Sunday, May 22, 2016

Giro d'Italia ပွဲ တတိယ သီတင်းပတ် စာစုများ။

Giro d'Italia ပွဲ ၁၀ ရက်မြောက်နေ့ Ciccone အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၀ ရက်မြောက် နေ့ (Campi Bisenzio - Sestola) 219 km တောင်တက်ပြိုင်ပွဲမှာ အသက် ၂၁ နှစ်အရွယ် အီတလီ လူငယ် Giulio Ciccone (Ita) Bardiani CSF က 5:44:32 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Ivan Rovny (Rus) Tinkoff Team က 0:00:42 စက္ကန့် နောက်ကျပြီ ဒုတိယနဲ့ Darwin Atapuma (Col) BMC Racing Team က 0:01:20 မီနစ်နောက်ကျပြီး တတိယ ရပါတယ်။
...
၂၁၉ ကီလိုမီတာအတွင်း ဘာတွေထူးခဲ့သလဲ...။
ပထမ ပိုင်းမှာ ၁၃ ဦးပါ Breakaway အဖွဲ့တခု လွတ်မြောက်သွားပါတယ်။ လမ်းတလျောက်ရှိ တောင်တက်ပွဲအမှတ်တွေ၊ အစိမ်းရောင်အမှတ်တွေကို အဲဒီအဖွဲ့က ယူသွားတဲ့အပြင် အခု ပ-ဒု-တ ရသူတွေဟာလည်း အဲဒီ ရှေ့ပြေးအဖွဲ့ထဲကလူတွေဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက GC ဆရာကြီးတဦးဖြစ်သူ Sky အသင်းခေါင်းဆောင် Landa ဟာ မနေ့ညကတည်းက နေမကောင်းဖြစ်နေပြီး ဒီနေပွဲကိုကြိုးစားစီးပေမဲ့ ကီလို ၇၀ အကျန် မှာ (abandon) ပွဲကိုစွန့်လွတ်လိုက်ရပါတယ်။
ဒုတိယ စိတ်ဝင်စားဖို့ကောင်းတာက ပန်းရောင်အကျီပိုင်ရှင်ကိုယ်တိုင် ထိပ်ကိုတက်ပြီး အသားကုန်စီးခြင်းပါ။ ပန်းဝင်ဖို့ ၁၀ ကီလိုလောက်အလိုမှာ ပန်းရောင်အကျီပိုင်ရှင်နဲ့ ၂၆ စက္ကန့် အကွာ တတိယနေရာကနေလိုက်နေသူ Amador (မူဘီစတား) က ကုန်းဆင်းမှာ အသာလေး ထွက်ပြေးသွားပါတယ်။ GC ဆရာကြီးတွေဖြစ်တဲ့ နီဘာလီနဲ့ ဗာလင်ဒီ တို့က လိုက်မဖမ်းပဲ လွတ်ပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ ပန်းရောင်အကျီပိုင်ရှင် Brambilla ဟာ ဘယ်လိုစိတ်ကူးပေါက်မှန်းမသိ။ အုပ်စု ရှေ့ဆုံးကိုထွက်လာပြီး အသားကုန်တင်လိုက်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ပန်းရောင်အကျီပိုင် ရှင်ဟာ ဘုရင်သဘောမျိုးဖြစ်တဲ့အတွက် ထိပ်ကိုမတက်ရပါဘူး။ ကျန်အသင်းသားတွေကို သူ့ ကိုလေဟာနယ်ထဲထားပြီး တချိန်လုံးစောင့်ရှောက်ခဲ့ရတာမျီုးပါ။ အခုတော့ ပြောင်းပြန်လှန်ပြီး သူက ကျန်သူတွေဦးဆောင်စီးနေပါတယ်။
အဓိပါယ်က Amador (မူဘီစတား) ကို ပန်းရောင်မပေးနိုင်ဘူး။ သူ့ကိုယ်တိုင် ထိမ်းထားဖို့ လည်းမလွယ်ဘူး။ ဒီအတွက် သူ့ရဲ့အသင်းဖေါ်တဦးပြီး ဒုတိယနေရာမှာ ကပ်ရှိနေသူ (လက်ရှိ အဖြူရောင်အကျီပိုင်ရှင်) Bob Jungels (Lux) Etixx - Quick-Step ကိုလွဲပေးနိုင်ဖို့ အခုလို သူစတေးခံလိုက်တာဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ထူးခြားတဲ့ဖြစ်စဉ်ပါ။ ဂျန်ဂဲလ်ကတော့ ဒါဟာ Etixx - Quick-Step အသင်းရဲ့ Team work အားကောင်းမှုကိုပြတာဖြစ်တယ်လို့ ပြောပါတယ်။
....
၁၀ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 10
# Rider Name (Country) Team Result
1 Bob Jungels (Lux) Etixx - Quick-Step 40:19:52 
2 Andrey Amador (CRc) Movistar Team 0:00:26 
3 Alejandro Valverde (Spa) Movistar Team 0:00:50 
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 
5 Vincenzo Nibali (Ita) Astana Pro Team 0:00:52 
6 Gianluca Brambilla (Ita) Etixx - Quick-Step 0:01:11 
7 Rafal Majka (Pol) Tinkoff Team 0:01:44 
8 Jakob Fuglsang (Den) Astana Pro Team 0:01:46 
9 Ilnur Zakarin (Rus) Team Katusha 0:02:08 
10 Esteban Chaves (Col) Orica-GreenEdge 0:02:26 
11 Domenico Pozzovivo (Ita) AG2R La Mondiale 0:02:27 
12 Diego Ulissi (Ita) Lampre - Merida 0:02:53 
13 Rigoberto Uran (Col) Cannondale Pro Cycling 0:02:55 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Modena ကနေ Asolo အထိ 227 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ခရီးအဝေးဆုံးပွဲစဉ်တခုဖြစ်ပေမဲ့ တောင်တက်မပါပဲ မြေပြန့်များတာကြောင့် Breakaway တွေသာ လွတ်မသွားဘူးဆိုရင် တာတိုဘုရင် စပရင့်တာတွေ ရနိုင်တဲ့ အလား အလာရှိနေပါတယ်။ ။
...


