Monday, February 3, 2014

မင်းကိုင်နိုင်နှင့်အဖွဲ့ တနင်္သာရီတိုင်းအတွင်း စာပေဟောပွဲများ ဆက်တိုက် ပြုလုပ်မည်

|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မင်းကိုနိုင်နှင့် အဖွဲ့သည် ဖေေါ်ဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး တနင်္သာရီတိုင်းအတွင်းတွင် စာပေဟောပြောပွဲများကို ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်)မှ ဦးကျော်ကျော်သက်က ပြောသည်။

(၂၀၁၂ ခုနှစ် မေလအတွင်းက မင်းကိုနိုင်တို့အဖွဲ့ ထားဝယ်ရောက်စဉ်)

ယင်းခရီးစဉ်တွင် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့်အတူ ဂျင်မီ၊ ကိုကိုလှိုင်၊ ထင်လင်းဦးနှင့် စမ်းချောင်း ကိုကိုကြီးတို့ လိုက်ပါလာမည်ဖြစ်ပြီး ဖေေါ်ဝါရီလ ၁၇ ရက် နေ့ ည ၇ နာရီ၌ ထားဝယ်မြို့ဆိပ်ကမ်းသာခန်းမတွင် စာပေဟောပြောပွဲ ပြုလုပ်မည်ဟု ၄င်းက ပြောဆိုသည်။

“၁၈ ရက်နေ့ မနက်ပိုင်းမှာ လောင်းလုံး၊ ညပိုင်းမှာ သရက်ချောင်းတို့မှာ စာပေဟောပြောပွဲ ပြုလုပ်သွားမယ်”ဟု ဦးကျော်ကျော်သက်က ဆိုသည်။

ဖေေါ်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သဲချောင်းကြီးကျေးရွာ၊ ညပိုင်းတွင် ပုလောမြို့၊ ၂၀ရက်နေ့ ညတွင် ကျွန်းစုမြို့၊ ၂၁ ရက်နေ့ညတွင် မြိတ်၊ ၂၃ရက်နေ့ညတွင် ခမောင်းသွယ်၊ ၂၄ရက်နေ့ညတွင် ဘုတ်ပြင်းနှင့် ၂၅ ရက်နေ့ညတွင် ကော့သောင်းမြို့တို့တွင် စာပေဟောပြောပွဲ အသီးသီးကို ပြုလုပ်သွားမည်ဟု ယင်းခရီးစဉ် ဖြစ်မြောက်ရေးအတွက် ကူညီ ပေးနေသော လူအခွင့်အရေးစောင့်ကြည့်လေ့လာသူ ဦးသန်းဝင်းက ရှင်းပြသည်။

“၂၈ရက်နေ့မှာ ပြုလုပ်တဲ့ ၈၈ ညီလာခံကို တက်ရောက်ဖို့ ၂၆ ရက်နေ့မှာ ရန်ကုန်ပြန်လိမ့်မယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

၂၀၁၂ခုနှစ်တွင် မင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် ၅ ဦးသည် ထားဝယ်ခရီးစဉ် လာရောက်စဉ်က လောင်းလုံးမြို့ရှိ ကျေးရွာတစ်ရွာသို့ ဖြတ်သန်းစဉ်  သက်ဆိုင်ရာမှ ဒေသခံများကို ကြိုဆိုခွင့်မပြုဟူသည့်  ကန့်သတ်မှုအချို့ရှိခဲ့သဖြင့် ယင်းကန့်သတ်ချက်ကို ဆန့်ကျင်၍ လမ်းမကြီးနဘေးရပ်နားကာ ဟောပြောပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

၂၀၁၃ခုနှစ်တွင် မြိတ်၊ကျွန်းစု၊ ကော့သောင်းမြို့များသို့ လာရောက်ခဲ့ကြသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More