Sunday, January 22, 2012

ပုလော။ မြိတ်။ ကျွန်းစုမြိုနယ်တွေမှာ NLD ဆိုင်းဘုတ်တင်ပွဲများကျင်းပ


ပုလော။ မြိတ်။ ကျွန်းစုမြိုနယ်တွေမှာ NLD ဆိုင်းဘုတ်တင်ပွဲများကျင်းပ
၂၂-၀၁-၂၀၁၂

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်ဖို့စာရင်းပေးထားတဲ့ တနသာင်္ရီတိုင်း ကျွန်းစုမြိုနယ် ရုံးခန်း ဖွင့်ပွဲကို မနက်ဖြန်ကျင်းပမယ်လို့သိရပါတယ်။ ကျွန်းစုမြိုနယ်ဆီခရီးသွားနေတဲ့ တနသာင်္ရီတိုင်း ပါတီ ဥက္ကဌ ဦးလှမင်းနဲ့အဖွဲ့ဟာ မနေ့က ၂၁-ရက်နေ့မှာတော့ မြိတ်မြိုနယ် ပါတီရုံးခန်းကိုဖွင့်ပေးခဲ့ပီး ပရိတ်သတ် ၅၀၀-ခန့်တက်ရောက်ခဲ့တာတွေ့ရတယ်လို့ မြိတ်မြိုရှိ ပါတီဝင်လူငယ်တဦးကပြောပါတယ်။

မြိတ်မြိုက ဆိုင်းဘုတ်တင်ပွဲ

ဒီအဖွဲ့ဟာ ထားဝယ်ကနေ မြိတ်ဒေသဆီ ပါတီ-စည်းရုံးရေးကိစ္စအတွက် ခရီးထွက်လာတာဖြစ်ပီး ထားဝယ်- မြိတ် ကားလမ်းပေါ်ရှိ ပုလောမြိုက ရုံးခန်းကိုလဲ ပိးခဲ့တဲ့ ရက်ပိုင်းအတွင်းကဘဲ့ ဖွင့်လှစ် ပေးခဲ့တယ်လို့သိရပါတယ်။ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်။ လောင်းလုံး။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်ရုံးခန်းတွေကိုတော့ အခုလ ၁၄-ရက်ကနေ ၁၆-ရက်အကြား ဆက်တိုက် ဖွင့်လှစ်ပေးခဲ့ပါတယ်။




တနသာင်္ရီတိုင်းမှ လောင်းလုံးနဲ့ကျွန်းစုမြိုနယ် အောင်နိုင်ရေးကို ပါတီဗဟိုက အလေးထားနေပီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခု ဇန်ဝါရီလ နောက်ဆုံးသတင်းပါတ် စနေ-တနင်္ဂနွေမှာ ထားဝယ်ဒေသဆီ လာဖို့ပြင်ထားတယ်လို့ သတင်းထွက်နေကြောင်း တိုင်းအတွင်းရှိ ပါတီလူငယ်တွေ ကပြောပါတယ်။ နေ့ချင်းပြန်လာမဲ့ ထားဝယ် ခရီးစဉ် အတွင်း လောင်းလုံးမြိုနဲ့ ထားဝယ်မြိုတွေဆီ ၀င်မှာဖြစ်ပီး မောင်းမကန် ကမ်းခြေဆီလဲ သွားဖို့ပြင်ဆင် ထားတယ်လို့ အဲဒီလူငယ်တွေကပြောပါတယ်။

 
ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် တနသာင်္ရီတိုင်းမှာ  အမတ်နေရာ ၂-နေရာလွတ်လပ်နေပီး လောင်းလုံးနဲ့ ကျွန်းစုမြိုနယ်တို့ဖြစ်ပါတယ်။ လောင်းလုံးမြိုနယ်အတွက် တိုင်း အတွင်းရေးမှုး ကိုအောင်စိုးကို အမတ်လောင်းအဖြစ် စာရင်းပေးထားပီး ကျွန်းစုမြိုနယ် အတွက် တော့ ဒေါ်တင်တင်ရီ ကို စာရင်း ပေးထားကြောင်း ပီးခဲ့တဲ့ရက်ပိုင်းအတွင်းထုတ်ပြန်တဲ့ ပါတီအမတ်လောင်း ၄၈-ဦးရဲ့ စာရင်းထဲ မှာ တွေ့ရှိရပါတယ်။


...................................................................................................................

    






....................................................................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More