https://youtu.be/ZJ9hiZDDwF8?si=26_sZ6p1kkiHwDwg
“တော်လှန်ရေးတပ်တွေ စုပေါင်းတိုက်ရင် ဒီစစ်တပ် မခံနိုင်ဘူးဆိုတာ သိခဲ့၊ မြင်ခဲ့ပြီးပြီပဲ” - CDM ဗိုလ်ကြီးလင်းထက်အောင် (စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ)
(၃ ဇူလိုင် ၂၀၂၆) “တော်လှန်ရေးတပ်တွေ စုပေါင်းတိုက်ရင် ဒီစစ်တပ် မခံနိုင်ဘူးဆိုတာ ၁၀၂၇ မှာ သိခဲ့၊ မြင်ခဲ့ပြီးပြီပဲ။ ဒါကိုအလေးထားပြီး တဖွဲ့ချင်း၊ တနေရာချင်း တိုက်နေမယ့်အစား အားလုံးလက်တွဲပြီး ဟန်ချက်ညီ တိုက်ဖို့လိုတယ်” လို့ စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ပြန်လန်ကျသွားအောင် တော်လှန်ရေးတပ်ပေါင်းစု ခုခံတိုက်ခိုက်နေတဲ့အခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ရှေ့တိုးမလာနိုင်အောင် ဘယ်လိုတားဆီး တိုက်ခိုက်နေသလဲ... - စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်စစ်မျက်နှာမှာကော တော်လှန်ရေးတပ်တွေဖက်က တန်ပြန်ထိုးစစ် ပြန်လုပ်လာနိုင်ပြီလား... - ဗုံးကြဲမှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ အာဏာသိမ်း သမ္မတက ကြိုတင်ကန့်သတ်ချက်မထားပဲ ERO တွေနဲ့ ဆွေးနွေးမယ်လို့ ခနခနပြောနေတာ ဘာကြောင့်လဲ... - တဖွဲ့ချင်းတိုက်မယ့်အစား စုပေါင်းတိုက်ရင် ဒီစစ်တပ်မခံနိုင်ဘူးဆိုတာကို မြင်နေပါရဲ့နဲ့ ဘာကြောင့် စုပေါင်းတိုက်ဖို့ ခက်ခဲနေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment