Wednesday, July 8, 2026

“ရဲဝင်းဦး သိက္ခာဆယ်ဖို့အတွက် အောက်ခြေရဲဘော်တွေရဲ့ အသက်ကို ချနင်းနေတဲ့ စစ်ဆင်ရေးဖြစ်တယ်”

 https://youtu.be/kVRm1dv9avU?si=7cHHoWnaj2F44qFx

“ရဲဝင်းဦး သိက္ခာဆယ်ဖို့အတွက် အောက်ခြေရဲဘော်တွေရဲ့ အသက်ကို ချနင်းနေတဲ့ စစ်ဆင်ရေးဖြစ်တယ်” - ဆလိုင်းယောအောင် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)

(၉ ဇူလိုင် ၂၀၂၆) “မင်းလက်ပံ ထိုးစစ်ဟာ ရက် ၁၀၀ စီမံကိန်း ထိုးစစ် နောက်ပြန်လှန်ကျနေတာကို အဖတ်ဆယ်ဖို့၊ ရဲဝင်းဦး သိက္ခာဆယ်ဖို့အတွက် အောက်ခြေရဲဘော်တွေရဲ့ အသက်ကို ချနင်းနေတဲ့ စစ်ဆင်းရေးဖြစ်တယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ အခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက မင်းလက်ပံဒေသမှာ ပြင်းထန်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မင်းလက်ပံဒေသကို စစ်တပ်က ဘာကြောင့် အခုမှ အသဲအသန်ထိုးစစ်ဆင်လာတာလဲ... - KNU ရဲ့ စစ်ရေးဗျုုဟာ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြား ဆက်ဆံရေးက ဘယ်လိုတိုးတက်ပြောင်းလဲလာနေသလဲ... - ကရင်ဖက်မှာ တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ရခိုင်၊ ချင်း၊ ကချင်နဲ့ အညာဒေသဖက်မှာပါ ခုခံစစ် ဟန်ချက်ညီလာပြီလို့ပြောနိုင်မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More