Saturday, January 14, 2012

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ စည်းရုံးရေးထွက်မည်

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာမဲ့ ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ခရိုင် လောင်းလုံးမြိုဆီ စည်းရုံးရေးခရီး လာဖို့ရှိတယ်လို့သိရပါတယ်။ ဒီနေ့ ထားဝယ်နဲ့လောင်းလုံးမြိုတွေမှာကျင်းပတဲ့ ရွေးကောက် ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲအတွင်း တနသာင်္ရီတိုင်း NLD ဥက္ကဌ ဦးလှမင်းက အခုလိုပြောသွား တာဖြစ်တယ် လို့ လောင်းလုံးမြိုနယ် ရုံးဖွင့်ပွဲအခန်းနားကို တက်ရောက်ခဲ့တဲ့ ပါတီဝင်လူငယ်တဦး ကပြောပါတယ်။














 လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးဖွင့်ပွဲ
(ဓါတ်ပုံ...NLD-လောင်းလုံး)

ဒီသတင်းနဲ့ပါတ်သက်ပီး ပါတီဗဟိုကတော့ အခုချိန်ထိ ဘာမှထုတ်ပြောခြင်းမရှိသေးပါဘူး။
အဆိုပါ လူငယ်ပြောတဲ့အတိုင်းသာအမှန်ဆိုရင် ဒါဟာ ၁၉၉၀-ရွေးကောက်ပွဲ
အကြို မဲဆွယ်ကာလနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
နှစ် ၂၀-ကျော်အတွင်း ပထမ-ဆုံး ထားဝယ်ခရီးစဉ်ဖြစ် လာနိုင်ပါတယ်။


ရွေးကောက်ပွဲအောင်နိုင်ရေး NLD ပါတီ တနသာင်္ရီတိုင်း တိုင်းရုံးကို ထားဝယ်မြိုမှာ ဒီမနက် ၈-နာရီခွဲက ကျင်းပခဲ့ပြီး ပါတီဝင်တွေအပါဝင် ပရိတ်သတ် ၃၀၀-ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အလား တူ လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးခန်းကို မနက် ၁၁-နာရီမှာ ဆက်တိုက်ဖွင့်လှစ်ပီး ပရိသတ် ၅၀၀-ကျော်အထိတက်ရောက်တာတွေ့ရတယ်လို့ ပါတီလူငယ်တွေကပြောပါတယ်။
(ရေဖြူ။ သရက်ချောင်းရုံးများကိုလဲ ၁၆-နဲ့  ၁၅-ရက်နေ့တွေမှာဖွင့်ပေးခဲ့။ ပုံကို အောက်ဆုံးမှာကြည့်နိုင်)


တိုင်းရုံးထက် လောင်းလုံးရုံးမှာ လူပိုများနေခြင်းကတော့ လောင်းလုံးမြိုနယ်ဟာ အခုလာမဲ့ ဧပြီလ ၁-ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အမတ်နေရာအတွက် NLD ပါတီက အသေချာ ၀င်ပြိုင် ဖို့ပြင်နေတာကြောင့်ဖြစ်တယ်လို့ယူဆရပါတယ်။

လောင်းလုံးမြိုနယ်က ပါတီဝင်တွေနဲ့ အခန်းနားတက်ရောက်လာတဲ့လူထုကို ဒေသခံအာဏာပိုင်တွေက လုံခြုံရေးနဲ့တခြားအကူညီတွေလုပ်ပေးတဲ့အတွက် အခြေနေဟာ အယင်လိုမဟုတ်တော့ဘူး။ ပြောင်းလဲ စပြုနေပြီး။ ဒေသခံလူထုတွေလဲ သူတို့ပါတီကို ပွင့်ပွင့်လင်းလင်းထောက်ခံစပြုလာနေတာတွေ့ရတယ်လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။


NLD လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲဆီတက်လာတဲ့ ဒေသခံလူထုတချို့

