Saturday, May 21, 2016

‘'စရိတ်မျှပေး ကျန်းမာရေး’’ ဆိုတာ ဘာလဲ

The Voice Daily, 18-05-2016.

ဆေးရုံပေါ်မှာ ရက်တာ

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စက်ဘီး မတော်တဆလဲပြီး လက်မှာဒဏ်ရာရသွားတဲ့အတွက် ကျနော် ဆေးရုံ ခဏ တက်လိုက်ရပါတယ်။ တကယ်ဆို အဲဒီလိုဒဏ်ရာရရင် အရေးပေါ်ဆေးရုံကားကို တယ်လီဖုန်းဆက် လှမ်းခေါ်လို့ရ တယ်ဆိုပါတယ်။ ကိုယ်က အဲဒီနံပတ်တွေကို မှတ်မထားမိ။ ဒီတော့ နီးရာတက္ကစီငှားပြီး အရေးပေါ်ဆေးရုံ Legevakt ဆီ အမြန်ပြေးရပါတယ်။ 



အရေးပေါ်ဆေးရုံဆိုပေမဲ့ ပြာပြာသလဲ မရှိ။ အားလုံး တိုကင် ယူပြီး ကိုယ့်အလှည့်ကျတဲ့အထိ တန်းစီ စောင့်ပေ တော့။ ကိုယ့်ထက်အခြေအနေဆိုးသူတွေလည်း ဒီလိုပဲစောင့်နေရတာမြင်ရတော့ ခေါင်းမဲတွေ (အနောက်တိုင်း သား မဟုတ်သူတွေ) အပေါ် ခွဲခြားဆက်ဆံခြင်း မဟုတ်တာသေချာပါတယ်။ မီနစ် ၃၀ ခန့်စောင့်ပြီး ကိုယ့်အလှည့် ရောက်တော့ လူနာမှတ်ပုံတင်လုပ်၊ ဆရာဝန်နဲ့တွေ့ပြီး ဖြစ်စဉ်ကိုပြောပြရပါတယ်။ 

ဓတ်မှန်ရိုက်ပြီးတဲ့အခါ ‘’လက်ဖျံရိုး အပေါ်တချောင်းကျိုးသွားတယ်၊ ခွဲစိပ်ကုသမှ ရမယ်၊ Ullevål ဆေးရုံဆီသွားပါ’’ လို့ ဆရာဝန်ကပြောပါတယ်။ ဘယ်လိုသွားရမလဲဆိုတော့ ဘာမှမပူနဲ့၊ တက္ကစီပေါ်တင်ပေးလိုက်မယ်။ မသွားခင် ပတ်တီးခန်းဆီသွားပြီး ကျောက်ပတ်တီးအရင်စည်းပါလို့ပြောပါတယ်။ တက္ကစီခပေးစရာမလိုတဲ့အပြင် ဓတ်မှန်ခ၊ စမ်းသပ်ခ၊ ကျောက်ပတ်တီးခ အားလုံးအခမဲ့။ 

Ullevål ဆေးရုံရောက်လို့ တက္ကစီပေါ်ကဆင်းတော့ ကျနော်မရောက်ခင်ကတည်းက ကျနော့်ဖွိုင်တွေက သူတို့ဆီ ရောက်နေပြီးသားဆိုတဲ့ပုံစံမျိုး။ အမည်၊ ၁၁ လုံးနံပတ် (မြန်မာအခေါ် ကိုယ်ပိုင်နံပတ်) အိမ်လိပ်စာနဲ့ ဆေးရုံကုတ်နံ ပတ်ပါတဲ့ ပလစတစ် လက်ပတ်တခုကို ဆေးရုံအကူလုပ်သားဖြစ်ပုံရသူက (ဆေးရုံအကူလုပ်သားနဲ့ သူနာပြုဆိုပြီး မျိုးရှိ ပါတယ်) ကျနော့်လက်မှာ ချက်ချင်းပတ်ပေးလိုက်ပါတယ်။ 

