Tuesday, September 30, 2025

နတ်ရေကန်စခန်းအနီး တိုက်ပွဲပြင်းထန်... ကနီတိုက်ပွဲ လက်နက် ၆ လက် ထပ်မံသိမ်...


နတ်ရေကန်စခန်းအနီး တိုက်ပွဲပြင်းထန်... ကနီတိုက်ပွဲ လက်နက် ၆ လက် ထပ်မံသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁- အောက်တိုဘာ - ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြိုနယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးက ဂုတ်ကြီးခစန်းအပါဝင် ကာကင်းစခန်းအတော်များများကို AA အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဖက်က နတ်ရေကန်ဆီ စစ်ကူထပ်ပို့နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အမ်း- ပဒါန်းလမ်းပေါ်ရှိ ဆုံကုန်းအ‌မြောက်ကြီးတပ်ဖက်က စစ်ကြောင်းတခု၊ ကပစ ၁၄ ဖက်က တစ်ကြောင်းတခု ကားအစီး ၂၀ လောက်နဲ့ စစ်ကူထပ်ပို့လာတာလို့ ရှေ့တန်းသတင်းရပ်ကွက်တွေကပြောပါတယ်။

ဒါ့အပြင်...

- ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲကနေ တပ်ပျက်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်ရှာဖွေတိုက်ခိုက်နေရာမှာ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၆ လက် ရရှိ...

- ဆဒုံးမြို့မှာ ဘာတိုက်ပွဲမှမရှိပဲ အများပြည်သူ ဈေးရောင်းနေချိန် လေယာဉ်နဲ့ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောဆို...

- ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ထာဝရ ရပ်နားဖို့ တောင်းဆိုတဲ့ ဆုတောင်းပွဲတခု မြစ်ဆုံဒေသ မလိယန်ကျေးရွာမှာ စက်တင်ဘာ ၃၀၊ မနက် ၉ နာရီက ကျင်းပ...

- သရက်ချောင်းမြို့နယ်၊ တောင်ပျောက်‌ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် တိုက်ပွဲနဲ့မဆိုင်တဲ့ ကျောက်လှေကားရွာက နေအိမ် (၇၃) လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး...

- လောင်းလုံးမြို့ပေါ်ရှိ လဝက ရုံး၊ မြို့မရဲခစန်းဖက်မှာ စက်တင်ဘာ ၃၀၊ မနက် ၆ နာရီခန့်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ၃၃ ကေဗွီ ဓာတ်အားလိုင်း Transformer ကျည်ဆံထိ ပျက်စီးသွားတယ်လို့ လျှပ်စစ်ဌာနက ပြောဆို...

- စလင်းမြို့နယ်၊ ခ.လ.ရ(၂၅၄)က စစ်သားသစ်တဦးဟာ MA-၂ (၁)လက်နဲ့အတူ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 29, 2025

ကျောက်မဲမြို့အနီးထိ စစ်ကောင်စီတပ်တွေ ရောက်လာ... နတ်ရေကန်အနီးက ကာကင်းစခန်...



ကျောက်မဲမြို့အနီးထိ စစ်ကောင်စီတပ်တွေ ရောက်လာ... နတ်ရေကန်အနီးက ကာကင်းစခန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- စက်တင်ဘာ - ၂၀၂၅)

လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားအလွန်အကျွံသုံးပြီး ကျောက်မဲမြို့ဆီ ထိုးစစ်ဆင်လာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်မဲနဲ့ ၃ မိုင်အကွာရှိ ခိုမုန်းရွာအနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း နောင်ချိုမြို့ကို ပြန်ရလိုက်တဲ့ စစ်ကောင်စီတပ်ဟာ တဖြေးဖြေးချင်း ရှေ့တိုးလာနေတာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှာ နောင်ပိန်ကိုရတယ်၊ တနေ့က စခန်းသာကိုရတယ်၊ အခု ခိုမုန်းရွာနားအထိ ရောက်လာနေပြီဖြစ်ပါတယ်။

ဒါ့အပြင်...

- KIA ထိန်းချုပ်မှုအောက်ရှိ ဆဒုံးမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် ဒေသခံ ၈ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ...

- AA အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရှိ ပလက်ဝမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး ၁၉  ဦးဒဏ်ရာရ...

- နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက် အဓိက ကာကင်းစခန်း ဂုတ်ကြီစခန်းကို AA အာရက္ခတပ်တော်က သိမ်းပိုက်...

- မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမ-ပျူစောထီးစခန်းကနေ ထွက်လာတဲ့ ပျု စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ပျု ၃ ဦးသေပြီး သေနတ်တလက်သိမ်းမိ...

- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ တွေ့ဆုံဆွေးနွေး...

- ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံ ခံစစ်ပညာသင်တန်း အပတ်စဉ် - ၇ သင်တန်းဆင်းပွဲ စက်တင်ဘာ ၂၈ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, September 28, 2025

ကော့ကရိတ်တောင်ပိုင်း တိုက်ပွဲပြင်းထန်... ကျောက်မဲမြို့အနီး အဆိပ်ငွေ့ဗုံး...


ကော့ကရိတ်တောင်ပိုင်း တိုက်ပွဲပြင်းထန်... ကျောက်မဲမြို့အနီး အဆိပ်ငွေ့ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ - စက်တင်ဘာ - ၂၀၂၅)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်မှာ အာရှလမ်းသစ် အချိန်မီပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီတပ်နဲ့ BGF  ပူးပေါင်းပြီး KNLA နဲ့ မဟာမိတ်တပ်တွေရှိရာဆီ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၂၆ ကစပြီး စစ်ကောင်စီတပ်နဲ့ ဗိုလ်မြတ်ခိုင် ဦးဆောင်တဲ့ BGF -၁၀၁၆ တပ်ရင်းက အင်အားတွေစုပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ကော့ကရိတ်တောင်ပိုင်းကို ထိုးဝင်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ AA အာရက္ခတပ်တော်စခန်းချထားတဲ့နေရာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို AA က တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီရဲ့ ကာကင်စခန်းတခုကို သိမ်းပိုက်မိ...

- ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်လေယာဉ်က ဗုံးအလုံး ၃၀ နဲ့ အဆိပ်ငွေ့ဗုံး ၃ လုံးကြဲပြီးတဲ့နောက် မြေပြင်တပ်တွေဝင်လာပြီး ရွာကိုပါ မီးရှို့နေ...

- မြင်းခြံမြို့နယ် အရှေ့ခြမ်း၊ ညောင်ပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပျု ခေါင်းဆောင် သီတာယုမွန် အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ၃ ရက်တာတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ဖက်က ပြန်ဆုတ်သွား...

- ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီတူးနေတဲ့ တရုတ်နဲ့ စစ်ကောင်စီ ပူးတွဲလုပ်ငန်း- မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္မဏီဝင်ထဲကို အမည်မသိအဖွဲ့တခုက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တဲ့အတွက် လုပ်ငန်းခွင် ယာယီရပ်ထား...

- ခင်ဦးမြို့နယ်မှာ စစ်ကောင်စီဖက်က စစ်ကြောင်းအလိုက်ပြုတ်သွားတဲ့ တိုက်ပွဲ ရုပ်-သံ မှတ်တမ်းကို ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်...

- တမူးခရိုင် အမှတ် (၂)တပ်ရင်းရဲ့ အပတ်စဉ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, September 26, 2025

ဗန်းမော်မှာ တိုက်ပွဲပြန်ဖြစ်နေ... လေးကေ့ကော်တိုက်ပွဲ စစ်တပ်အထိနာ...


ဗန်းမော်မှာ တိုက်ပွဲပြန်ဖြစ်နေ... လေးကေ့ကော်တိုက်ပွဲ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ - စက်တင်ဘာ - ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ လေယာဉ်ကွင်းနဲ့ မနောကွင်းဖက်ကို စစ်တပ်က ထိုးဝင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ထိခိုက်မှုရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၂၀ ကတည်းက တိုက်ပွဲတွေပြန်ဖြစ်နေပြီး ၂၆ နေ့လယ်ပိုင်းမှာတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသုံးပြီး စစ်တပ်ဖက်က ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား ၈ ဦးအထိသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ...

