ထက်အောင်ကျော် (၀၇-၀၂-၂၀၁၄)
လင်းခေး။
တောင်ကြီးကနေအထွက် ပထမဆုံးတွေ့ရတဲ့မြို့က ဟိုပုံး။ ဒီမြို့ဟာ အေးသာယာနဲ့ ဟဲဟိုးတို့လို တောင်ကြီး ထက်အများကြီးနိမ့်တဲ့ လွင်ပြင်မဟုတ်ပေမဲ့ မြေပြန့်အတော်များများရှိတဲ့မြို့ပါ။ မြို့လယ်မှာတော့ ထူးထူး ခြားခြား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးရုံးခန်းဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ပျောက်ကျား ယူနီဖောင်းဝတ် M16 သေနပ်ကိုင်ပြိး ဆိုင်ကယ်စီးနေတဲ့ လက်နက်ကိုင်တွေကို တွေ့ခဲ့ရပါတယ်။
KNU (ကရင့်အမျိုးသားအစည်းရုံး) နဲ့ မွန်ပြည်သစ်နယ်မြေဖြစ်တဲ့ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ သထုံ၊ ဘီးလင်းဖက်ကိုကားနဲ့ဖြတ်သွားဖူးပေမဲ့ တော်လှန်ရေးအဖွဲ့တွေ ဒီလိုမျိုးလက်နက်ကိုင်ပြီးမြို့ထဲ သွားနေတာ မတွေ့ဖူးတော့ ဒီမြင်ကွင်းက အထူးအဆန်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကွာတာက ဟိုမှာက တော်လှန်ရေး အဖွဲ့တွေရဲ့ဆက်ဆံရေးရုံးခန်းပဲရှိပြီး ဒီမှာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးခန်းပါရှိတယ်ဆိုတော့ ဒီမြို့ကိုပါ သူတို့အဖွဲ့က အုပ်ချုပ်ခွင့်ရထားတဲ့သဘောလား။
ဟိုပုံးအလွန် ရေထွက်စခန်းမှာ ခရီးသည်ကားအားလုံးနီးပါးရပ်ပြီး နေ့လည်စာစားကြပါတယ်။ ကျနော် စိတ်ထဲမှာတော့ ရှမ်းပြည်ဖက်ကဆိုင်တွေက ပြည်မဖက်ကဆိုင်တွေထက် ပိုသန့်ပြန့်နေသလိုပါပဲ။ တောင်စောင်းတွေများပြီး ရေးစီးရေလာကောင်း၊ လေ၀င်လေထွက်ကောင်းတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲဒီရေထွက်အလွန် တောင်ကြီးတလုံးကိုကျော်ပြီးမှာတော့ နာမည်ကြီးလှတဲ့ ထမ်ဇန့် (ဆင်ဂူ) ဂူဆီ ရောက်ပါတယ်။
ပြည်မက ဘုရားဖူးအတော်များများ ဒီဂူအထိသာလာကြပြိး ဒီကနေရှေ့ကိုကျော်သွားလေ့မရှိကြဘူးလို့ ကားသမားတွေကပြောပါတယ်။ အလားတူ နိုင်ငံခြားသားတွေလဲ ဒီဂူကိုကျော်ပြီး ရှေ့တိုးသွားခွင့်မရှိဘူးလို့ အရင်ခေတ်က တားမြစ်ထားကြောင်း သိရပါတယ်။ အခုငြိမ်းချမ်းရေးခေတ်မှာတော့ ဒီလိုတား ထားတာမရှိတော့ဘူးလို့ကြားရပေမဲ့ မသေချာလှပါ။ သေချာတာကတော့ ဟိုပုံးလွန်ပြီးကတည်းက အနောက်တိုင်းသားတဦးမှမတွေ့မိတော့ပါ။ အင်းလေးကန်မှာတွေ့မိတဲ့ ကမ္ဘှာလှည့်ခရီးသည်တွေအားလုံး ဒီဖက်ကိုမလာပဲ တောင်ကြီးကနေပဲ လှည့်ပြန်သွားကြတယ်ထင်ပါရဲ့။
တောင်ကြီး-လင်းခေးလမ်းဟာလဲ ကျနော်တို့ ထားဝယ်-ရေး ကြားက မလွဲတောင်လမ်းလိုပါပဲ။ တဖက်က တောင်နံရံ၊ တဖက်ကလျှိုမြောင်။ မတော်တဆ ကားလမ်းချော်သွားရင်တော့ မတွေးဝံ့စရာ။ ဒါပေမဲ့ အရင်နှစ်တွေနဲ့စာရင် ဒါဟာလမ်းအခြေနေအလွန်တိုးတက်ကောင်းမွန်လာတယ်လို့ ကားဆရာတွေက ပြောပါတယ်။ ထားဝယ်ဖက်သွားတုန်းကလဲ ကားဆရာတွေက ဒီလိုပဲပြောတာပါပဲ။ အဲဒီလိုအလွန်တိုး တက်လာပါတယ်ဆိုတဲ့ လမ်းအခြေနေဟာ ပြည်ပကနေရောက်လာသူတဦးအတွက်တော့ သဲထိန့်ရင်ဖို စွန့်စားခန်းအဆင့်မှာရှိနေဆဲပါ။
စိုင်းထီးဆိုင်ရဲ့မွေးရပ်မြေ ရှမ်းပြည်တောင်ပိုင်းက လင်းခေးမြို့ဆီ သွားနေတယ်ဆိုပေမဲ့ စိတ်ထဲမှာတော့ စိုင်းဆိုင်မော်ရဲ့ ရှမ်းပြည်မြောက်ပိုင်းက မူဆယ်-နမ့်ခမ်းလမ်း၊ ''မြောက်ပိုင်းလမ်း'' သီချင်းကိုကြားရောင်နေ မိပါတယ်။