နားနေခန်းအတွင်း ခဏစောင့်ပြီးချိန်မှာ ဆရာဝန်နဲ့ သူနာပြုတဦးကလာခေါ်ပြီး ဆရာဝန်က နားကျပ်နဲ့စမ်း၊ သူနာပြု က သွေးပေါင်ချိန်တိုင်း၊ သွေးဖောက်စစ် စသဖြင့် လုပ်ပါတယ်။ အားလုံးစစ်ပြီးတော့ အချိန်က ညနေ နာရီ လောက် ရှိနေပြီ။ ‘’ဒီညတော့ ခွဲစိတ်ဖို့ မမီတော့ဘူး၊ မနက်ဖြန်မနက် ၁၀ နာရီမှလုပ်ဖြစ်မယ်။ ဒီတော့ ဒီည အိမ်မှာ ပြန်အိပ်ချင်လဲ ရတယ်၊ ဆေးရုံမှာ အိပ်လဲရတယ်၊ ဒါပေမဲ့ မနက် နာရီ နောက်ပိုင်း ဘာစာမှ မစားရဘူး’’ ဆိုပြီး ဆရာဝန်က ပြောပါတယ်။

နောက်တနေ့မနက် ၁၀ နာရီရောက်သွားတော့ အရေးပေါ်လူနာတွေ (ကိုယ်ထက်အခြေအနေဆိုးပြီး ဒီနေ့မခွဲရင် သက်အန္တရယ်စိုးရိမ်ရသူတွေ) များနေလို့ တရက်ထပ်စောင့်ခိုင်းပြန်ပါတယ်။ ဒီလိုနဲ့ အင်္ဂါနေ့ (ဧပြီလ ၁၉  ရက်) နေကျမှ ခွဲစိပ်ခန်းထဲ ၀င်ခွင့်ရပါတယ်။ ခွဲစိတ်ခန်းထဲမ၀င်ခင် ဆေးရုံရောက်ရောက်ချင်း သူနာပြုဆရာမတွေက ရေ ပတ်တိုက်ပေးပြီး တခါသုံး အတွင်းခံဘောင်းဘီနဲ့ ဆေးရုံသုံး အဖြူရောင် ရှပ်အကျီအရှည်ဝတ်ပေးပါတယ်။ ပြီးတော့ ယာဖက်လက် (ကျိုးတာက ဘယ်ဖက်လက်) ဖ၀ါးနောက်ကျောမှာ အပ်စိုက်ပြီး ဒရင့်သွင်းပါတယ်။ 

လက်ဖျံသွေးကျောပေါ်မှာလည်း နောက်ထပ် အပ်တချောင်းထည့်ပြီး အပိတ်-အဖွင့်လုပ်လို့ရတဲ့ ပိုက်အရှင်တချောင်း တပ်ထားပါတယ်။ အရေးပေါ် သွေးသွင်းဖို့နဲ့တူပါရဲ့။ သွေးဆိုလို့ ကျနော်က ကိုယ့်သွေးအမျိုးအစားကိုတောင် မသိ။ သူတို့ကလဲ ဘာမှမမေး၊ (၁၁ လုံးနံပတ်ရိုက်ကတည်းက အားလုံးသိပြီးသားဖြစ်ပုံရ) သွေးအလှူရှင်တွေ၊ သွေးလှူ ဘဏ်တွေ၊ သွေးလှူရှင်ကို ကြက်ဥကျွေးရမှာတွေ အကြောင်းလဲ ဘာမှမကြားမိ။