- တောင်ကုတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဘုန်းတော်ကြီးကျောင်းဆောင်ပျက်စီးသွားပြီး လူထိခိုက်မှုရှိ မရှိ မသိရသေး...

- လေးကေ့ကော်မြို့သစ်ဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA က ဗိုလ်ကြီးဒါဘောဦးဆောင်တဲ့ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်းတို့နဲ့ အနီးကပ်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်တွေလည်း သိမ်းမိ...

- တနသာင်္ရီမြို့နယ်၊ ပဝပ်ကျေးရွာနဲ့ ရှမ်းအင်းတော်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၇ ဦးသေ၊ ၈ ဦးဒဏ်ရာရ...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ဗီဒီယိုမှတ်တမ်းကို မန္တလေး PDF က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 25, 2025

NUG သမ္မတနဲ့ KNU ဥက္ကဌတွေ့ဆုံ... ဆော့လော်ဖက် တက်လာတဲ့ စစ်ကောင်စီတပ်ကို ...


ဆော့လော်ဖက် တက်လာတဲ့ စစ်ကောင်စီတပ်ကို KIA တိုက်ထုတ်... NUG သမ္မတနဲ့  KNU ဥက္ကဌတွေ့ဆုံ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော်လောမြို့နယ်အစပ်မှာရှိတဲ့ လဟယ်ဆယ်တောင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တွေ အကျအဆုံးများစွာနဲ့ နောက်ပြန်ဆုတ်သွားပြီလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA နဲ့ မဟာမိတ်တွေ စခန်းထိုင်ထားတဲ့ ဒီတောင်ကုန်းကို စက်တင်ဘာ ၁၉ မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ၂၁ ရက်နေ့မှာ ပြန်ဆုတ်သွားတယ်။ နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်းတွေ တွေ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- လေကြောင်းပစ်ကူသုံးပြီး ရှေ့တိုးလာနေတဲ့ စစ်ကောင်စီတပ် ကျောက်မဲနဲ့ ၈ မိုင်ခန့်အကွာ စခန်းသာရွာနီးအထိ ရောက်လာ...

- ဝန်းသိုမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၃၀ ခန့်အထိသေဆုံး၊ ၆ ဦးကို လက်ရဖမ်းမိ၊ လက်နက်အချို့လည်း သိမ်းမိ...

- တလုပ်မြို့အနီး ဆိုင်ကယ်စီး သွားလာနေတဲ့ စစ်တပ်နဲ့ ပျုစောထီးတွေကို တော်လှန်ရေးတပ်တွက တိုက်ခိုက်ရာမှာ စစ်သားနဲ့ပျု ၄ ဦးသေဆုံးပြီး သေနတ်တလက် သိမ်းမိ...

- လေးကေ့ကော်မြို့သစ်ကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ပြီး ထိုးစစ်ဆင်နေတာ ၄ ရက်ကြာလာပြီဖြစ်ပမေယ့် ထိခိုက်သေဆုံးမှုများပြီး ရှေ့မတိုးနိုင်ဖြစ်နေဆဲ...

- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ စက်တင်ဘာ ၂၄ မှာ တွေ့ဆုံပြီး ေနွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 24, 2025

ဆော့လော်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... လေးကေ့ကော်မှာ တိုက်ပွဲဆက်ပြ...


ဆော့လော်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... လေးကေ့ကော်မှာ တိုက်ပွဲဆက်ပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅ - စက်တင်ဘာ - ၂၀၂၅)

ကချင်ပြည်နယ် ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်မှာ KIA က သိမ်းပိုက်ထားတဲ့ လာဟီဆင်စခန်းဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဖက်က အထိနာပြီး အလောင်းကျန်ခဲ့တာ၊ သုံးပန်းဖမ်းမိတာတွေရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

ဒီစခန်းကို ပြန်ရရေးအတွက် စက်တင်ဘာ ၁၉ မှာ ပထမ အကြိမ် ထိုးစစ်ဆင်တယ်၊ အထိအခိုက်များစွာနဲ့ ပြန်ဆုတ်သွားတယ်။ အခု ၂၃ မှာ ဒုတိယအကြိမ် ထိုးစစ် ထပ်ဆင်တယ်။ မိုင်းနင်းမိပြီးသေဆုံးသူများတယ်၊ ဒဏ်ရာရ စစ်သား ၃ ဦးနဲ့ အခြား သုံးပန်းတွေ ဒါဇင်နဲ့ချီ ဖမ်းမိထားတယ်လို့ ရှေ့တန်း သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- ကျောက်မဲမြို့နယ် ပင်တီးရွာ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းဆောင်ပျက်စီး...

- သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်သားနဲ့ ရဲ ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံးပြီး သေနတ်တလက် သိမ်းမိ...

- ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေက ရော့ကက်ဒုံးတွေနဲ့ပစ်ခတ်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများ...

- AA အာရက္ခတပ်တော်ကို ထိန်းချုပ်ထားတဲ့ ညောင်ကျိုးစခန်းဖက်ကို ထိုးစစ် ထပ်ဆင်လာတဲ့ စစ်ကောင်စီတပ် အကျအဆုံးများစွာနဲ့ နောက်တကြိမ် ပြန်ဆုတ်သွား...

- လေးကေ့ကော်မြို့သစ်ဖက်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီသေဆုံး၊ ဒါဇင်နဲ့ချီ မြဝတီ ဆေးရုံပေါ်တင်ထားရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့ အဖွင့်တီးလုံးဖြစ်တယ်”


“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့  အဖွင့်တီးလုံးဖြစ်တယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၄ - စက်တင်ဘာ - ၂၀၂၅)

“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့ အဖွင့်တီးလုံးဖြစ်တယ်၊ NUG က ဦးဆောင်ပြီး အထွေထွေထိုးစစ် လုပ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုခိုင်မာလာစေတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက PDF တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအပါဝင် အညာဒေသက စခန်းသိမ်းတိုက်ပွဲတွေနဲ့ လက်ရှိ စစ်ရေးအခြေအနေပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်ရေး-နိုင်ငံရေးအရ ဘယ်လောက်အရေးပါသလဲ...

- အညာဒေသက စခန်းသိမ်းတိုက်ပွဲတွေကကော ချေမှုန်းရေးတိုက်ပွဲအဆင့် ရောက်လာပြီလား...

- ကရင်ပြည်နယ်ဖက်မှာ နှစ်ဖက်ခွစားနေတဲ့ BGF တွေကို ဘယ်လိုသဘောထားသင့်သလဲ...

- စစ်ကောင်စီကပြောထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ၂ လအတွင်း အထွေထွေထိုးစစ် တကယ်စတင်နိုင်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 23, 2025

လေးကေကော်မှာ တိုက်ပွဲပြင်းထန်... ကလေးတိုက်ပွဲ ကသည်း တပ်စိပ်တခု ပြုတ်...


လေးကေကော်မှာ တိုက်ပွဲပြင်းထန်... ကလေးတိုက်ပွဲ ကသည်း တပ်စိပ်တခု ပြုတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ - စက်တင်ဘာ - ၂၀၂၅)

ကရင်ပြည်နယ်၊ လေးကေကော်မြို့သစ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က သေဆုံးမှုများပြီး ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ ရာချီသုံးပြီး တက်လာတဲ့ စစ်ကောင်စီတပ်ကို ပဟိကလော်ရွာနဲ့ ထီးမယ်ဝါခီးရွာတွေဖက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေကို ပိတ်ဆို့ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ (Lion Battalion Commando) စစ်ကြောင်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဖက်က သေဆုံးမှုများနေ...

- စစ်ရေးအခြေအနေ လိုအပ်ချက်အရ ကရင်နီပြည်နယ်၊ လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးကို စက်တင်ဘာလ (၂၃)ကစပြီး အများပြည်သူတွေ အသုံးမပြုပဲ ရှောင်ကြရန် KNDF  သတိပေးချက် ထုတ်ပြန်...

- ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာရှိ စစ်ကောင်စီတပ်နဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်ဗိုလ်တဦးနဲ့ ကသည်းတပ်စိတ်တခုလုံး သေဆုံးသွား...

- ပလောက်မြို့ရှိ တကက (၁၂) လေ့ကျင့်ရေးကျောင်းက စစ်မှုထမ်းတပ်သားသစ် ၇ ဦး K.N.D.O တပ်ရင်း(၇) ထံ ခိုလှုံလာ...

- နတ်တလင်းမြို့နယ်မှာ ပေါ်တာဖမ်းခံရပြီး ရဲစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ရွာသားတဦးက အစောင့်ရဲကို ဒါးနဲ့ထိုးပြီး G3 တလက်နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း(၁) ထံ ရောက်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 22, 2025

ခင်ဦးတိုက်ပွဲ စစ်ကြောင်းအလိုက်ပြုတ်... တရုတ်နယ်စပ် ခေါင်လန်းဖူးဖက်မှာ တိ...


ခင်ဦးတိုက်ပွဲ စစ်ကောင်စီဖက်က စစ်ကြောင်းအလိုက်ပြုတ်... တရုတ်နယ်စပ် ခေါင်လန်းဖူးဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃- စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က စစ်ကြောင်းလိုပ်ပြုတ်တဲ့အထိသေဆုံးသူများပြီး ၂ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ အပါဝင် သေနတ် ၁၃ လက် သိမ်းမိတယ်လို့ ခင်ဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂၊ မနက် ၇ နာရီခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး ဒု-ဗိုလ်မှူးကြီး အဆင့်အပါဝင် စစ်တပ်ဖက်က သေဆုံးသူများ၊ ၂ ဦးကို လက်ရဖမ်းမိ၊ 60 မမ ကွန်မန်ဒို စိန်ပြောင်း(၁) လက်၊ အရာရှိကိုင် ပစ္စတို တလက်၊ MA-1 (၅) လက်၊ MA-3 (၄) လက်၊ G3 (၁) လက်၊ ကာဘိုင် (၁) လက်နဲ့ ခဲယမ်းမျိုးစုံသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ပခုက္ကူမြို့၊ ရထားဘူတာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ရဲ ၄ ဦးသေပြီး သေနတ် ၃ လက် သိမ်းမိ...

- ကသာခရိုင်ရှိ ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်...

- တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ခေါင်လန်းဖူးမြို့နယ်ရှိ KIA - နဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဖက်ကို စစ်ကောင်စီတပ်နဲ့ ခေါင်လန်းဖူးပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲပြင်းထန်နေ...

- ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်ရှိ လေးကေကော်ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာပြီးတဲ့နောက် KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ လက်နက်ကြီး တိုက်ပွဲဖြစ်နေ...

- တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာ အခြေစိုက် ခမရ (၃၄၇) က ဒုတပ်ကြပ်တဦးဟာ MA-11 သေနတ် တလက်နဲ့အတူ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, September 21, 2025

ဗန်းမောက်မြို့ကို PDF သိမ်းပိုက်... ဖာပွန်ဖက်တက်လာတဲ့ စစ်ကောင်စီတပ်ကို K...


ဗန်းမောက်မြို့ကို PDF သိမ်းပိုက်... ဖာပွန်ဖက်တက်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက စက်တင်ဘာ ၂၀ မှာ သိမ်းပိုက်လိုက်ပြီလို့ NUG ရဲ့ သတင်းဌာန PVTV က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၅ မှာ စတင်ထိုးစစ်ဆင်ပြီး ၆ ရက်အတွင် သိမ်းနိုင်တာလို့ ဆိုပါတယ်။ ဗန်းမောက်မြို့ကို PDF တွေသိမ်းပိုက်ပြီးနောက် မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ PDF လူငယ်တွေ နေရာယူနေတဲ့  ဗီဒီယို တခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။

ဒါ့အပြင်...

- ကလေးဝမြို့နယ်မှာ ပျုစောထီးစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး ပျုစောထီးတဦးကို လက်နက်နဲ့အတူ ဖမ်းမိ...

- သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ...

- ဖာပွန်ဗျူဟာကုန်းသို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ကြားဖြတ်တိုက်ရာမှာ စစ်ကောင်စီဖက်က အထိနာပြီး တပ်ပြန်ဆုတ်သွား...

- မြဝတီမြို့နဲ့ ၉ မိုင်ခန့်အကွာရှိ လေးကေ့ကော်မြို့သစ်ဖက်ကို အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းတခု စက်တင်ဘာ ၂၁ ညနေပိုင်းမှာ ဝင်ရောက်လာဟု သတင်းထွက်နေ...

- ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲအတွင်း စစ်တပ်ဖက်က တပ်ကြပ်ကြီး (၂) ဦးအပါအဝင် (၇) ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရကာ သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, September 20, 2025

“အသက် ၂၀ ဝန်းကျင် လူငယ်တွေ စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်နေတယ်ဆိုတာကို သ...


“အသက် ၂၀ ဝန်းကျင် လူငယ်တွေ စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်နေတယ်ဆိုတာကို သတိရလိုက်ပါ”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - CB)

(၂၀ - စက်တင်ဘာ - ၂၀၂၅)

“လက်ရှိ နိုင်ငံရေး-စစ်ရေး အခြေအနေပေါ် စိတ်ပျက်နေသလား၊ စစ်အာဏာရှင်ပြုတ်ကျရေး တခုတည်းကိုသာ ဦးတည်ပြီး စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်နေတဲ့ အသက် ၂၀ ကျော် လူငယ်လေးတွေကိုသာ သတိရလိုက်ပါ” လို့ ချင်းညီနောင်အဖွဲ့ (CB) ပြောခွင့်ရတဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ထိုးနှက်ချက်၊ စစ်ရေးအရထိုးနှက်ချက်တွေ ရက်စက်လွန်းတာကြောင့် ပြည်သူအချို့ တွေဝေနေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အချိန် ၅ နှစ် ကြိုတင်ပြင်ဆင်ချိန်ရပါရဲ့နဲ့ ရွေးကောက်ပွဲကို မတားဆီးနိုင်တာ ဘာကြောင့်လဲ...

- စစ်ရေးအရ ဖိအားမပေးနိုင်သရွေ့ စစ်တပ်က လုပ်ချင်ရာဆက်လုပ်နေမယ်ဆိုတာကို သိရဲ့လားသားနဲ့ စစ်ရေးကို ဘာကြောင့် အရှိန်မမြှင့်နိုင်တာလဲ...

- အဆင်မပြေမှုတွေ၊ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ -ဟိုး... ရှေ့တန်းမှာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်လေးတွေကို သတိရလိုက်ပါ- လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, September 19, 2025

ခင်ဦးတိုက်ပွဲ စစ်တပ်အထိနာ... ရေးမြို့မှာ စစ်ဗိုလ်တဦး ပစ်ခတ်ခံရ...


ခင်ဦးတိုက်ပွဲ စစ်တပ်အထိနာ... ရေးမြို့မှာ စစ်ဗိုလ်တဦး ပစ်ခတ်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘိုလေ့ကျင့်ရေး (၈) ဖက်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့  ခင်ဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ အင်အား ၈၀ ခန့်ရှိတဲ့ စစ်တပ်နဲ့ ပျု ပူးပေါင်းစစ်ကြောင်း မကျီးတုံရွာဖက် ရောက်လာစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။ စစ်တပ်ဖက်က ဆုတ်ပြေးသွားပြီးနောက် နယ်မြေရှင်းတဲ့အခါ MA4 (၁)လက်၊ ပစ္စတို (၁)လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရွှေကူမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲရှိ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် လူငယ် ၁၇ ဦးအထိ သေဆုံးပြီး ၂၀ ခန့်အထိ ဒဏ်ရာရ...

- သံဖြူဇရပ်မြိုနယ် ထင်းရှူး ဘူတာနား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိ...

- ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ- ၅၉၁ က ဗိုလ်ကြီးတဦးနဲ့ မိသားစုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ဗိုလ်ကြိးဆိုသူ သေဆုံးသွား...

