တိုင်း အတွင်းရေးမှုး ဦးအောင်စိုး လောင်းလုံးမြိုနယ်အမတ်လောင်းဖြစ်ရွေးချယ်ခံရ။
(လွတ်တော်ကိုယ်စားလှယ်လောင်း ၄၈-ဦးထဲမှ တချို့ကို အောက်ပါဇယားမှာကြည့်နိုင်ပါတယ်- ဧရာဝတီ ဘလော့မှ တဆင့်ကူးယူထားပါကြောင်း) ဇေယျာ်သော်နဲ့ ၃-ဦးစာရင်း ထပ်တိုးထားသည်။

.....................................................................................................................................
........................................................................................................................................
ဇေယျာသော် ရွေးကောက်ပွဲဝင်မည်
ဒီနေ့ ထပ်မံရရှိတဲ့သတင်းတွေအရ ကျန်နေတဲ့ အမတ်လောင်း ၄-ဦးရဲ့စာရင်းကို NLD ပါတီက ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ အဆိုတော် ဇေယျာသော်အပါဝင် အားလုံး လူငယ်တွေချည်း ၄- ဦးဖြစ်နေပီး နေပြည်တော်က မဲဆန်ဒနယ်တွေမှာဝင်ပြိုင်မယ်လို့ တွေ့ရပါတယ်။

ရေဖြူနဲ့ သရက်ချောင်းမှာ NLD ရုံးခန်းများဆက်ဖွင့်
၁၇-၀၁-၂၀၁၂။
ဒီကနေ့ ရရှိတဲ့ မှတ်တန်းတွေအရ ထားဝယ်ဒေသခံ တဦးဖြစ်တဲ့ တနသာင်္ရီတိုင်း NLD ပါတီ အတွင်းရေး မှုးဖြစ်သူ ဦးအောင်စိုးကို လောင်းလုံးမြိုနယ်ကနေ ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်အဖြစ် ပါတီ ဗဟိုကရွေးချယ် လိုက်ကြောင်းသိရပါတယ်။ ဒါဟာ ဒေသခံ ပါတီဝင်တွေ တင်ပြခဲ့တဲ့အတိုင်း။ ကြိုတင်ခန့်မှန်းတဲ့ အတိုင်း ဖြစ်လာတာလို့ လောင်းလုံးမြိုနယ် ပါတီဝင်လူငယ်တဦးကပြောပါတယ်။
ကျွန်းစုမြိုနယ်အတွက် ကိုယ်စားလှယ်ကတော့ ဒေါ်တင်တင်ရီ-ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ NLD ပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဇယားမှာဖေါ်ပြထားပါတယ်။(လွတ်တော်ကိုယ်စားလှယ်လောင်း ၄၈-ဦးထဲမှ တချို့ကို အောက်ပါဇယားမှာကြည့်နိုင်ပါတယ်- ဧရာဝတီ ဘလော့မှ တဆင့်ကူးယူထားပါကြောင်း) ဇေယျာ်သော်နဲ့ ၃-ဦးစာရင်း ထပ်တိုးထားသည်။


.....................................................................................................................................
........................................................................................................................................
ဇေယျာသော် ရွေးကောက်ပွဲဝင်မည်
ဒီနေ့ ထပ်မံရရှိတဲ့သတင်းတွေအရ ကျန်နေတဲ့ အမတ်လောင်း ၄-ဦးရဲ့စာရင်းကို NLD ပါတီက ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ အဆိုတော် ဇေယျာသော်အပါဝင် အားလုံး လူငယ်တွေချည်း ၄- ဦးဖြစ်နေပီး နေပြည်တော်က မဲဆန်ဒနယ်တွေမှာဝင်ပြိုင်မယ်လို့ တွေ့ရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁
ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။

