Friday, February 20, 2015

မတ်လအတွင်း ကျင်းပမည့် သတင်းထောက်သင်တန်းများ။

၂၀၁၅ မတ် ၁၆ မှ  ၂၇   ထိ 
ရန်ကုန်မြို့တွင်ကျင်းပမည်။


အင်တာနယူးစ်က လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြခြင်း သင်တန်းကို ရန်ကုန်မြို့တွင် ၂ ပတ်ကြာ ကျင်းပမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ကျင့်သုံးနိုင်မှု အခြေအနေများကို လေ့လာခြင်း၊ ပြည်သူများနှင့် အရပ်ဖက် အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို သင်တန်းကာလအတွင်း လေ့လာရေးသား ကြရမည် ဖြစ်သည်။

အင်တာနယူးစ်က ထုတ်ဝေထားသော Speak Up, Speak Out ဟု အမည်ရသည့် လူ့အခွင့်အရေး အကြောင်းအရာများ သတင်းပို့ရေးသားခြင်း လက်စွဲ စာအုပ်ကို ကိုးကား လေ့လာကြမည်ဖြစ်ပါသည်။

သင်တန်းကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး သင်တန်းကာလ (၁၀) ရက်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ၊ မီဒီယာနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင်သည့် တစ်ရက်တာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်တို့ ပါဝင်မည်ဖြစ်သည်။

သင်တန်းနေရာ           Internews သင်တန်းကျောင်း ( သင်တန်းရွေးချယ်ခံရသူများကို နေရာ အတည်ပြု ပြောကြားမည် ဖြစ်ပါသည် )
နေ့ရက်                              မတ်  ၁၆  မှ   ၂၇   ထိ

ကတိပြုရန်                သင်တန်း တက်ရောက်သည့် သတင်းထောက်များသည် သင်တန်းကာလအတွင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ၊ ခရီးစဉ်များမှ ရရှိလာသည့် အချက်အလက်များကို အသုံးချ၍ သင်တန်းပြီးဆုံးပြီး တစ်ပတ်အတွင်း သတင်း အနည်းဆုံး ၂ ပုဒ် ထုတ်လုပ်ရမည်ဖြစ်ကာ သတင်းအယ်ဒီတာများ အနေဖြင့် မိမိတို့ သတင်းဌာနတွင် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သတင်းများဖော်ပြနိုင်စေရန် ဦးဆောင် လမ်းညွှန်ရမည်ဖြစ်သည်။

တက်ရောက်လိုပါက info@jschoolnewslab.com တွင် လျှောက်လွှာ တောင်းယူနိုင်ပြီး၊  info@jschoolnewslab.com သို့ ဖေဖော်ဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားကာ လျှောက်ထား နိုင်ကြပါသည်။
..............................

Journalism Training on Cross-border Issues
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို သတင်းယူရေးသားနိုင်ရန် အတွက် နယ်စပ်ဖြတ်ကျော် သတင်းရေးသားနည်းသင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ပါမည်။ 

နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လေ့ရှိသည့် လူကုန်ကူးမှုပြဿနာများ၊ ကျား/မ ခွဲခြားခံရမှုများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ဒုက္ခသည်စခန်းများအတွင်း ကြုံတွေ့ရသည့် ပြဿနာများ၊ အလုပ်သမားပြဿနာများနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများကို သတင်းယူရေးသားနိုင်ရန်အတွက် အထူးပြု သင်ကြားသွားပါမည်။

သင်တန်းကို သြစတြေးလျလူမျိုး သတင်းစာဆရာ Phil Thornton က ဦးဆောင်သင်ကြားပါမည်။ Phil Thornton သည် ကရင်နှင့် မြန်မာဒုက္ခသည်များအကြောင်းကို ဖော်ပြထားသည့် Restless Souls စာအုပ်ကို ၂၀၀၆ ခုနှစ်က ရေးသားခဲ့သူဖြစ်ပြီး ယခုအခါတွင် မဲဆောက်မြို့တွင် နေထိုင်သည်မှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link တွင် ပါရှိသော လျှောက်လွှာဖောင်ကို ဖြည့်ပြီး thihamaungmaung@gmail.com သို့ ပေးပို့ လျှောက်ထားရပါမည်။ လျှောက်ထားသူများအနေဖြင့် Valid ဖြစ်သော ပတ်စ်ပို့ရှိရန် လိုအပ်ပြီး ပတ်စ်ပို့ Scan Copy ကို ပူးတွဲပေးပို့ရပါမည်။ လျှောက်ထားဆဲ ဖြစ်ပါက စလစ် (ပတ်စ်ပို့ရွေးယူသည့် စာရွက်) Scan Copy ကို ပူးတွဲပေးပို့ရပါမည်။ 

လျှောက်ထားသူများအနေဖြင့် လျှောက်လွှာကို ဖေဖော်ဝါရီ ၂၂ ရက် (တနင်္ဂနွေနေ့) ည ၁၂ နာရီ နောက်ဆုံးထား ပေးပို့ရပါမည်။ ရွေးချယ်ခံရသူများကို ဖေဖော်ဝါရီ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) ညနေတွင် အကြောင်းပြန်သွားပါမည်။
...................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More