Giro d'Italia ပွဲ ၁၁ ရက်မြောက်နေ့ Ulissi ဒုတိယအကြိမ် အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၁ ရက်မြောက် နေ့ (Modena - Asolo) 227 km ပြိုင်ပွဲမှာ Diego Ulissi (Ita) Lampre - Merida က 4:56:32 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Andrey Amador (CRc) Movistar Team နဲ့ Bob Jungels (Lux) Etixx - Quick-Step တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရသွားပါတယ်။
ဒါပေမဲ့ ဒု-တ ရသူ ၂ ဦးစလုံးဟာ ဒီနေ့ပွဲစဉ်မှာ ပထမ ရဖို့အဓိထားသူတွေ မဟုတ်ပဲ ပန်းရောင်အကျီကိုရဖို့၊ ရပြီးသူက ဆက်ထိမ်းထားနိုင်ဖို့ကြိုးစားခြင်း သာအဓိကဖြစ်တယ် ဆိုတာ သူတို့ရဲ့ စီးပုံစီးနည်းမှာ ပေါ်လွင်နေပါတယ်။ အထူး သဖြင့် (မနေ့ကထွက်ပြေးတာလဲ သူပါပဲ) ပန်းဝင်ဖို့ ၁၂ ကီလိုအလိုလောက်မှာ Andrey Amador (CRc) Movistar Team ထွက်ပြေးတော့ ပန်းရောင်အကျီပိုင်ရှင် Bob Jungels (Etixx-QuickStep) က လွတ်မပေးပဲ အသေလိုက်ပါတယ်။
၁၂ ကီလိုစလုံးကို သူချည်းဦးဆောင်စီးသွားတာကြောင့် ပန်းအ၀င်မှာ အား ကုန်ပြီး သူ့ကို သူများကပ်တီးမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ပန်း ရောင်ကို ဆက်ထိမ်းထားနိုင်ဖို့ အရေးဟာ သူရဲ့အဓိကတာဝန်ဖြစ်တာမို့ ကျန် ၂ ဦးကို ပခုံးပေါ်ထမ်းတင်ပြီး ပ-ဒု ပေးလိုက် တယ်လို့်တောင်ပြောရင်ရနိုင်ပါတယ်။
...
၂၇၇ ကီလိုအတွင်း ဘာတွေဖြစ်ခဲ့သလဲ...။
...
ဒီနေ့ပွဲဟာ အရှည်ဆုံးပွဲတခုဖြစ်ပေမဲ့ တောင်တက်မရှိသလောက်ပါပဲ။ ပန်းဝင်ဖို့ ၁၅ ကိလိုလောက်မှာတောင်သလုံးသာရှိပါတယ်။ တကယ်တော့ အဲဒီတောင်ကပဲ ပွဲကို အဆုံးအဖြတ်ပေးသွားတာပါပဲ။
ဒီနေ့အတွက် ပထမ ဆုံး စိတ်ဝင်စားဘွယ်သတင်းကတော့ ပထမ သတင်း ပတ်မှာ ပန်းရောင်အကျီကိုထိမ်းထားသူ (ကျနော်လဲ သူ့အကြောင်းသီခြား တပုဒ်ရေးလိုက်ပါသေးတယ်) Tom Dumoulin (Giant-Alpecin) ပြိုင်ပွဲကနေ ထွက်သွားခြင်းပါ။ သူဟာ မနေ့ကတည်းက saddle sores (ထိုင်ခုံနဲ့ ပေါင် သားပွန်းတဲ့ဒဏ်) ဒဏ်ကိုခံခဲ့ရတယ်လို့သိရပါတယ်။
ဒါဟာ တတိယမြောက် နာမည်ကြီးတဦး ပြိုင်ပွဲကနေထွက်သွားရတာပါ။ သူ့ အရင်ထွက်သွားသူတွေကတော့ မနေ့က နေမကောင်းလို့ထွက်သွားရသူ စကိုင်းအသင်းခေါင်းဆောင် Mikel Landa နဲ့ အဲဒီနေ့မတိုင်းမီထွက်သွားရသူ ကာစီးလာလားတို့ဖြစ်ပါတယ်။ အဓိပါယ်ကတော့ ၂၁ ရက်တာပွဲ Grand Tour မှာ ပထမ ရဖို့ဆိုတာ ခြေကောင်းဖို့အပြင် ကျန်းမာရေးကောင်းဖို့၊ ကံကောင်းဖို့ လည်း လိုသေးတယ်ဆိုတာပါပဲ။
...
ပွဲအခြေအနေကိုပြောရမယ်ဆိုရင် တာထွက်ပြီး တောင်ကုန်းတခုအကျော်မှာ ၃ ဦးပါ (Vegard Stake Laengen (IAM Cycling), Liam Bertazzo (Wilier Triestina-Southeast), Anton Vorobyev (Katusha) ရှေ့ပြေးအဖွဲ့တခု လွတ်မြောက်သွားပါတယ်။ သူတို့ဟာ ၃ မီနစ်ကျော်တဲ့အထိ Peloton ကိုဖြတ် ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပန်းဝင်ဖို့ကီလို ၃၀ ခန့်အလို Peloton ကအရှိန်တင်လိုက်နေစဉ်မှာ မဟာလဲပြိုမှုတခုဖြစ်ခဲ့ပြီး စက်ဘီသမား ဒါဇင်နဲ့ချီလဲကုန်ပါတယ်။ တချို့ဆို လမ်းဘေးက ချောင်းထဲအထိ ထိုးကျသွားပါတယ်။ ကံကောင်းတာကတော့ နောက်ကျ ကျန်ခဲ့တာကလွဲရင် အားလုံး ပြန်စီးနိုင်ခဲ့ပါတယ်။
အဲဒီနောက် တခုတည်းသောတောင်ကုန်းဆီရောက်လာပြီး ရှေ့ပြေး ၃ ဦး တဦး စီခွဲပြေးပါတယ်။ တောင်ကုန်းထိပ်နားရောက်ခါနီးမှာ အားလုံးကို Peloton ကဖမ်းမိသွားပါတယ်။
...
Nibali က Valverde ကိုဝေဖန်...။
...
အဲဒီတောင်အလွန် ကုန်းဆင်းမှာ Vincenzo Nibali ရဲ့ ဗျုဟာကို စမြင်ရပါတယ်။ အကွေ့ အကောက်များလှတဲ့ ကုန်းဆင်းမှာ နီဘာလီ အရှိန်တင်ပြေး ဆင်းပါတယ်။ လူ ၂၀ လောက်ပါတဲ့ ရထားတွဲထဲက အတော်များများပြတ်ကျန် ခဲ့ပေမဲ့ သူ့ရဲ့ မဟာ GC ပြိုင်ဖက် တွေဖြစ်တဲ့ Alejandro Valverde နဲ့ Esteban Chaves တို့က အပြတ်မခံပဲ ကပ်ပြီးပါ လာပါတယ်။ 
သူတို့ ၃ ဦးဟာ နောက်က အုပ်စုနဲ့ ၁၀ စက္ကန့်နီးပါးပြတ်သွားတာကြောင့် တယောက်တလှည့် တင်ပြီးစီးမယ်ဆို လွတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မူဘီစတားအသင်းခေါင်းဆောင် Alejandro Valverde ဟာ သူနဲ့အတူပြေးဖို့ ငြင်းဆိုခဲ့တယ်ဆိုပါတယ်။ 
တခါ Andrey Amador (CRc) Movistar Team ပြေးလို့ သူကလိုက်ဖို့ပြင်တဲ့အခါမှာလည်း Valverde က မလိုက်ပဲဆွဲထားတယ်။ ဒါဟာ Movistar အသင်းမှာ ခေါင်းဆောင် ၂ ဦးသ ဘောမျိုးနဲ့ ပွဲကို မျက်လှည့်ပြကစားနေတဲ့သဘော။ Alejandro Valverde နဲ့ Andrey Amador တို့က တယောက်တလှည့်စီ ပညာပြနေတဲ့သဘောမျီုး နီဘာလီက ဝေဖန်ခဲ့ပါတယ်။
ဒါအပြင် သူရဲ့မဟာပြိုင်ဖက် စကိုင်းအသင်းခေါင်းဆောင် လင်ဒါ ထွက်သွားပေမဲ့ ချားဗားဟာ လင်ဒါ ခြေရာကိုနင်းမဲ့သူပဲဆိုပြီး နီဘာလီက မှတ်ချက်ပေးပါတယ်။
..