- ပုလဲမြို့နယ်က စစ်မှုထမ်း တပ်သားသစ် တဦးဟာ MA-1 တလက်နဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၃၁ တပ်ရင်းထံ ခိုလှုံလာ...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“CB ထိန်းချုပ်ဒေသမှာ လာလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားလို့ ဖြစ်မယ်”


“ CB ထိန်းချုပ်ဒေသမှာ လာလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားလို့ ဖြစ်မယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင် - CB)

(၁၉ - စက်တင်ဘာ - ၂၀၂၅)

“CB - ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားတဲ့မြို့နယ်တွေအပါဝင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာ စစ်ကောင်စီ သိပါတယ်။ ရမလားဆိုပြီး သွေးတိုးစမ်းပြီးမှ လေသံပြန်ပြောင်းသွားတာဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ (CB) ပြောခွင့်ရတဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင်က ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီကကြေညာပြီးမှ အဲဒီ ၃ မြိုန့ယ်အပါဝင် မဲဆန္ဒနယ် ၁၂၀ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုပြီး စစ်ကောင်စီက ပြန်လည်ပြင်ဆင်ကြေညာတာ ဘာကြောင့်လဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေမှာ ရွေးကောက်ပွဲလုပ်မယ်ပြောလိုက်- မလုပ်ဘူးပြန်ပြင်လိုက်ဖြစ်နေတာ ဘာကြောင့်လဲ...

- အညာဒေသ၊ ယောနယ်နဲ့ ချင်းတောင်တန်းဖက်က စစ်ရေးလှုပ်ရှားမှုအခြေအနေ ဘယ်လိုထူးခြားနေသလဲ...

- အခုလပိုင်းတွေအတွင်း စစ်မျက်နှာအချို့မှာ တော်လှန်ရေးတပ်တွေ နောက်ဆုတ်နေရပေမယ့် AA အာရက္ခတပ်တော်က ရှေ့ဆက်တိုးပြီး ထိုးစစ်ဆက်လုပ်နေနိုင်တာ ဘာကြေင့်လဲ... ဘာတွေ လေ့လာသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရွေးကောက်ပွဲအကြိုကာလမှာ ဆိုရှယ်မီဒီယာပေါ် မူတီပေး ထိုးစစ်ဆင်ရေးထက် မြေပြင်မှာ တကယ်ထိုးစစ်ဆင်ရေးက ပို အရေးကြီးတယ်လို့ ဘာကြောင့်ပြောတာလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 18, 2025

ကျောက်ဖြူမှာ တိုက်ပွဲပြန်ဖြစ်... ကနီမှာ စစ်သား ၃ ဦး လက်ရဖမ်းမိ...


ကျောက်ဖြူမှာ တိုက်ပွဲပြန်ဖြစ်... ကနီမှာ စစ်သား ၃ ဦး လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉ - စက်တင်ဘာ - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲ ပြန်ပြင်းထန်နေတယ်လို့ Western News က ဖေါ်ပြပါတယ်။

ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး တိုက်ပွဲငြိမ်နေရာကနေ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင်...

- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်းခွန်း‌ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ သေနတ် ၂ လက်သိမ်းမိ...

- ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အနီးရှိ ပယရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး အရပ်သား ၂ ဦး ဒဏ်ရာရ...

- သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မွန် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- ကနီမြို့နယ်၊ ချောင်းမကျေးရွာ တိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်သားတွေထဲက ၃ ဦးကို လက်ရဖမ်းမိပြီး သေနတ် ၃ လက်နဲ့ခဲယမ်းတွေ သိမ်းမိ...

- ပကာရီရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခမရ ၄၀၆ က စစ်သားသစ်တဦးဟာ MA 1 (၁) လက်နဲ့အတူ ဒူရက စစ်ကြောင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 17, 2025

ဇီးကုန်းမြို့ရဲစခန်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်... ကလေးမြို့မှာ စစ်ကော...


ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... ကလေးမြို့မှာ စစ်ကောင်စီတပ်သား ၁၄ ဦး လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲ ၆ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနက် ၁၁ လက်ရရှိတယ်လို့  Mandalay Free Press က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး ရဲတပ်သားနဲ့ဗိုလ်အဆင့် ၆ ဦးသေဆုံး၊ ဗိုလ်လေးအဆင့် ၂ ဦးနဲ့ တပ်သား ၂ ဦးကို လက်ရဖမ်းမိ၊ G3 ၉ လက်၊ G4 ၁ လက်၊ MA15 တစ်လက်၊ ပစ္စတို တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီတပ်သား ၁၄ ဦး၊ လက်နက် ၇ လက်နဲ့အတူ ကလေးခရိုင် ပကဖ Drone တပ်ဖွဲ့ (Wings of Kalay) ထံခိုလှုံလာ...

- ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီ ပြည်သူ့စစ် (SNA) တပ်ရင်း(၁၅)က တပ်သားတဦး AK တလက်နဲ့အတူ စက်တင်ဘာ ၈ ရက်နေ့က ဗန်းမောက်မြို့နယ် ပကဖ ထံ ခိုလှုံလာ...

- ဗန်းမောက်မြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး  မြစ်သေးချင်းရွာက ကာကင်း စခန်း ၂ ခု၊ တာဝါတိုင်ကုန်း၊ ကျွဲကောကုန်း၊ စက်တောကုန်း အပါဝင် စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ်တွေရဲ့ ကာကင်းစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေဖက်က သိမ်းပိုက်...

- စစ်ကောင်စီတပ်တွေဟာ BGF နယ်ခြားစောင့်တပ် အကူအညီနဲ့ မေတ္တာလင်းမြိုင်ရွာဖက် စစ်အင်အားတွေပို့နေပြီး သေ့ဘောဘိုးစခန်းနဲ့ ဝေါလေလမ်းကြောင်းဖက်ကို စစ်ကြောင်းထိုးဖို့ပြင်နေ...

- ထားဝယ်မြို့ရှိ -ထားဝယ်မြို့တော်ခန်းမသစ်- ဖွင့်ပွဲကို စစ်ကောင်စီဥက္ကဌတက်ရောက်ဖို့ရှိတယ်ဆိုတဲ့သတင်းတွေနဲ့အတူ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က အနီးဝန်းကျင်ရှိ ၄ မြိုံနယ်စလုံးကို စစ်လေယာဉ်နဲ့ဗုံးကြဲနေ...

- ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းတွေ လုံခြုံရေးအတွက် တရုတ်လုံခြုံရေးကုမ္ပဏီ ၂ ခုကို စစ်ကောင်စီ ပြည်ထဲရေးဌာနက လိုင်စင်ချပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ရွေးကောက်ပွဲ မဖြစ်စေချင်ရင် ထိုးစစ်ဆင်ဖို့လိုပါတယ်။ ခံစစ်နဲ့စောင့်နေလို...


“ရွေးကောက်ပွဲ မဖြစ်စေချင်ရင် ထိုးစစ်ဆင်ဖို့လိုပါတယ်။ ခံစစ်နဲ့စောင့်နေလို့ မရဘူး”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၁၇- စက်တင်ဘာ - ၂၀၂၅)

“ရွေးကောက်ပွဲမဖြစ်စေချင်ရင် ပြည်သူတွေကို မဲမထည့်ကြနဲ့ဆိုပြီး ပြောနေရုံနဲ့မရဘူး။ ကိုယ့်ဒေသထဲကနေ ခုခံစစ်နဲ့စောင့်နေလို့ မရဘူး။ စစ်ကောင်စီကို ထိုးစစ်နဲ့ သွားတိုက်မှကိုရမယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲအချို့နေရာတွေမှာ စစ်တပ်ဖက်က အသာစီးရလာနေတာ၊ ရွေးကောက်ပွဲ လေလံကျယ်လာတာတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုတုန့်ပြန်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ KNLA နဲ့ မဟာမိတ်တွေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ...

- ဗန်းမော်တိုက်ပွဲအတွင်း သိမ်းပိုက်ထားပြီးသား နေရာ ၂ ခုကနေ KIA တပ်တွေ ပြန်ခွာပေးခဲ့ရခြင်းက ဘယ်လိုအဓိပါယ်လဲ...

