Wednesday, January 4, 2012

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအစီစဉ် ရပ်ဆိုင်းလိုက်ပီဟုဆို။

သဘာဝပါတ်ဝန်းကျင်ကိုချစ်သော ထားဝယ်သားများ လွတ်လပ်ရေးနေ့မှာ ဆန္ဒထုတ်ဖေါ်ပြသ။
(ထားဝယ် သတင်းစဉ်မှ- ၀၄-၀၁-၂၀၁၂)

တနသာင်္ရီတိုင်း ထားဝယ်ခရိုင် မောင်းမကန်ကမ်းခြေဖက်မှ ၀င်လာသောသတင်းတရပ်အရ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ထားဝယ်သူ ထားဝယ်သား ၂၀၀-ကျော် ဆန္ဒထုတ်ဖေါ်ပြသ ပွဲတခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။















  
ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို တားမြစ် ဆန္ဒပြနေသူများ (ဓာတ်ပုံ - AFP)

မောင်းမကန် ကမ်းခြေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသကျေးရွာတချီု့မှာပြလုပ်တဲ့ အဲဒီဆန္ဒပြပွဲကို Green Development လှုပ်ရှားမှုလို့အမည်ပေးထားပီး နဘုလယ်ဒေသမှာဆောက်လုပ်မဲ့ မဂါဝပ် ၄၀၀၀-ရှိ ကျောက်မီးသွေးစက်ရုံ နဲ့ ညစ်ထေးစက်မှုဇုန် တည်ဆောက်မှုကို ကန့်ကွက်တာလို့ ထားဝယ်လူငယ်တဦးကပြောပါတယ်။

.........................................................................................................


09-01-2012

ထားဝယ်ခရိုင်အတွင်း အကောင်အထည်ဖော်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေဇုန် စီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း

အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြောကြားခဲ့သည်။



 ..................................................................................................

Open lett er to Yingluck Shinawatra by Dawei Development Assicoation
Saturday at 9:48am, 07-01-12
--------------------------------------------------------------------------------
Today, local people from Dawei and Dawei Development Association wrote an open letter addressing to Yinluck Shinawatra, Prime Minister of Thailand and gave this letter to 5 ministers of Thailand who visited Dawei on 7 January 2012.Concerns of Dawei people regarding with environmental impacts and human rights situation due to Dawei Deep Seaport and Special Industrial Zone project are mentioned in this letter. And they ask Thai government to ensure Thai companies working outside Thailand respect human rights.

ထိုင်းဝန်ကြီးချုပ် ယင်လခ် အားလိပ်မူ၍ ထားဝယ်ဒေသခံ နှုင့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ အိတ်ဖွင့်ပေးစာတစ်စောင်ကို တနင်္သာရီတိုင်း ထားဝယ်မြို့သို့ ရောက်ရှိနေသော ထိုင်းနိုင်ငံဆိုင်ရာ ၀န်ကြီးဌာန (၅) ခုမှ ၀န်ကြီးများအား ယနေ့ ပေးအပ်ပါသည် ။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အိတ်ဖွင့်ပေးစာတွင် ထားဝယ်ဒေသခံတို့၏ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုများကိုထင်ဟပ်ဖော်ပြ ထားသည့်အပြင် ထိုင်းနိုင်ငံပြင်ပတွင် လုပ်ကိုင်နေသော ထိုင်းကုမ္မဏီများအနေဖြင့် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစာလိုက်နာအောင် ထိုင်းအစိုးရအနေဖြင့် တာဝန်ယူသင့်ကြောင်းပါဝင်ပါသည် ။
 .....................................................................................................................
ထားဝယ် ၄-မြိုနယ် NLD ပါတီဝင်များ လွတ်လပ်ရေးနေ့ အခန်းနားကျင်းပ
(ထားဝယ် သတင်းစဉ်မှ...၀၄-၀၁-၂၀၁၂)

တနသာင်္ရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြိုမှ ၀င်လာတဲ့သတင်းတရပ်အရ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့အခန်းနားတရပ်ကို ထားဝယ် ၄-မြိုနယ်မှ NLD ပါတီဝင်တွေစုပေါင်းပီး လောင်းလုံမြိုမှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။


