Monday, February 2, 2015

အဆိုတော်မွန်းအောင် ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံ

(ဦးရဲထွဋ်ရဲ့ Facebook မှ မူရင်းအတိုင်း ကူးယူတင်ပြထားပါသည်။
ဝေဖန်ဖို့နဲ့ ဆင်ခြင်နိုင်ဖို့ပါ)။

မိုးလုံးမှိုင်း ရဲ့ အိမ်အပြန်

ဒီနေ့ ကိုမွန်းအောင်နဲ့ သူ့ဇနီး နေပြည်တော်ကကျွန်တော့်ရုံးခန်းကိုရောက်လာပါတယ်။ သူ့ကို ၀န်ကြီးအနေနဲ့မဟုတ်ဘဲ မွန်းအောင်ပရိသတ်တစ်ဦးအနေနဲ့ နေပြည်တော် ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့တာပါ။ 


နော်ဝေမှာနေထိုင်နေတဲ့ ကိုမွန်းအောင်နဲ့ တွေ့နိုင်ဖို့ အခွင့်အရေးနှစ်ကြိမ်ကြုံခဲ့ဖူးပါတယ်။ ၂၀၁၂ ဇွန်လ နော်ဝေမှာ မီဒီယာလေ့လာရေးခရီးစဉ်နဲ့ရောက်နေတုန်း ဒေါ်အောင်ဆန်း စုကြည်ကလည်း နိုဘယ်ငြိမ်းချမ်းရေးဆုလက်ခံဖို့ အော်စလိုကိုရောက်လာပါတယ်။ အဲဒီ မှာ ဒေါ်အောင်ဆန်းစုကြည်တည်းခိုတဲ့ဟိုတယ်ရှေ့ ကွက်လပ်မှာ ကိုမွန်းအောင် သီချင်း လာဆိုတယ်လို့ကြားလို့ သွားပေမယ့် မတွေ့တော့ဘူး။ 

၂၀၁၃ ဖေဖော်ဝါရီ မှာ သမ္မတကြီးနဲ့ နော်ဝေခရီးစဉ်ပါသွားတဲ့အခါ ကိုမွန်းအောင်က ကျွန်တော်တို့ တည်းခိုတဲ့ ဟိုတယ်ရှေ့ လမ်းရဲ့ တစ်ဘက်ပလက်ဖောင်းမှာ သီချင်းဆိုပြီး ဆန္ဒပြတယ်။ သူ အပါအ၀င် ဆန္ဒပြနေသူများနဲ့ စကားပြောဖို့လုပ်တော့ လုံခြုံရေးက ခွင့်မပြုတာနဲ့ လမ်းကူးသွားလို့မရခဲ့ဘူး။ 

အခုတော့ ကျွန်တော့်ရုံးခန်းကို သူရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ နှစ်ယောက် တစ်နာရီ ကျော်လောက် သူ့အတွေ့အကြုံတွေ၊ သီချင်းတွေအကြောင်းပြောဖြစ်ပါတယ်။ 

သူကမြစ်ကြီးနား ဇာတိ၊ ကျွန်တော်ကလည်း မြစ်ကြီးနားမှာ ငယ်ငယ်က ကျောင်းတက် ခဲ့တော့ အမျိုးစပ်တော့မှ သူနဲ့ ကျွန်တော်က ခုနှစ်တန်းတုန်းက သူငယ်ချင်းတွေဖြစ် နေတာကိုး။ ကျွန်တော်တို့အထက မြစ်ကြီးနားမှာတက်တော့ ကိုမွန်းအောင် တို့က အထက သူ နဲ့ ကိုကျော်သီဟ ( အခု အင်န်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်) ကလည်း သူငယ်ချင်း။ ကိုကျော်သီဟနဲ့ ကျွန်တော်က အိမ်ချင်းကပ်နေတဲ့ သူငယ်ချင်း။ ကို ကျော် သီဟနဲ့ သူက ပိုရင်းပါတယ်။ 

ကျွန်တော်က အဆိုတော်မွန်းအောင်ဆိုတာ မြစ်ကြီးနားတုန်းက ဒင်းနစ်ဆို တာမသိခဲ့ဘူး။ မြစ်ကြီးနားကထွက်လာတာ ကြာပြီဆိုတော့ သူအဆိုတော်ဖြစ်တော့လည်း ငယ်ရုပ် မဖမ်းမိ တော့ဘူး။ သူကလည်း ဦးရဲထွဋ်က မြစ်ကြီးနားမှာနေဖူးတယ်လို့ကြားတော့ ငါသိတဲ့ ရဲထွဋ် များလားလို့ထင်နေတာတဲ့။ 

ဘာပဲဖြစ်ဖြစ် မိုးလုံးမှိုင်းရဲ့ သူငယ်ချင်းဖြစ်ရတဲ့အတွက် ဂုဏ်ယူတဲ့အပြင် သူ့အိမ်အပြန် ခရီး ကို ကြိုဆိုခွင့်ရတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိပါတယ်။ 
ကိုမွန်းအောင်က ဂီတဖျော်ဖြေပွဲလည်း လုပ်ဖို့စီစဉ်ထားတယ်လို့ ပြောသွားပါတယ်။ သူ့သီချင်း တွေကို လွမ်းနေသူများ အလွမ်းပြေနိုင်တော့မှာပါ။
...............................................................