စိတ်ပျက်ပြီး နီဘာလီ အရှိန်လျော့ချလိုက်တဲ့အချိန်မှာ နောက်က ၂၀ အုပ်မီလာပါတယ်။ အဲဒီလို မီပြီးသိပ်မကြာခင် မှာ Andrey Amador (CRc) Movistar Team စတင် ထွက်ပြေးတော့တာပါပဲ။
သူပြေးတော့ မနေ့ကအတိုင်းပါပဲ ဘယ်သူမှ မလိုက်ပါဘူး။ အဲဒီအချိန်မှာ တာဝန်အရလိုက်ဖို့ဖိအားပေးခံလာရသူကတော့ ပန်းရောင် အကျီပိုင်ရှင် Bob Jungels (Etixx-QuickStep) ပါပဲ။
....
၁၁ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 11
# Rider Name (Country) Team Result
1 Bob Jungels (Lux) Etixx - Quick-Step 45:16:20 
2 Andrey Amador (CRc) Movistar Team 0:00:24 
3 Alejandro Valverde (Spa) Movistar Team 0:01:07 
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 
5 Vincenzo Nibali (Ita) Astana Pro Team 0:01:09 
6 Rafal Majka (Pol) Tinkoff Team 0:02:01 
7 Ilnur Zakarin (Rus) Team Katusha 0:02:25 
8 Esteban Chaves (Col) Orica-GreenEdge 0:02:43 
9 Gianluca Brambilla (Ita) Etixx - Quick-Step 0:02:45 
10 Diego Ulissi (Ita) Lampre - Merida 0:02:47 
11 Rigoberto Uran (Col) Cannondale Pro Cycling 0:03:12 
12 Jakob Fuglsang (Den) Astana Pro Team 0:03:39 တို့ဖြစ်ပါ တယ်။
မနက်ဖြန်မှာတော့ Noale ကနေ Bibione အထိ 182 km ကို ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ မနက်ဖြန်ပွဲမှာ တောင်တလုံးမှမရှိပဲ မြေပြန်ချည်းဖြစ် တာကြောင့် တောင်တက်ဘုရင်တွေအစား တာတိုဘုရင် စပရင်တာတွေ အတွက် အလားအလားကောင်းမယ်လို့မျှော်လင့်နိုင်ပါတယ်။ ။
...


Giro d'Italia ပွဲ ၁၂ ရက်မြောက်နေ့ Greipel တတိယအကြိမ် အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၂ ရက်မြောက် နေ့ (Noale - Bibione) 182 km ပွဲမှာ André Greipel (Ger) Lotto Soudal က အသားကုန် စပရင့်တင်ပြီး 4:16:00 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Caleb Ewan (Aus) Orica-GreenEdge က လမ်း ကြောင်းပိတ်မိပြီး နှာတဖျားနောက်ကျ ဒုတိယနဲ့ Giacomo Nizzolo (Ita) Trek-Segafredo က တတိယ ပါတယ်။
Greipel အတွက် ဒါဟာ ၁၂ ရက်အတွင်း ၃ ကြိမ်မြောက်အောင်ပွဲဖြစ်တာကြောင့် စံချိန်သစ် လို့ဆိုနိုင်ပါတယ်။ ဒါအပြင် ဂျာမဏီတခုလုံးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဒါဟာ ၂၀ ကြိမ် မြောက် Grand Tour နိုင်ပွဲဖြစ်တာမို့ German record books with Erik Zabe နဲ့ တန်းတူ အဖြစ် မှတ်တန်းဝင်သွားခဲ့ပါတယ်။
ရှေ့ပြေး ၂ ဦးကို ကီလို ၂၀ ခန့်မှာမိသွားတဲ့အတွက် ပန်းအ၀င်မှာ ရှိသမျှလူ အကုန်တပြိုင် တည်းစီးတာကြောင့် အတော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အကွေ့အကောက်က လည်းများတာကြောင့် တယောက်ယောက်များချော်လဲ မလားလို့တွေးပူစရာပါ။
GC ဆရာကြီးတွေအားလုံး နည်းနည်းနောက်ချန်ပြိး အေးဆေးစွာပန်းဝင်တာ မြင့်လိုက်ရပါတယ်။ အဓိပါယ်ကတော့ ဒီနေ့ဟာ မြေပြန့်ပွဲဖြစ်တာကြောင့် ပုံမှန် ပဲစီးပြီး GC အပြောင်းအလဲမဖြစ်ခဲ့ပါ။
...
၁၈၂ ကီလိုကို ဘယ်လိုစီးခဲ့သလဲ...။
...
ဒီနေ့ တာထွက်ကတည်းက ရာသီဥတုဆိုးပြီး မိုးရွာနေတဲ့အတွက် စက်ဘီးသမားအားလုံး in full wet weather gear ဆိုတဲ့အတိုင်း အအေးဒဏ်ခံနိုင်တဲ့ ၀တ်စုံအပြည့်ဝတ်ဆင်ထားကြ ရပါတယ်။ မိုးရွာတဲ့အထဲ ကမ်းရိုးတန်းတလျောက်ကိုစီးရတာမို့ လေကလည်းတိုက်ပါတယ်။
အဲဒီလို လေတိုး မိုးသဲနေတဲ့အချိန်မှာပဲ BMC အသင်းမှ Daniel Oss တကိုယ်တော် ထွက် ပြေးလွတ်မြောက်သွားပါတယ်။ ဟိုအရင်နေ့တွေကလည်း သူဟာ Breakaway ၄ ဦးထဲ ပါခဲ့ သူပါ။ စက်ဘီးသမားတချို့ ရှေ့ထွက်လိုက်ဖမ်းကြပေမဲ့ မမိပါဘူး။ နောက်ဆုံးတော့ Mirco Maestri (Bardiani-CSF) က သူဆီရောက်လာပြီး ၂ ဦးပေါင်း ဆက်ပြေးကြပါတယ်။
ဟန်ချက်ညီ ၂ ဦးပေါင်းပြေးနိုင်တဲ့အတွက် ၂ မီနစ်ကျော်အထိပြတ်နေတာ အကြာကြီးပါပဲ။ ဒါပေမဲ့ နောက်ပိုင်းတော့ တဖြေးဖြေးအရှိန်ကျလာပြီး ပန်းဝင်ဖို့ ကီလို ၂၀ လောက်အလိုမှာ ၂ ဦးစလုံး Peloton ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။
ပန်းမ၀င်ခင် နောက်ဆုံး ၁၅ ကိလိုခန့်ဟာ မြို့ပတ်စီးရတာကြောင့် လမ်းနည်းနရှုပ်ပါတယ်။ အကွေ့အကောက်တွေလည်းများပါတယ်။ ဒီကြားထဲ့ ဒုတိယ ရသွားသူဟာ အတွေ့အကြုံ နုတယ်အပြင် လူကောင်လဲသေးတဲ့အတွက် လမ်းကြောင်းပိတ်မိတဲ့အခါ ထိုးမထွက်နိုင်ပဲ ဖြစ်သွားခဲ့ပါတယ်။
......