ဟိုပုံးလွန်ပြီးကတည်းက မတ်စောင့်၊ ကျဉ်းမြောင်း၊ အကွေ့အကောက်များလှတဲ့ တောင်တက်လမ်းဟာ ကြောက်တတ် သူတွေအဖို့ တကယ်ကိုကြောက်စရာ။ ကားမူးတတ်သူတွေဆိုရင်လဲ မမူးပဲဘယ်လိုမှ မနေနိုင်တဲ့ နေရာမျိုးပေါ့။ ဒါပေမဲ့ အဲဒီနှစ်ခုကိုမေ့ထားပြီး သဘာဝအလှကိုလေ့လာနိုင်မယ်ဆိုရင်တော့ ဒီလမ်းဟာ တကယ့်ကိုလှပတဲ့ ပန်းချီကားတချပ်ကို မြင်နေရသလိုပါပဲ။ စိမ်းစိုနေတဲ့တောအုပ်တွေ၊ အကွေ့အကောက်ကြားထဲက ခေါင်းပြူထွက်လာတဲ့ကားလေးတွေ၊ သစ်ရွက်စိမ်းအနံ့ပါတဲ့ လေအေးတွေ၊ တခါတရံမှာတော့ ဖုန်မှုန့်တွေပေါ့။
''ဒါတောင် သစ်တောတွေ အတော်ပြုန်းသွားလို့။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကဆိုရင် တလမ်းလုံး သစ်ပင် တွေအုပ်ဆိုင်းနေတာ။ နေရောင်တောင်မမြင်ရလို့ ကားလမ်းမက အမြဲတန်းစိုနေတာ'' ဆိုပြီး ခရီးသည် တဦးက ပြောပါတယ်။ သူပြောပြီးသိပ်မကြာခင်မှာ သစ်ကား ၂ စီးဖြတ်သွားတာကိုတွေ့ရပါတယ်။ ဘယ်ကုပ္ပဏီ၊ ဘယ်အဖွဲ့တွေက ကားလဲဆိုပြီးသိချင်လို့အသေချာကြည့်ပေမဲ့ အဲဒီကားနောက်မှာ နံပတ်ပြား မရှိပါဘူး။ ဒေသခံအာဏာပိုင်တွေနဲ့ မပိုင်ပဲနဲ့တော့ နံပတ်မဲ့ကားနဲ့ သစ်ခိုးသယ်လို့ ဘယ်ဖြစ်မလဲ။
ဖုံရနံ့နဲနဲသင်းနေတဲ့ တောတောင်ရနံ့ကို နာရီဝက်ခန့်လေ့လာပြီးတဲ့နောက်မှာတော့ မိုင်းပွန်မြို့ထဲ ၀င်လာ ပါတယ်။ မိုင်းပွန်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြိး မိုင်းပွန်စော်ဘွားစပ်စံထွန်းရဲ့မြို့ပေါ့။ ဒါပေမဲ့ ကားသမားက မိုင်းပွန်စော်ဘွားရဲ့ ဟော်နန်းနေရာကို သိပုံမရ။ ကျနော်ကလဲ သူကားကိုစင်းလုံးဖြတ်ငှားလာတော့မဟုတ်တော့ မိုင်းပွန်ဟော်နန်းကို သွားကြည့်ချင်တယ် ပြောလို့ ဘယ်ဖြစ်မလဲ။
မိုင်းပွန်မြို့ကနေ ထွက်လာတော့ နောက်ထပ်အလားတူတောင်တွေကိုထပ်ဖြတ်ရပါတယ်။ ကျနော်စိတ် ထဲမှာတော့ မိုင်းပွန်နဲ့လွိုင်လင်ကြားက တောင်တန်းတွေက ဟိုပုံးနဲ့မိုင်းပွန်ကြားကတောင်တွေထက် ပိုမြင့်သလိုပါပဲ။ အဲဒီ အမြင်နီးပြီး ခရီးဝေးတဲ့တောင်တန်းအဆင့်ဆင့်ကို နာရီဝက်ကျော်ထပ်ဖြတ်သန်းပြီး တဲ့အခါမှာတော့ လွိုင်လင်မြို့ဆီ ရောက်လာပါတယ်။
လွိုင်လင်ဟာ ဒီဒေသရဲ့အချက်အချာကျတဲ့မြို့။ ခရိုင်မြို့၊ ဆေးရုံတွေ၊ ကျောင်းတွေရှိပြီး လင်းခေးသား စိုင်းထီးဆိုင်တောင် ဒီမြို့မှာ အထက်တန်းကျောင်း လာတက်ခဲ့တယ်လို့သိရပါတယ်။ ပြီးတော့ ဒီမြို့ဟာ ပြည်ထောင်စုကျောက်တိုင်ရှိတဲ့ သမိုင်းဝင်ပင်လုံမြို့ဆီသွားတဲ့ လမ်းခွဲမြို့ပါ။ ဒီမြို့ကနေ နောက်ထပ် ၆ မိုင်၊ သို့မဟုတ် မီနစ် ၂၀ လောက်ကားမောင်းလိုက်ရုံနဲ့ ပင်လုံမြို့ကိုရောက်နိုင်ပါတယ်။
ဒါပေမဲ့ ကျနော်စီးလာတာက ပင်လုံကားမဟုတ်။ လင်းခေးကိုသွားတဲ့လိုင်းကားဆိုတော့ ပင်လုံကိုခဏ ၀င်ချင်တယ်သွားပြောလို့ မဖြစ်ပြန်ဘူး။ လွိုင်လင်မြို့ ဒီဖက်အထွက်နားမှာတော့ ခရစ်ယန်မစ်ရှင် ကျောင်းတခုကိုတွေ့ရပြိး အဲဒီကျောင်းအလွန်မြို့အစွန်မှာတော့ အနာကြီးဆေးရုံသို့လို့ စာတန်းကပ်ထားတဲ့ ဆိုင်းဘုတ်တခုတွေ့ရပါတယ်။ ဒီဆေးရုံနဲ့ ဘိန်းဖြတ်တဲ့ကိစ္စတွေကို မစ်ရှင်အဖွဲ့တွေ၊ NGO တွေက တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့လဲ ကြားရပါတယ်။