အဲဒီလိုတွေးနေချိန်မှာ အစိမ်းရောင် ယူနီဖောင်းဝတ် (ခွဲစိပ်ခန်းကလူတွေမှအပ ကျန်ဝန်ထမ်းအားလုံး အဖြူရောင် ၀တ်စုံ ၀တ်ပါတယ်၊ အနီရောင် သူနာပြု မတွေ့မိပါဘူး) ပုဂ္ဂိုလ်တဦးရောက်လာပြီး သူဟာ ကျနော့်ကို တာဝန်ယူခွဲ စိပ်မဲ့သူဖြစ်ကြောင်း မိတ်ဆက်ပါတယ်။ ညနေ နာရီလောက်မှာ ဆေးရုံအကူတဦးရောက်လာပြီး ကျနော့်ကုတင် ကြီးကို တွန်းယူသွားပါတယ်။

ကုတင်ဆိုလို့ ဒီဆေးရုံက ကုတင် ၁၀၀ ဆန့်လား၊ ၁၀၀၀ ဆန့်လား စသဖြင့် မြန်မာပြည်မှာလို ရေးထားတာမျိုး မတွေ့မိပါ။ တွေ့မိတာက ဒီဆေးရုံက ကုတင်တွေအားလုံးဟာ ဘီးတပ်ကုတင်တွေ။ အနိမ့်၊ အမြင့်ချိန်ပြီး လိုသလို ထားနိုင်ဖို့ ခလုတ်တွေ ပါပါတယ်။ ပြီးတော့ လူနာခန်းထဲမှာ အောက်ဆီဂျင်တွေ၊ တခြားအရေးပေါ်လိုအပ်တာတွေ အားလုံး ဆင်ထားတဲ့ (လျပ်စစ်မီးလိုင်းလို) လိုင်းတွေပါ ပါတယ်။ ဒါပေမဲ့ လူနာအခန်းနဲ့ ခွဲစိပ်ခန်းက အဝေးကြီး၊ ၁၀ မီနစ် လောက်တောင် တွန်းရသလားပဲ။ 

ခွဲစိပ်ခန်းတွေရှေ့ရောက်တော့ အစိမ်းရောင်ဝတ် သူနာပြုဆရာ ဦး စောင့်နေတာတွေ့ရပါတယ်။ ခွဲစိပ်မဲ့ကုတင်ပေါ် ကျနော်ကိုပြောင်းအိပ်စေပြီး ၀ိုင်ယာကြိုးတွေအများကြီးနဲ့ချိတ်ထားတဲ့ ပလစတစ် ပြားတွေကို ရင်ဘတ်မှာကပ်ပါ တယ်။ ပြီးတော့ ဒရစ်ပြန်ချိတ်ပါတယ်။ သွေးလည်းသွင်းတယ်ထင်ပေမဲ့ လူက လှည့်ကြည့်လို့မရတော့။ ခဏနေ တော့ အောက်ဆီဂျင်ပိုက်စွပ်မယ်ဆိုပြီး နှာခေါင်းပေါ်မှာ အုပ်ဆောင်းတခု ကပ်လိုက်ပါတယ်။ အဲဒီ နောက်ပိုင်း ဘာမှ မသိတော့ပါဘူး။

သတိပြန်ရလာတော့ ညနေ နာရီကျော်နေပြီ။ နေရာကလဲ ခွဲစိပ်ခန်းမှာမဟုတ်တော့၊ ကျနော်ကို ပထမ သယ်ယူ သွားတဲ့အခန်းဘေးနားရှိ ခွဲပြီးစလူနာတွေ နားနေခန်းမှာ။ လက်ကိုကြည့်လိုက်တော့ ပတ်တီးပုံစံပြောင်းသွားပြီ။ အရင်စည်းထားတဲ့ ကျောက်ပတ်တီးမဟုတ်တော့။ အထဲမှာ လယ်လိုခွဲပြီး ဘာတွေလုပ်လိုက်မှန်း ဘာမှမသိလိုက်။ နာလဲမနာ။ ဘာမှမဖြစ်သလိုကြီး။