၁၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 12
# Rider Name (Country) Team Result
1 Bob Jungels (Lux) Etixx - Quick-Step 49:32:20 
2 Andrey Amador (CRc) Movistar Team 0:00:24 
3 Alejandro Valverde (Spa) Movistar Team 0:01:07 
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 
5 Vincenzo Nibali (Ita) Astana Pro Team 0:01:09 
6 Rafal Majka (Pol) Tinkoff Team 0:02:01 
7 Ilnur Zakarin (Rus) Team Katusha 0:02:25 
8 Esteban Chaves (Col) Orica-GreenEdge 0:02:43 
9 Gianluca Brambilla (Ita) Etixx - Quick-Step 0:02:45 
10 Diego Ulissi (Ita) Lampre - Merida 0:02:47
11Rigoberto Uran (Col) Cannondale Pro Cycling 0:03:12
တို့ဖြစ်ပါတယ်။
...
မနက်ဖြန်မှာတော့ Palmanova ကနေ Cividale del Friuli အထိ 170 km ကို ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၃၀၀၀ နီးပါးမြင့်တဲ့ တောင် ၄ လုံးပါတဲ့အပြင် တလုံးစီအတွက် ရေပြင်ညီအထိဆင်းပြီးမှ ပြန်တက်ရမဲ့တောင်မျိုးဖြစ်တာကြောင့် တာတိုဘုရင်တွေအတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။
တောင်တက်ဘုရင်တွေ၊ အထူးသဖြင့် GC ဆရာကြီးတွေ၊ အတိအကျပြောရမယ်ဆိုရင် နီဘာလီ ဘာလဲ ဆိုတာကို မနက်ဖြန်တွေ့ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ။
...
နောက်ဆုံးသတင်း...။
...
မနက်ဖြန်ကစပြီး တောင်တက်ပွဲတွေချည်းသာကျန်တဲ့အတွက် တာတိုဘုရင်တွေအတွက် မျှော်လင့်ချက်မရှိတော့ဘူးဆိုပြီး ပြောရုံရှိသေး။ ဟောဒီမှာ ဒီနေ့ ပထမ ရတဲ့၊ ၁၂ ရက်အတွင်း ပထမ ၃ ကြိမ်ရထားတဲ့ ဂျာမန်တာတိုဘုရင် Andre Greipel (Lotto Soudal) က အီတလီ ပွဲကနေ ထွက်တော့မယ်လို့ ဒီညနေပဲ ကြေညာလိုက်ပါတယ်။
''အနီရောင်အကျီရထားချိန်မှာ Giro ပွဲကနေ ထွက်ခွါဖို့ဆုံးဖြတ်ရခြင်းအတွက် ကျနော် မပျော်ပါ ဘူး။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်ရော၊ အသင်းကရော ဆုံးဖြတ်ပြီးပါပြီ။ ဒီရာသီအတွက် ရည် ရွယ်ချက်တွေအများကြီးရှိနေပါသေးတယ်'' ဆိုပြီး Greipel ကပြောပါတယ်။
ဒါဟာ ဇလိုင်မှာ ကျင်းပမဲ့ Tour de Frace အတွက်ပြင်ဆင်ဖို့လား။ အဲဒီပွဲမတိုင်မီ တခြားပွဲ ငယ်တွေမှာကော ၀င်စီးဦးမှာလား။ တကယ်တော့ အောင်မြင်နေချိန်မှာ ထွက်သွားနိုင်သူဟာ ဆုံးဖြတ်ချက်ခိုင်မာသူလို့ပြောရမယ်ထင်ပါတယ်။ ။
...


Giro d'Italia ပွဲ ၁၃ ရက်မြောက်နေ့ Nieve အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၃ ရက်မြောက် နေ့ (Palmanova ကနေ Cividale del Friuli အထိ) 170 km တောင်တက် ပြိုင်ပွဲမှာ Mikel Nieve (Spa) Team Sky က 4:31:49 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။ 

သူ့နောက်မှာတော့ Giovanni Visconti (Ita) Movistar Team က 0:00:43 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ GC ဆရာကြီး Vincenzo Nibali (Ita) Astana Pro Team က 1:17 မီနစ်နောက်ကျနဲ့ တတိယ ရပါတယ်။
နီဘာလီနဲ့တပြိုင်တည်း ပန်းဝင်လာသူတွေကတော့ ..
4 Alejandro Valverde (Spa) Movistar Team 
5 Rafal Majka (Pol) Tinkoff Team 
6 Stefan Denifl (Aut) IAM Cycling 
7 Steven Kruijswijk (Ned) Team LottoNl-Jumbo 
8 Rigoberto Uran (Col) Cannondale Pro Cycling 
9 Matteo Montaguti (Ita) AG2R La Mondiale 
10 Domenico Pozzovivo (Ita) AG2R La Mondiale တို့ဖြစ်ပါတယ်။
လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Bob Jungels (Lux) Etixx - Quick-Step နောက်ဆုံးတောင်အတက်မှာ ပြတ်ကျန်ခဲ့တဲ့အတွက် GC အပြောင်းအလဲ ဖြစ်ပြီး မနေ့ကအထိ ဒုတိယနေရာမှာရှိနေသူ Andrey Amador (CRc) Movistar Team က ပန်းရောင်အကျီကို ရသွားခဲ့ပါတယ်။
...
ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင် ၄ လုံးကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲ...။
...
ဒီနေ့ပွဲကို TV ကနေ ခပ်စောစောပြပါတယ်။ ပုံမှန်ဆို ပန်းဝင်ဖို့ ကီလို ၅၀ လောက်ကိုသာ ပြလေ့ရှိပေမဲ့ ဒီနေ့တော့ ကီလို ၁၀၀ ၀န်းကျင်အလို တောင် ၄ လုံးထဲက ပထမ တောင် အတက်မှာတင် စပြပါတယ်။ စပြကတည်းက ရှေ့မှာ လူ ၂၀ ခန့်ပါတဲ့ အုပ်စုတခု လွတ်နေ ပါတယ်။
အဲဒီထဲ က ၃ ဦးစီထွက်ပြေးပြီး တောင်တက်အမှတ်တွေ၊ Point အမှတ်တွေကို ယူနေကြပါ တယ်။ ကီလီု ၇၀ ၀န်းကျင် တောင်တက်အမှတ်လုစဉ်မှာတော့ လက်ရှိ တောင်တက်ဘုရင် နဲ့ မူဘီစတားက တဦးအကြိတ်အနယ်ပြိုင်ရာကနေ မူဘီးစတားက စက်ဘီးသမား တောင်ထိပ် အဖြတ်မှာ ပုံပျက်ပန်း ချော်လဲသွားပါတယ်။ ဒါပေမဲ့ ဆက်စီးနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှတော့ ရှေ့ပြေးအဖွဲ့ထဲ တစစီ စကွဲပြဲပြီး ခြေရည်မတူသူတွေ ဖြေးဖြေးပြတ် ကျန်ခဲ့ပါတယ်။ ကီလို ၃၀ ခန့်အလိုမှာတော့ ၃ ဦးတွဲပြေးနေတဲ့အထဲကနေ အခု ပထမ ရသွား သူက တကို်ယ်တော် ထွက်ပြေးပါတယ်။ ကျန် ၂ ဦး ပေါင်းလိုက်ပေမဲ့ မမိပါဘူး။ နောက်ဆုံးကျ တော့ တဦးစီဖြစ်သွားပြီး အဲဒီ ပထမ ၂ ဦးပဲ ပန်းဝင်တဲ့အထိလွတ်ပါတယ်။ ကျန်လူ အားလုံး ကို Peloton က ပန်းဝင်စည်းမရောက်ခင် ပြန်မိသွားပါတယ်။
...