လွိုင်လင်မြို့နယ်အထွက်နားမှာတော့ UNODC (မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး) တံဆိပ်ပါတဲ့ ဆိုင်းဘုတ်နဲ့စိုက်ခင်းတခုကိုတွေ့ရပါတယ်။ ဘိန်းအစားထိုးသီးနှံစိုက်ခင်းလို့ထင်ပြီး ဓာတ်ပုံ လှမ်းရိုက်လာပေမဲ့ အသေချာပြန်ကြည့်တော့ ထင်ထားသလိုမဟုတ်။ ''တောင်စောင်း ကွန်တိုကန်သင်း စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသောစိုက်ခင်း'' (ဟိုတင့်-မလန်းကျေးရွာ)၊ ဂျာမဏီနိုင်ငံမှ ပံ့ပိုးကူညီသည်လို့ သာ အဲဒီဆိုင်းဘုတ်မှာတွေ့ရပါတယ်။
လွိုင်လင်မြို့နယ်အထွက် ကွေ့ကောက်၊ မတ်စောက်၊ ကျဉ်းမြောင်းတောင်တန်းလမ်းအလွန်မှာတော့ မြေပြန့်လို့ထင်ရတဲ့ နမ့်စမ်မြို့နယ်ထဲရောက်လာပါတယ်။ ဒီမြို့ဟာ မိုင်းပွန်တို့၊ လွိုင်လင်တို့ထက် ပိုစည်းကား တယ်လို့ထင်ရပြီး Pajero တံဆိပ် လေးဘီးယက်ကားအတော်များများကို လမ်းပေါ်မှာတွေ့ရပါတယ်။ အဲဒီထဲကတချို့ဟာ စစ်ဖက်အရာရှိတွေ၊ ငြိမ်းအဖွဲ့အရာရှိတွေပိုင်တဲ့ကားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်စမ်မှာ အမှတ် ၇၁ အုပ် လေတပ်စခန်းရှိပြီး တခါတရံမှာ အရပ်ဖက်လေယဉ်တွေလဲ ဆင်းတယ်လို့ သိရပါတယ်။ ကျနော်ထိုင်ခဲ့တဲ့ လဖက်ရည်ဆိုင်ဘေးနားမှာလဲ ကမ္ဘောဇအပါဝင် လေယဉ်လက်မှတ် ရောင်းနေတဲ့ရုံးခန်းတွေကိုမြင်ခဲ့ရလို့ အရပ်ဖက်လေယဉ်တွေ ပုံမှန်ဆင်းနေတယ်လို့ပဲ ထင်ထားခဲ့တာ ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက နမ့်စမ်။ မိုးနဲ၊ လင်းခေးဖက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယဉ်ကို နမ့်စမ်ကွင်းမှာဆင်းခွင့်မပေးဘူးဆိုတော့ အတော်အံ့သြသွားပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်လဲ ကျနော့်လိုပဲ တောင်ကြီးကနေ လင်းခေးအထိ ကားစီးပြီးသွားခဲ့ရပေါ့။ နမ့်စမ်အကြောင်းပြန်ကောက်ရမယ်ဆိုရင် ဒီမြို့ဟာ လင်းခေး-မိုင်းတုန်ဖက်သွားတဲ့လမ်းနဲ့ ကျိုင်းတုံ-တာချီလိတ်ဖက်သွားတဲ့လမ်းတွေရဲ့ လမ်းဆုံမြို့လဲဖြစ်ပါတယ်။ ငြိမ်းအဖွဲ့ပေါင်းစုံရဲ့ ရုံးခန်းတွေရှိတဲ့မြို့ လဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီဒေသမှာ ဗျုဟာအရအရေးပါဆုံးမြို့လို့ဆိုနိုင်ပါ တယ်။
နမ့်စမ်နဲ့ မိုးနဲကြားမှာတော့ ဘာတောင်မှမရှိတော့။ လမ်းဘေးမြေကလဲနီကျင်ကျင်နဲ့ဆိုတော့ အညာ ကိုရောက်နေသလိုပါပဲ။ သစ်ပင်တွေကလဲ တောင်ကြီး-လွိုင်လင်ဖက်မှာလို ထင်းရူးပင်တွေမရှိတော့။ အညာဖက်ကအပင်တွေနဲ့ခပ်ဆင်ဆင်။ ပြီးတော့ ပျက်ယွင်းစပြုနေတဲ့ ရထားလမ်းတခုကိုလဲ နမ့်စမ်နဲ့ မိုးနဲမြို့ကြားမှာတွေ့ခဲ့ရပါတယ်။ မိုးနဲကိုတော့ ဖြတ်သွားရုံသက်သက်ပါပဲ။
မိုးနဲနဲ့ လင်းခေးကြားမှာတော့ မိုင်းပွန်နဲ့လွိုင်လင်ဖက်ကလို မြင့်မားကွေ့ကောက်တဲ့ တောင်တန်းကြီးတခုကို ထပ်ဖြတ်ရပါတယ်။ တောင်ဆင်းလမ်းအလွန် ကျွန်းတောထဲရောက်တာနဲ့ စစ်တပ်စခန်းတခုကို ဘွားကနဲ တွေ့လိုက်ရပါတယ်။ စစ်စခန်းအလွန်မှာတော့ ခြံစည်ရုံးတွေကာရံထားတဲ့ဘေးက လင်းခေးမြို့အ၀င် ဆိုင်းဘုတ်။ ပင်လယ်ရေမျက်နှာပြင်ထက် ၉၉၆ ပေဆိုတော့ ပေ ၄၀၀၀ ကျော်မြင့်တဲ့ ရှမ်းရိုးမပေါ်ကနေ မြေပြန့်ကိုပြန်ရောက်သွားတဲ့သဘောမျိုး။