လောင်းလုံးမြို NLD ရုံမှာကျင်းပတဲ့ အဲဒီအခန်းနားကို မနက် ၉-နာရီခွဲကနေ ၁၁-နာရီခွဲအထိ ၂-နာရီကြာ ကျင်းပပြီး လောင်းလုံ။ ထားဝယ်။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်တွေက NLD ပါတီဝင်တွေ။ စိတ်ဝင်စားသူ ၂၀၀-ခန့်တက်ရောက်ခဲ့တယ်လို့ လူငယ်အဖွဲ့ဝင်တဦးကပြောပါတယ်။



လွတ်လပ်ရေးနေ့အခန်းနားနဲ့အတူ ပါတီအမှတ်တံဆိပ်ပါ အမှတ်တရပစ္စည်းများရောင်းချခြင်း နဲ့  လောင်းလုံးမြိုနယ် လွတ်လပ်အမတ်နေရာအတွက် NLD အမတ်လောင်းအမည်စာရင်းနဲ့ပါတ် သက်ပီး ဒေသခံပါတီဝင်တွေရဲ့အမြင်တွေကို တင်ပြခဲ့တယ်လို့လဲ အဆိုပါ လူငယ်ကပြောပါတယ်။

သူသိသလောက်အချက်တွေအရ ပါတီဝင်အားလုံးနီးပါးကနေ တနသာင်္ရီတိုင်း NLD ပါတီ အတွင်းရေးမှုး ကိုအောင်စိုး ကို ကန့်ကွက်သူမရှိအဆိုပြုခဲ့တယ်လို့သိရပါတယ်။ ဒီအမြင်ကို ပါတီ ဗဟိုဆီပေးပို့လိုက်ပီ လို့လဲ သူကဆိုပါတယ်။

အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဆိုရင် လောင်းလုံးအတွက် အမတ်နေရာကို ဗဟိုက သတ်မှတ် ပေးမယ်လို့သိရပီး ကျွန်းစုအတွက် အမတ်နေရာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ၀င်ပြိုင်မယ်လို့သိရပါတယ်။

တနသာင်္ရီတိုင်းအတွက် ပြည်သူ့လွတ်တော်အမတ် လွတ်လပ်နေရာ ၂-ခုရှိနေပီး လောင်းလုံနဲ့ ကျွန်းစုမှာဖြစ်ပါတယ်။ ဒါအပြင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်ကို တာဝန်ကအနားပေးတာ အတည်ဖြစ်ရင် တိုင်းဒေသကြီးအတွက် အမတ်နေရာတခုလဲ ထပ်လွတ်လပ်လာဘွယ်ရှိနေတယ် လို့ ဒေသခံ တွေကပြောပါတယ်။

ဒီနေရာတွေအပါဝင် တနိုင်ငံလုံးအတွက် လွတ်လပ်အမတ်နေရာ ၅၀-နီးပါးအတွက် ကြားဖြတ်ရွေးကောက် ပွဲတွေကို လာမဲ့ ဧပြီလ ၁-ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။ ၂၀၁၀-ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ NLD ပါတီဟာ အခု တကြိမ်ကျင်းပမဲ့ ရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်မယ်လို့ကြေငြာထားပီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှုး မဲဆန္ဒနယ်ကနေ ၀င်ပြိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။


.............................................................................................................

ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်
Published on January 4, 2012 by ရွှေအာင်။ DVB

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။


ဒေသခေံတွကို အသေိပး လှုပ်ရှားမှု ပြုလုပ်စဉ်။

ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။

“​ကျောက်မီး​သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နြေပီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီအတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”
 

ဒေသခံပြည်သူများ​ လက်မှတ်​ရေး​ထိုး​နေစဉ်

ကျာက်မီး​သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။

အဲ့​ဒီသတင်း​စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။ထား​ဝယ်​ဒေသခံ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ0x081မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ0x081ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။ဒါ့​အြပင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

.......................................................................................................................