GC ဆရာကြီးတွေနဲ့ တောင်တက်နိုင်သူများ...
...
လက်ရှိပန်းရောင်အကျီပိုင်ရှင် Jungels ဟာ တောင် ၃ လုံးကျော်တဲ့အထိ ကပ်ပါလာနိုင်ပြီး နောက်ဆုံးတောင်အရောက်မှာတော့ ဘယ်လိုမှမကပ်နိုင်ပဲ ပြတ်ကျန်ခဲ့ပါတယ်။ စိတ်ဝင်စား ဖို့ကောင်းတာကတော့ Grand Tour သမားနဲ့ Grand Tour အသင်းဆိုတာ အသေချာ ကျင့် မထားပဲ မရနိုင်ဘူးဆိုတာပါပဲ။
ဒါကို ဒီနေ့ပွဲမှာ ကောင်းကောင်းမြင်နိုင်ပါတယ်။ Astana နဲ့ Movistar အသင်းကလွဲရင် ကျန် အသင်းတွေဟာ Grand Tour ချန်ပီယံဖြစ်ဖို့၊ မဟာတောင်တက်တွေကိုကျော်ဖြတ်နိုင်ဖို့ အသေအချာကျင့်ထားရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ အခြားအသင်းတွေက တဦးစ၊ နှစ်ဦးစ ကပ်ပါလာပေမဲ့ Astana နဲ့ Movistar လို ၄-၅ ဦးအထိ အသင်းဖေါ်တွေ အစုံအညီ တောင် တက်နိုင်တာ မတွေ့မိပါ။
Sky အသင်းကတော့ ကျင့်ထားပုံရပါတယ်။ ဒါပေမဲ့ သူတိုရဲ့ အသင်းခေါင်းဆောင် GC အတွက် မှန်းထားသူ လင်ဒါ တနေ့က နေမကောင်းဖြစ်ပြီး ထွက်သွားကတည်းက ထိပ်တန်း GC သမား မရှိတော့ပါဘူး။ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Bob Jungels (Lux) ရဲ့ Etixx - Quick-Step အသင်းကိုကြည့်ရင် ပိုသိသာပါတယ်။ မလိုက်နိုင်လို့ သူပြတ်ကျန်ခဲ့ချိန်မှာ သူ့ အသင်းဖေါ်တဦးမှ ဘေးမှာမရှိတော့ပါဘူး။
ဒီအတိုင်းသာဆိုရင်တော့ ၂၁ ရက်တာပွဲအပြီး ပန်းရောင်အကျီရမဲ့သူဟာ Astana နဲ့ Movistar အသင်းကလွဲပြီး တခြားသူမဖြစ်နိုင်ပါ။ အတိအကျပြောရမယ်ဆိုရင် Vincenzo Nibali (Ita) Astana Pro Team နဲ့ Alejandro Valverde (Spa) Movistar Team ကလွဲ ပြီးတခြားလူရဖို့ ဖြစ်နိုင်ခြေအတော်နည်းပါတယ်။
...

၁၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 13
# Rider Name (Country) Team Result
1 Andrey Amador (CRc) Movistar Team 54:05:50 
2 Bob Jungels (Lux) Etixx - Quick-Step 0:00:26 
3 Vincenzo Nibali (Ita) Astana Pro Team 0:00:41 
4 Alejandro Valverde (Spa) Movistar Team 0:00:43 
5 Steven Kruijswijk (Ned) Team LottoNl-Jumbo 
6 Rafal Majka (Pol) Tinkoff Team 0:01:37 
7 Ilnur Zakarin (Rus) Team Katusha 0:02:01 
8 Esteban Chaves (Col) Orica-GreenEdge 0:02:19 
9 Rigoberto Uran (Col) Cannondale Pro Cycling 0:02:48 
10 Jakob Fuglsang (Den) Astana Pro Team 0:03:15 တို့ဖြစ်ပါတယ်။
...
မနက်ဖြန်မှာတော့ Alpago ကနေ Corvara အထိ 210 km ကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပေ ၆၀၀၀ ကျော်တဲ့ တောင် ၅ လုံးပါတာမို့ တောင်တက်ဘုရင်တွေ၊ အထူး သဖြင့် GC ဆရာကြီးတွေဖြစ်တဲ့ Vincenzo Nibali (Ita) Astana Pro Team နဲ့ Alejandro Valverde (Spa) Movistar Team ကြား အားပြိုင်ပွဲကို အသေအချာ မြင်ရတော့မှာဖြစ်ပါ တယ်။ ။
...
နီဘာလီ ဘာပြောသလဲ...။
...