အသစ်ဆောက်ထားပုံရတဲ့ စစ်စခန်းကလွဲရင် ကျန်တဲ့မြို့အ၀င်အခင်းအကျင်းအားလုံးဟာ စိုင်းထီးဆိုင် မကွယ်လွန်ခင်ရေးသွားပြီး ဘိုဖြူပြန်ဆိုထားတဲ့ ''လင်းခေးအ၀င်'' MTV သီချင်းထဲကအတိုင်းပါပဲ။ မြို့ဟိုဖက်မှာတော့ ကားလမ်းကိုကန့်လန့်ဖြတ်ပိတ်ထားတယ်လို့ထင်ရတဲ့ မြင့်မားလှတဲ့တောင်တန်းကြီး တခု။ ''တိမ်လွှာတိမ်လိပ် အနားရောက်အောင် တောင်ပြာတွေအဆင့်ဆင့်'' ဆိုတာ ဒီလွိုင်လုံတောင် တန်းကြီးကို ညွှန်းတာဖြစ်ပုံရပါတယ်။
အဲဒီ တောင်နဲ့လင်းခေးမြို့ကြားမှာတော့ နမ့်တိန်းချောင်း။ ၀ါးနဲ့လုပ်ထားတဲ့ရေဒလက်တွေနဲ့ ရေတင်ပြီး စိုက်ပျိုးရေးလုပ်နေကြတာ တွေ့ရပါတယ်။ အဲဒီ နမ့်တိန်းချောင်းကိုကျော်ပြီး ၅ မိုင်လောက် ထပ်သွားရင် နောက်ထပ် စစ်တပ်စခန်းတခုရဲ့ ဘေးနားမှာ ရေပူစမ်းတခုရှိပါတယ်။ ကျနော်ရောက်သွားတဲ့အချိန်က ဒီဇင်ဘာနှောင်းပိုင်းဆိုတော့ လင်းခေးမှာ အတော်အေးနေပါတယ်။ ၁၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်လောက် ရှိလိမ့်မယ်လို့ထင်ရပြီး မနက် ၁၀ နာရီလောက်အထိ နေရောင်ကို မမြင်ရပဲ မြူတွေဆိုင်းနေပါတယ်။ အဲဒီအချိန်မှာ ရေပူစမ်းဆီသွားပြီး ရေနွေးစိမ်ရတဲ့အရသာက အတော်ထူးကဲလှပါတယ်။
ဒါပေမဲ့ စိတ်မကောင်းတာ၊ ဒါမှမဟုတ် အားမလိုအားမရဖြစ်မိတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင် ရာပညာပေးမှုအားနဲနေခြင်းပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီလိုမနက်အစောကြီးမှာကတည်းက လူငယ် တချို့သောက်စားပြီးကျန်နေတဲ့ ဘီယာဗူးခွန်တွေ၊ ရေပုလင်းခွံတွေ၊ ပလစတစ်စတွေကို ကျွန်းပင်တွေကြား ဖြစ်သလိုပစ်ထားကြတာကို ရေပူစမ်းဘေးမှာတွေ့ခဲ့ရလို့ပါ။
ဒီထက်ပိုစိတ်မကောင်းဘွယ်ကတော့ ကျွန်းသစ်တောဟာ ရေပူစမ်းပတ်လည် တမိုင်ဝန်းကျင်လောက်ပဲ ကျန်တော့ပြိး အခြားအပင်အားလုံး လွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်း ပြည်မက အစိုးရနဲ့နီးစပ်တဲ့ ကုပ္ပဏီ ကြီးတခုက လာခုတ်ယူသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဦးတေဇပိုင်တဲ့ ထူးကုပ္ပဏီက လာခုတ် တာဆိုပြီးဒေသခံတွေကပြောပေမဲ့ ထားဝယ်ကနေ လင်းခေးရောက်တဲ့အထိ သစ်ခုတ်သမားဟာ ဦးတေဇ တဦးတည်းဖြစ်နေတဲ့အတွက် သိပ်မယုံချင်တော့ပါ။
လင်းခေးမြို့အ၀င် သီးချင်းကိုပြန်ကောက်ရမယ်ဆိုရင် အဲဒီသီချင်းထဲက စိုင်းထီးဆိုင်ရဲ့မိဘအိမ်နဲ့ ဆွေမျိုး တချို့ကိုကျနော်တွေ့ခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းဝန်ခံရရင် တေးဆိုသူစိုင်းထီးဆိုင်ရဲ့အိမ်နဲ့ တေးရေးသူ စိုင်းလမ်းလိတ်ရဲ့အိမ်ကို ကျနော်ဟာ သိပ်မကွဲလှပါ။ ''အိမ်ရှေ့က မက်မန်းပင်၊ အိမ်နောက်က ယူကလစ်ပင်၊ အိမ်ထောင့်က ချယ်ရီပင်တွေ၊ ထင်းရှူးပင်တွေ အစီအရီပတ်ဝိုင်းလို့ စိမ်းလမ်းစိုပြေနယ်မြေလေး...'' ဆိုတဲ့သီချင်းစာသားက ကျနော်နားထဲစွဲနေတော့ ဒီလိုအခင်းအကျင်းတွေ စိုင်းထီးဆိုင်ရဲ့အိမ်ဘေးမှာ ရှိနေမယ်လို့ပဲထင်ထားခဲ့တာပါ။
တကယ်တန်းသူ့အိမ်ကိုရောက်သွားတော့ တောင်ပေါ်မှာပေါက်တဲ့ အဲဒီအပင်တွေ တပင်မှမရှိ။ သူ့အိမ်က တောင်ကုန်းပေါ်မှာလဲ မဟုတ်။ မြို့လယ်ဈေးနားက ရှေးဟောင်းနှစ်ထပ်သစ်သားအိမ်ကြီး။ မန်းကျည်းပင်နဲ့ တမာပင်ကိုသာ သူ့အိမ်ဝန်းကျင်မှာတွေ့ရပါတယ်။ လင်းခေးမြို့ထဲမှာလဲ မန်းကျဉ်းနဲ့တမာ အတော်များများ တွေ့ရပြီး တချို့နေရာတွေမှာဆိုရင် ထနှောင်း၊ သနပ်ခါး၊ ကျွန်းနဲ့ ထန်းပင်တွေကိုပါ တွေ့ရပါတယ်။ ဒါကြောင့်လဲ လင်းခေးကို ရှမ်းပြည်ထဲက အညာမြို့လို့ ခေါ်ကြတာဖြစ်မယ်ထင်ပါတယ်။
