Saturday, February 3, 2024

“မံစီမြို့နယ်မှာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး၊ ရွှေပြည်အေးတိုက်ပွ...


“မံစီမြို့နယ်မှာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး၊ ရွှေပြည်အေးတိုက်ပွဲမှာ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၄- ၂- ၂၀၂၄)

ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြားက ဘလောင်ဒိန်ဆာ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝိုင်းထားပြီး တက်ရှင်းဖို့ပြင်နေစဉ် စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

ခလရ ၂၅၀ ရှေ့တန်းစခန်းတခုဖြစ်တဲ့ ဘလောင်ဒိန်ဆာကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ထိုးစစ်ဆင်ဆင် ဝိုင်းထားပြီး ၂ ရက်နေ့ မနက်စောစော တက်ရှင်းတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ပဲ စခန်းစွန့်ခွာ ထွက်ပြေးသွားတာတွေ့ရတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သားတွေဟာ မကျည်းကုန်းဆိုတဲ့ နောက်ထပ်စခန်းတခုဆီရောက်သွားတယ်လို့သိရတဲ့အတွက် အဲဒီစခန်းကို KIA က ဆက်လက်ရှင်းလင်းရေးလုပ်နေတယ်လို့ ဗိုလ်မှူးကြီးကပြောပါတယ်။

ဒါ့အပြင်...

- ပြည်သူ့ကာကွယ်ရေးတပ် PDF က သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားပြီး အလောင်း (၇) လောင်းနဲ့ လက်နက် (၃) လက် ကျန်ခဲ့...

- ရက္ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ညနေ ၅ နာရီခွဲက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က မီးရှို့တဲ့အတွက် အမှတ် ၄ ရပ်ကွက် မီးလောင်ခဲ့ရ...

- တအာင်းတပ်မတော် (TNLA ) တပ်ရင်း (၇၁၇)အခြေစိုက်စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် TNLA တပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရ...

- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးအကြိမ်ကြိမ်ကြဲတဲ့အတွက် မြို့ဂုဏ်ဆောင် ဇဝနာ-ရာမပရိယတ္တိစာသင်တိုက်ကြီး ပျက်စီးခဲ့ရ...

- တနသာ်ရီမြိုနယ်၊ ဘန်လော-အရှေ့ကမ်းရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ ၅ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့် ၁-ဦးနှင့် အရာရှိ ၅-ဦးအပါဝင် စုစုပေါင်း (၂၂) ဦးသေဆုံး...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ပန်းမဝင်ခင် တက်ထောင်ပြီး အောင်ပွဲခံသလိုမျိုး မလုပ်မိစေဖို့ အရေးကြီးပါတယ်”


“ပန်းမဝင်ခင် တက်ထောင်ပြီး အောင်ပွဲခံသလိုမျိုး မလုပ်မိစေဖို့ အရေးကြီးပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၂- ၂၀၂၄)

“တော်လှန်ရေးအင်အားစုတွေအားလုံးဟာ စစ်အာဏာရှင်ပြုတ်ကျရေးကိုပဲအဓိကထားပြီး အာဏာရှင်မပြုတ်ကျမချင်း၊ တနည်းအားဖြင့် ပန်းတိုင်မရောက်မချင်း တက်ထောင်တာမျိုး၊ အောင်ပွဲခံတာမျိုးမလုပ်မိစေဖို့ အရေးကြီးတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း ခရီးဘယ်လောက်ရောက်နေပြီလဲ၊ ၂၀၂၄ ပထမ ၆ လအတွင်း ဘယ်လောက်အထိမျှော်လင့်နိုင်မလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ၂၀၂၄ နွေဦးရာသီမှာ ဘယ်နေရာတွေ လွတ်မြောက်ဒေသ ထပ်ဖြစ်လာနိုင်သလဲ...

- စစ်အာဏာရှင်ပြုတ်ကျဖို့နီးလေ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ဖို့အရေးကြီးလေလို့ ဘာကြောင့် ပြောတာလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, February 2, 2024

“မြောက်ဦးက သိမ်းမိလက်နက်တွေ AA ထုတ်ပြ၊ မန်စီနဲ့ ဖားကန့်မှာ KIA က စခန်းထပ...


“မြောက်ဦးက သိမ်းမိလက်နက်တွေ AA ထုတ်ပြ၊ မန်စီနဲ့ ဖားကန့်မှာ KIA က စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃- ၂- ၂၀၂၄)

စစ်ကောင်စီ “စကခ (၉)” လက်အောက်ခံ တပ်ရင်း (၁၀) ရင်းအခြေစိုက်တဲ့ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်ထဲက လက်ကျန်စခန်းတွေကို အပြီးသိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် AA က စစ်ရှိန်မြှင့်နေတယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၉) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် ရမ်းဗြဲကျွန်းပေါ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

AA က သီးခြားထုတ်ပြန်တဲ့ အစောပိုင်း ကြေညာချက်တခုမှာတော့ ဇန်နာဝါရီ ၃၀ ရက်နေ့က သိမ်းမိတဲ့ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းက လက်နက်ခဲယမ်းများစွာရဲ့ ဓာတ်ပုံမှတ်တမ်းကို ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ ၁၂၀ မမ၊ ၈၁ မမလို အဝေးပစ်မော်တာတွေ၊ RPG လို လောင်ချာတွေ၊ လက်နက်ငယ်တွေ၊ အရာရှိတွေကိုင်တဲ့ ပစ်စတိုတွေ၊ ခဲယမ်းတွေများစွာ ပါဝင်တာတွေ့ရပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြားက ဘလောင်ဒိန်ဆာစခန်းနဲ့ ဖားကန့်မြို့နယ်က နန့်တိန်းတပ်စခန်းတို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ကရင်ပြည်နယ် မြဝတီမြို့ နယ်၊ သင်္ဃန်းညီနောင်နဲ့ ရွာသစ်ကုန်းကျေးရွာအနီးမှာ KNLA, PDF  ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်...

- မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းရွာနဲ့ ထင်းရှူးရွာရှိ စစ်ကောင်စီရဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“10. 27 ရဲ့နောက်တဆင့် 10. 27, 2.0 ထပ်လာဖို့၊ အဆုံးသတ်တိုက်ပွဲအတွက် အချိန...


“10. 27 ရဲ့နောက်တဆင့် 10. 27, 2.0 ထပ်လာဖို့၊ အဆုံးသတ်တိုက်ပွဲအတွက် အချိန်ယူပြင်ဆင်တယ်လို့ပဲ ယူဆပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂- ၂- ၂၀၂၄)

“တရုတ်ရဲ့ဖိအားပေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသမှာ ရပ်လိုက်ရပေမယ့် ဒါဟာ ယာယီသဘောသာဖြစ်တယ်။ စစ်အာဏာရှင်မပြုတ်မချင်း ရှမ်းမြောက်က လွတ်မြောက်ဒေသတွေဟာလည်း ဘာ-အာမခံချက်မှမရှိတဲ့အတွက် စစ်အာဏာရှင်ပြုတ်ကျရေး အဆုံးသတ်တိုက်ပွဲ သို့မဟုတ် “10. 27, 2.0” စစ်ဆင်ရေးအတွက် အချိန်ယူပြင်ဆင်တာလို့ပဲ ယူဆပါတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲဟာ သူတို့လိုချင်တဲ့ နယ်မြေတွေ တစုံတရာရသွားလို့ ငြိမ်သွားတာလား၊ စစ်အာဏာရှင်ပြုတ်ကျရေးအထိ ဆက်သွားမယ်ဆိုတာ ဟုတ်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- မင်းတပ်နဲ့ ဆက်စပ်ဒေသမှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- ၁၀၂၇ စစ်ဆင်ရေးက အခြားဒေသတွေကို ဘယ်လို ဂယက်ရိုက်မှုရှိသလဲ...

- ညီနောင် ၃ ဖွဲ့က နယ်မြေသိမ်းပိုက်ရေးအပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ပါ ဆက်လက်တိုက်ပွဲဝင်မှာလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၄ နှစ်ဆန်းမှာ ဘာတွေမျှော်လင့်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, February 1, 2024

“မင်းပြား၊ ကျောက်တော်မှာ တိုက်ပွဲပြင်းထန်၊ ပလက်ဝမှာ စစ်ကောင်စီတပ်သား ၁၅ ...


“မင်းပြား၊ ကျောက်တော်မှာ တိုက်ပွဲပြင်းထန်၊ ပလက်ဝမှာ စစ်ကောင်စီတပ်သား ၁၅ ဦးဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂ - ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့နယ်တို့မှာ အရင်နေ့တွေကအတိုင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၉၈) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို AA က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူခေါ်ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့  AA က ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ ပြင်ရှည်ရွာသစ်အနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရင်နေ့တွေက မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းတွေကို AA က ဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင်...

-  တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့ ဗိုလ်ကြီးအဆင့် အပါဝင် စစ်သား ၁၅ ဦးကို ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသအတွင်း ဖမ်းမိထားတယ်လို့ CDF-Daai က သတင်းထုတ်ပြန်...

- စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းစစ်ကြောင်းက ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်နေပေမယ့် အခုချိန်အထိ မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက ထိန်းထားဆဲဖြစ်တယ်လို့ PDF ခန္တီးခရိုင် အမှတ်-၂ တပ်ရင်းက သတင်းထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“မတရားမှုကို လက်မခံနိုင်လို့၊ လွတ်လပ်မှုကို လိုချင်လို့ တော်လှန်ရေးထဲ ပါ...


“မတရားမှုကို လက်မခံနိုင်လို့၊ လွတ်လပ်မှုကို လိုချင်လို့ တော်လှန်ရေးထဲ ပါလာတာဖြစ်တယ်”

- မာဝီ - (ဒု စစ်ဦးစီးချုပ် - KNDF)

(၁- ၂ - ၂၀၂၄)

ဒီနေ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ဟာ စစ်ကောင်စီက အာဏာသိမ်းတဲ့ (၃) နှစ်ပြည့်နေ့ဖြစ်သလို အဲဒီစစ်အာဏာရှင်ကို အပြုတ်တိုက်ဖို့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။

ဒီတော်လှန်ရေးမှာ အဓိကအခန်းကနေ ပါဝင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အသံကို သိနိုင်ဖို့အတွက် မနှစ်က ဒီအချိန်မှာ မေးမြန်းထားတဲ့... လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူအဖြစ်ကနေ ဒု စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူလာရသူ ကရင်နီလူငယ် မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF) ရဲ့ပြောကြားချက်ကို ပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More