Thursday, May 19, 2016

Tom Dumoulin ဘယ်သူလဲ...။

Tom Dumoulin ဘယ်သူလဲ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၇ ရက်မြောက်နေ့ ရောက်တဲ့အထိ ပန်းရောင်အကျီကို ထိမ်းထားနိုင်သူ Tom Dumoulin ဘယ် သူလဲ၊ ITT တဦးချင်းစံချိန်ပြုသမားကနေ ဘယ်လိုလုပ် ထိပ်တန်း GC သမား ဖြစ်လာသလဲ၊ သူ့ရဲ့ Giant-Alpecin အသင်းကကော GC ဦးစားပေးအသင်း လား၊ Sprinter တာတို ဦးစားပေး အသင်းလား။ စိတ်ဝင်စားလို့ လိုက် ရှာ ဖတ် မိပါတယ်။

မြန်မာတွေကြားမှာဆိုရင်တော့ လန်ဘား၊ အရှည်ကြီး စသဖြင့်အခေါ်ခံရမဲ့ အရပ် ၆ ပေ တလက်မကျော်တဲ့ Tom Dumoulin ကို နယ်သာလန်နိုင်ငံ Maastricht မြိုံမှာမွေးဖွားခဲ့ပါ တယ်။ မွေ့နေ့က (born 11 November 1990) ဖြစ်တဲ့အတွက် ၈၈ နောက်ပိုင်းမှမွေးသူ၊ အခုမှ ၂၆ နှစ်ပဲရှိသေးတဲ့ လူငယ်တဥိးပေါ့။
သူရဲ့မူလရည်ရွယ်ချက်က ဆရာဝန်ဖြစ်ဖို့ပါ။ ဆေးကျောင်းတက်ဖို့ တနှစ်စောင့်နေရစဉ်မှာ စက်ဘီးဝင်စီးရာကနေ ဒီလောကထဲရောက်လာသူ၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၀ ခုနစိက ပေါ်တူဂီမှာကျင်းပတဲ့ Grand Prix of Portugal။ UCI Under 23 Nations' Cup ရဲ့ ITT တဦးချင်းစံချိန်ပြုပွဲမှာ ပထမ ရ ရာကနေ ပရိုစက်ဘီးလောကထဲ စတင်ဝင်လာသူပါ။ အဲဒီလို အနိုင်ရတဲ့အချိန်အထိ သူဟာ ITT စံချိပြုကို တခါမှလေ့ကျင့်မထားဖူးဘူးလို့သိရပါ တယ်။
၂၀၁၁ မှာတော့ သူဟာ ပရိုဘ၀ကိုစတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ မှာ လက်ရှိ နယ်သာလန် အခြေစိုက် စက်ဘီးအသင်း Giant-Shimano team စာချုပ်ချုပ်ခဲ့ပါတယ်။၂၁၀၄ မှာတော့ သူဟာ Dutch National Time Trial Championships နယ်သာလန်နိုင်ငံ တဦးချင်း စံချိန် ပြုချန်ပီယံဖြစ်လာခဲ့ပါတယ်။
အဲဒီနှစ် စက်တင်ဘာလထဲမှာတော့ UCI World Time Trial Championships ပြိုင်ပွဲမှာ တတိယ ရရှိခဲ့ပါတယ်။ ပထမ နဲ့ ဒုတိယ ရသွာသူတွေကတော့ အခုချိန်ထိ စံချိန်ြ့ပုဆရာ ကြီးတွေအဖြစ်နာမည်ကြီးနေသူ Tour de france ချန်ပီယံဟောင်း ဗြိတိန်မှ Bradley Wiggins နဲ့ ဂျာမဏီမှ Tony Martin တို့ဖြစ်ပါတယ်။
၂၀၁၅ မှာတော့ သူရဲ့အခြေအနေဟာ အတော်တိုးတက်လာခဲ့ပါတယ်။ ၂၀၁၅ အဖွင့် Tour Down Under မှာ GC နံပတ် ၄ ရခဲ့ပါတယ်။ Tour de Suisse မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါ တယ်။ ဒါကြောင့် Tour de France ဖွင့်ပွဲနေ့ နယ်သာလန်မှာကျင်းပမဲ့ စံချိန်ပြုပွဲမှာ သူ ရ လိမ့်မယ်လို့ အားလုံးက မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ နံပတ် ၄ ဖြစ်သွားပါတယ်။ ပြီးတော့ ၃ ရက် မြောက်နေ့ မဟာလဲပြိုင်မှုအတွင်း ကာစီးလာလားတိုနဲ့အတူ ပါသွားတဲ့အတွက် နားလိုက်ရ ပါတယ်။
...