''ဒီနောက်က လေသာဆောင်က သူငယ်ငယ်တုန်ုးက သီချင်းဆိုတဲ့နေရာ။ ဟိုနောက်က ဆေးပေါင်းဖိုက သူရဲ့စတူဒီယိုပေါ့'' လို့ စိုင်းထီးဆိုင်ရဲ့ ဆွေမျိုးတဦးက ကျနော်ကိုပြသရှင်းပြနေပါတယ်။ လင်းခေးဆိုတာ ဗာဂျီးနီးယားဆေးနဲ့ နာမည်ကြီးတဲ့မြို့။ စိုင်းထီးဆိုင်ရဲ့မိဘတွေက အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေ။ ဒူးယား၊ ခပေါင်းခေတ်က ဒီဆေးတွေကိုအဓိကအားထားခဲ့ရတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အဲဒီဆေးပေါင်းဖိုတွေက စိုင်းထီးဆိုင်ငယ်ငယ်ကတည်းကတောင် စတူဒီယိုဖြစ်နေပြီဆိုတော့ လင်းခေးမှာ ဗားဂျီးနီးယားဆေးမပေါင်းတာ နှစ် ၃၀ လောက်ရှိနေပြီဆိုတဲ့သဘော။ ဒါပေမဲ့ ဆေးရွက် ကြီးစိုက်ခင်းတွေကိုတော့တွေ့နေရဆဲဖြစ်ပြီး တရုတ်ဖက်ကနေ အ၀ယ်လိုက်နေတယ်လို့ တောင်သူတဦးက ပြောပါတယ်။
မနက်ပိုင်းတခုမှာတော့ အလှူပွဲရှိတယ်ဆိုလို့ နာမည်ကြီးတရားစခန်းရှိတဲ့ဘုန်းကြီးကျောင်းဆီ ကျနော် ရောက်သွားပါတယ်။ ဘုန်းကြီးကျောင်းသွားမယ်ဆိုတော့ အေးမှန်းသိလျက်နဲ့ ဘောင်းဘီမ၀တ်ပဲ ပုဆိုးနဲ့ အကျီဖြူကိုဆင်မြန်းသွားပါတယ်။ ဒါပေမဲ့ ကျောင်းရောက်သွားတော့ ကျနော်မှအပ ကျန်တဲ့အမျိုး သားအားလုံး ရှမ်းဘောင်းဘီတွေနဲ့။ ကံကောင်းတာကတော့ ရှမ်းပြည်က ဒီဘုန်းကြီးကျောင်းဝင်းထဲမှာ ဖိနပ်ချွတ်စရာမလိုပါ။ ကျောင်းပေါ်တက်မှ ဖိနပ်ချွတ်ရပါတယ်။ ဒီဒေသကဖိနပ်ဥပဒေက ထိုင်းနိုင်ငံနဲ့ တူတယ်ပြောရမလားပါပဲ။ (ကျိုက်ထီးရိုးဖြစ်စဉ်နဲ့ ပြန်နှိုင်းယှဉ်ရန်)။
ရှမ်းစကားကလဲ ထိုင်းစကားနဲ့အတော်နီးစပ်ပါတယ်။ ဒီမြို့မှာ အများစုက ရှမ်းတိုင်းရင်းသားတွေဖြစ်တဲ့ အတွက် ရှမ်းဘာသာကို အဓိကပြော၊ ရှမ်းဝတ်စုံကိုအဓိက၀တ်။ တရားဟောတာတောင် ရှမ်းဘာသာနဲ့ ဟောတဲ့အခါကျတော့ သူ့စကားမတတ်ရင် ဆက်သွယ်ရေးက သိပ်မလွယ်ပါ။
ဘာသာစကားနဲ့ ၀တ်စားဆင်ရင်ပုံတင်ကွဲပြားတာမဟုတ်။ အစားအသောက်ကလဲ ပြည်မနဲ့ဘာမှမဆိုင်။ လင်းခေးကိုရောက်ရောက်ချင်း စားရတဲ့မနက်စာက ထိုဟူးနွေး၊ ရှမ်းဟင်းထုတ်နဲ့ ရှမ်းထမင်းချဉ်။ စားလို့ အတော်ကောင်းပေမဲ့ ပုံပန်းသဏ္ဍန်နဲ့ အရသာကို ကျနော်မရှင်းပြတတ်ပါ။ ဒီနေ့ကျောင်းကအလှူမှာတော့ မနက်ပိုင်းမှာ ရှမ်းမုန့်တီကျွေးပါတယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့မတူပြန်ပါဘူး။ ပြီးတော့သူနဲ့တွဲစားတဲ့ သဘောင်္သီးကြော်။ ရေနွေးကြမ်းနဲ့တွဲသောက်ဖို့ ကောက်ညင်းပေါင်းထုပ်။ ပြန်ပေါင်းထုပ်လို့လဲ သူတို့ က ခေါ်ကြပါတယ်။
နေ့လည်စာတော့ ထမင်းပဲကျွေးပါတယ်။ ဒါပေမဲ့ဟင်းတွေက ပြည်မကဟင်းတွေနဲ့မတူပြန်ပါဘူး။ ၀က်သား ပေါင်းကိုပြန်ချက်ထားတဲ့ဟင်းက တမျိုးလေး။ ပြိးတော့ ရှမ်းထမင်းပွဲမှာ မပါရင်မပြီးတဲ့ နမ့်ဖစ်ဖူး (ပဲပုတ်ရေဖျော်)။ ကျနော်တို့ထားဝယ်တွေ စိမ်းစားငါးပိကြိုက်သလိုမျိုး ရှမ်းတွေကလဲ ပဲပုတ်မပါရင် ထမင်း စားမမြိန်ဘူးလို့ အဆိုရှိပါတယ်။ နောက်တခါ ထူးခြားတဲ့အခေါ်ဝေါ်တခု။ ''ပြည်ထောင်စုဟင်း'' တဲ့။ အသားငါးမပါ၊ ဆီလဲသိပ်မပါစေပဲ ဟင်းသီးဟင်းရွက်ချည်း သီးသန့်ချက်ထားတဲ့ သတ်သတ်လွတ် ဟင်းလို့ခေါ်ရမလား။ စားလို့အတော်ကောင်းပါတယ်။ ရှမ်းဘာသာနဲ့ ''ဖတ်ခို'' လို့ခေါ်တယ်လို့ ဆိုပါတယ်။
