https://youtu.be/LJpoU5cgod8?si=OQEM2O8qnefTIgPK
“စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်ချင်ဘူးဆိုရင် အနိုင်တိုက်မှ ရမယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၁၉ ဇူလိုင် ၂၀၂၆) “စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်ချင်ဘူးဆိုရင် အနိုင်တိုက်မှရမယ်၊ အဲလို မဟုတ်ဘူးဆိုရင်တော့ လက်ရှိ အာဏာကိုင်ထားသူနဲ့ စကားပြောမှရမယ်” လို့ စစ်ရေး-နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အလွတ်သဘောဆွေးနွေးပွဲ၊ NUG, SCEF ကိုယ်စားလှယ်တွေနဲ့ အာဆီယံ အထူးသံ ဆွေးနွေးပွဲတွေအလွန်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်လာနိုင်ခြေရှိသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဘန်ကောက်က အာဆီယံ အလွတ်သဘော ဆွေးနွေးပွဲအလွန်မှာ မြန်မာနိုင်ငံရေး ဘာထူးလာနိုင်သလဲ... - NUG, SCEF တို့ရဲ့ ဆွေးနွေးရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက်တွေက ဘာတွေလဲ... - NCA လမ်းကြောင်းကိုပဲ ပြန်သွားမယ်ဆိုရင် SCEF လက်ခံမှာလား၊ NCA ကို အာ့ဒိတ်လုပ်လို့ ရနိုင်သလား... - ဆွေးနွေးပွဲတွေ မလုပ်ခင်... တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးအရ ညီညွတ်မှု၊ စစ်ရေးအရ အောင်မြင်မှုတွေရအောင်လုပ်ဖို့ ဘယ်လောက် အရေးကြီးသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment