Thursday, May 12, 2016

Tour of California ပွဲ တနင်္ဂနွေနေ့ စမယ်...။

Tour of California ပွဲ တနင်္ဂနွေနေ့ စမယ်...။
...
ဥရောပတလွှားကလူတွေ အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲနဲ့အလုပ်များနေစဉ်မှာ အမေရိကန်ပြည်ထောင်စုကလည်း Tour of California ကို လာမဲ့တနင်္ဂနွေ (မေလ ၁၅ ရက်) မှာစတင်မယ်လို့ကြေညာ လိုက်ပါတယ်။


စကားလုံးအတိအကျပြောရမယ်ဆိုရင် May 15-22, San Diego, California, Road - 2.HC ပြိုင်ပွဲဖြစ်ပါတယ်။ အီတလီမှာကျင်းပနေတဲ့ Grand Tour လောက်နာမည်မကြီးပေမဲ့ ကျနော်တို့ရဲ့ဇတ်လိုက်ကြီး ပီတာ ဆာဂန်အပါဝင် ကမ္ဘာ့အကျော်အမော် တာတိုဘုရင်တွေ၊ ကလစစ်ဆရာတွေ၊ အမေရကန်ဖက်က GC တွေပါ ၀င်ပြိုင်မှာမို့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
စာရေးသူတခါတင်ပြဖူးခဲ့တဲ့အတိုင်း အမေရိကန်ကပွဲတွေဟာ အရှေ့အလယ် ပိုင်း ဒူဘိုင်းတို့၊ ကာတာတို့ပွဲတွေနဲ့ဆင်တူပါတယ်။ တူတယ်ဆိုတာ လမ်းအနေ အထားနဲ့ တောင်တန်းတွေအခြေအနေကိုပြောတာပါ။ အများအားဖြင့် ဟိုက် ဝေးလမ်းတွေပေါ်မှာစီးရတာဖြစ်တဲ့အတွက် ဥရောပက လမ်းကျဉ်း၊ လမ်းကွေ တွေမှာစီးရတာနဲ့ အရသာမတူပါဘူး။ ဒါပေမဲ့ စက်ဘီးသမားတွေအတွက်တော့ လဲပြိုမှုအန္တရယ်ပိုနည်းတဲ့အတွက် ကောင်းတယ်လို့ဆိုနိုင်ပါတယ်။
ပီတာဆာဂန် Peter Sagan (Tinkoff) ဟာ မနှစ်က ဒီပွဲမှာ GC ပထမ ရထား သူပါ။ ဥရောပမှာစက်ဘီးပွဲကျင်းပတာ နှစ် ၁၀၀ ကျော်နေပြီဖြစ်ပေမဲ့ ကာလီဖိုး နီးယားက ဒီပွဲကတော့ အခုမှ ၁၁ ကြိမ်မြောက်ပွဲစဉ်ဖြစ်ပါတယ်။ ဆာဂန် မရ ခင် တခြားရထားသူတချို့ကိုပြောရမယ်ဆိုရင်...
2014 Bradley Wiggins (GBr) Team Sky 
2013 Tejay van Garderen (USA) BMC Racing Team 
2012 Robert Gesink (Ned) Rabobank 
2011 Christopher Horner (USA) Team RadioShack 
2010 Michael Rogers (Aus) Team HTC-Columbia 
2009 Levi Leipheimer (USA) Astana 
2008 Levi Leipheimer (USA) Astana 
2007 Levi Leipheimer (USA) Discovery Channel 
2006 Floyd Landis (USA) Phonak Hearing Systems တို့ဖြစ်ပါ တယ်။

ဆာဂန်ရဲ့ထူးခြားချက်ကတော့ ပရိုဖက်ရှင်နယ်စက်ဘီးသမားဘ၀ကိုစတင်ခံယူ တဲ့ ၂၀၁၀ ကနေစပြီး ဒီပွဲကို နှစ်စဉ်မပျက်မကွက်ဝင်ပြိုင်ခြင်းပါ။ Stage ပွဲ ၁၃ ခုအနိုင်ရထားဖူးပြီး မနှစ်ကတော့ GC ကိုပါ မမျှော်လင့်ပဲ ရသွားခဲ့ပါတယ်။ မမျှော်လင့်ဘူးဆိုတာက ဒီလိုပါ။ တာတိုဘုရင်တွေဟာ တောင်တက်အား မကောင်းတဲ့အတွက် GC ရဖို့မှန်းလေ့မရှိပါဘူး။ မနှစ်ကတော့ ရာသီဥတု အခြေအနေအရ တောင်တက်လမ်းတချို့လျော့လိုက်တာ။ ITT တဦးချင်း စံချိန် ပြုပွဲရဲ့လမ်းအရှည်ကိုလျော့ချလိုက်တာ၊ နောက်ဆုံးနေ့မှာ တတိယ ရပြီး ၄ စက္ကန့်အပိုဆုရတာတွေကြောင့် GC ပြိုင်ဖက်ကို ၃ စက္ကန့်အသာနဲ့ မမျှော်လင့် ပဲ ရသွားတာဖြစ်ပါတယ်။
ဒီနှစ် ဆာဂန် ထပ်ရဦးမလားဆိုတာကတော့ မသေချာလှပါဘူး။ ပထမနေ့နဲ့ ၇ ရက်မြောက်နေ့တွေမှာ ဧရာမတောင်တွေပါနေတဲ့အတွက် သိပ်မလွယ်လှပါဘူး။ 
အင်း...ကျနော်ရေးတဲ့အထဲ ဆာဂန်အကြောင်းချည်း သိပ်များနေပြီနဲ့တူပါ တယ်။ တကယ်တော့ GC အရာမှာရော၊ ကွင်းတွေပွဲတွေမှာပါ သူထက်ပိုနာ မည်ကြီးတဲ့ Tour de France ချန်ပီယံဟောင်း Bradley Wiggins (Team Wiggins) လဲ ဒီပွဲကို ၀င်ပြိုင်မှာဖြစ်ပါတယ်။

အလားတူ Tour de France မှာ Stage ပွဲ ၂၆ ပွဲအထိအနိုင်ရပြီး စံချိန်တင် ထားသူ Mark Cavendish (Dimension Data) ကလည်း ဆာဂန်ထက် တာ တိုအား ပိုကောင်းပါတယ်။ တခါ နော်ဝေက နာမည်ကြီးတာတိုဘုရင် Alexander Kristoff (Katusha), ပြီးခဲ့ဆောင်းတွင်းက စပိန်မှာလေ့ကျင့်ရေး ဆင်းနေစဉ် ကားနဲ့တိုက်မိလို့ ဒဏ်ရာရပြီး နားလိုက်ရသူ John Degenkolb (Giant-Alpecin) လည်း ဒီပွဲမှာ ပြန်ပါလာမှာဖြစ်ပါတယ်။ ဒါအပြင် Niccolo Bonifazio (Trek-Segafredo) နဲ့ Bryan Coquard (Direct Energie) တို့လည်း ပါပါလိမ့်မယ်။ 
GC ဖက်မှာတော့ Team Sky အသင်းမှ Peter Kennaugh။ Katusha အသင်းမှ Tiago Machado နဲ့ BMC အသင်းမှ Brent Bookwalter နဲ့ Taylor Phinney အပါဝင် အမေရိကန်က စက်ဘီးအကျော်အမော်တွေ ရဲ့ခြေစွမ်းကို တွေ့ ရပါလိမ့်မယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More