လောင်းလုံးနဲ့ထားဝယ်ဒေသဆီ ရောက်နေတဲ့ တိုင်းဥက္ကဌ ဦးလှမင်း။ အတွင်းရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့ အဖွဲ့ဟာ လောင်းလုံးမြိုနယ် အောင်နိုင်ရေးအတွက် အဓိကပြင်ဆင်နေပီး ထားဝယ်။ သရက်ချောင်း။ ရေဖြူ မြိုနယ်တွေက ပါတီဝင်တွေနဲ့လဲ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

လောင်းလုံးနဲ့ ထားဝယ်ဒေသ အောင်နိုင်ရေးကိစ္စပြီးရင်တော့ လာမဲ့သတင်းပါတ်အတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသ်ာရီ။ ဘုတ်ပြင်း။ ကော့သောင်မြိုနယ်တွေဆီ ဆက်လက်ခရီးထွက်မယ်လို့သိရပါတယ်။

တနသာင်္ရီတိုင်း တိုင်းရုံး


လာမဲ့ဧပြီလ ၁-ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈-နေရာအတွက် NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပိး အဲဒီထဲမှာ လောင်းလုံးနဲ့ ကျွန်းစုမြိုနယ်တွေပါဝင်ပါတယ်။ ရန်ကုန်။ မန္တလေးနဲ့ အထက်ဗမာပြည်ကနေရာတွေအတွက် အမတ်လောင်းစာရင်း ၂၀-ကျော်ကို NLD ပါတီက အခုသတင်းပါတ်အတွင်းစာရင်းထုတ်ပြန်ပီးဖြစ်ပေမဲ့ တနသာင်္ရီတိုင်းအတွက်တော့ မထုတ်ပြန်သေးပါဘူး။

လောင်းလုံးမြိုနယ်ရုံးဖွင့်ပွဲဆီ တက်ရောက်အားပေးတဲ့ ဒေသခံလူထု

ဒါပေမဲ့ အစောပိုင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအရတော့ လောင်းလုံးမြိုနယ်အတွက် တိုင်းအတွင်းရေးမှုး ဦးအောင်စိုး။ ကျွန်းစုမြိုနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်တဦးဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းတို့ ၀င်ပြိုင်မယ်လို့သိထားရပါတယ်။
....................................................................................................

သရက်ချောင်းနဲ့ ရေဖြူမြိုနယ် ရုံးခန်းများဆက်ဖွင့်
၁၆-၀၁-၂၀၁၂။

တိုင်းရုံးနဲ့ လောင်းလုံးမြိုနယ်ရုံးခန်းတွေအပြင် သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ရုံးခန်းတွေကိုလဲ ဦးလှမင်း တို့အဖွဲ့က ဆက်တိုက်ဖွင့်ပေးခဲ့ကြောင်းသိရပါတယ်။ သရက်ချောင်းမြိုနယ်ရုံးခန်းကို ၁၅-ရက်နေ တနင်္ဂနွေ မနက် ၉-နာရီမှာဖွင့်ပေးခဲ့ပြီး ရေဖြူမြိုနယ်ရုံးခန်းကိုတော့ ဒီကနေ့ တနလ်ာမနက် ၉-နာရီမှာ ဖွင့်ပေးခဲ့တယ် လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။

ရေဖြူမြိုနယ်မှာ ဒီနေ့ကျင်းပတဲ့ မြိုနယ်ရုံးဖွင့်ပွဲ


ဒီနေ့ကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲကို ပရိတ်သတ် ၂၀၀-ကျော်တက်ရောက်ပီး ဒေါ်အောင်ဆန်း စုကြည် ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ဒေသသို့ စည်းရုံးရေးခရီးထွက်လာဖို့ရှိတဲ့အကြောင်း ဥက္ကဌ ဦးလှမင်းက ထပ်မံအသိပေးပြောကြားခဲ့တယ်လို့ အခန်းနားကိုတက်ရောက်ခဲ့တဲ့ ပါတီဝင် လူငယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

.......................................................................................................................................


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More