ဒီနေ့ တတိယ ရပြီး ပွဲအပြီးမှာ ပန်းရောင်အကျီရနိုင်တယ်လို့ ထင်ကြေးပေးခံထားရသူ နီဘာလီရဲ့ ပြောစကားတချို့ကိုတင်ပြချင်ပါတယ်။ Up to now it's been more a game of the mind than the legs လို့ နီဘာလီက ဒီနေ့ပြောပါတယ်။ အခုချိန်မှာ ခြေအား (စက်ဘီး နင်းအား) ပြိုင်ပွဲထက် စိတ်အားအားပြိုင်ပွဲကပိုများနေတယ်လို့ ပြန်နိုင်မယ်ထင်ပါတယ်။
ဆိုလိုတာကတော့ သာမန်အားဖြင့်ဆိုရင် အားကစားပွဲတွေဟာ အင်အားပေါ်မှာအခြေခံ ကစားကြတာဖြစ်ပေမဲ့ ၂၁ ရက်တာစက်ဘီးပွဲမှာတော့ အားတခုတည်းပေါ်အခြေခံရင် ရူး သွားနိင်ပါတယ်။ အတွက်အချက်က အဓိကကျတယ်လို့ထင်ပါတယ်။ စိုင်းထီးဆိုင် သီချင်း စားသားထဲကလို တာလတ်မှာအဆုံးအဖြတ်ပေါ့။ 
ဒါဟာ ပြိးခဲ့တဲ့ ၃ ရက်လောက်မှာ သူ့ရဲ့အဓိကပြိုင်ဖက် Alejandro Valverde (Spa) နဲ့ Movistar အသင်းဟာ ၂ ဥိးခွဲကစားနေတယ်။ ပရိရယ်များတယ်လို့ပြောပြိးနောက် ဒုတိယ ဝေဖန်ချက်ဖြစ်ပါတယ်။ ဒီနေ့ ပန်းဝင်စည်းအရောက်မှာ အသားကုန် စပရင့်တင်ပြီး Valverde ကိုကျော်နိုင်တဲ့အတွက် တတိယ ရကာ အပိုဆု ၄ စက္ကန့်ရလိုက်ပါတယ်။ ဒါကြောင့် အရင်နေ့ တွေက သူရှေ့မှာ ၂ စက္ကန့်အသာနဲ့ရှိနေသူ Valverde ကို ၂ စက္ကန့်အသာနဲ့ပြတ်ဖြတ်ပြီး နီဘာ လီ ရှေတက်လာပါတယ်။
သတင်းသမားအများစုကတော့ နီဘာလီပြောတဲ့ t's been more a game of the mind than the legs ဒါကို ဥပမာပေးကြပါတယ်။ ဒါအပြင် သူတို့နှစ်ဦးဟာ ကုန်းတက်၊ ကုန်းဆင်း တလျောက် အပြန်အလှန်ဦးဆောင်ပြေးကြပြီး ကြွက်နဲ့ကြောင်လိုပဲ တယောက်ကိုတယောက် အလွတ်မပေးပဲ လိုက်နေကြတာတွေ့နိုင်ပါတယ်။
နောက်ဆုံးတောင်အတက် တကီလိုအလိုမှာ ကျနော် တိုက်ခိုက်မှု (ထွက်ပြေးဖို့) လုပ်ဖို့စီစဉ် ထားပါတယ်။ ဒါပေမဲ့ ဒီနေ့ အားလုံးက အဆင်သင့်ဖြစ်နေတော့ မပြေးဖြစ်ပါဘူး (လွတ်မယ် မထင်လို့)။ ဒါပေမဲ့ ဒါဟာ ပထမ နေ့ကြုံရတဲ့ တောင်တန်းတွေပဲရှိပါသေးတယ်။ နောက်ထပ် တောင်တွေအများကြီးလာပါဦးမယ် လို့ နီဘာလီကပြောပါတယ်။
အထူးသဖြင့် မနက်ဖြန် စနေမှာကြုံရမဲ့တောင်တွေဟာ မြင့်လွန်းတဲ့အပြင် ၆ လုံးတောင်ရှိတာ မို့ နီဘာလီပြောတဲ့ t's been more a game of the mind than the legs ဆိုတာကို ကောင်းကောင်းလေ့လာခွင့်ရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
.......


Giro d'Italia ပွဲ ၁၄ ရက်မြောက်နေ့ Chaves အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၄ ရက်မြောက် နေ့ (Alpago ကနေ Corvara အထိ) 210 km တောင်တက်ပြိုင်ပွဲမှာ Esteban Chaves (Col) Orica-GreenEdge က 06:06:16 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Steven Kruijswijk (Ned) Team LottoNl-Jumbo နဲ့
Georg Preidler (Aut) Team Giant-Alpecin တို့က နှာတဖျားစီနောက်ကျ ပြီး ဒု-တ ရပါတယ်။
သူတို့ ၃ ဦးနောက်မှာ ဆက်တိုက်ဝင်လာတဲ့ ၇ ဦးကတော့..
4 Darwin Atapuma (Col) BMC Racing Team 00:00:06
5 Vincenzo Nibali (Ita) Astana Pro Team 00:00:37
6 Kanstantsin Siutsou (Blr) Dimension Data
7 Ilnur Zakarin (Rus) Team Katusha 00:02:29
8 Rafal Majka (Pol) Tinkoff Team
9 Rigoberto Uran (Col) Cannondale Pro Cycling 00:02:50
10 Domenico Pozzovivo (Ita) AG2R La Mondiale 00:03:00 တို့ဖြစ် ပါတယ်။
ဒီနေ့ပွဲဟာ တကယ့်မဟာတောင်တက်ပွဲဖြစ်ပြီး ပေ ၆၀၀၀ ကျော်မြင့်တဲ့ တောင် ၅ လုံးရဲ့ နောက်ဆုံးတောင်က ပွဲအခြေအနေကို အဆုံးအဖြတ်ပေး သွားတာပါ။ အဓိပယ်က GC ဆရာကြီးတွေကြားမှာ သူသေကိုယ်သေ တိုက် ခိုက်မှုတခုကို နီလာလီက ဦးဆောင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့နောက်မှာ ကပ် လိုက်လာသူ ၂ ဦးက သူ့ကိုပြန်တီးသွားတဲ့အတွက် ပန်းရောင်ကို သူမရပဲ အဲဒီ ၂ ဦးထဲက တဦးကယူသွားပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ အနှေးနဲ့ အမြန် ပန်းရောင်ကို နီဘာလီရမယ်ဆိုတာ ဒီနေ့ပွဲက သက်သေပြလိုက်တယ် လို့ ပြောနိုင်ပါတယ်။ 
၁၄ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 14
1 Steven Kruijswijk (Ned) Team LottoNl-Jumbo 60:12:43
2 Vincenzo Nibali (Ita) Astana Pro Team 00:00:41
3 Esteban Chaves (Col) Orica-GreenEdge 00:01:32
4 Alejandro Valverde (Spa) Movistar Team 00:03:06
5 Andrey Amador (CRc) Movistar Team 00:03:15
6 Rafal Majka (Pol) Tinkoff Team 00:03:29
7 Ilnur Zakarin (Rus) Team Katusha 00:03:53
8 Rigoberto Uran (Col) Cannondale Pro Cycling 00:05:01
9 Kanstantsin Siutsou (Blr) Dimension Data 00:05:38
10 Jakob Fuglsang (Den) Astana Pro Team တို့ဖြစ်ပါတယ်။
...
ပေ ၆၀၀၀ ကျော်တဲ့ တောင် ၅ လုံးကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ...။
...
ရှေ့ပိုင်းအခြေအနေကို ကြည့်ခွင့်မရလိုက်ပါ။ ကျနော် တီဗွီ ရှေ့ရောက်တဲ့အချိန် မှာ ကီလို ၄၀ ကျော်သာကျန်ပြီး နောက်ဆုံးတောင်မရောက်ခင် လက်ကျန် တောင်ကုန်း တက်နေချိန်ဖြစ်ပါတယ်။
ရှေ့ပြေး ၃ ဦးက ၃ မီနစ်ကျော်နဲ့ပြေးနေပါတယ်။ အဲဒီနောက်မှာ နောက်ထပ် ၄ ဥိးလောက်လိုက်နေပါတယ်။ တတိယ အုပ်စုထဲမှာတော့ ပန်းရောင်အကျီအပါ ၀င် GC ဆရာကြီးတွေ ၁၀ ဦးလောက်က ၅ မီနစ်လောက်ပြတ်ပြီးလိုက်နေပါ တယ်။
ဒုတိယ နောက်ဆုံးတောင်အတက်မှာ နီဘာလီတို့ အာစတာနာအသင်းက အရှိန်စတင်ပါတယ်။ အဲဒီအချိန်မှာ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Amador ပြတ်ကျန်ခဲ့ပါတယ်။ တနည်းအားဖြင့် မူဘီစတားမှ GC ဆရာကြီး Valverde ဟာ အသင်းဖေါ်မပဲ တကိုယ်တော်လိုက်လာပါတယ်။ နီဘာလီမှာတော့ အသင်းဖေါ်တဦးရှိနေဆဲဖြစ်ပြီး အဲဒီ ပုဂ္ဂိုလ်က ရှေ့ကနေ ဒိုင်ခံဆွဲပေးနေပါ တယ်။
GC အုပ်စုအတွင်း ဒီလို တိုက်ခိုက်မှုဖြစ်နေစဉ်မှာ ပထမ ရှေ့ပြေးအုပ်စုအတွင်း မှာလည်း တိုက်ခိုက်မှုတွေဖြစ်ပြီး BMC အသင်းမှ ကိုလံဘီယာနိုင်ငံသား Darwin Atapuma တကို်ယ်တော်ထွက်ပြေးပါတယ်။ အခြား ၂ ဦးကပ်လိုက် ပေမဲ့ မမီတော့ပါဘူး။
...

