https://youtu.be/HkNTF1AP5Ys?si=hEvxpIwenqz2KNYN
“ဒီမိုကရေစီအရေးကို ချိုးနှိမ်နိုင်ဖို့ တိုင်းရင်းသားအရေးကို ထိုးတင်သလိုလို လုပ်လေ့ရှိတဲ့ အရင်နည်းဟောင်းပါ”
- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)
(၂၅ ဇူလိုင် ၂၀၂၆)
“အခု နေပြည်တော်ကို တဖွဲ့ချင်းခေါ်တွေ့နေတဲ့လုပ်ရပ်ဟာ အရင် ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်တပ်က လုပ်ခဲ့တဲ့နည်းဟောင်းပါပဲ။ နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီအရေး တိုးတက်မှုကို ချိုးနှိမ်နိုင်ဖို့အတွက် တိုင်းရင်းသားအရေးကို ထိုးတင်သလိုလိုနဲ့ ဟန်ပြလုပ်ပြတဲ့အကွက်သာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အချို့ နေပြည်တော်ဆီသွားပြီး စစ်တပ်နဲ့ဆွေးနွေးနေတာ အလုပ်ဖြစ်နိုင်သလား- ဘာတွေဆက်ဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ၁၉၆၃ ကနေ ဒီနေ့အထိ စစ်တပ်က လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ စစ်တပ်ပြောတာကို နားထောင်ပြီး ပြန်လာဖို့ သက်သက်လား...
- ၁၉၆၃၊ ၁၉၉၃၊ ၂၀၁၃၊ ၂၀၂၆ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အဆင့်အတန်းတွေက ဘယ်လိုကွာခြားသလဲ...
- NCA အဆင့်တောင်မရတဲ့၊ တဖွဲ့ချင်းခွဲပြီး ဆွေးနွေးခိုင်းနေတဲ့ လက်ရှိ ဆွေးနွေးပွဲတွကို လက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့် လက်ခံနေရတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(လူထုဆန္ဒမပါတဲ့ အတုအယောင်ဆွေးနွေးပွဲတွေကို လူထုက ဘယ်လိုသဘောထားသင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ အာဆီယံ အကြောင်း ဆွေးနွေးချက် ဒုတိယ ပိုင်းကတော့ ဒီညနေပိုင်းမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
0 comments:
Post a Comment