ထားဝယ်ဆိပ်ကမ်းကြောင့် မပြောင်းလိုသူများ ဆန္ဒထုတ်ဖော်

မင်းသက်၊ ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၂၆ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။        ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာပြောင်းရွှေ့ရမည်ဖြစ်၍ မပြောင်းရွှေ့လိုကြောင်းနှင့် စီမံကိန်းကြောင့် ထိခိုက်ရသူများအား နစ်နာကြေး မပေးသည့် အတွက် ထိခိုက်နစ်နာ သူများက ရန်ကုန်မြို့တွင် ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဦဇင်းတို့ ဘိုးဘွား လက်ထက်ကပင် စိုက်ထားတဲ့ အုန်းပင်။ ကွမ်းသီးပင်စတဲ့ အပင်တွေကလည်း ရှိတယ်။ စားသောက်သီးနှံပင်တွေကို တစ်သက်လုံး ထိုင်စားလို့ရတယ်။ ဒါတွေကို လျော်ကြေးပေးရင်လည်း တစ်သက်လုံး ထိုင်စားလို့ မရဘူး။ သားစဉ်မြေးဆက် အမွေပေးလို့ မရဘူး။ ဒါကြောင့် မပြောင်းချင်ဘူး” ဟု ရေဖြူမြိုနယ်၊ မယင်းကြီးရွာ။ မယင်းကြီးကျောင်းမှ ဘုန်းတော်ကြီး ဦးသြဘာသက မဇ္ဈိမကို မိန့်သည်။

ယင်းစီမံကိန်း အီတာလျံထိုင်းကုမ္ဗဏီ - ITD က ဦးစီး လုပ်ဆောင်နေခြင်း ဖြစ်ကာ စီမံကိန်းကြောင့် ကျေးရွာ ၁၉  ရွာ၊ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည်
ဖြစ်ကြောင်း ထားဝယ်ဒေသဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။
htawall
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲပြသထားသော ပုံများကိုကြည့်ရှုနေသူများ (ဓါတ်ပုံ-မဇ္ဈိမ)

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီးတွင် တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရေဖြူမြို့နယ် နဖူးလယ်ကျေးရွာအနီးတွင် တည်ရှိသည်။

စီမံကိန်းအတွက် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် နားလည်မှု စာချွန်လွှာထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ကာ ၇၅ နှစ် လုပ်ကိုင်ခွင့်ပေးထားသည်။

“ပြောင်းမယ်ဆိုရင်လည်း သွားထားဖို့ နေရာ အတိအကျကို မရှိသေးဘူး၊ အခု အိုင်တီဒီနဲ့ သူဌေးတွေက မြေဝယ်
နေတာ များနေတဲ့ ကိစ္စတွေရယ်။ ပြောင်းရမယ်လည်း ပြော၊ ပြောင်းလည်း ပြောင်းရမယ်ဆိုတော့ ပြောင်းရွှေ့ရမဲ့
ဒေသခံတွေနဲ့ အထက်လူကြီးတွေနဲ့ သဘောဝကျကျ ညှိနှိုင်းပေးဖို့ တောင်းဆိုချင်တယ်”ဟု ရေဖြူမြို့နယ် ကလုတ်ထာကျေးရွာ ဦးပညာဝံသက မိန့်သည်။

နိုဝင်ဘာလအတွင်းကလည်း ကျေးရွာပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဆန္ဒ သဘောထား
ကောက်ခံခဲ့စဉ်က မပြောင်းရွှေ့လိုကြောင်း ဒေသခံများက တင်ပြခဲ့သော်လည်း ပြောင်းရွှေ့ရန် ပြောဆိုလာသည့် အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းလည်း ဖြစ်သည်။

စီမံကိန်းကို ၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်း အဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ အထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ အထိ တတိယအဆင့်ဟူ၍ သတ်မှတ်ကာ အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်း တခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလျံကုန်ကျမည်ဖြစ်ပြီး ပထမမဆင့်အတွက်မူ ရှစ်ဘီလျံ မှန်းဆထားကြသည်။

ယင်းအပြင် ထိုင်းနိုင်ငံ ကန်ချနပူရီနှင့် ဆက်သွယ်မည့် ကီလိုမီတာ ၁၇၀ အရှည် ရှစ်လမ်းသွား အဝေးပြေးလမ်းမ၊ ရထားလမ်း၊ ဓာတ်အားလိုင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နယ်ခြားဝင်ထွက်ဇုန် များလည်း ပါရှိမည် ဖြစ်သည်။