GC သမားတွေရဲ့ သူသေကိုယ်သေ တိုက်ပွဲ...။
...
နောက်ဆုံးတောင်ဟာ ပေ ၆၀၀၀ ကျော်မြင့်တယ်ဆိုတဲ့အတိုင်း ဆီးနှင်းတွေ လွှမ်းနေဆဲဖြစ်ပါတယ်။ အဲဒီနောက်ဆုံးတောင်ထိပ်နားမရောက်ခင်မှာ နီဘာ လီ Vincenzo Nibali (Ita) Astana စတင်တိုက်ခိုက်ပါတယ်။ သူရဲ့မဟာပြိုင် ဖက် Alejandro Valverde (Spa) Movistar ရုတ်တရက်မလိုက်နိုင်ပဲ ပြတ် ကျန်ခဲ့ပါတယ်။ 
နီဘာလီဖင်ဖျားမှာ တဦးတည်းကပ်ပါလာသူကတော့ ဒီနေ့ ပန်းရောင်ရသွား သူ Steven Kruijswijk (Ned) Team LottoNl-Jumbo ပါပဲ။ သူတို့နှစ်ဦး ပေါင်းအရှိန်တင်နေစဉ် (ဒီနေ့ပထမရတဲ့) Esteban Chaves (Col) Orica-GreenEdge ပြေးထွက်လိုက်လာပါတယ်။ ဒီလိုနဲ့ သူတို့ ၃ ဦးအပြန်အလှန် ဆက်စီးနေပါတယ်။
အဲဒီအချိန် ပြတ်ကျန်ခဲ့တဲ့အုပ်စုထဲမှာ အုပ်စုထပ်ကွဲပြီး Rafal Majka (Pol) Tinkoff Team နဲ့ Ilnur Zakarin (Rus) Team Katusha တို့နဲနဲရှေ့ ထွက်လာ ပါတယ်။ ဒါပေမဲ့ Valverde (Spa) Movistar ကတော့ လုံးဝ ရှေ့မတက်နိုင် တော့ပါဘူး။ ကံကောင်းတာက နောက်မှာပြတ်ကျန်ခဲ့တဲ့ ပန်းရောင်အကျီပိုင် ရှင် Amador (CRc) Movistar ဒီအုပ်စုကိုပြန်မီလာပြီး Valverde ကိုပြန်ကူ ပါတယ်။
ဆရာကြီးအုပ်စုတွေ အဲဒီလိုဖြစ်နေစဉ်မှာ နီဘာလီရဲ့ ၃ ဦးအုပ်စုထဲကနေ Kruijswijk စထွက်ပြေးပါတယ်။ နီဘာလီ ချက်ချင်း လိုက်မဖမ်းနိုင်ပဲ နဲနဲ ဟ သွားပါတယ်။ တခါ Chaves ကပါ ထပ်ထွက်ပြေးပြီး Kruijswijk နဲ့ပေါင်းလိုက် တဲ့အတွက် နီဘာလီ တယောက်ထဲပြတ်ကျန်ခဲ့ပါတယ်။
စစ်မြေပြင်မှာဆိုရင်တော့ အဲဒီလို ပြေးထွက်သွားသူ ၂ ဦးကို သစ္စာဖောက်လို့ ပြောနိုင်မလားမသိ။ စက်ဘီးပွဲမှာတော့ အဲလိုပြောဖို့ခက်သား။ တကယ်က အဲဒီ ၂ ဦးမှာ ဦးဆောင်ထွက်ပြေးနိုင်တဲ့စွမ်းအားမရှိပါ။ ဒါကြောင့် နီဘာလီ ထွက်ပြေးစဉ်မှာ ကပ်လိုက်လာသူတွေဖြစ်ပါတယ်။ အဲဒီလို ဦးဆောင်ထွက် ပြေးထားတဲ့အတွက် နီဘာလီ ခြေကုန်နေမယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။ အဲဒီအချိန်မှာ ၃ ဦးပေါင်းမစီးပဲ သူတို့ကိုတွဲခေါ်ပြီးရှေ့တင်ပေးခဲ့သူကို ချန်ထား ထွက်ပြေးတာ သင့်တော်ပါရဲ့လား။
ဒါဟာ စက်ဘီးအားကစားနည်း ဗျုဟာပိုင်းပါပဲ။ သူများခြေကုန်နေစဉ်မှာ မတိုက်ရင် ဘယ်အချိန်သွားတိုက်မှာလဲ။ သစ္စာတွေ၊ မေတ္တာတွေ မသိ။ ပထမ ရဖို့က အဓိက။ ဒါဟာ ပြိုင်ပွဲစည်းကမ်းအတိုင်း စီးတာသာဖြစ်လို့ ဘာမှပြောလို့ မရ။
...

ပန်းဝင်စည်းပေါ်က မျက်ရည်တစက်...။
...
ဒါက GC အုပ်စုတွင်းက အားပြိုင်မှု။ ဆရာကြီးတွေကြား အဲဒီလို အားပြိုင် နေချိန်မှာ ရှေ့ပြေးအုပ်စုတွင်းကနေ တကိုယ်တော်ထွက်ပြေးသွားသူ Darwin Atapuma (Col) BMC Racing Team ဟာ အခြေအနေအတော်ကောင်းနေ ပါတယ်။ သူ့နောက်ကို အမီလိုက်နေတဲ့ ၂ ဥိးကို တမီနစ်ကျော်အထိဖြတ်ထား နိုင်ပါတယ်။ ပန်းဝင်စည်းကလည်း ၄ ကိလိုခန့်သာကျန်တော့တဲ့အတွက် သူ ပထမ ရသွားလိမ့်မယ်လို့ထင်ခဲ့ပါတယ်။
အဲဒါပေမဲ့ အခြေအနေတွေဟာ အကုန်လုံးပြောင်းကုန်ပါတယ်။ နီဘာလီ ဖြတ် ပြီးထွက်ပြေးလာတဲ့ ၂ ဥိးတွဲဟာ နီလာနဲ့ပြတ်နိုင်သမျှပြတ်အောင်ကြိုးစားရင်း နဲ့ အရှိန်သိပ်ကောင်းလာပြီး ရှေ့ပြေးအုပ်စုထဲက နောက်လိုက် ၂ ဦးကို ၃ ပန်း ၀င်စည်း ၃ ကီလိုခန့်အလိုမှာ မိသွားပါတယ်။ သူတို့ ၄ ဦးပေါင်းစီးရာကနေ အရှိန်ပိုတက်လာပြီး Atapuma ကို ပန်းဝင်ဖို့ ၁ ကိလိုခွဲအလိုလောက်မှာ မိ သွားပါတယ်။
ဒါဟာ ကီလို ၂၀၀ ကျော်၊ ပေ ၆၀၀၀ ကျော်မြင့်တဲ့ တောင် ၄ လုံးကို တချိန် လုံးဦးဆောင်စီးလာသူတဦးအနေနဲ့ စိတ်ပျက်စရာမဟုတ်ပါလား။ ပန်းအ၀င်မှာ နံပတ် ၄ နဲကျေနပ်လိုက်ရလို့ Darwin Atapuma (Col) BMC Racing Team တယောက် ငိုယိုခဲ့တယ်လို့သိရပါတယ်။
...