- စစ်မျက်နှာအတော်များများမှာ တော်လှန်ရေးတပ်တွေ နောက်ပြန်ဆုတ်နေရပေမယ့် ရခိုင်စစ်မျက်နှာမှာ AA က ရှေ့ဆက်တိုးနေနိုင်တာ ဘာကြောင့်လဲ...

- ရွေးကောက်ပွဲအကြိုကာလကို တော်လှန်ရေးတပ်တွေက ခုခံစစ်နဲ့ရင်ဆိုင်မှာလား... ထိုးစစ်ဆင်ပြီး စစ်ကောင်စီကို စိန်ခေါ်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 16, 2025

ဗန်းမောက် မြို့သိမ်းတိုက်ပွဲပြင်းထန်... ကော့သောင်း ပင်လယ်ပြင်တိုက်ပွဲ စစ...


ဗန်းမောက် မြို့သိမ်းတိုက်ပွဲပြင်းထန်... ကော့သောင်း ပင်လယ်ပြင်တိုက်ပွဲ စစ်တပ် အထိနာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဒေသရှိ ဗန်းမောက်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေရတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီဖက်က တပ်မ ၇၇ တပ်တွေနဲ့ SNA ရှမ်းနီ ပြည်သူ့စစ်တပ်တွေ အထိုင်ချထားတဲ့ မြို့ပြင်က ကာကင်းစခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်တိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့နယ်၊ ကျောက္ကာရွာအနီး စခန်းချပြီး ဂိတ်ဖွင့်ငွေကောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံး...

- ကျုံဒိုးမြို့အနီးရှိ ဗျုဟာအရ အရေးပါတဲ့ “ကျုံဘိုင်း ဗျက္ခသီ” ဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေ...

- ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ခမောက်ငယ်ရွာဖက် စက်လှေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတွေ ဒါဇင်နဲ့ချီသေဆုံး...

- အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အဖွဲ့ မောင်တောမြို့ကိုရောက်လာပြီး မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံးပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို စက်တင်ဘာ ၁၂ မှာ ဖွင့်လှစ်...

- လောင်းလုံးမြို့နယ် ပကဖ ရဲ့ အပတ်စဉ်(၂ /၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 15, 2025

နတ်ရေကန်စခန်းက စစ်သား ၅ ဦးထွက်ပြေးလာ... ထားဝယ် အရှေ့တောဒေသ တိုက်ပွဲပြင်း...


နတ်ရေကန်စခန်းက စစ်သား ၅ ဦးထွက်ပြေးလာ... ထားဝယ် အရှေ့တောဒေသ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ - စက်တင်ဘာ - ၂၀၂၅)

အာရက္ခတပ်တော် AA က မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့ ရခိုင်-မကွေးအစပ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်သားသစ် ၅ ဦး လက်နက်နဲ့အတူ ထွက်ပြေးလာတယ်လို့ မင်းဘူးခရိုင်၊ အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်သားသစ်တွေဟာ စကခ အမှတ်(၁၇) လက်အောက်ခံ ခမရ (၅၂၀)က ဖြစ်ပြီး နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ အပို့ခံထားရစဉ်မှာ ထွက်ပြေးလာတာ လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- နောင်ပိန် - ကျောက်မဲလမ်းမကြီးပေါ်က ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲပြင်းထန်နေ...

- တောင်ငူ-လိပ်သို လမ်းပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် စစ်သား ၄ ဦးသေပြီး ဒဏ်ရာရသူများ...

- ရေးမြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိစခန်းနဲ့ မော့ကနင်ရွာအနီးရှိ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများ...

- ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူသုံး၊ အရပ်သားသေဆုံးမှုရှိနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, September 14, 2025

မောတောင်နယ်စပ်တိုက်ပွဲ စစ်သား ၁၀ ဦးသေဆုံး... ကပစ ၆ အနီး တိုက်ပွဲပြင်းထန်..,


မောတောင်နယ်စပ်တိုက်ပွဲ စစ်သား ၁၀ ဦးသေဆုံး... ကပစ ၆ အနီး တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅- စက်တင်ဘာ - ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးခစန်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက်နဲ့ခဲယမ်းတွေ သိမ်းမိတယ်လို့ KNU ဘိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၂)ရက်နေ့မှာ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဆီ ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ တောင်ပံကို ထိမှန်တယ်လို့ ယူဆရ...

ဒါ့အပြင်...

- စလင်း - ဆင်ဖြူကျွန်း လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနဲ့ ပျု အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ပစ်ရာမှာ ပျု ၃ ဦးသေဆုံး...

- ညောင်ကျိုးခစန်းနဲ့ ညောင်ခြေတောက်စခန်းကြား၊ ကပစ ၆ အနီးဝန်းကျင်မှာ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေ...

- ရုရှားက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်းဒေသရှိ ပရဒတ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးတဲ့တွက် ကျောင်းသားတွေ ကြောက်လန့် ငိုယို...

- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းပါဝင်တာတွေ လုပ်မယ်ဆိုရင် ပါတီစဉ်းမျဉ်းစည်းကမ်းတွေအရ ထိရောက်စွာ အရေးယူခံရမယ်လို့ NLD ဗဟိုအလုပ်ကော်မတီက သတိပေးချက် ထုတ်ပြန်...

- နွားထိုးကြီးမြိုန့ယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, September 12, 2025

ကနီမြို့နယ်တိုက်ပွဲ လက်နက် ၁၀ ကျော်သိမ်းမိ... ကျောက်တော်မြို့နယ် ဗုံးကြဲ...


ကနီမြို့နယ်တိုက်ပွဲ လက်နက် ၁၀ ကျော်သိမ်းမိ... ကျောက်တော်မြို့နယ် ဗုံးကြဲမှု ကျောင်းသား ၂၀ နီးပါးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ ဖက်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၁) ရက်၊ မနက် (၁၁) နာရီခန့်မှာ ခမရ (၁၆) က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၃ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ မော်တာ တလက်၊ MA-1 (၄) လက်အပါဝင် လက်နက်ငယ် ၇ လက်နဲ့ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဗန်းမော်စစ်မြေပြင်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ နေရာတွေကို စစ်တပ်ဖက်က ပြန်သိမ်း...

- ဖားအံကနေ ထပ်တက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကျုံဒိုး-ကော့ကရိတ်-ကားလမ်းမှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်...

- သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဖက်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် ၅ ဦးသေပြီး ၂ ဦး ဒဏ်ရာရ...

- ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းသား ၁၉ ဦးသေဆုံးပြီး ၂၂ ဦး ပြင်းထန်စွာဒဏ်ရာရ...

- ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း ကာကင်းစခန်းက စစ်သားတဦး MA1 (၁) လက်နဲ့အတူ စက်တင်ဘာ (၇ )ရက်က ပဲခူးခရိုင် အမှတ် တပ်ရင်း (၂) P2-3702 ထံ ခိုလှုံလာ..

- ဒီမောဆိုအခြေစိုက် ခမရ ၄၂၈ က စစ်သားတဦးဟာ MA1 နဲ့ MA3 သေနတ် ၂ လက်ယူဆောင်လာပြီး KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 11, 2025

ကလေးနဲ့ ဖားကန့်တိုက်ပွဲ စစ်တပ် အထိနာ... ရခိုင်ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရ...


ကလေးနဲ့ ဖားကန့်တိုက်ပွဲ စစ်တပ် အထိနာ... ရခိုင်ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးလှေတွေ ဖမ်းမိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၂ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အလောင်း ၄ လောင်းနဲ့ လက်နက် ၅ လက်ရရှိ၊ ၇ ဦးကို လက်ရဖမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ ဒကစ (ကလေး) က ဗိုလ်မှူး ရဲမျိုးမင်း ဦးစီးတဲ့ ခမရ တပ်ရင်း ၃ ခုက စစ်သားတွေ၊ SNA ရှမ်းနီပြည်သူ့စစ်တွေ၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်းနဲ့ နာဂ သူပုန်တွေပါဝင်တဲ့ အင်အား ၁၃၀ ခန့်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိ တဦး အပါအဝင် စစ်သား ၅ ဦးပြင်းထန်စွာ ဒဏ်ရာရ...

- ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က အလောင်း ၂၀ ခန့် ကျန်ခဲ့...

- ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဟာ ကျောက်မဲနဲ့ ၁၀ မိုင်ကွာအထိ ရောက်လာ...

- ကော့ကရိတ်-အာရှလမ်းကနေ စစ်ကောင်စီတပ်တွေ မြဝတီကိုရောက်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ် (၁)တံတားအပါဝင် အရေးကြီးနေရာတွေကနေ BGF -ကရင်နယ်ခြားစောင့်တပ်ကို နောက်ပြန်ဆုတ်ခိုင်းနေ...

- ပုလောမြိုနယ်၊ ထမင်းမစားရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၈ ရက်မှာ တော်လှန်ရေးတပ်တွက သိမ်းပိုက်ပြီးနောက် စစ်တပ်ဖက်က တန်ပြန်ထိုးစစ် ဆင်လာတယ်၊ တော်လှန်ရေးတပ်တွေက ပြန်တိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေပြီး ပြန်ဆုတ်သွား...

- ရသေ့တောင်မြို့နယ် ပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းလှေ အစီး (၈၀) ခန့်ကို ဖမ်းဆီးရာမှာ ၅ စီးဖမ်းမိတယ်၊ အဲဒီထဲမှာ အကြမ်းဖက် သမားတွေပါလာတယ်၊ AA ကမ်းခြေစောင့်တပ် အရာရှိတဦးနဲ့ တပ်သားတဦးကို သတ်ဖြတ်ပြီး သေနတ်လုယူကာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 10, 2025

ငဖဲမြို့နယ်တိုက်ပွဲ... စစ်သား ၇၀ ကျော်သေ- လက်နက်များစွာရရှိဟု AA ထုတ်ပြန...


ငဖဲမြို့နယ်တိုက်ပွဲ... စစ်သား ၇၀ ကျော်သေ- လက်နက်များစွာရရှိဟု AA ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁- စက်တင်ဘာ - ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး သို့မဟုတ် နတ်ရေကန်တောင်ကုန်း အနီးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၆၀ ကျော်ကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ စတင်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအချိန် ၈ နာရီကြာတယ်၊ တခါ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် (တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းအနီးမှာ ညနေ ၅ နာရီခန့်မှာ ၃ နာရီကြာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၁၀ ကျော်သေ၊ လက်နက်များစွာ ထပ်မံသိမ်းမိတယ်လို့ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ပွင့်ဖြူမြို့နယ်မှာ စင်တင်ဘာ ၆ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က ၁၈ ဦးသေဆုံးတယ်လို့ Generation Z Army က သတင်းထုတ်ပြန်...

- ရေး-ထားဝယ် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးပြီးနောက် ခရီးသည်ကားတွေကို ကာဗာယူပြီး စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်နေ...

- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ကရင်နယ်ခြားစောင့်တပ် (BGF)က အကူအညီပေးခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ BGF အမှတ် (၂) စစ်ဒေသ၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း က ငြင်းဆို...

- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 9, 2025

ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်... BGF စောချစ်သူကို ...


ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်... BGF စောချစ်သူကို အမေရိကန်က ဒဏ်ခတ်အရေးယူ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ - စက်တင်ဘာ - ၂၀၂၅)

ကချင်ပြည်နယ်မှာ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့် ၃ နေရာစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးရှိတယ်၊ ဒါပေမယ့် မြေပြင်အနေအထားကတော့ တဖက်နဲ့တဖက် စခန်းသိမ်းနိုင်တာမျိုး မရှိသေးဘူးလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- ကျောက်ဖြူမြို့နယ်ထဲ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီ သေဆုံး...

- ဘုတလင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရက် ၂၀ နီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရပြီး သေနတ် ၂ လက် သိမ်းမိ...

- ရွှေကုက္ကူအခြေစိုက် ကရင်နယ်ခြားစောင့်တပ်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး‌ စောချစ်သူ၊ စောမင်းမင်းဦး၊ ဗိုလ်မှူး စောတင်ဝင်းနဲ့ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းအချို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူ...

- ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျုဟာ အမှတ် (၇)ရဲ့ အပတ်စဉ်  (၂၈) မွမ်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ (၇)ရက်နေ့က ကျင်းပ...

--- စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကော့ကရိတ်-မြဝတီ နယ်မြေက အခြားနယ်မြေတွေထက် ရှုပ်ထွေးမှု ပိုများပါတယ်”


“ကော့ကရိတ်-မြဝတီ နယ်မြေက အခြားနယ်မြေတွေထက် ရှုပ်ထွေးမှု ပိုများပါတယ်”

- ဆလိုင်းယောအောင် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၉ - စက်တင်ဘာ - ၂၀၂၅)

“ကော့ကရိတ်-မြဝတီ-အာရှလမ်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့စလုံးရှိနေတဲ့အတွက် ရှုပ်ထွေးမှုရှိတယ်၊ BGF အဖွဲ့ကို စစ်တပ်က ပြန်အသုံးချသွားလို့ အခုလိုဖြစ်လာရတာ” လို့ စစ်ရေး - နိုင်ငံရေ လေ့လာဆန်းစစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

အောင်ဇေယျစစ်ကြောင်းကို တနှစ်ကျော် ရင်ဆိုင်ထားပြီးမှ ဘာကြောင့် ရုတ်တရက် အာရှလမ်းမကြီးတခုလုံးကို ပေးလိုက်ရတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကော့ကရိတ်-မြဝတီ-အာရှလမ်းတိုက်ပွဲမှာ KNLA နဲ့ PDF တွေ ဘာတွေအားနည်းခဲ့သလဲ...

- BGF ရဲ့ သစ္စာဖောက်မှုကို ဘာကြောင့် တကြိမ်မက ခံနေရတာလဲ...

- ကော့ကရိတ်-မြဝတီအပြင် သောင်ရင်းမြစ်ဘေးရှိ တပ်မဟာ ၆၊ တပ်မဟာ ၇ ဖက်ကိုပါ  စစ်တပ်က ထိုးစစ်ဆင်လာနိုင်သလား...

- လက်ရှိစစ်ရေးအခြေအနေမှာ တော်လှန်ရေးက ခုခံစစ်ဖြစ်သွားပြီလား...

- နေရာတခုချင်း ကိုယ့်အစီစဉ်နဲ့ကိုယ် တိုက်တာကိုရှောင်ပြီး အင်အားစုအားလုံး ဟန်ချက်ညီတိုက်နိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 8, 2025

ကပစ ၆ အနီးထိ AA တပ်တွေ ရောက်ရှိလာ... ဗန်းမော်တိုက်ပွဲ KIA က လက်နက်ကြီးတွ...


ကပစ ၆ အနီးထိ AA တပ်တွေ ရောက်ရှိလာ... ဗန်းမော်တိုက်ပွဲ KIA က လက်နက်ကြီးတွေ သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ - စက်တင်ဘာ - ၂၀၂၅)

ညောင်ကျိုးဖက်ကနေ ထိုးဝင်လာတဲ့ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ - ၆)နဲ့ ကပစ(၁၆)အနီးထိရောက်ရှိလာပြီလို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်မှာ ညောင်ကျိုးကိုလာတိုက်တဲ့ စစ်ကောင်စီတပ်တွေကို ပြန်တိုက်ရင်းကနေ ညောင်ခြေတောက်ဖက်ရှိ ဆင်လမ်းကျေးရွာနားအထိ တော်လှန်ရေးတပ်တွေ ရောက်နေပြီလို့ AA က ကြေညာပြီး ရက်ပိုင်းအတွင်းမှာ အခု ညောင်ခြေတောက်နဲ့ ၂ မိုင်သာဝေးတဲ့ ကပစ(၆)အနိးထိ AA တပ်တွေ ရောက်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာဆီ စစ်ကူတက်ဖို့ပြင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို (AA)က လက်ဦးမှုယူ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် စစ်တပ်ဖက်က သေဆုံးမှုများပြီး ၂၀ ခန့်ကို သုံ့ပန်းအဖြစ် ဖမ်းဆီး...

