Thursday, July 23, 2026

“စစ်ကောင်စီဝန်ကြီး အာဆီယံတက်ခွင့်ရရေးက ပြန်ဝေးသွားပြီလို့ ပြောရမယ်”

 https://youtu.be/aXlqfQwrgjE?si=czBdbOulZD_cY7dO

“စစ်ကောင်စီဝန်ကြီး အာဆီယံတက်ခွင့်ရရေးက ပြန်ဝေးသွားပြီလို့ ပြောရမယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)

(၂၄ ဇူလိုင် ၂၀၂၆) “ဘန်ကောက်အစည်းဝေးကျင်းပစဉ်က စစ်ကောင်စီဖက်မှာ အခြေနေတိုးတက်မှုရှိပေမယ့် အာဆီယံမူ ၅ ချက်ကို လက်မခံနိုင်ဘူးဆိုပြီး စစ်ကောင်စီလွှတ်တော်က ပယ်ချလိုက်ပြီးနောက် အာဆီယံအစည်းဝေးတက်ခွင့်ရရေးဆိုတာ ပြန်ဝေးသွားပြီလို့ ပြောရမယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပနေတဲ့ အာဆီယံ အစည်းဝေးဆီ စစ်ကောင်စီဝန်ကြီး ဘာကြောင့် တက်ခွင့်မရသလဲ၊ အာဆီယံက ဘာတွေ ဆက်လုပ်ဖို့ရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - စစ်ကောင်စီ လွှတ်တော်ရဲ့ ခြိမ်းခြောက်မှုအပေါ် အာဆီယံက အတော်တင်းသွာသလား... - ဘရူနိုင်းကတင်သွင်းတဲ့ မူ ၅ ချက်ကို ဘယ်လို အကောင်ထည်ဖေါ်မှာလဲ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး ဒီနှစ်ထဲ တကယ်ဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အာဆီယံက မူ ၅ ချက်အတိုင်း ဆက်သွားနေချိန်မှာ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ဘာကြောင့်ဖိတ်တာလဲ၊ လူသားစာနာအကူအညီ ပေးနိုင်မယ့်အလားအလာ ဘယ်လိုရှိသလဲ... အကြောင်းအရာတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီးစဉ်ထားပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More