''ဖတ်ခို'' ကိုမြန်မာပြန်ရင် ပြည်ထောင်စုဟင်းတော့ မထွက်လောက်ပါဘူးဆိုပြီး ကျနော်ကမေးတော့ အားလုံးဝိုင်းရယ်ကြပါတယ်။ တကယ်က ရှိသမျှဟင်းသီးဟင်းရွက်တွေအားလုံးကို ရောပြီးချက်ထားတဲ့ အတွက် ပြည်ထောင်စုဟင်းလို့ နောင်ပြောင်ခေါ်ဝေါ်ခြင်းမျှသာ။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကိုသာ လိုချင်တဲ့ ရှမ်းတိုင်းရင်းသားတွေအတွက်တော့ လက်ရှိအစိုးရလက်ထက်မှာ ကျင့်သုံးနေတဲ့စနစ်ဟာ ရောသမမွှေထားတဲ့ ပြည်ထောင်စုအဆင့်ပဲရှိဦးမှာပေါ့လေလို့ ထမင်းစားရင်းနဲ့ စဉ်းစားနေမိပါတယ်။ ။

(ဟိုပုံးမြို့အလွန်မှာတွ့ရတဲ့ တောင်ပေါ်လမ်းသွား ခရီးသည်တင်ကားတစီး)

(တောင်ပေါ်လမ်းက နံပတ်မဲ့ သစ်ကားတစီး)

(နိုင်ငံခြားအကူညီနဲ့ တောင်ပေါ်စိုက်ခင်းတခု)

(အမှတ် ၇၁ အုပ် လေတပ်စခန်း)
နမ့်စမ်နဲ့ မိုးနဲကြားမှာတော့ ဘာတောင်မှမရှိတော့။ လမ်းဘေးမြေကလဲနီကျင်ကျင်နဲ့ဆိုတော့ အညာ ကိုရောက်နေသလိုပါပဲ။ သစ်ပင်တွေကလဲ တောင်ကြီး-လွိုင်လင်ဖက်မှာလို ထင်းရူးပင်တွေမရှိတော့။ အညာဖက်ကအပင်တွေနဲ့ခပ်ဆင်ဆင်။ ပြီးတော့ ပျက်ယွင်းစပြုနေတဲ့ ရထားလမ်းတခုကိုလဲ နမ့်စမ်နဲ့ မိုးနဲမြို့ကြားမှာတွေ့ခဲ့ရပါတယ်။ မိုးနဲကိုတော့ ဖြတ်သွားရုံသက်သက်ပါပဲ။
မိုးနဲနဲ့ လင်းခေးကြားမှာတော့ မိုင်းပွန်နဲ့လွိုင်လင်ဖက်ကလို မြင့်မားကွေ့ကောက်တဲ့ တောင်တန်းကြီးတခုကို ထပ်ဖြတ်ရပါတယ်။ တောင်ဆင်းလမ်းအလွန် ကျွန်းတောထဲရောက်တာနဲ့ စစ်တပ်စခန်းတခုကို ဘွားကနဲ တွေ့လိုက်ရပါတယ်။ စစ်စခန်းအလွန်မှာတော့ ခြံစည်ရုံးတွေကာရံထားတဲ့ဘေးက လင်းခေးမြို့အ၀င် ဆိုင်းဘုတ်။ ပင်လယ်ရေမျက်နှာပြင်ထက် ၉၉၆ ပေဆိုတော့ ပေ ၄၀၀၀ ကျော်မြင့်တဲ့ ရှမ်းရိုးမပေါ်ကနေ မြေပြန့်ကိုပြန်ရောက်သွားတဲ့သဘောမျိုး။
အသစ်ဆောက်ထားပုံရတဲ့ စစ်စခန်းကလွဲရင် ကျန်တဲ့မြို့အ၀င်အခင်းအကျင်းအားလုံးဟာ စိုင်းထီးဆိုင် မကွယ်လွန်ခင်ရေးသွားပြီး ဘိုဖြူပြန်ဆိုထားတဲ့ ''လင်းခေးအ၀င်'' MTV သီချင်းထဲကအတိုင်းပါပဲ။ မြို့ဟိုဖက်မှာတော့ ကားလမ်းကိုကန့်လန့်ဖြတ်ပိတ်ထားတယ်လို့ထင်ရတဲ့ မြင့်မားလှတဲ့တောင်တန်းကြီး တခု။ ''တိမ်လွှာတိမ်လိပ် အနားရောက်အောင် တောင်ပြာတွေအဆင့်ဆင့်'' ဆိုတာ ဒီလွိုင်လုံတောင် တန်းကြီးကို ညွှန်းတာဖြစ်ပုံရပါတယ်။
(နမ့်တိန်းချောင်းနဲ့ လွိုင်လုံတောင်တန်း)
အဲဒီ တောင်နဲ့လင်းခေးမြို့ကြားမှာတော့ နမ့်တိန်းချောင်း။ ၀ါးနဲ့လုပ်ထားတဲ့ရေဒလက်တွေနဲ့ ရေတင်ပြီး စိုက်ပျိုးရေးလုပ်နေကြတာ တွေ့ရပါတယ်။ အဲဒီ နမ့်တိန်းချောင်းကိုကျော်ပြီး ၅ မိုင်လောက် ထပ်သွားရင် နောက်ထပ် စစ်တပ်စခန်းတခုရဲ့ ဘေးနားမှာ ရေပူစမ်းတခုရှိပါတယ်။ ကျနော်ရောက်သွားတဲ့အချိန်က ဒီဇင်ဘာနှောင်းပိုင်းဆိုတော့ လင်းခေးမှာ အတော်အေးနေပါတယ်။ ၁၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်လောက် ရှိလိမ့်မယ်လို့ထင်ရပြီး မနက် ၁၀ နာရီလောက်အထိ နေရောင်ကို မမြင်ရပဲ မြူတွေဆိုင်းနေပါတယ်။ အဲဒီအချိန်မှာ ရေပူစမ်းဆီသွားပြီး ရေနွေးစိမ်ရတဲ့အရသာက အတော်ထူးကဲလှပါတယ်။