- ပုလောမြိုန့ယ်၊ ထမင်းမစားရွာရှိ စစ်တပ်အခြေစိုက်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- လေးကေ့ကော်မြို့သစ်ရှိ ရသေ့ဂူရွာကို စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲပြီးနောက် မြေပြင်တပ်တွေကလည်း မယ်ထော်သလေးရွာနဲ့ မဲကနယ်ရွာဖက် ထိုးဝင်လာနေ...

- ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာဖက် ကင်းလှည့်လာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ သေနက် ၅ လက်သိမ်းမိ...

- ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြန် ပြင်းထန်နေပြီး ပွိုင့်ဖိုက်- စက်သေ နတ်ကြီးများအပါအဝင် လက်နက်နဲ့ ခဲယမ်းအချို့ KIA က သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, September 7, 2025

BGF က ကူပေးတဲ့အတွက် အာရှလမ်းကို စစ်တပ်က သိမ်းနိုင်တာဟုဆို... ရေး-ထားဝယ် ...


BGF က ကူပေးတဲ့အတွက် အာရှလမ်းကို စစ်တပ်က သိမ်းနိုင်တာဟုဆို...ရေး-ထားဝယ် ကားလမ်းပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈- စက်တင်ဘာ - ၂၀၂၅)

ကရင်ပြည်နယ်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စက်တင်ဘာ ၆ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြပါတယ်။ တိုက်ပွဲကြီး- တိုက်ပွဲငယ် (၃၈၂)ကြိမ်ဖြစ်ပွားပြီးနောက် အခုလို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ၂၀၂၄ ဧပြီလမှာ စတင်ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ကြောင်းကို ၂၀၂၅ စက်တင်ဘာလ (၅) ရက်နေ့အထိ ရက်ပေါင်းမှာ (၅၀၃) ရက်ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNLA ပြောဆို...

- ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့က စစ်ကောင်စီကို ကူညီလိုက်တဲ့တွက် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က အခုလို အလွယ်တကူသိမ်းနိုင်လိုက်တာလို့ လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဖေါ်ပြ...

- မြဝတီနဲ့ သင်္ကန်းညီနောင်ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီးတဲ့နောက် လေးကေ့ကော်ဒေသကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်လာနိုင်တဲ့အတွက် ဒေသခံတွေ ယာယီရွှေ့ ပြောင်းဖု့ိပြင်ဆင်...

- ရေး – ထားဝယ်ကားလမ်းပေါ်ရှိ မရမ်းချောင်းရွာအထွက်နားမှာ ခရီးသည်ယာဉ်တန်း ပစ်ခတ်ခံရပြီး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်အကူ သေဆုံး...

- သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ ၁၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး အလောင်း ၂ လောင်းနဲ့ သေနတ် ၂ လက်ရရှိ၊ ၆ ဦးကို လက်ရဖမ်းမိ...

- ပေါက်မြို့နယ်၊ ပေါက် - ဆိပ်ဖြူလမ်းအနီးထွက်လာတဲ့ ကစပ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, September 6, 2025

“တရုတ်နဲ့ အိန္ဒိယ သဘောထားပြောင်းစေချင်ရင် ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းပြ...


“တရုတ်နဲ့ အိန္ဒိယ သဘောထားပြောင်းစေချင်ရင် ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းပြနိုင်ဖို့လိုတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၆- စက်တင်ဘာ - ၂၀၂၅)

“စစ်ကောင်စီဖက်ကို ထောက်ခံမှုပေးနေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ သဘောထားကို ပြောင်းစေချင်ရင် တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ကုလားတန်စီမံကိန်းရှိတဲ့ စစ်တွေမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပြနိုင်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်၊ လက်ရှိ စစ်ရေး-နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ ...

- တရုတ်နိုင်ငံမှာ အာဏာရှင်တွေ စုဆုံခြင်းကို နိုင်ငံရေးအရ ဘယ်လိုနားလည်ကြသလဲ...

- တရုတ်က စကမ ကိုဘာတွေပေးပြီး - စကမ က တရုတ်ကို ဘာတွေပြန်ပေးရမှာလဲ...

- UWSAက ခေါ်ပြောတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမျာ KIA နဲ့ AA မပါတာ ဘာကြောင့်လဲ...

- ပြည်နယ်အလိုက် စစ်ကောင်စီကင်းစင်ရေးအစား ပြည်နယ်ပေါင်းစုံပူးပေါင်းပြီး မဟာဗျုဟာမြောက် စဉ်းစားရေးဆိုတာ ဘာကို ဆိုလိုတာလဲ...

- ကျောက်ဖြူနဲ့ စစ်တွေ သိမ်းပိုက်ရေးက ဗန်းမော်သိမ်းရေးထက် ဘာကြောင့် ပိုအရေးကြီးသလဲ...

- တော်လှန်ရေးအင်အားစုတွေ ခံစစ်အခြေအနေကနေ ထိုးစစ်အခြေအနေကို ပြန်ရောက်အောင် ဘယ်လို ဗျုဟာတွေ လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, September 5, 2025

ညောင်ကျိုးကနေ ညောင်ခြေတောက်ဖက် AA တပ်တွေ ရှေ့တိုးလာ... အာရှလမ်းပေါ်ကနေ K...


ညောင်ကျိုးကနေ ညောင်ခြေတောက်ဖက် AA တပ်တွေ ရှေ့တိုးလာ... အာရှလမ်းပေါ်ကနေ KNLA တပ်တွေ ခွာစစ်ဆင်ဟု သတင်းထွက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆ - စက်တင်ဘာ - ၂၀၂၅)

ရခိုင်-မကွေး၊ ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ အစပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ AA - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က မကွေးတိုင်း ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက် စစ်ကြောင်းအလိုက်ပြုတ်၊... ပန်းတောင်းမြို့နယ်၊ ဆင်လမ်ကျေးရွာတိုက်ပွဲမှာလည်း စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်တွေ သိမ်းမိ...

ဒါ့အပြင်

- ဗန်းမော် အခြေစိုက် စကခ (၂၁)သို့ စစ်လက်နက်ပစ္စည်းတွေ ပို့ပေးပြီး ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းလာတဲ့ စစ်ကောင်စီသဘောင်္တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ သဘောင်္တစီး မီးလောင်...

- ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...

- ထားဝယ်မြို့ နယ် ပကာရီကျေးရွာကနေ မေတ္တာမြို့နယ် ကျောက်မဲတောင်ရွာဖက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရက် ၂၀ ခန့်ကြာတဲ့အထိ သတ်မှတ်နေရာကို မရောက်နိုင်ပဲ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရ...

- သီတင်းပတ်နဲ့ချီ တိုက်ပွဲကြီးတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းရှိ အာရှလမ်းသစ်အပါဝင် အရေးကြီးနေရာတွေကနေ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ခွာစစ်ဆင်နေရဟု သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 4, 2025

မြင်းခြံတိုက်ပွဲ လက်နက် ၇ လက်သိမ်းမိ... ကပစ ၆ အနီးထိ AA တပ်တွေ ရောက်လာ...


မြင်းခြံတိုက်ပွဲ လက်နက် ၇ လက်သိမ်းမိ... ကပစ ၆ အနီးထိ AA တပ်တွေ ရောက်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- စက်တင်ဘာ - ၂၀၂၅)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲ အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၆၀ မမ အပါဝင် လက်နက် ၇ လက်သိမ်းမိတယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ ဗိုလ်ကြီးတဦးအပါဝင် စစ်သား ၇ ဦးသေ၊ ၆၀ မမ မော်တာ တလက်၊ MA လက်နက်ငယ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်မောက်မြို့နယ်၊ တက်ဝန်ရွာအခြေစိုက် ပျုစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျုခေါင်းဆောင်အပါဝင် ၅ ဦးသေဆုံး၊ လက်နက်ငယ် ၈ လက်သိမ်းမိ...

