Saturday, July 25, 2026

“နေပြည်တော်သွားပြီး စစ်တပ်နဲ့ဆွေးနွေးပါလို့ ဘယ်ပြည်သူက ခင်ဗျားတို့ကို တောင်းဆိုနေလို့လဲ”

 https://youtu.be/2hCtZa4Mjbk?si=8EHolCTkMMYcCR4l

“နေပြည်တော်သွားပြီး စစ်တပ်နဲ့ဆွေးနွေးပါလို့ ဘယ်ပြည်သူက ခင်ဗျားတို့ကို တောင်းဆိုနေလို့လဲ” - ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၂၆ ဇူလိုင် ၂၀၂၆) “အခု စစ်တပ်နဲ့ဆွေးနွေးနေတဲ့အဖွဲ့တွေကို မေးစရာရှိတာက... နေပြည်တော်သွားပြီး စစ်တပ်နဲ့ဆွေးနွေးပါလို့ ဘယ်ပြည်သူက ခင်ဗျားတို့ကို တောင်းဆိုနေလို့လဲ။ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်၊ ပြည်သူ့ဆန္ဒကို အလေးထားဖု့ိလိုတယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။ NCA လောက်တောင် အဆင့်တန်းမရှိတဲ့၊ စစ်တပ်ကပေးသမျှ ယူရမယ့် နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - ငြိမ်းချမ်းရေးသဘောတူချက်တွေကို စစ်တပ်ဖက်က ဖျက်လိုက်ရင် တော်လှန်ရေးအဖွဲ့တွေက ဘာဆက်လုပ်မှာလဲ... - ဦးသိန်းစိန်ခေတ် NCA နဲ့ လက်ရှိ မင်းအောင်လှိုင်ခေတ် အမည်မသိ တဖွဲ့ချင်းဆွေးနွေးပွဲတွေကြား ဘယ်လို အဆင့်အတန်းကွာနေသလဲ... - ဆွေးနွေးပွဲအတွက် နိုင်ငံတကာရဲ့ ကြားဝင်မှုက ဘာကြောင့် အရေးကြီးသလဲ... - စစ်တပ်နဲ့ဆွေးနွေးဖို့ထက် တော်လှန်ရေးအဖွဲ့တွေကြား အချင်းချင်း ဆွေးနွေးဖို့က ပိုအရေးကြီးတယ်လို့ ဘာကြောင့်ပြောတာလဲ... - “ခင်ဗျားတို့ကို နေပြည်တော်သွားပြီး စစ်တပ်နဲ့ဆွေးနွေးပါလို့ ဘယ်ပြည်သူက တောင်းဆိုနေလို့လဲ” လို့ ဘာကြောင့် မေးခွန်းထုတ်တာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More