မြန်မာပြည်
ဟစ်ပ်ဟော့ပ် ရေစီးကြောင်း ပထမ မျိုးဆက်များဖြစ်သော
ကိုဇေယျာသော်(၀ဲဘက်)နှင့် ရန်ရန်ချန်း၊ အနဂ္ဂတို့ကို မကြာသေးမီက
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရစဉ်(ဓာတ်ပုံ - ဇေယျာသော် Facebook fan
page)
“ကျနော်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၀င်ရောက်ရွေးချယ်ခံမှာပါ”ဟု ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။
ပုဗ္ဗသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခု သမ္မတ ဦးသိန်းစိန် ၀င်ရောက်အရွေးချယ်ခံခဲ့သော မဲဆန္ဒနယ်မြေဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့ သော မစန္ဒာမင်း က နေပြည်တော်
ဇဗ္ဗူသီရိမြို့နယ်၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှပြန်လည် လွတ်မြောက်လာသူ
မိုးကုတ်မြို့က ကိုမင်းသူက ဥတ္တရ သီရိမြို့နယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း
ကိုနိုင်ငံလင်းက ဒက္ခိဏ သီရိ မြို့နယ်တို့က NLD ပါတီ ကိုယ် စားပြု
ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့်
ထိုလူငယ် ၄ ဦး၏ အမည်စာရင်းကို ကြေညာချက်အမှတ် ၆ -၀၁/ ၁၂ ဖြင့် NLD က ယနေ့
ထုတ်ပြန်ထားသည်။
“ကျနော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး
အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါပဲ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း
ဆိုတာ ကတော့ ဧပြီ ၁ ရက်နောက်ပိုင်းမှ သိရမှာပါ”ဟု ကိုဇေယျာသော်က ဆိုသည်။
ကျင်းမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီးလွတ်လပ်သည့်
ရွေးကောက်ပွဲဖြစ်ရေးအတွက် အားလုံးတွင်တာဝန်ရှိ သောကြောင့် ၀ိုင်းဝန်း
လုပ်ဆောင်သွားကြရမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
ကိုဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်၏ ၁ နှစ် လျှော့ပေါ့
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယမန်နှစ် မေလက တနင်္သာရီ တိုင်း
ကော့သောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇေယျာသော် အား အာဏာပိုင်များက နိုင်ငံခြားငွေ
ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းဖွဲ့စည်းမှု
ပုဒ်မ ၆/၈၈ ဖြင့် ၅ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကို ၂ဝဝ၈ ခုနှစ်
နိုဝင်ဘာလ၂ဝ ရက် နေ့ က စွဲဆိုချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ
အကျဉ်းထောင်တွင်း၌ ၃ နှစ် နေခဲ့ရပြီး နောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုဇေယျာသော်သည် ယခင်က မြေအောက် လူငယ်ဂီတအဖွဲ့တခုဖြစ်သည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)ခေါင်း ဆောင်တဦးလည်း ဖြစ်သည်။
........................................................................................................ ရေဖြူနဲ့ သရက်ချောင်းမှာ NLD ရုံးခန်းများဆက်ဖွင့်
၁၆-၀၁-၂၀၁၂။
တနသာင်္ရီတိုင်းရုံးနဲ့ လောင်းလုံးမြိုနယ်ရုံးခန်းတွေအပြင် သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ရုံးခန်းတွေကိုလဲ ဦးလှမင်း တို့အဖွဲ့က ဆက်တိုက်ဖွင့်ပေးခဲ့ကြောင်းသိရပါတယ်။ သရက်ချောင်းမြိုနယ်ရုံးခန်းကို ၁၅-ရက်နေ တနင်္ဂနွေ မနက် ၉-နာရီမှာဖွင့်ပေးခဲ့ပြီး ရေဖြူမြိုနယ်ရုံးခန်းကိုတော့ ၁၆-ရက်နေ့ တနလ်ာမနက် ၉-နာရီမှာ ဖွင့်ပေးခဲ့တယ် လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။
၁၆-ရကက်နေ့ကကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲ
တနလာင်္နေ့က ကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲကို ပရိတ်သတ် ၂၀၀-ကျော်တက်ရောက်ပီး ဒေါ်အောင်ဆန်း စုကြည် ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ဒေသသို့ စည်းရုံးရေးခရီးထွက်လာဖို့ရှိတဲ့အကြောင်း ဥက္ကဌ ဦးလှမင်းက ထပ်မံအသိပေးပြောကြားခဲ့တယ်လို့ အခန်းနားကိုတက်ရောက်ခဲ့တဲ့ ပါတီဝင် လူငယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထားဝယ်ဒေသဆီရောက်နေတဲ့ ဥက္ကဌ ဦးလှမင်း။ အတွင်ရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့အဖွဲ့ဟာ လာမဲ့ ရက်ပိုင်းအတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသာၤရီ။ ဘုတ်ပြင်းနဲ့ ကော့သောင်မြိုတွေဆီ ဆက်လက် ခရီးထွက်မယ်လို့သိရပါတယ်။
ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ၄၈-နေရာလွတ်လပ်နေပီး
အဲဒီထဲမှာ တနသာင်္ရီတိုင်းမှ လောင်းလုံးမြိုနယ်နဲ့ ကျွန်းစုမြိုနယ် ၂-နေရာပါဝင်ကြောင်းသိရပါတယ်။ ဒီ နေရာတွေမှာဘယ်သူတွေဝင်ပြိုင်မလဲဆိုတာကို NLD ဗဟိုမှ မကြာခင် ထုတ်ပြန်ကြေငြာမယ်လို့ ပါတီဝင်တွေဆီကနေသိရှိရပါတယ်။
........................................................................................................................
1 comments:
အန်တီစုရေ..၀မ်းသာတယ်ဗျာ..ကျွန်တော်တို့ တနင်္သာရီတိုင်းကို စည်းရုံးရေး ခရီးထွက်မယ်ဆိုလို့ ကြိုဆိုပါတယ်။ အန်တီ. စိတ်ချမ်းသာ။ ကိုယ်ကျန်းမာပြီ..အောင်မြင်မူဆက်လက်ရရှိနိုင်ပါစေ။
Post a Comment