွက် Breakaway အဖွဲ့ဟာ ၆ ဦးအဖြစ်ပေါင်းမိသွားပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက တော့ (Kung, Domont, Denifl, Koshevoy, CIccone, Martinez) တို့ဖြစ် ပါတယ်။
TV စပြတဲ့အချိန်မှာ ပန်းဝင်ဖို့ ၉၅ ကီလိုခန့်လိုပါသေးတယ်။ Breakaway ၆ ဦးကိုမိဖို့ ၃ မိနစ်ခွဲခန့်ကျန်နေပါသေးတယ်။ Peloton တဖွဲ့လုံး အေးအေး ဆေးဆေးပါပဲ။ မနေ့ကလို တောင်အများကြီးမရှိတဲ့အတွက် ပထမ တောင် အပြီးမှာ (TV မှာစပြချိန်ကတည်းက) ကတည်းက ပုံမှန်အတိုင်းစီးနေတာမျီုး တွေ့ရပါတယ်။
အဲဒီလိုစီးနေချိန်မှာ ဘယ်လိုကနေ ဘယ်လိုဖြစ်မှန်းမသိ။ ကီလို ၇၀ ၀န်းကျင် အလိုမှာ Javi Moreno (Movistar) လမ်းပေါ်မှာ မလှုပ်နိုင်အောင်လဲနေတာ နေတာတွေ့ရပါတယ်။ ဒီလိုမြင်ကွင်းမျီုးအတော်ရှားပါတယ်။ ပုံအားဖြင့်ဆိုရင် ပွန်းပဲရုံသာမှောက်လေ့ရှိတာမျိုးပါ။ အခုတော့ အခြေနေဆိုးပုံရပါတယ်။ အရေး ပေါ်ကားပေါ်တခါတည်းတင်လိုက်ရပါတယ်။
အဲဒီနောက်ပိုင်း ပန်းဝင်ဖို့ ကီလို ၅၀ ခန့်အလိုမှာ နောက်ဆုံးတောင်ကို ဆက် တက်ရပါတယ်။ ရှေ့ပြေးအဖွဲ့တဖြေးဖြေးအရှိန်ကျလာ။ သို့မဟုတ် Peloton က တဖြေးဖြေးအရှိန်တင်လာတဲ့အတွက် Gap ဟာ တမီနစ်ကျော်ရုံလေးပဲ ကျန်ပါ တယ်။ အဲဒီအချိန်မှာ ၆ ဦးထဲကနေ Kung တဦးတည်း ထွက်ပြေးသွားပါတယ်။ ၅ ဦးကို Peloton ကမိတဲ့အထိ သူဟာ ၁ မီနစ်နီးပါး ဦးဆောင်စီးနေဆဲပါ။
ဒါပေမဲ့ ၇ ကီလိုအလိုမှာတော့ Kung ကိုမိသွားပါတယ်။ နောက်ဆုံးတောင်နဲ့ ပန်းဝင်စည်းအကြား မြေပြန့်က ၁၀ ကီလိုကျော်တာကြောင့် ပွဲအခြေအနေဟာ Sprinter တာတိုဘုရင်တွေအတွက်ဖြစ်သွားပြီဆိုတာ သေချာသွားပါတယ်။ ဒါပေမဲ့ ပထမ ၂ ရက်တုန်းက ပန်းရောင်ရထားတဲ့ (လက်ရှိ အနီရောင်ရထား တဲ့) ကီတဲလ် ကတော့ အခြေနေမကောင်းခဲ့ပါဘူး။ တောင်ကုန်းတွေမှာ ပြတ် ကျန်ခဲ့တဲ့အပြင် ပန်းမ၀င်မီ ၃ ကီလိုလောက်မှာ စက်ဘီးလဲလှယ်နေတာကို တွေ့လိုက်ရပါတယ်။
ပန်းဝင်ဖို့ ၁ ကီလိုခွဲကနေ ပန်းဝင်စည်းအကြား အကွေ့အကောက် ၃ ခု လောက်ရှိတာကြောင့် အရှိန်မထိမ်းနိုင်ရင်လဲနိုင်သလို အရှိန်ထိမ်းလွန်းရင် လည်း လမ်းကြောင်းရဖို့မလွယ်တဲ့အနေအထားမျိုးပါ။
....
GC ဆရာကြီးတွေ ဘာပြောကြသလဲ...။
...