အဆိုတော်မွန်းအောင် ရန်ကုန်နှင့် မန္တလေးတွင် သီဆိုဖျော်ဖြေရန် စီစဉ်နေ
ဧရာဝတီ


ပြီးခဲ့သည့်ရက်များအတွင်း နော်ဝေမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော အဆိုတော်မွန်းအောင်သည် နေပြည်တော်နှင့် မန္တလေးမြို့များသို့ ခရီးထွက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စင်တင်သီဆိုဖျော်ဖြေပွဲများ ကျင်းပရန် ကြိုးစားခဲ့သည်။ နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က "ကိုမွန်းအောင်ရဲ့ ပရိသတ်တဦး"ဟု တရင်းတနှီး ကြိုဆိုလက်ခံ စကားပြောခဲ့ပြီး စင်တင်ပွဲများ ကျင်းပနိုင်ရန် အကူအညီပေးမည်ဟု ကတိပြုပြောကြားသည်။ 

အဆိုတော်မွန်းအောင်ကလည်း ကျေးဇူးတင်ကြောင်း ပြောဆိုကာ မြန်မာပြည် ပြင်ပတွင် အသံသွင်းယူခဲ့သော "ငြိမ်းချမ်းရေးတိုက်ပွဲ"နှင့် "လွတ်မြောက်ရာလမ်း" တေးစီးရီးခွေများကို လက်ဆောင်ပြန်ပေးခဲ့သည်။ "သွေးမုန်တိုင်း ဆိုပါလို့ ဦးရဲထွဋ်က သီချင်းတောင်းထားတယ်"ဟု အဆိုတော်မွန်းအောင်က ဧရာဝတီသို့ ပြောသည်။ နေပြည်တော်အပြီး မန္တလေးသို့ ခရီးဆက်ခဲ့ပြီး ကွယ်လွန်သူ တေးရေးဆရာ အဉ္ဇလီ မောင်မောင်၏ မိသားစု၊ ညီအကိုမောင်နှမများနှင့် တွေ့ဆုံကာ စင်တင်ဖျော်ဖြေရာတွင် အဉ္ဇလီ မောင်မောင်၏ သီချင်းများ ပါဝင်သီဆိုခွင့်ပြုရေး တောင်းဆိုခဲ့သည်။
 တေးရေးဆရာ၏ မိသားစုအသိုင်းအဝိုင်းမှလည်း အဆိုတော်မွန်းအောင်ကို နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေခဲ့သည်။ " တေးရေးဆရာ မရှိဘဲ ကျနော်တို့ ဘယ်လို သီချင်းဆိုမှာလဲ။ ကျနော့်ရဲ့ တန်ဖိုးထား လေးစားမှုကို ပြချင်လို့ ကိုယ်တိုင်ကိုယ်ကျ မန္တလေးကို လာတာပါ"ဟု အဆိုတော်မွန်းအောင်က ပြောသည်။ မန္တလေးရှိ တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း တွေ့ဆုံရန် ကြိုးစားခဲ့သေးရာ ဆရာစိုင်းခမ်းလိတ် ခရီးလွန်နေသဖြင့် မတွေ့ခဲ့ရပေ။ 
"ငြိမ်းချမ်းရေးတိုက်ပွဲခွေလုပ်တုန်းက စာခြောက်ရုပ်နဲ့ လူငယ်ခြေကျသီချင်းတွေ အကြောင်းမကြားဘဲ ယူဆိုခဲ့တာကို ဆရာ့ကို တွေ့ပြီး အကျိုးအကြောင်း ရှင်းပြချင်ပါတယ်။ ဆရာစိုင်းခမ်းလိတ်နဲ့လည်း တခါမှ လူချင်း မဆုံဖူးပါဘူး။ အခုတကြိမ် မဆုံရပေမယ့် ပွဲဆိုဖို့ မန္တလေး နောက်တကြိမ် ပြန်တက်ရင် တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု အဆိုတော်မွန်းအောင်က ပြောသည်။ ယခုအခါ အဆိုတော်မွန်းအောင်သည် ရန်ကုန်သို့ ပြန်ရောက်နေပြီး ပွဲများ ကျင်းပနိုင်ရေး သေချာစေရန် စီစဉ်လျက်ရှိသည်။ ပွဲကျင်းပမည့် နေရာနှင့် နေ့စွဲများ သေချာမှ မီဒီယာများနှင့် တွေ့ဆုံမည်ဟု သိရသည်။