“ရေနက်ဆိပ်ကမ်းအတွက် လိုအပ်သော ရေကို ထောက်ပံ့ဖို့ တလုပ်ထာကျေးရွာမှာ တည်ဆောက်မယ့်
ရေလှောင်ကန်ကြောင့် အမြင့်ပေ  ၇ စတုရန်းကီလိုမီတာ ရေလွှမ်းမိုးမှုကို ခံရမယ်လို့ တွက်ချက်ထားတယ်။ ထားဝယ်က ထိုင်းနိုင်ငံထိ သွားမယ့် ရှစ်လမ်းသွားလမ်းမကြီး စူပါဟိုင်းဝေးကားလမ်းကို ဖောက်လုပ်နေတာ အခု နှစ်လမ်းသွားလမ်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ” ဟု ဒေသခံတွေနဲ့ လက်တွဲလုပ်ဆောင်နေသူ ထားဝယ်ဒေသခံ ကိုသန့်ဇင်က မဇ္ဈိမကို ပြောသည်။
htawall1
ရန်ကုန် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခြံတွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်နေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ယင်းလမ်းဖောက်လုပ်ရေး အတွက်လည်း အရှေ့တောရွာ၊ ရေဖြူမြို့နယ် ကလုန်းထော၊ နဘုလည်း ဒေသများတွင်
ဒေသခံများ၏ မြေယာများအား အသိပေးခြင်း မရှိဘဲ မြေထိုးစက်များဖြင့် ဖျက်ဆီးခဲ့ပြီး ယင်းအတွက်လည်း တစုံတရာ လျော်ကြေး မပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေသခံတွေကို လျော်ကြေး မပေးတာဟာ အနိုင်ကျင့်တာပဲလို့ပဲ မြင်တယ်”ဟု ပွဲတက်ရောက်ခဲ့သူ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဖရီဒါဦးအုန်းက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် ဦးအုန်း၊ စာရေးဆရာ
မောင်ဝံသ၊ စာရေးဆရာ ကိုတာ၊ မြန်မာနိုင်ငံ ငှက်နှင့်သဘာဝ ထိန်းသိမ်းရေးအသင်း MBNS မှ ဦးစိုးညွန့်တို့နှင့်
ပြည်တွင်း သတင်းထောက်များ အပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ဒေသခံများက မပြောင်းရွှေ့လိုကြောင်း ပြောဆိုနေကြသော်လည်း မယင်းကြီးနှင့် ကလုတ်ထာ ကျေးရွာများတွင်မူ စီမံကိန်းအတွက် မြေထိုးစက်များဖြင့် တောင်ဖြိုခြင်း လုပ်ငန်းများ စတင်နေသည်။ ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် Laem Chabang ဆိပ်ကမ်းထက် ၁၀ ဆ ကြီးမားပြီး လမ်းဖောက်လုပ်ရာတွင် လည်း ညအချိန်များ၌ မြေညှိစက်၊ မြေတူးစက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စီမံကိန်းနယ်မြေအတွင်း ကျရောက်သည့် ရေဖြူမြို့နယ်၊ မင်းဒပ်ရွာခံများ၏ စိုက်ပျိုးမြေဧက ၁၂၃.၅၀ ဧကကို သိမ်းယူရန် အတွက် ရွာသားများက သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းမှုများ အောက်တိုဘာလ အတွင်း ကလည်း ဖြစ်ပွားခဲ့သေးပြီး “သဘောမတူလျှင် အခကြေးငွေလွတ်ဖြင့် သိမ်းမည်” ဟု ဆိပ်ကမ်းတာဝန်ခံ ဦးခင်မောင်ဆွေက ပြောဆိုခဲ့ဖူးသည်။

ယင်းအပြင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး စက်မှုဇုန် စီမံကိန်းအတွက် ကျောက်မီးသွေး လောင်စာ သုံး မီဂါဝပ် ၄၀၀၀ ထုတ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတို့ကိုပါ တည်ဆောက်မည် ဖြစ်သည်။

သို့သော် စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး စက်ရုံ ပါဝင်နေခြင်းကို မလိုလားအပ်သည့် ကိစ္စဖြစ်ကြောင်း ပွဲတက်ရောက်သူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက မဇ္ဈိမကို ပြောသည်။

စီမံကိန်း လုပ်ငန်းများတွင် ဒေသခံများအား လုပ်ကိုင်ခွင့် ပေးရန်အတွက် ITD ကုမ္ဗဏီက ယခင်က ကတိပေးခဲ့ဖူး
သော်လည်း ဒေသခံများအား လုပ်ခလစာ လျှော့ပေးခြင်း အပြင် ဖိနှိပ်မှုရှိကြောင်း၊ ယင်းအပြင် မလိုလားအပ်သည့် လူမှုရေး ပြဿနာများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရသည်။

“ထိုင်းက လုပ်သားတွေနဲ့ မြန်မာလုပ်သားတွေ လုပ်အားခကွာတာ။ တရားဝင် မဟုတ်ဘဲ မြန်မာအမျိုးသမီးတွေနဲ့ ထိုင်းလုပ်သားတွေ ညားနေတာ။ ရွှေ့ပြောင်းလုပ်သားတွေ များလာတဲ့အတွက် ရာဇဝတ်မှုခင်းတွေ များလာတာ စတဲ့ပြဿနာတွေ အများကြီး”ဟု ကိုသန့်ဇင်က ဆိုသည်။
......................................................................................................................

ထိုင်းနိုင်ငံမှာ သဘာဝပါတ်ဝန်းကျင်ထိခိုက်လို့ အခု ထားဝယ်ရေနက်ဆိပ်ကမ်းဒေသဆီပြောင်း မယ်လို့ သတင်းထွက်နေတဲ့ ကျောက်မီးသွေးမိုင်း စီမံကိန်း-အကြောင်း။ ရုပ်-သံ မှတ်တန်း။

(DVB-English- 2011)








From Map Ta Phut to Burma


In the late 1980s Thailand embarked on an ambitious project to transform a popular stretch of coastline east of Bangkok into the country’s largest industrial estate. Ten years later however health experts found that Rayong province, home to the 25 sq. kilometre Maptaphut complex, had Thailand’s highest cancer rates. Residents there had long been complaining that the development of the site, which includes petrochemcial and gas separation plants, a deep sea port and plastics factories, had brought with it a toxic burden – parents lost their children to cancer, and the  fallout of job losses and illnesses ruptured the social fabric of the town, which began to experience high HIV and suicide rates. Years of popular resistance eventually forced 76 companies their to halt operations.
But the lead company in the project, Ital-Thai, is now embarking on an even more ambitious venture, that of the Tavoy megaproject in southern Burma, which upon completion will be 10 times larger than Maptaphut. The company candidly announced that 10,000 people would be displaced, while lessons from Thailand suggest that its impact on Burma’s delicate society and environment could be catastrophic.
..........................................................................................................

No Road Without Impact Assessment, KNU Tells Ital-Thai


By LAWI WENG Wednesday, January 4, 2012, The Irrawaddy.





A sign near Tavoy in Tennaserim Division—the site of a planned special economic zone and deep-sea port—shows the road leading to Thailand. (Photo: Reuters)
The Karen National Union (KNU) told representatives of the Italian-Thai Development Co., Ltd. (ITD) at a meeting on Dec. 28 that it will only allow construction of a new road linking Burma’s Tavoy Special Economic Zone to the Thai border to go ahead after an environmental impact assessment has been carried out.

Speaking to The Irrawaddy on Wednesday, Saw Tah Doh Moo, the secretary of the KNU environmental committee, which met the ITD delegation, said: “They told us they want to do the road project, and we told them they need to complete an assessment first.”

The KNU wants ITD to show how much impact the road project, which passes through KNU-controlled territory, will have on the environment and local communities. The road is being built by ITD as part of the multi-billion-dollar Dawei Development Project, which aims to turn Tavoy into a major transport and manufacturing hub.

“We need an assessment of the environmental impact in order to find the best solution for local people. There is nothing to say if they complete the assessment,” said Saw Tah Doh Moo.
ITD has long sought an opportunity to discuss the road with the KNU, amid concerns about security that could force a suspension of the project unless it receives a green light from the ethnic armed group.
At the meeting, the ITD representatives promised that the company would complete an assessment that is already underway and report its findings to the KNU. The two sides agreed to meet again when the process was completed.

In September, the KNU forced the company to stop work on the road after villagers voiced concerns that that the project would have a negative impact on the environment and that many thousands of local villagers from more than 20 villages would be forcibly evicted from their homes.
Thailand plans to turn Tavoy's deep-sea port into a massive industrial complex that will provide Burma's more economically advanced neighbor with a ready supply of imported energy resources and a new conduit for its exports. The area will be administered as a Special Economic Zone (SEZ) under an agreement reached between Burma and Thailand in May 2008.

However, rights groups say the project, which is still in the planning stages, has led to a government policy of land confiscation and forced relocation of local people. Environmentalists have also been strongly opposed to the project, which is expected to inflict major damage to the area's pristine coastline.

ITD is Thailand's largest construction company. The company's chairman, Premchai Karnasuta, told reporters in Bangkok on Dec. 26 that it expects to sign loan agreements in 2012 valued at US $12.5 billion from the Japan Bank for International Cooperation to develop the $60 billion project, which includes a deep-sea port, a 250-square-kilometer light and heavy industrial zone, a 4,000-megawatt coal-fired power plant, and road and railways links to the Thai border.


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More