သတိရရခြင်း သူနာပြုဆရာမတွေမေးတာက ‘’ဆာနေပြီလား၊ ဘာစားချင်သလဲ’’ တဲ့။ ဟုတ်တာပဲ မနက် နာရီက တည်းက ဘာမှမစားပဲအောင့်ထားရတာဆိုတော့ အတော်ဆာနေပြီ။ ဒါပေမဲ့ ထမင်းတော့ ချက်ချင်းမကျွေး။ ပေါင် မုန့််၊ သစ်သီးနဲ့ ဖျော်ရည်တွေပဲသောက်ခွင့်ရပါတယ်။ ထူးခြားတာက ညဖက် တာဝန်ကျတဲ့ ဒီသူနာပြုအဖွဲ့ထဲမှာ ဖိ လပိုင်လူငယ်တဦးတွေ့ရပါတယ်။

အဲဒီအခန်းမှာ တနာရီလောက်ကြာပြီးတဲ့နောက် ကိုယ်နားနေရမဲ့အခန်းဆီပို့ပေးလိုက်ပါတယ်။ ညဖက်သူနာပြုတွေ ထဲမှာ အာဖရိကန်လူမဲမျိုးနွယ်တွေကိုလည်းတွေ့ရပါတယ်။ ‘’ညစာ စားမလား’’ ဆိုပြီး သူနာပြုဆရာတဦးကမေးပါ တယ်။ စားမယ်လို့ဖြေတော့ ‘’ဘာစားချင်လဲ’’ လို့ ထပ်မေးပါတယ်။ ဘာဖြစ်ဖြစ် မင်းတို့ကျွေးတဲ့ဟာပေါ့ ဆိုပြီးဖြေ တော့ သူက နားလည်ပုံမရ။

Menu ယူပေးမယ်ဆိုပြိး အစားအစာ အမျိုး ၂၀ လောက်စာရင်းကို ဓာတ်ပုံနဲ့တကွပြထားတဲ့ စာရွက်တခု လာပြပါ တယ်။ တကယ်ဆို ကိုယ်က အဲဒီလိုထင်မထား။ ဆေးရုံကကျွေးတဲ့အစာဆိုတော့ မြန်မာနိုင်ငံလောက်မဆိုးနိုင်ပေမဲ့ ပုံစံခွက်နဲ့ တမျိုးတည်းကျွေးတာလို့ ထင်ထားမိတာပါ။ အခုက Menu ကြည့်ပြီး မှာစားရမှာတဲ့။ ဆော်လမွန်ငါးနဲ့ အာ လူးက ဒီမှာ နာမည်ကြီးပါတယ်။ ဒါပေမဲ့ ကိုယ်က အခုချိန်ထိ ထမင်းမစားရရင် တခုခုလိုနေသလိုဖြစ်နေဆဲ။ ဒီတော့ ထမင်းနဲ့ ကြက်သားပါတဲ့ အိန္ဒိယစတိုင်အစာကို မှာလိုက်ရပါတယ်။

ကျနော်နေရတဲ့အခန်းအကျယ်ကြီးထဲမှာ လူနာက ဦးပဲရှိပါတယ်။ ကျန်တဲ့ ဦးက ကိုယ်ထက်အခြေအနေဆိုးတဲ့ အတွက် အိပ်ရာကမထနိုင်။ သူနာပြုဆရာမတွေက ချီးပါ၊ အ၀တ်လဲ စသဖြင့် အကုန်လုပ်ပေးနေရပါတယ်။ သူနာပြု ဆိုလို့ သူတို့အားလုံး နာရီတခါ သို့မဟုတ် တရက်မှာ ဆိုင်းနဲ့အလုပ်ဝင်ပါတယ်။ ၂၄ နာရီအဆင့်သင့်ရှိနေတဲ့ သဘော။ ကုတင်ဘေးက အနီရောင်ကြိုးလေးကိုဆွဲလိုက်ရင် သူနာပြုတဦးဦး ချက်ချင်းရောက်လာပါတယ်။ ဆက် ဆံရေးကလည်း အလွန်ကောင်းမွန်ပါတယ်။