1 comments:

အဆိုတော်မွန်းအောင် ရန်ကုန်နှင့် မန္တလေးတွင် သီဆိုဖျော်ဖြေရန် စီစဉ်နေ
ဧရာဝတီ

ပြီးခဲ့သည့်ရက်များအတွင်း နော်ဝေမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော အဆိုတော်မွန်းအောင်သည် နေပြည်တော်နှင့် မန္တလေးမြို့များသို့ ခရီးထွက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စင်တင်သီဆိုဖျော်ဖြေပွဲများ ကျင်းပရန် ကြိုးစားခဲ့သည်။ နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က "ကိုမွန်းအောင်ရဲ့ ပရိသတ်တဦး"ဟု တရင်းတနှီး ကြိုဆိုလက်ခံ စကားပြောခဲ့ပြီး စင်တင်ပွဲများ ကျင်းပနိုင်ရန် အကူအညီပေးမည်ဟု ကတိပြုပြောကြားသည်။

အဆိုတော်မွန်းအောင်ကလည်း ကျေးဇူးတင်ကြောင်း ပြောဆိုကာ မြန်မာပြည် ပြင်ပတွင် အသံသွင်းယူခဲ့သော "ငြိမ်းချမ်းရေးတိုက်ပွဲ"နှင့် "လွတ်မြောက်ရာလမ်း" တေးစီးရီးခွေများကို လက်ဆောင်ပြန်ပေးခဲ့သည်။ "သွေးမုန်တိုင်း ဆိုပါလို့ ဦးရဲထွဋ်က သီချင်းတောင်းထားတယ်"ဟု အဆိုတော်မွန်းအောင်က ဧရာဝတီသို့ ပြောသည်။

နေပြည်တော်အပြီး မန္တလေးသို့ ခရီးဆက်ခဲ့ပြီး ကွယ်လွန်သူ တေးရေးဆရာ အဉ္ဇလီ မောင်မောင်၏ မိသားစု၊ ညီအကိုမောင်နှမများနှင့် တွေ့ဆုံကာ စင်တင်ဖျော်ဖြေရာတွင် အဉ္ဇလီ မောင်မောင်၏ သီချင်းများ ပါဝင်သီဆိုခွင့်ပြုရေး တောင်းဆိုခဲ့သည်။ တေးရေးဆရာ၏ မိသားစုအသိုင်းအဝိုင်းမှလည်း အဆိုတော်မွန်းအောင်ကို နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေခဲ့သည်။

" တေးရေးဆရာ မရှိဘဲ ကျနော်တို့ ဘယ်လို သီချင်းဆိုမှာလဲ။ ကျနော့်ရဲ့ တန်ဖိုးထား လေးစားမှုကို ပြချင်လို့ ကိုယ်တိုင်ကိုယ်ကျ မန္တလေးကို လာတာပါ"ဟု အဆိုတော်မွန်းအောင်က ပြောသည်။ မန္တလေးရှိ တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း တွေ့ဆုံရန် ကြိုးစားခဲ့သေးရာ ဆရာစိုင်းခမ်းလိတ် ခရီးလွန်နေသဖြင့် မတွေ့ခဲ့ရပေ။

"ငြိမ်းချမ်းရေးတိုက်ပွဲခွေလုပ်တုန်းက စာခြောက်ရုပ်နဲ့ လူငယ်ခြေကျသီချင်းတွေ အကြောင်းမကြားဘဲ ယူဆိုခဲ့တာကို ဆရာ့ကို တွေ့ပြီး အကျိုးအကြောင်း ရှင်းပြချင်ပါတယ်။ ဆရာစိုင်းခမ်းလိတ်နဲ့လည်း တခါမှ လူချင်း မဆုံဖူးပါဘူး။ အခုတကြိမ် မဆုံရပေမယ့် ပွဲဆိုဖို့ မန္တလေး နောက်တကြိမ် ပြန်တက်ရင် တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု အဆိုတော်မွန်းအောင်က ပြောသည်။

ယခုအခါ အဆိုတော်မွန်းအောင်သည် ရန်ကုန်သို့ ပြန်ရောက်နေပြီး ပွဲများ ကျင်းပနိုင်ရေး သေချာစေရန် စီစဉ်လျက်ရှိသည်။ ပွဲကျင်းပမည့် နေရာနှင့် နေ့စွဲများ သေချာမှ မီဒီယာများနှင့် တွေ့ဆုံမည်ဟု သိရသည်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More