မနက်ဖြန်မှာတော့ Castelrotto ကနေ Alpe di Siusi အထိ (ITT) တဦးချင်း စံချိန်ပြု 10.8 km ကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တဦးချင်းစံချိန်ပြု သိပ်မဆိုးတဲ့ နီဘာလီ အခြေအနေကိုထိမ်းထားနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဒီနေ့ပွဲမှာ သူ့ခြေစွမ်းကိုတွေ့ရပြီးပြီမို့ ရှေ့သတင်းပတ်အတွင်း ပန်းရောင်အကျီ သူ့ဆီရောက်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ 
ဒါပေမဲ့ အဓိကပြိုင်ဖက်လို့ထင်ထားသူ Alejandro Valverde (Spa) Movistar ကို ၃ မီနစ်လောက်အထိဖြတ်ထားနိုင်ပြီးကာမှ မျှော်လင့်မထားတဲ့ ပြိုင်ဖက်အသစ် Steven Kruijswijk (Ned) Team LottoNl-Jumbo က သူ့ ကို ၄၁ စက္ကန့်ပြတ်ဖြတ်သွားတာကိုတော့ ခံရခက်နေမှာသေချာပါတယ်။ ဒီလို ခံရခက်မှုအတွက် လက်ကျန် သတင်းတပတ်အတွင်း နီဘာလီ ပိုခြေစွမ်းပြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ။
...

Giro d'Italia ပွဲ ၁၅ ရက်မြောက်နေ့ Foliforov အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၅ ရက်မြောက် နေ့ (Castelrotto ကနေ Alpe di Siusi အထိ (ITT) တဦးချင်း စံချိန်ပြု 10.8 km ပြိုင်ပွဲမှာ Alexander Foliforov (Rus) Gazprom-Rusvelo က 0:28: 39 မီနစ်နဲ့ အံသြဘွယ် ပထမ ရသွားပါတယ်။

လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Steven Kruijswijk (Ned) Team LottoNl-Jumbo က 0:00:00 အချိန်တူပန်းဝင်ပြီး ဒုတိယနဲ့ မနေ့ကပွဲမှာ ပြတ်ကျန်ခဲ့သူ Alejandro Valverde (Spa) Movistar Team က 0:00:23 စက္ကန့်နောက်ကျ ပြီး တတိယ ရသွားပါတယ်။
နံပတ် ၄ ကနေ ၁၀ အထိ ပန်းဝင်လာသူတွေကတော့
4 Sergey Firsanov (Rus) Gazprom-Rusvelo 0:00:30
5 Michele Scarponi (Ita) Astana Pro Team 0:00:36
6 Esteban Chaves (Col) Orica-GreenEdge 0:00:40
7 Ilnur Zakarin (Rus) Team Katusha 0:00:47
8 Joe Dombrowski (USA) Cannondale Pro Cycling 0:00:52
9 Bob Jungels (Lux) Etixx - Quick-Step 0:01:04
10 Rafal Majka (Pol) Tinkoff Team 0:01:09 တို့ဖြစ်ပါတယ်။

ဒီနေ့အတွက် ကံဆိုးသူ မောင်ရှင်ကတော့ မနေ့က ခြေစွမ်းပြခဲ့သူ၊ (စာရေးသူ က ပန်းရောင်ရမယ်လို့မှန်းခဲ့သူ) Vincenzo Nibali (Ita) Astana Pro Team ပါပဲ။ သူဟာ ခြေကျနေတဲ့အပြင် လမ်းမှာ စက်ဘီးပြသာနာဖြစ်ပြီး အလဲအ လှယ်လုပ်နေ၇တဲ့အတွက် 2'14 မီနစ်နောက်ကျသွားပါတယ်။ ဒါဟာ GC သမားတဦးအဖို့ Disaster ပါပဲ။ 
ဒါကြောင့် GC အပြောင်းအလဲဖြစ်ပြီး ချားဗစ်က ဒုတိယ နေရာရောက်၊ နီဘာလီက တတိယဖြစ်၊ မနေ့က သူ့အကြီးအကျယ်ဖြတ်ထားခဲ့သူ Valverde ထက် စက္ကန့် ၃၀ လောက်ပဲ အသာကျန်ပါတော့တယ်။
၁၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 15
# Rider Name (Country) Team Result
1 Steven Kruijswijk (Ned) Team LottoNl-Jumbo 60:41:22 
2 Esteban Chaves (Col) Orica-GreenEdge 0:02:12 
3 Vincenzo Nibali (Ita) Astana Pro Team 0:02:51 
4 Alejandro Valverde (Spa) Movistar Team 0:03:29 
5 Rafal Majka (Pol) Tinkoff Team 0:04:38 
6 Ilnur Zakarin (Rus) Team Katusha 0:04:40 
7 Andrey Amador (CRc) Movistar Team 0:05:27 
8 Bob Jungels (Lux) Etixx - Quick-Step 0:07:14 
9 Kanstantsin Siutsou (Blr) Dimension Data 0:07:37 
10 Jakob Fuglsang (Den) Astana Pro Team 0:07:55 
11 Domenico Pozzovivo (Ita) AG2R La Mondiale 0:08:12 
12 Rigoberto Uran (Col) Cannondale Pro Cycling 0:08:19 
13 Stefano Pirazzi (Ita) Bardiani CSF 0:17:03 
14 Darwin Atapuma (Col) BMC Racing Team 0:17:21 
15 Maxime Monfort (Bel) Lotto Soudal 0:17:37 တို့ဖြစ်ပါတယ်။

မနက်ဖြန်ဟာ ဒုတိယ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ 
အင်္ဂါနေ့မှာ တော့ နောက်ဆုံးသတင်းပတ်ကို ပြန်စမှာဖြစ်ပြီး Bressanone ကနေ Andalo အထိ 132 km ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပေ ၄၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးပါတာကြောင့် နီဘာလီရဲ့ ပုံမှန်ခြေစွမ်းကို ပြန်မြင် လာရမယ်။ ဒါမှမဟုတ် တောင်တက်ကို အသေချာလေ့ကျင့်ထားတယ် ဆိုတဲ့ လက်ရှိပန်းရောင်အကျီပိုင်ရှင် နယ်သားလန်သား Kruijswijk ကပဲ ပန်းရောင် ကို ဆက်ထိမ်းထားမယ်။ ရှေ့သတင်းပတ်ဟာ ပန်းရောင်အကျီလုပွဲ အဖြစ် တကယ့်အကြိတ်အနယ်ဖြစ်လာပါလိမ့်မယ်။ ။
....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More