လက်သာကျိုးမနေဘူးဆိုရင် ဟိုတယ်မှာတည်းနေသလားလို့ ထင်စရာကြီးပါ။ အဲဒီလို ထူးခြားတဲ့ နော်ဝေးဆေးရုံရဲ့ ၀န်ဆောင်မှုကို ရက်တာခံယူပြီးတဲ့နောက် ၂၁ ရက်နေ့မှာ ဆေးရုံကပြန်ဆင်းလာခဲ့ပါတယ်။ ဆေးရုံကဆင်းတယ် ဆိုလို့ မြန်မာနိုင်ငံမှာလို အိပ်ရာလိပ်တွေ၊ အ၀တ်အိပ်တွေ၊ ထမင်းအိုးတွေ ဘာမှမပါ။ ဆေးရုံဝတ်စုံကိုချွတ်၊ ကုတင် ဘေးက ဘီဒိုငယ်ထဲမှာ သိမ်းထားတဲ့ ကိုယ့်အ၀တ်ကိုယ်ပြန်စွတ်ပြီး ဘတ်စ်ကားလေးနဲ့ ဒီတိုင်း ထပြန်လာတာပါ။ အထုပ်အပိုးပါရင်လည်းပြသာနာမရှိ၊ ဆေးရုံအကူအမျိုးသားတဦးဦးက ဘတ်စ်ကားဂိတ်၊ ဓတ်ရထားဂိတ်အထိ လိုက်ပို့ ပေးပါတယ်။ စတက်တဲ့နေ့က ဆင်းတဲ့နေ့အထိ တပြားတချပ်မှပေးစရာမလို၊ ဒါဟာ ကမ္ဘာမှာ အကောင်းဆုံး စာရင်းဝင် နော်ဝေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြစ်ပါတယ်။


မြန်မာပြည်ကဆေးရုံနဲ့ ဘာကွာသလဲ

ကျနော်ဆေးရုံတက်နေစဉ် လူနာသတင်းလာမေးသူတွေထဲမှတဦးက ရန်ကုန်မှာ ဆေးရုံတွေ အခြေအနေ အတော်ဆိုးနေကြောင်း၊ ‘’စရိတ်မျှပေး ကျန်းမာရေး’’ ဆိုတာကို တလွဲအဓိပါယ်ဖေါ်နေကြောင်း၊ စရိတ်မျှပေးရဲ့ အဓိပါယ်အမှန်က နော်ဝေးမှာလို လူတိုင်းကအခွန်ဆောင်ပြီး အဲဒီအခွန်ကရတဲ့ငွေနဲ့ ကျန်းမာရေးစရိတ်ကို မျှပေးတဲ့သဘောကိုသာ ဆိုလိုတာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။


မြန်မာနိုင်ငံမှာနေစဉ်တုန်းက စက်ဘီးလဲပြီး ဒဏ်ရာရဖူးပေမဲ့ တခါမှ ဆေးရုံမတက်ဖူးပါ။ ပြင်ပဆေး ခန်းတွေ၊ နီးစပ်ရာဆေးမြီးတိုတွေနဲ့ပဲ ပြီးသွားလေ့ရှိတော့ ဆေးရုံအခြေအနေကို ကျနော်မသိပါ။ ဒါပေမဲ့ ရန်ကုန်က ဆေး ရုံအစောင့်တွေ အတော်အပေါက်ဆိုးတယ်။ ခွဲစိတ်ခနဲ့ ဆေးဖိုးကြိုမပေးနိုင်ရင် ဆေးရုံက လက်တောင်မခခံဘူး စသဖြင့် ပြောသံတွေကိုတော့ DVB သတင်းထောက်အဖြစ် ရန်ကုန်ဆီသတင်းမေးစဉ်အတွင်း နေ့စဉ်လိုလို ကြား ဖူးနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြည်တော်ပြန်စဉ်မှာတော့ ရွာကအိမ်နီးချင်း မိတ်ဆွေတဦး ဆေးရုံတင်ထားရတယ်ဆိုလို့ ထားဝယ်ဆေးရုံကြီးဆီ လူနာသတင်းမေးရောက်သွားပါတယ်။ အပေါက်ဆိုးတယ်ဆိုတဲ့ ဆေးရုံစောင့်ကိုတော့ မတွေ့မိပါဘူး။ ဒါပေမဲ့ သူနာပြုဆရာမတွေရဲ့ဆက်ဆံပုံက နော်ဝေနဲ့ တခြားစီ။ မသိလို့လာမေးတဲ့သူကို အသေချာ လမ်းညွှန်ရ ကောင်းမှန်းသိပုံမရ။ Reception ဌာနလည်း အသေအချာမရှိပါဘူး။

