Saturday, July 11, 2026

'' စစ်ကောင်စီနဲ့ရော၊ တော်လှန်ရေးအင်အားစုတွေနဲ့ပါ အလွတ်သဘော တွေ့ဆုံတာဖြစ်တယ်”

 https://youtu.be/wvYwwBQBNwo?si=pl9EEFIIzDa_fNyW

“အာဆီယံအစည်းဝေးမတိုင်ခင် စစ်ကောင်စီနဲ့ရော၊ တော်လှန်ရေးအင်အားစုတွေနဲ့ပါ အလွတ်သဘော တွေ့ဆုံတာဖြစ်တယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)

(၁၂ ဇူလိုင် ၂၀၂၆) “ဇူလိုင်တတိယသီတင်းပတ်မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းမတိုင်ခင်မှာ စစ်ကောင်စီဖက်က အမြင်၊ တော်လှန်ရေးအင်အားစုတွေဖက်က အမြင်တွေကို သိချင်လို့ အလွတ်သဘောတွေ့ဆုံတာဖြစ်တယ်၊ တော်လှန်ရေးအင်အားစုတွေဖက်က စနစ်တကျ တင်ပြနိုင်ဖို့လိုတယ်” လို့ အာဆီယံ အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းကပြောပါတယ်။ ဇူလိုင် ၁၂ ရက် (မကြာခင်နာရီပိုင်းအတွင်း) ဘန်ကောက်မှာကျင်းပဖို့ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲဆီ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ရောက်ဆွေးနွေးမယ်ဆိုတာ စစ်ကောင်စီကို အာဆီယံက အသိအမှတ်ပြုတဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်ရခြင်းက ဘယ်လို အဓိပါယ်လဲ... - စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဖို့ အာဆီယံဖက်က ဘယ်လိုပြင်ဆင်ထားသလဲ... - အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဦးဆောင်ကျိုးပန်းမှုကြောင့် မြန်မာနိုင်ငံမှာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်သလား... - နေပြည်တော်က လွှတ်တော်ထဲဆွေးနွေးချက်တွေက လမင်းကို ခွေးဟောင်တဲ့အဆင့်ထက် မပိုဘူးလို့ ဘာကြောင့်ပြောတာလဲ... - SCEF တပ်ပေါင်းစုရှိရဲ့နဲ့ NUG, ERO စသဖြင့် တခုချင်းခွဲပြီး ဘာကြောင့် ဆွေးနွေးနေရတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More