- မြဝတီမြို့နယ်၊ သင်္ဃန်ညီနောင်အနီးရှိ ထီးမူးထ၊ နို့ဖိုး ကျေးရွာတွေမှာ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ပြီးတဲ့နောက် ဒေသခံ ၂၀၀ ခန့် စစ်ဘေးရှောင်နေရ...

- စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ဒေသ၊ မြဝတီမြို့အနီး၊ သောင်ရင်းမြစ်ကမ်းရှိ ကျောက်ခက်စခန်းကို စစ်ကောင်စီက ကာမီကာဇီ ဒရုန်း ၂ စင်းနဲ့တိုက်ခိုက်...

- ညောင်ကျိုးစခန်းဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်က ပြန်လည် ထိုးစစ်ဆင်ရာမှာ သိမ်းမိတဲ့ ကာကင်းစခန်းဟာ တခုမကပဲ ၅ ခုအထိရှိလာပြီး ကပစ ၆ ဖက်ကို ပိုနီးလာ...

- မော်လိုက်မြို့နယ်အခြေစိုက် စစ်တပ်နဲ့ SNA ရှမ်းနီ ပြည်သူ့စစ် ၁၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 3, 2025

အာရှလမ်းသစ်တိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... ပဲခူးဖက်က တိုက်ပ...


အာရှလမ်းသစ်တိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... ပဲခူးဖက်က တိုက်ပွဲ လက်နက် ၈ လက် သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄ - စက်တင်ဘာ - ၂၀၂၅)

ပဲခူတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်‌‌မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေပြီး သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF  အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်တပ်ဖက်က ဗိုလ်ကြီးတဦးအပါဝင် ၈ ဦးထက်မနည်းသေဆုံး၊ RPG (၁)လက်၊ လက်နက်ငယ် (၇)လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်-မြဝတီ ဒေါနတောင် လမ်းဟောင်းပေါ်က ရန်ကုတ်ရွာအနီးရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA, PDF ပူးပေါင်းတပ်တွေက ချေမှုန်းတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး စစ်ကြောင်းပါ ပျက်သွား...

- စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ရဲ့ ကျိုက်မရော စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့တိုက်တဲ့အတွက် ခရီးသည်တဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ...

- ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းရွာဝန်းကျင်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်လာ...

- မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီက Y-12 လေယာဉ်တွေ၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့တွက် ဓာတ်အားပေးစက်ရုံ ပျက်စီးသွား...

- မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) ရဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲကို ဩဂုတ် ၃၁ ကကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ခံစစ်ဖြစ်သွားတယ်ဆိုတာ မမှန်ဘူး၊ တော်လှန်ရေးက ရှေ့ကို ဆက်တိုး နေတာဖြစ်တယ်”


“ခံစစ်ဖြစ်သွားတယ်ဆိုတာ မမှန်ဘူး၊ တော်လှန်ရေးက ရှေ့ကို ဆက်တိုး နေတာဖြစ်တယ်”

- ကိုစိုးဝင်းဆွေ (ဥက္ကဌ - စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)

(၃ - စက်တက်ဘာ - ၂၀၂၅)

“တော်လှန်ရေးက ခံစစ်ဖြစ်သွားပြီလို့ပြောနေကြတာတွေဟာ မမှန်ဘူး။ နေရာတခုချင်း ကွက်ကွက်လေးကိုမကြည့်ပဲ တစုံလုံးကိုကြည့်နိုင်မယ်ဆိုရင် တော်လှန်ရေးက ပိုခိုင်မာလာတယ်၊ ရှေ့ကို ဆက်တိုးတက်နေတာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဥက္ကဌ ကိုစိုးဝင်းဆွေက ပြောပါတယ်။

ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာလိုက်ပြီးနောက်ပိုင်း စစ်ရေး- နိုင်ငံရေးအရ စစ်တပ်ဖက်က ထိုးစစ်ဖြစ်သွားပြီ၊ တော်လှန်ရေးဖက်က ခံစစ်ဖြစ်သွားပြီ... စသဖြင့် ဝေဖန်သံတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

-  ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နောက်ဆုံးတိုက်ပွဲလား...

- ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို တားဆီးဟန့်တားနိုင်မလဲ...

- မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်အထိ အရေးပါလာနိုင်သလဲ...

- အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းဖို့ တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ...

- တော်လှန်ရေးက ခံစစ်ဖြစ်သွားတာမဟုတ်ဘူး။ ပိုမိုခိုင်မာလာပြီး ရှေ့ကို ဆက်တိုးနေတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 2, 2025

အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်... ထားဝယ်-ထီးခီးလမ်းမှာ စစ်သား ၄ ဦးကို K...


ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်... ထားဝယ်-ထီးခီးလမ်းမှာ စစ်သား ၄ ဦးကို KNLA က ဖမ်းဆီး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ - စက်တက်ဘာ - ၂၀၂၅)

တနသာင်္ရီတိုင်း ထားဝယ်မြို့ကနေ မေတ္တာမြို့ဖက်ကို ထားဝယ်-ထီးခီးလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းထဲက စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ လက်ရဖမ်းမိတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၂)၊ မနက် ရ နာရီခွဲခန့်မှာ ခလရ (၂၈၂) ဦးဆောင်တဲ့ စစ်ကြောင်းထဲက စစ်သား ၄ ဦးကို မေတ္တာမရောက်ခင် ကျောက်မဲတောင်နဲ့ ဝကုန်းကျေးရွာအနီးမှာ K.N.L.A တပ်ရင်း(၁၂), တပ်ခွဲ(၄)တပ်တွေက ဖမ်းမိတာလို့ဆိုပါတယ်။

ဒါ့အပြင်...

- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေ...

- သြဂုတ်လအတွင်း KNU မူတြော်ခရိုင်- တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲ ၉၃ ကြိမ်ဖြစ်ပြီး စစ်သား ၉ ဦးသေ၊ ၄ ဦးဒဏ်ရာရ...

- အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်သိမ်းနိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ ဒါပေမယ့် AA က လျှပ်တပြက် တန်ပြန်ထိုးစစ်ဆင်တဲ့အတွက် စစ်သားတွေ နောက်ပြန်ဆုတ်ပြီး စစ်တပ်ရဲ့ ကာကင်းစခန်းကိုတောင် AA ပြန်သိမ်းနိုင်...

- ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ် ဂွ- မြို့အထိ တက်သိမ်းပြမယ်လို့ ကြုံးဝါးထားတဲ့ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးတဦး ကိုယ့်မိုင်းကို ပြန်နင်းမိပြီး သေဆုံး...

- နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်- ပျုစောထီးရွာကနေ ထွက်လာတဲ့ ပျုစောထီး ယာဉ်တန်းကို တော်လှန်ရေးတပ်တွက မိုင်းဆွဲ တိုက်ခိုက်ရာမှာ ပျု ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 1, 2025

ကျောက်ဖြူက နေရာအချို့ AA သိမ်းပိုက်... ရေဖြူတိုက်ပွဲ စစ်တပ် အထိနာ...


ကျောက်ဖြူက နေရာအချို့ AA သိမ်းပိုက်... ရေဖြူတိုက်ပွဲ စစ်တပ် အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ - စက်တင်ဘာ - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထိန်းချုပ်နယ်မြေအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိလိုက်တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

AA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းလိုဇောနဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ အတင်းဖိပြီးထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို  AA က လျှပ်တပျက် တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်သားတွေထွက်ပြေးသွားလို့ အခုလို နယ်မြေတွေ သိမ်းလိုက်နိုင်တာလို့ ရှေ့တန်းသတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၃၀ ခန့်အထိ သေဆုံး...

- သြဂုတ် ၂၆ က ပစ်ခတ်ခဲ့တဲ့ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် စစ်သင်တန်းကျောင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်က ၂၀ ခန့် အထိ သေဆုံး...

- ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာ မြောက်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ခန့်သေဆုံး...

- ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုအတိုင်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ -မွန်ပြည်တော်လှန်ရေးတပ် (MSRF)က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More