မနေ့က တောင်တက်ပွဲမှာ တောင်မရှိတဲ့ နယ်သာလန်သား ပထမ ဆက်ရတဲ့ အပေါ် GC ဆရာကြီးတွေ အတော်များများ အစာမကျေကြပါဘူး။ စပိန်က နာမည်ကြီး GC ဆရာကြီးတဦးဖြစ်သူ Alejandro Valverde က Tom Dumoulin ဟာ ပြိုင်ဖက်တွေကို လမ်းကြောင်းလွဲပြောခဲ့သူ (mislead) ဆိုပြီး စွပ်စဲလိုက်ပါတယ်။
ဘာကြောင့်လဲဆို သူ ဒီပွဲ Giro d'Italia ကိုဝင်ပြိုင်တာဟာ ITT တဦးချင်း စံချိန်ပြုပွဲအတွက်သက်သက်ကိုသာ အာရုံစိုက်ထားတယ်။ GC ကိုမှန်းမထား ဘူးဆိုပြီး တချိန်လုံးပြောနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ပရိုဖက်ရှင် နယ်တွေပါ။ သူ ဘယ်သူလဲဆိုတာ ကျနော်တို့သိပါတယ် ဆိုပြီး Valverde က ပြောခဲ့ပါတယ်။ Valverde ဟာ တွန်ကို စက္ကန့် ၄၀ ပြတ်နေပေမဲ့ နီဘာလီထက် ၆ စက္ကန့်အသာရထားပါတယ်။
မနက်ဖြန်မှာတော့ Foligno ကနေ Arezzo အထိ 186 km ကို ဆက်လက် ယှဉ် ပြိုင်ရဖို့ရှိနေပါတယ်။ ပန်းဝင်ဖို့ ကီလို ၂၀ အလိုလောက်မှာ ပေ ၂၀၀၀ ကျော်မြင့်တဲ့တောင်တလုံးရှိတာမှ တလျောက်လုံး မြေပြန့်နီးပါးဖြစ်ပါတယ်။ ဒါကြောင့် Tom Dumoulin ကပဲ ပန်းရောင်အကျီကို ဆက်ထိမ်းထားနိုင်မဲ့ သဘောရှိနေဆဲဖြစ်ပါတယ်။
ဒါအပြင် နောက်တနေ့၊ တနင်္ဂနွေမှာဆိုရင် ကီလို ၄၀ ဝေးတဲ့ ITT တဥိးချင်း စံချိန်ပြုစီးရမှာမို့ သီတင်း ၂ အပြီး နားရက်ယူတဲ့အထိ Tom Dumoulin ကပဲ ပန်းရောင်အကျီကို ဆက်ဝတ် ထားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။ ဒါပေမဲ့ အဲဒီ ကီလို ၄၀ ITT ပုံမှန်မြေပြန့် ပွဲမဟုတ်ပဲ ပေ ၁၅၀၀ အမြင့်ကနေစပြီး ပန်းဝင်ခါနီးတောင်ကုန်းက ပေ ၁၂၀၀ ကျော်ပါတယ်။ တောင်တက်ကျင့်မထားသူအတွက် သိပ်တော့မလွယ်လှပါဘူး။ ဒါပေမဲ့ တောင်နှစ်လုံးကြားနဲ့ ပန်းမ၀င်ခင်နေရာတွေမှာ မြေပြန့်အများကြီးရှိတာကြောင့် ITT ဆရာ Dumoulin ကပဲ ပန်းရောင်အကျီကို ဆက်ထိမ်းထားမဲ့သဘောမျိုးရှိနေပါတယ်။ ။
...
ကြားဖြတ်သတင်းတခုအနေနဲ့ကတော့ သဖက်ခါ တနင်္ဂနွေနေ့မှာ ရန်ကုန်-ပဲခူး အသွားအပြန် တာဝေးပွဲတခုရှိသလို အမေရိကန်ပြည်ထောင်စု ကာလီဖုန်းနီး ယားမှာလည်း Tour of Califournia စတင်ဖို့ရှိနေပါကြောင်း ကြိုတင်နှိုးဆော် အပ်ပါတယ်။ ။
...


Giro d'Italia ပွဲ ၈ ရက်မြောက်နေ့ Brambilla အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၈ ရက်မြောက်နေ့ (Foligno ကနေ Arezzo အထိ) 186 km တောင်တက်ပြိုင်ပွဲမှာ Gianluca Brambilla (Ita) Etixx - Quick-Step က 4:14:05 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Matteo Montaguti (Ita) AG2R La Mondiale က 0:01:06 မီနစ်နောက်ကျနဲ့ ဒုတိယ၊ Moreno Moser (Ita) Cannondale Pro Cycling က 0:01:27 မီနစ်နောက်ကျနဲ့ တတိယ ရပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ လက်ရှိပန်းရောင်အကျီပိုင်ရှင် Dumoulin ပထမ ပိုင်းတောင်ကုန်းအတက်မှာပြတ်ကျန်ခဲ့ပြီး ပထမ ရသူနဲ့ ၃ မီနစ်တောင် ပြတ်သွားတဲ့အတွက် GC အပြောင်းအလဲဖြစ်သွားပါတယ်။ ဒီနေ့ပထမ ရသူ က ပန်းရောင်ကိုပါ ရသွားခဲ့ပါတယ်။
၈ ရက်တာပွဲအပြီး ၁-၁၀ ဖြစ်သွားတဲ့ GC သမားတွေကတော့..
