Tuesday, July 7, 2026

ရေကြည်မှာ AA က စခန်းဆက်သိမ်း... ရွှေကူဖက်မှာ KIA စခန်းပြန်သိမ်း...

 https://youtu.be/uGSNLoFUNcg?si=O4CAa01ovH_a_O-z

ရေကြည်မှာ AA က စခန်းဆက်သိမ်း... ရွှေကူဖက်မှာ KIA စခန်းပြန်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၈ ဇူလိုင် ၂၀၂၆)


- ရေကြည်မြို့နယ်ရှိ (၂၂၇) ပွိုင့်ကုန်းကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ ဇူလိုင် ၄ ရက်မှာ တိုက်ပွဲထပ်ဖြစ်ပြီး လက်နက်ခဲယမ်းတွေ ထပ်သိမ်းမိတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်... - ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က တပ်ခွဲမှုးအဆင့်ရှိသူ ၂ ဦး သေဆုံး... - ရွှေကူမြို့နယ်၊ ငအိုး–ရွှေကူကြားက လက်လွတ်ခဲ့ရတဲ့ ရှေ့တန်းစခန်းအချို့ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက အခု ရက်ပိုင်းအတွင်း ပြန်လည်သိမ်းပိုက်... - ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) ဟာ စုဖွဲ့ပြင်ဆင်၊ လေ့ကျင့်မှု ၄ လတာ ဆောင်ရွက်ပြီးနောက် မဟာမိတ်တွေနဲ့လက်တွဲပြီး စစ်ဆင်ရေး အရှိန်မြှင့်ဆောင်ရွက်တော့မယ်လို့ သတင်းထုတ်ပြန်...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More