Tuesday, February 18, 2014

ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မှုဆောင်ကော်မီတီရွေးချယ်

Dawei Watch | ထားဝယ်၊ ဖေဖော်ဝါရီ ၁၈

စတင်ထည်ထောင်စ ပါတီတစ်ခုဖြစ်သော ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ သက်တမ်း ၂ နှစ်သာ တာဝန်ယူသွားဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။ 

 (ဓာတ်ပုံကို ထားဝယ်မြို့တော် Facebook မှ ယူထားပါသည်)

ပါတီ၏ ဗဟိုကော်မတီဝင်များကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရွေးချယ်အတည်ပြုပြီးနောက် ဗဟိုကော်မတီအစည်းအဝေး ချက်ချင်းကျင်းပပြီး ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စတင်ထည်ထောင်စဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ညီလာခံဖြင့် မရွေးနိုင်သေးသဖြင့် ပါတီတည်ထောင်သူများက နာယကအဖွဲ့သို့ တင်သွင်းသော ဗဟိုကော်မတီဝင်များကို လက်ရှိ စည်းရုံးရေးဆင်းထားသော ကျေးရွာများမှ ကိုယ်စားလှယ်များ၊ ပါတီ နာယက အဖွဲ့ဝင်များ၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအေးမင်းက ပြောကြားသည်။

ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ကျယ်ပြန့်သော ညီလာခံဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ ငါးနှစ်သက်တမ်းရှိ ဗဟိုကော်မတီဝင်များကို ရွေးချယ်မည်ဖြစ်ပြီး ယင်းမှ တဆင့် ဗဟိုအလုပ်မှုဆောင် ကော်မတီကို ရွေးချယ်မည်ဖြစ်ကြောင်း ဦးအေးမင်းကဆိုသည်။

ပါတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးအေးမင်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးလူအေး၊ ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် ဦးမောင်မောင်အေး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဒေါ်နွယ်နီသိန်း၊ အတွင်းရေးမှူး  (၁) အဖြစ် ဦးရဲလင်းမြင့်၊ အတွင်းရေးမှူး (၂) အဖြစ် ဦးအောင်လင်း တို့ပါဝင်သော ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ၂၁ ဦးက ယခု ၂ နှစ် သက်တမ်းကို တာဝန်ယူသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီသည် ထားဝယ်လူမျိုး သက်တမ်းတစ်လျှောက် ပထမဆုံး ပေါ်ပေါက်လာသော နိုင်ငံရေးပါတီဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More