ဒါပေမဲ့ စိတ်မကောင်းတာ၊ ဒါမှမဟုတ် အားမလိုအားမရဖြစ်မိတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင် ရာပညာပေးမှုအားနဲနေခြင်းပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီလိုမနက်အစောကြီးမှာကတည်းက လူငယ် တချို့သောက်စားပြီးကျန်နေတဲ့ ဘီယာဗူးခွန်တွေ၊ ရေပုလင်းခွံတွေ၊ ပလစတစ်စတွေကို ကျွန်းပင်တွေကြား ဖြစ်သလိုပစ်ထားကြတာကို ရေပူစမ်းဘေးမှာတွေ့ခဲ့ရလို့ပါ။
ဒီထက်ပိုစိတ်မကောင်းဘွယ်ကတော့ ကျွန်းသစ်တောဟာ ရေပူစမ်းပတ်လည် တမိုင်ဝန်းကျင်လောက်ပဲ ကျန်တော့ပြိး အခြားအပင်အားလုံး လွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်း ပြည်မက အစိုးရနဲ့နီးစပ်တဲ့ ကုပ္ပဏီ ကြီးတခုက လာခုတ်ယူသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဦးတေဇပိုင်တဲ့ ထူးကုပ္ပဏီက လာခုတ် တာဆိုပြီးဒေသခံတွေကပြောပေမဲ့ ထားဝယ်ကနေ လင်းခေးရောက်တဲ့အထိ သစ်ခုတ်သမားဟာ ဦးတေဇ တဦးတည်းဖြစ်နေတဲ့အတွက် သိပ်မယုံချင်တော့ပါ။
လင်းခေးမြို့အ၀င် သီးချင်းကိုပြန်ကောက်ရမယ်ဆိုရင် အဲဒီသီချင်းထဲက စိုင်းထီးဆိုင်ရဲ့မိဘအိမ်နဲ့ ဆွေမျိုး တချို့ကိုကျနော်တွေ့ခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းဝန်ခံရရင် တေးဆိုသူစိုင်းထီးဆိုင်ရဲ့အိမ်နဲ့ တေးရေးသူ စိုင်းလမ်းလိတ်ရဲ့အိမ်ကို ကျနော်ဟာ သိပ်မကွဲလှပါ။ ''အိမ်ရှေ့က မက်မန်းပင်၊ အိမ်နောက်က ယူကလစ်ပင်၊ အိမ်ထောင့်က ချယ်ရီပင်တွေ၊ ထင်းရှူးပင်တွေ အစီအရီပတ်ဝိုင်းလို့ စိမ်းလမ်းစိုပြေနယ်မြေလေး...'' ဆိုတဲ့သီချင်းစာသားက ကျနော်နားထဲစွဲနေတော့ ဒီလိုအခင်းအကျင်းတွေ စိုင်းထီးဆိုင်ရဲ့အိမ်ဘေးမှာ ရှိနေမယ်လို့ပဲထင်ထားခဲ့တာပါ။
(စိုင်းထီးဆိုင်ရဲ့ မိဘအိမ်)
တကယ်တန်းသူ့အိမ်ကိုရောက်သွားတော့ တောင်ပေါ်မှာပေါက်တဲ့ အဲဒီအပင်တွေ တပင်မှမရှိ။ သူ့အိမ်က တောင်ကုန်းပေါ်မှာလဲ မဟုတ်။ မြို့လယ်ဈေးနားက ရှေးဟောင်းနှစ်ထပ်သစ်သားအိမ်ကြီး။ မန်းကျည်းပင်နဲ့ တမာပင်ကိုသာ သူ့အိမ်ဝန်းကျင်မှာတွေ့ရပါတယ်။ လင်းခေးမြို့ထဲမှာလဲ မန်းကျဉ်းနဲ့တမာ အတော်များများ တွေ့ရပြီး တချို့နေရာတွေမှာဆိုရင် ထနှောင်း၊ သနပ်ခါး၊ ကျွန်းနဲ့ ထန်းပင်တွေကိုပါ တွေ့ရပါတယ်။ ဒါကြောင့်လဲ လင်းခေးကို ရှမ်းပြည်ထဲက အညာမြို့လို့ ခေါ်ကြတာဖြစ်မယ်ထင်ပါတယ်။
''ဒီနောက်က လေသာဆောင်က သူငယ်ငယ်တုန်ုးက သီချင်းဆိုတဲ့နေရာ။ ဟိုနောက်က ဆေးပေါင်းဖိုက သူရဲ့စတူဒီယိုပေါ့'' လို့ စိုင်းထီးဆိုင်ရဲ့ ဆွေမျိုးတဦးက ကျနော်ကိုပြသရှင်းပြနေပါတယ်။ လင်းခေးဆိုတာ ဗာဂျီးနီးယားဆေးနဲ့ နာမည်ကြီးတဲ့မြို့။ စိုင်းထီးဆိုင်ရဲ့မိဘတွေက အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေ။ ဒူးယား၊ ခပေါင်းခေတ်က ဒီဆေးတွေကိုအဓိကအားထားခဲ့ရတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အဲဒီဆေးပေါင်းဖိုတွေက စိုင်းထီးဆိုင်ငယ်ငယ်ကတည်းကတောင် စတူဒီယိုဖြစ်နေပြီဆိုတော့ လင်းခေးမှာ ဗားဂျီးနီးယားဆေးမပေါင်းတာ နှစ် ၃၀ လောက်ရှိနေပြီဆိုတဲ့သဘော။ ဒါပေမဲ့ ဆေးရွက် ကြီးစိုက်ခင်းတွေကိုတော့တွေ့နေရဆဲဖြစ်ပြီး တရုတ်ဖက်ကနေ အ၀ယ်လိုက်နေတယ်လို့ တောင်သူတဦးက ပြောပါတယ်။