ပြုပြင်နေဆဲလို့ထင်ရတဲ့အခန်းတခုရဲ့ဘေးကအခန်းမှာ ကျနော့်မိတ်ဆွေကိုတွေ့ရပါတယ်။ သီးသန့်အခန်းလို့ဆိုပြီး လူနာကုတင် နှစ်လုံးရှိပါတယ်။ အခန်းခအတွက်တင် တရက် ၂၀၀၀ ကျပ်ပေးရတယ်လို့ပြောပါတယ်။ သီးသန့်ခန်း ဆိုပေမဲ့ ဆေးရုံအထောက်အကူပစ္စည်းဘာမှမရှိပါ။ နော်ဝေဆေးရုံလို အောင်စီဂျင်ပိုက်လိုင်းတွေ၊ အရေးပေါ်လိုင်း တွေကိုမပြောနဲ့ အခန်းကိုတောင် သန့်ရှင်းရေး တနေ့နှစ်ခါ ပုံမှန်လုပ်ပေးထားပုံမရ။ ပင့်ကူအိမ်တွေစွဲနေတဲ့ မျက်နှာ ကျက်ပေါ်မှာ အိမ်မြောင်တကောင်ကိုပါ တွေ့လိုက်ရတော့ ခွဲစိပ်ပြီးကာစ လူနာကိုထားတဲ့အခန်းလို့ မယုံချင်စရာ ကြီးပါ။

အခန်းခတောင် တရက် ၂၀၀၀ ဆိုတော့ ခွဲစိပ်မှုအတွက် ဘယ်လောက်တောင်ပေးရမလဲဆိုတာ တွက်သာကြည့် ပေတော့။ ပြီးတော့ လူနာအစောင့်အဖြစ် အိမ်ကတဦးက လာနေပေးရပါသေးတယ်။ မနေလို့မရ။ ဆေးရုံက ဘာမှ ၀န်ဆောင်မှုမပေးတော့ လူနာအတွက် အစားအစာနဲ့ ကိုယ်လက်သန့်ရှင်းရေးအတွက် လူနာစောင့်ကပဲ လုပ်ပေး ရပါတယ်။ အားလုံးပေါင်းလိုက်ရင် ဘယ်လောက်တောင်ကုန်လိုက်လေမလဲ။ မရှိလို့ နေ့စားအလုပ်ကြမ်းလုပ်ရင်း ဗိုက်ကိုဝါးလုံးထိုးမိရာက ဆေးရုံတက်ရပါတယ်ဆိုမှ သိန်းဆယ်နဲ့ချီတဲ့ငွေတွေကို ဘယ်ပေးနိုင်ပါ့မလဲ။ 

ဒါပေမဲ့ မပေးလို့မဖြစ်။ မပေးရင် ဆေးရုံတက်ခွင့်မရှိ၊ ခွဲစိပ်ကုသခွင့်မရှိ။ ဒီတော့ အသက်ထက် ဘာမှအရေးမကြီးဘူး ဆိုတဲ့မူနဲ့ ရှိသမျှကိုပေါင်နှံ၊ ရသမျှငွေကိုချေးငှားပြီး ဆေးရုံတင်ရတာပေါ့။ ဒါပေမဲ့ ကံမကောင်းရှာပါဘူး။ ကျနော်ပြန် လာပြီး တလလောက်အကြာမှာ ကျနော့်မိတ်ဆွေကွယ်လွန်သွားပါတယ်။ ရွာကလူတွေကတော့ ဒါကို အမှား အယွင်းတခုအဖြစ် မမြင်ကြပါဘူး။ သေကံရောက်လို့ သေသွားတယ်လို့သာ ထင်နေကြပါတယ်။