ဒီအထိက စာအုပ်ထဲလျောက်ဖတ်ပြီး ပြန်ရေးထားတာပါ။ စာရေးသူကိုယ်တိုင် Dumoulin ကို သတိထားမိတာကတော့ Tour de France ပွဲအပြီး ရာသီပိတ်ပွဲအဖြစ် သြဂုတ်လကုန်မှာ စပိန်မှာကျင်းပတဲ့ ၂၁ ရက်တာ မဟာပြိုင်ပွဲ Vuelta a España မှာဖြစ်ပါတယ်။
စံချိန်ပြုပွဲလောက်သာ ခြေစွမ်းပြလေ့ရှိတဲ့ Dumoulin ဟာ အဲဒီပွဲစဉ် ဒုတိယနေ့ တောင်တက် ပွဲမှာ GC ဆရာကြီးတွေဖြစ်တဲ့ Nicolas Roche (Team Sky), Nairo Quintana (Movistar) နဲ့ Esteban Chaves (Orica-Greenedge) တို့ပါဝင်တဲ့ အုပ်စုကိုဦးဆောင်ပြီး ထွက်ပြေးနိုင်ခဲ့ပါတယ်။ ပန်းအ၀င်မှာ Chaves က ကပ်တီးသွားပေမဲ့ Dumoulin ဟာ စံချိန် ပြုတခုတည်းတင်မက GC အတွက်ပါ ရည်မှန်းထားနိုင်သူဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
သူရဲ့တောင်တက်ခြေစွမ်းကို အတိအကျမြင်ရတဲ့နေ့ကတော့ ၉ ရက်မြောက်ပွဲစဉ် မဟာ တောင်တက်ပွဲမှာပါ။ တာတိုဘုရင်တွေအပါဝင်အတော်များများပြုတ်ကျန်ခဲ့ချိန်မှာ Dumoulin တကိုယ်တော်ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ပန်းဝန်းတောင်ထိပ်ရောက်ဖို့ မီတာ ၂၀၀ လောက်အလိုကျမှ Tour de France ချန်ပီယံ Chris Froome က သူ့ကိုကပ်တီးပြီး ပန်းဝင် စည်းနားရောက်သွားပါတယ်။
ဒါပေမဲ့ Dumoulin ဘယ်လိုကနေဘယ်လို အားပြန်ပြည်လာလဲမသိ။ ပန်းဝင်ဖို့ ၅ မီတာ လောက်အလိုကျမှ Froome ကိုပြန်ကျော်ပြီး ပထမ ယူသွားပါတယ်။ Froome အပါဝင် GC ဆရာကြီးတွေ၊ တောင်တက်ဘုရင်တွေအားလုံး သူကို အလေးမထားလို့မဖြစ်တော့ပါ။ အဲဒီ နောက်ပိုင်း တောင်တက်ဘုရင်တဦးဖြစ်သူ Fabio Aru (Astana) နဲ့ Dumoulin အကြား အနီ ရောင်အကျီကိုတယောက်တလှည့်စီလိုရနေပါတယ်။
ဒါပေမဲ့ နောက်ဆုံးနေ့မတိုင်မီတက်ရတဲ့ တောင်တက်ပွဲမှာတော့ တောင်တက်ဖို့အသေအချာ လေ့ကျင့်ထားတဲ့ Astana အသင်းက Dumoulin ကို ကောင်းကောင်းပညာပေးလိုက်ပါတယ်။ တယောက်တည်းကောင်းနေလို့မရဘူး။ အသင်းဖေါ်တွေကောင်းဖို့လိုတယ်၊ သစ္စာရှိဖို့လိုတယ် ဆိုတာကို Dumoulin သဘောပေါက်သွားပုံရပါတယ်။ အဲဒီနေ့ တောင်တက်ပွဲမှာ တကိုယ် တော်ပြတ်ကျန်ခဲ့တဲ့အတွက် Fabio Aru (Astana) က အနီရောင်အကျီကို ယူသွားခဲ့ပါတယ်။
ဒါပေမဲ့ Dumoulin ဟာ ခြေသူမဟုတ်ဘူးဆိုတာကိုတော့ စက်ဘီးသမားအားလုံးက လက်ခံ လိုက်ရပါတယ်။ ဒီလိုနဲ့ ဒီနှစ်နွေဦးမှာတော့ သူရဲ့ခြေစွမ်းဟာ မနှစ်ကထက်ပိုကောင်းလာပြီး အခုလို အောင်ပွဲတွေရနေတာပါ။ (ခရီးသွားရင်း အင်တာနက်မရှိလို့ ဒီဆောင်းပါးကို ပြတ် အောင်မရေးတင်နိုင်ခင်မှာ သူရဲ့အနေအထားက နဲနဲပြောင်းသွားပါတယ်။ အ၀ါရောင်အကျီကို စနေနေ့က စွန့်လိုက်ရပါတယ်)။
ဒါပေမဲ့ ပွဲစဉ် ၈ စနေနေ့မှာတော့ Tom Dumoulin (Giant-Alepcin) ဟာ တောင်တက်မှာ ပြတ်ကျန်ခဲ့တဲ့အတွက် အဲဒီနေ့က ပထမ ရသူ Gianluca Brambilla (Etixx-QuickStep) နဲ့ ၃ မီနစ်အထိနောက်ကျသွားတာကြောင့် ပန်းရောင်အကျီကို Brambilla ဆီ ပေးလိုက်ရပါ တယ်။ 
ဒါပေမဲ့ ၉ ရက်မြောက်နေ့ စံချိန်ပြုပွဲမှာတော့ အခြေအနေနည်းနည်းပြန်ကောင်းလာတဲ့ အတွက် ၃ မီနစ်အပြတ်ကနေ 0:00:58 စက္ကန့်အပြတ်နဲ့ GC နံပတ် ၇ နေရာဆီ ပြန်ရောက် လာပါတယ်။ ကျန်တဲ့သီတင်းပတ် တောင်တက်ပွဲတွေမှာ သူ့ရဲ့အလားအလာ ဘယ်လိုဖြစ်လာ မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ။

(မနေ့က -မေလ ၁၈ ရက်နေ့မှာတော့ သူဟာ ကျန်းမာရေးမကောင်းဖြစ်တဲ့အတွက် ၂၁ ရက်တာ အီတလီ ပြိုင်ပွဲကနေ ထွက်သွားလိုက်ပြီဖြစ်ပါတယ်)။       ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More