Wednesday, July 29, 2026

“ဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ ဗိုလ်မုတ်သုန်ကို တကယ်ဖမ်းမှာဖြစ်တယ်”

 https://youtu.be/3UBtJZvmBdc?si=lnYrhOE1oYDK9kMs

“ဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ ဗိုလ်မုတ်သုန်ကို တကယ်ဖမ်းမှာဖြစ်တယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၃၀ ဇူလိုင် ၂၀၂၆) “BGF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ တကယ်ဖမ်းမယ်လို့ သိထားရပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ တကယ်လား၊ ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... စသဖြင့် BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်တာ အတည်ပြုနိုင်ပြီလား... - ထိုင်းထဲလာရင် ဖမ်းမှာလား... ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... - ဒီလိုဖမ်းဝရမ်းထုတ်ရေးမှာ FBI ရဲ့ အခန်း ဘယ်လောက်အရေးကြီးသလဲ... - နယ်စပ်တလျောက်က ကျားဖြန့်စခန်းတွေကို စစ်တပ်က ဝင်စီးပြီး မီးရှိုပြနေတဲ့ လုပ်ရပ်တွေကို ထိုင်းနဲ့ FBI က အယုံအကြည်မရှိဘူးလား.... - ဒီလို ပြသာနာမျိုးစုံကြားမှာ မင်းအောင်လှိုင် ဘန်ကောက်လာခြင်းက ကောင်းသောလာခြင်းဖြစ်နိုင်ပါ့မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More