တကယ်လို့သာ ဒီပုဂ္ဂိလ်ကို ကျနော်ခွဲစိပ်မှုလုပ်ခဲ့တဲ့ နော်ဝေးဆေးရုံလိုအဆင့်အတန်းရှိတဲ့ ဆေးရုံတခုခုမှာသာ ကုသခွင့်ရမယ်ဆိုရင် ဘယ်သေပါ့မလဲ၊ သူ့မိသားစုလည်း အကြွေးတင်၊ ဒုက္ခရောက်ဘယ်ဖြစ်ပါ့မလဲ။ ဒါဟာ သေကံ ရောက်လို့ သေသွားခြင်းမဟုတ်ပါ။ မှားယွင်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အားနည်းချက်ကြောင့် သေ ဆုံးသွားခြင်းသာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်သင့်ပါတယ်။


အစိုးရသစ်လက်ထက်မှာ ကျန်းမာရေးစနစ် ပြုပြင်နိုင်ဘွယ်ရှိသလား

ဒီတော့ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ဖို့လိုနေတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။နော်ဝေ စနစ်လောက်အထိ ကောင်းအောင်ချက်ချင်းမလုပ်နိုင်ရင်တောင် လက်ရှိ ရှိနေတဲ့အနေအထားထက် ပိုကောင်း အောင် လုပ်ပေးဖို့လိုနေတာကတော့ သေချာပါတယ်။ ဒီအတွက် စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ စကားလုံး အဓိ ပယ်ကိုအသေချာဖွင့်ဆိုဖို့လိုပါတယ်။



ဒါဟာ ကုန်ကျသမျှ ကုသမှုစရိတ်အားလုံးကို နိုင်ငံသားတဦးချင်းက အိတ်ထဲက စိုက်ပေးရမှာလား။ နိုင်ငံသားတွေ ဆီက အခွန်ငွေစနစ်တကျကောက်ခံပြီး အဲဒီအခွန်ငွေကို ကျန်းမာရေးစောင့် ရှောက်မှုမှာ သုံးစွဲမှာလား။ ဦးသိန်းစိန် အစိုးရ မပြုတ်ခင်ကတည်းက တလနှစ်သိန်းအထက် ၀င်ငွေရှိသူတိုင်းကိုအခွန်ကောက်မယ်လို့ပြောထားတဲ့အတွက် ဒီနှစ်အတွင်း ၀င်ငွေခွန်ကောက်မယ်လို့ယူဆရပါတယ်။ ဒီကရတဲ့အခွန်ငွေတွေကို နိုင်ငံသားတွေရဲ့ ဆေးဝါးကုသမှု မှာ သုံးနိုင်မယ်ဆိုအဆင်ပြေနိုင်တာပေါ့။

နော်ဝေးမှာလည်း အခွန်ကောက်တာ ကြမ်းသလားမမေးနဲ့။ တကို်ယ်တော်သမားတွေဆိုရင် ၃၅ ရာခိုင်နှုန်းတောင် အခွန်ဆောင်ရပါတယ်။ ကျပ် ၁၀၀ ၀င်ရင် ကိုယ့်ဘဏ်ထဲ ၆၅ ကျပ်ပဲဝင်လာပြီး ၃၅ ကျပ်ကို အစိုးရကဖြတ်သွားတဲ့ သဘော။ မြန်မာနိုင်ငံမှာက ၁၀ ရာခိုင်နှုန်းလောက်ပဲကောက်မှာဆိုတော့ နော်ဝေလောက်မဆိုးပါ။ ဒါပေမဲ့ အဲဒီလို ကောက်လို့ရတဲ့အခွန်တွေကို ဘယ်နေရာမှာသုံးမှာလည်းဆိုတာကိုတော့ အစိုးရဖက်က ရှင်းရှင်းလင်းလင်းဖေါ်ပြ ပေးဖို့လိုပါတယ်။ 