General classification after stage 8
# Rider Name (Country) Team Result
1 Gianluca Brambilla (Ita) Etixx - Quick-Step 33:39:14 
2 Ilnur Zakarin (Rus) Team Katusha 0:00:23 
3 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:33 
4 Alejandro Valverde (Spa) Movistar Team 0:00:36 
5 Vincenzo Nibali (Ita) Astana Pro Team 0:00:45 
6 Esteban Chaves (Col) Orica-GreenEdge 0:00:48 
7 Rigoberto Uran (Col) Cannondale Pro Cycling 0:00:49 
8 Rafal Majka (Pol) Tinkoff Team 0:00:54 
9 Domenico Pozzovivo (Ita) AG2R La Mondiale 
10 Mikel Landa Meana (Spa) Team Sky 0:01:03 
11 Tom Dumoulin (Ned) Team Giant-Alpecin 0:01:05 တို့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာတော့ Chianti - Chianti အထိ (ITT) တဦးချင်းစံချိန်ပြု 40.5 km ကို ဆက် လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ။
(မှတ်ချက်။ ။စနေနေ့က သတင်းမတင်နိုင်တဲ့အတွက် အခုမှ ပြန်တင်ထားခြင်း ဖြစ်ပါတယ်)။
...


Giro d'Italia ပွဲ ၉ ရက်မြောက်နေ့ Roglic အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၉ ရက်မြောက်နေ့ (Chianti - Chianti အထိ (ITT) တဦးချင်းစံချိန်ပြု 40.5 km ပြိုင်ပွဲမှာPrimoz Roglic (Slo) Team LottoNl-Jumbo က 0:51:45 မီနစ်နဲ့ ပထမ ရသွားပါ တယ်။

သူ့နောက်မှာတော့ Matthias Brandle (Aut) IAM Cycling က 0:00:10 စက္ကန့်နောက်ကျနဲ့ ဒုတိယ၊ Vegard Stake Laengen (Nor) IAM Cycling က 0:00:17 စက္ကန့်နောက်ကျနဲ့ တတိယ၊ နာမည်ကြီး စံချိန်ြ့ပုဆရာ Fabian Cancellara (Swi) Trek-Segafredo က 0:00:28 စက္ကန့်နောက်ကျနဲ့ နံပတ် ၄ ရပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ စံချိန်ပြုပွဲကို အဓိကထားပြီး ၀င်စီးနေတာလို့ ပြောခဲ့တဲ့၊ မနေ့က ပန်းရောင်အကျီစွန့်လိုက်ရလို့ ဒီနေ့ပွဲမှာ ပထမ ရပြီး ပန်း ရောင်ပြန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရသူ Tom Dumoulin (Ned) Team Giant-Alpecin က 0:01:58 မီနစ် အထိ နောက်ကျသွားခြင်းပါ။
မိုးသဲထန်စွာရွာပြီး လမ်းချောနေတဲ့အတွက် အကွေ့မှာမလဲအောင် ထိမ်းရင်းနဲ့ အခုလို နောက်ကျသွားတာလို့ သူကပြောပါတယ်။ ဒါပေမဲ့ ဘာဖြစ်ဖြစ် အရင် GC အပြင်ဖက် နံပတ် ၁၁ ကနေ အခု ၅၈ စက္ကန့်နောက်ကျနဲ့ နံပတ် ၇ အထိတက်လာနိုင်ခဲ့ပါတယ်။

၉ ရက်တာပွဲအပြိး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 9
# Rider Name (Country) Team Result
1 Gianluca Brambilla (Ita) Etixx - Quick-Step 34:33:04 
2 Bob Jungels (Lux) Etixx - Quick-Step 0:00:01 
3 Andrey Amador (CRc) Movistar Team 0:00:32 
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:00:51 
5 Vincenzo Nibali (Ita) Astana Pro Team 0:00:53 
6 Alejandro Valverde (Spa) Movistar Team 0:00:55 
7 Tom Dumoulin (Ned) Team Giant-Alpecin 0:00:58 
8 Mikel Landa Meana (Spa) Team Sky 0:01:18 
9 Rafal Majka (Pol) Tinkoff Team 0:01:45 
10 Jakob Fuglsang (Den) Astana Pro Team 0:01:51 
11 Ilnur Zakarin (Rus) Team Katusha 0:02:09 
12 Domenico Pozzovivo (Ita) AG2R La Mondiale 0:02:28 
13 Esteban Chaves (Col) Orica-GreenEdge 0:02:31 
14 Diego Ulissi (Ita) Lampre - Merida 0:02:54 
15 Rigoberto Uran (Col) Cannondale Pro Cycling 0:02:56 တို့ဖြစ်ပါတယ်။
တနလာင်္နေမှာတော့ ဒုတိယ သီတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ အင်္ဂနေ့ကျမှ Campi Bisenzio ကနေ Sestola အထိ 219 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
..။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More