Monday, January 23, 2012

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ တနင်္ဂနွေနေ့ ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မှာ တနင်္ဂနွေနေ့ ဟောပြောပွဲလုပ်မည်။
၂၃-၀၁-၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာမဲ့ တနင်္ဂနွေနေ့
၂၉-ရက်နေ့မှာ ထားဝယ်မြိုဆီလာပြီး ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြော
ဖို့ရှိတယ်လို့သိရပါ တယ်။ လေယဉ်နဲ့လာမဲ့နေ့ချင်းပြန်ခရီးစဉ်အတွင်း ထားဝယ်။
လောင်းလုံး။ အောက်ရေဖြူ နဲ့ မောင်းမကန်ရွာတွေမှာ ဟောပြောပွဲလုပ် ဖို့စီစဉ်ထားပီး ဒေသခံလူထုက သောင်းသောင်း ဖြဖြ ကြိုဆိုဖို့ ပြင်ထားတယ်
လို့ တနသာင်္ရီတိုင်း NLD လူငယ် တွေ ကပြောပါတယ်။

ကျွန်းစုမြိုနယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ


ဒီကနေ့ မနက် ၈-နာရီခွဲကကျင်းပတဲ့ မြိတ်ခရိုင် ကျွန်းစုမြိုနယ် ပါတီရုံးဆိုင်းဘုတ်တင်ပွဲအပီးမှာ
အဆိုပါ ပါတီလူငယ် တွေက အခုလိုပြောသွားတာဖြစ်ပါတယ်။ ကျွန်းစုမြိုနယ် ဗိုလ်ချုပ်လမ်း
အမှတ် ၁-ရပ်ကွက်မှာဖွင့်လှစ်ခဲ့တဲ့ အဲဒီအခန်းနားကို တနသာင်္ရီတိုင်း ပါတီဥက္ကဌ ဦးလှမင်း။
အတွင်းရေးမှုး ဦးအောင်စိုးနဲ့အတူ တနသာင်္ရီတိုင်းကတာဝန်ရှိ သူတွေ။ ဒေသခံပါတီဝင်တွေ။
ဧည့်ပရိသတ် ၅၀၀-ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ဥက္ကဌ ဦးလှမင်း အပါဝင် ကျွန်းစုမြိုနယ် ရုံးခန်းဖွင့်ပွဲအပီးတွေ့ရတဲ့ တနသာင်္ရီတိုင်း NLD ပါတီဝင်များ


ကျွန်းစုမြိုနယ်ရုံးဟာ သတင်းတပါတ်အတွင်း ၇-ခုမြောက်ဖွင့်လှစ်တဲ့ တနသာင်္ရီတိုင်းအတွင်း က မြိုနယ်ရုံးခန်းတခုဖြစ်ပီး ထားဝယ်။ လောင်းလုံး။ သရက်ချောင်း။ ရေဖြူ။ ပုလောနဲ့ မြိတ်မြိုတွေမှာလဲ ဖွင့်လှစ်ခဲ့ပီးဖြစ်ပါတယ်။ ကျန်နေသေးတဲ့ တနသာင်္ရီ။ ဘုတ်ပြင်းနဲ့ ကော့သောင်းမြိုနယ်ရုံးတွေ ကို တော့ ရှေ့လဆန်းမှာဆက်ဖွင့်မယ်လို့သိရပါတယ်။



ကျွန်းစုမြုနယ်မှာ ၀င်ပြိုင်မဲ့ ဒေါ်တင်တင်ရီနဲ့ လောင်းလုံးမြိုနယ်မှာဝင်ပြိုင်မဲ့ ဦးအောင်စိုးတို့အား တွေ့ရစဉ်

အခုလောလောဆယ်မှာတော့ တနင်္ဂနွေမှာ ထားဝယ်မြိုဆီရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ဦးစားပေး ပြင်ဆင်စရာရှိလို့ တိုင်းဥက္ကဌနဲ့အဖွဲ့ဝင်တွေအားလုံး ထားဝယ်မြိုဆီ ပြန်လာ နေပီလို့ အဆိုပါလူငယ်ကပြောပါတယ်။


ကျွန်းစုမြိုနယ်ရုံးဖွင့်ပွဲဆီ တက်လာတဲ့ ဒေသခံလူထု

ဒီနေ့ရုံးဖွင့်ပွဲကျင်းပတဲ့ ကျွန်းစုမြိုနယ်အတွက် ၀င်ပြိုင်မဲ့ NLD အမတ်လောင်းကတော့ ဒေါ်တင် တင်ရီ ဖြစ်ပီး လောင်းလုံးမြိုနယ်အတွက် အမတ်လောင်းကတော့ တိုင်းအတွင်းရေးမှုး ဦးအောင် စိုး ဖြစ်ပါတယ်။ ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ၄၈-နေရာ လွတ်လပ်နေပီး အဲဒီထဲမှာ တသာင်္ရီတိုင်းအတွက် ကျွန်းစုနဲ့ လောင်းလုံးမြိုနယ်တွေပါဝင်ပါတယ်။ ဦးအောင်စိုးနဲ့ ဒေါ်တင်တင်ရီ အပါဝင် အမတ်လောင်း ၄၈-ဦးစလုံးရဲ့စာရင်းကို NLD ဗဟိုက ထုတ်ပြန် ထားပီးဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More