မနှစ်ကထုတ်ပြန်ထားတဲ့ နော်ဝေးအခွန်ငွေအသုံးစာရင်းတခုကို ဥပမာပေးရမယ်ဆိုရင် ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံ ရေး၊ ၁၇ ရာနှုန်းကို ကျန်းမာရေး၊ ၁၃ ရာခိုင်နှုန်းကို ပညာရေး၊ ၁၁ ရာနှုန်းကို ပြည့်သူ့ဝန်ဆောင်မှု၊၊ ရာခိုင်နှုန်းကို အာဟာရဖြည့်တင်းရေး၊ ကျန်တာတွေကို ယဉ်ကျေးမှု၊ အားကစား၊ သဘာဝပတ်ဝန်းကျင် စသဖြင့်သုံးတယ်လို့ သေးစိပ်ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ၀င်ငွေအခွန်ကို ဘယ်နေရာတွေမှာသုံးသလဲဆိုပြီး အတိအကျ ထုတ်ပြန်ပေးတာမျိုး မတွေ့မိ သေးပါ။ ဒါဖြင့် အခြားအခွန်ငွေတွေပေါ်မှာမူတည်ရေးဆွဲထားတဲ့ ဘတ်ဂျက်ခွဲဝေမှုမှာကော ဘယ်လိုကွာသလဲ။ ၂၀၁၆ အတွက် နော်ဝေအစိုးရရဲ့ ဘတ်ဂျက်စာရင်းထဲဝင်ကြည့်တဲ့အခါ ကျန်းမာရေးအတွက် ၁၅၄ သန်းခရိုနာ (154 977 925) ကာကွယ်ရေးအတွက် ၄၈ သန်း ခရိုနာ (48 892 262) သို့မဟုတ် ကျန်းမာရေးအသုံးစရိတ်က ကာ ကွယ်ရေးအသုံးစရိတ်ထက် ဆများနေတယ်လို့ဖေါ်ပြထားတာတွေ့ရပါတယ်။ 

မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ဘတ်ဂျက်စာရင်းထဲဝင်ကြည့်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာ နအတွက် သန်ပေါင်း ၈၃၀ (831,052.308) ကာကွယ်ရေးဝန်ကြီးဌာနအတွက် သန်းပေါင်း ၂၈၀၀ (2,876,469. 979) သို့မဟုတ် ကျန်းမာရေးအသုံးစရိတ်က ကာကွယ်ရေးအသုံးစရိတ်ထက် ဆကျော် နည်းနေတယ်လို့ ဖေါ်ပြ ထားတာတွေ့ရပါတယ်။ 


တနည်းအားဖြင့် နော်ဝေးနဲ့ မြန်မာတို့ရဲ့ ဘတ်ဂျက်ခွဲဝေပုံနဲ့ အခွန်ငွေ ခွဲဝေသုံးစွဲပုံတွေ၊ ကာကွယ်ရေးနဲ့ ကျန်းမာရေး မှာ ဘာဟာက ပိုအရေးကြီးသလဲ ဆိုတဲ့စဉ်းစားပုံတွေ ကွာနေဆဲဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ် မှာ အခုလိုကွာနေတာဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်နိုင်ရင် မြန်မာနိုင်ငံမှာလည်း ဆေးရုံအဆင့်အတန်းတွေမြင့်မား လာပြီး အခမဲ့ဆေးဝါးကုသခွင့်ဆီ ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွ စတင်မြင်လာရနိုင်တယ်လို့ မျှော်လင့်မိပါတယ်။        

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More