(လင်းခေးက ဆေးရွက်ကြီးစိုက်ခင်းတခု)
မနက်ပိုင်းတခုမှာတော့ အလှူပွဲရှိတယ်ဆိုလို့ နာမည်ကြီးတရားစခန်းရှိတဲ့ဘုန်းကြီးကျောင်းဆီ ကျနော် ရောက်သွားပါတယ်။ ဘုန်းကြီးကျောင်းသွားမယ်ဆိုတော့ အေးမှန်းသိလျက်နဲ့ ဘောင်းဘီမ၀တ်ပဲ ပုဆိုးနဲ့ အကျီဖြူကိုဆင်မြန်းသွားပါတယ်။ ဒါပေမဲ့ ကျောင်းရောက်သွားတော့ ကျနော်မှအပ ကျန်တဲ့အမျိုး သားအားလုံး ရှမ်းဘောင်းဘီတွေနဲ့။ ကံကောင်းတာကတော့ ရှမ်းပြည်က ဒီဘုန်းကြီးကျောင်းဝင်းထဲမှာ ဖိနပ်ချွတ်စရာမလိုပါ။ ကျောင်းပေါ်တက်မှ ဖိနပ်ချွတ်ရပါတယ်။ ဒီဒေသကဖိနပ်ဥပဒေက ထိုင်းနိုင်ငံနဲ့ တူတယ်ပြောရမလားပါပဲ။ (ကျိုက်ထီးရိုးဖြစ်စဉ်နဲ့ ပြန်နှိုင်းယှဉ်ရန်)။
ရှမ်းစကားကလဲ ထိုင်းစကားနဲ့အတော်နီးစပ်ပါတယ်။ ဒီမြို့မှာ အများစုက ရှမ်းတိုင်းရင်းသားတွေဖြစ်တဲ့ အတွက် ရှမ်းဘာသာကို အဓိကပြော၊ ရှမ်းဝတ်စုံကိုအဓိက၀တ်။ တရားဟောတာတောင် ရှမ်းဘာသာနဲ့ ဟောတဲ့အခါကျတော့ သူ့စကားမတတ်ရင် ဆက်သွယ်ရေးက သိပ်မလွယ်ပါ။
ဘာသာစကားနဲ့ ၀တ်စားဆင်ရင်ပုံတင်ကွဲပြားတာမဟုတ်။ အစားအသောက်ကလဲ ပြည်မနဲ့ဘာမှမဆိုင်။ လင်းခေးကိုရောက်ရောက်ချင်း စားရတဲ့မနက်စာက ထိုဟူးနွေး၊ ရှမ်းဟင်းထုတ်နဲ့ ရှမ်းထမင်းချဉ်။ စားလို့ အတော်ကောင်းပေမဲ့ ပုံပန်းသဏ္ဍန်နဲ့ အရသာကို ကျနော်မရှင်းပြတတ်ပါ။ ဒီနေ့ကျောင်းကအလှူမှာတော့ မနက်ပိုင်းမှာ ရှမ်းမုန့်တီကျွေးပါတယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့မတူပြန်ပါဘူး။ ပြီးတော့သူနဲ့တွဲစားတဲ့ သဘောင်္သီးကြော်။ ရေနွေးကြမ်းနဲ့တွဲသောက်ဖို့ ကောက်ညင်းပေါင်းထုပ်။ ပြန်ပေါင်းထုပ်လို့လဲ သူတို့ က ခေါ်ကြပါတယ်။
နေ့လည်စာတော့ ထမင်းပဲကျွေးပါတယ်။ ဒါပေမဲ့ဟင်းတွေက ပြည်မကဟင်းတွေနဲ့မတူပြန်ပါဘူး။ ၀က်သား ပေါင်းကိုပြန်ချက်ထားတဲ့ဟင်းက တမျိုးလေး။ ပြိးတော့ ရှမ်းထမင်းပွဲမှာ မပါရင်မပြီးတဲ့ နမ့်ဖစ်ဖူး (ပဲပုတ်ရေဖျော်)။ ကျနော်တို့ထားဝယ်တွေ စိမ်းစားငါးပိကြိုက်သလိုမျိုး ရှမ်းတွေကလဲ ပဲပုတ်မပါရင် ထမင်း စားမမြိန်ဘူးလို့ အဆိုရှိပါတယ်။ နောက်တခါ ထူးခြားတဲ့အခေါ်ဝေါ်တခု။ ''ပြည်ထောင်စုဟင်း'' တဲ့။ အသားငါးမပါ၊ ဆီလဲသိပ်မပါစေပဲ ဟင်းသီးဟင်းရွက်ချည်း သီးသန့်ချက်ထားတဲ့ သတ်သတ်လွတ် ဟင်းလို့ခေါ်ရမလား။ စားလို့အတော်ကောင်းပါတယ်။ ရှမ်းဘာသာနဲ့ ''ဖတ်ခို'' လို့ခေါ်တယ်လို့ ဆိုပါတယ်။
(ဖတ်ခိုခေါ် ပြည်ထောင်စုဟင်း)
''ဖတ်ခို'' ကိုမြန်မာပြန်ရင် ပြည်ထောင်စုဟင်းတော့ မထွက်လောက်ပါဘူးဆိုပြီး ကျနော်ကမေးတော့ အားလုံးဝိုင်းရယ်ကြပါတယ်။ တကယ်က ရှိသမျှဟင်းသီးဟင်းရွက်တွေအားလုံးကို ရောပြီးချက်ထားတဲ့ အတွက် ပြည်ထောင်စုဟင်းလို့ နောင်ပြောင်ခေါ်ဝေါ်ခြင်းမျှသာ။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကိုသာ လိုချင်တဲ့ ရှမ်းတိုင်းရင်းသားတွေအတွက်တော့ လက်ရှိအစိုးရလက်ထက်မှာ ကျင့်သုံးနေတဲ့စနစ်ဟာ ရောသမမွှေထားတဲ့ ပြည်ထောင်စုအဆင့်ပဲရှိဦးမှာပေါ့လေလို့ ထမင်းစားရင်းနဲ့ စဉ်းစားနေမိပါတယ်။ ။
0 comments:
Post a Comment