Monday, January 30, 2012

ပြည်ပ သတင်းသမားတချို့ ရန်ကုန်က မီဒီယာ-ဆွေးနွေးပွဲဆီရောက်နေ

ပြည်ပ သတင်းသမားတချို့ ရန်ကုန်က မီဒီယာ-ဆွေးနွေးပွဲဆီရောက်နေ
၃၀-၀၁-၂၀၁၂ 

"ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" လို့ အမည်ပေးထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ဇန်န၀ါရီ ၃၀-ရက် ဒီနေ့မနက် ၉-နာရီက ရန်ကုန် အင်းလျားကန် ဟိုတယ်မှာ ကျင်းခဲ့ကြောင်းသိရပါတယ်။

ဒီဆွေးနွေးပွဲဆီ ပြည်ပအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ BBC မြန်မာပိုင်းမှ ဌာနမှုး ဒေါ်တင်ထားဆွေ။ VOA မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်း။ မဇျိမသတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်အပါဝင် သတင်း သမားတချို့တက်ရောက်ခဲ့တယ်လို့ အဲဒီပွဲကိုရောက်နေတဲ့ သတင်းသမားတဦးကပြောပါတယ်။


ဒါအပြင် နိုင်ငံတော် သမတ အကြံပေးအဖွဲ့ဝင်တွေ။ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ။ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတွေ။  နိုင်ငံတကာပညာရှင်တွေ။ ပြည်တွင်းမှ ပညာရှင်တွေနဲ့ ပြည်တွင်းပြည်ပ မီဒီယာများလဲ တက်ရောက်ခဲ့တယ်လို့ အဲဒီပုဂိုလ်က ဆက် ပြောပါတယ်။






ဆွေးနွေးပွဲ ပထမပိုင်းမှာ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ထိုင်းမှ ပညာရှင်တွေက စာတန်းဖတ်ကြားတင်ပြကြပြီးနောက် စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေကလည်း "Current Policy on Drafting Media Law" အမည်ရှိ စာတန်းကိုဖတ်ကြား တင်ပြခဲ့တယ်လို့သိရပါတယ်။



အခု မူကြမ်းရေးဆွဲထားတဲ့ မြန်မာနိုင်ငံ မီဒီယာ ဥပဒေအကြောင်း သူက ထည့်သွင်းပြောကြားသွားပီး မီဒီယာဥပဒေကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စုလွှတ်တော်သို့ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေကပြောကြားခဲ့တယ်လို့ဆိုပါတယ်။


မီဒီယာဥပဒေကြမ်းတွင်အခန်း(၁၀)ပါရှိပြီး ..
အခန်း(၁) အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာများအတွက် ရပိုင်ခွင့်များ၊ တာဝန်များ နှင့် ကျင့်ဝတ်များ
အခန်း(၃) စာအုပ်စာနယ်ဇင်း ထုတ်ဝေခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းများ
အခန်း(၄) စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များအကောင်အထည်ဖေါ်ရေးအတွက် စာနယ်ဇင်းကော်မီတီ
အခန်း(၅) ပုံနှိပ်စက်များနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း
အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတန်းများ ထုတ်ဝေခြင်း
အခန်း(၇) ပြဌာန်းချက်များနှင့် ဆန့်ကျင်ကွဲလွဲခြင်းများ
အခန်း(၈) ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း
အခန်း(၉) ပြစ်ဒဏ်များ
အခန်း(၁၀) အထွေထွေ ပြဌာန်းချက်များ
ဟူ၍ အကြမ်းဖျင်းပါရှိကြောင်းသိရပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို မနက်ဖြန် (၃၁)ရက်နေ့မှာလဲ ဆက်လက်ပြုလုပ်မယ်လို့သိရပါတယ်။


(အချက်လက်အများစုနဲ့ ဓါတ်ပုံတွေကို ပေါ်ပြူလာဂျာနယ်မှ တဆင့်ကူးယူထားပါသည်)
..........................................................................................................................................................
 
 မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ

30-၀၁-၂၀၁၂ - 19:37 GMT။ BBC


မြန်မာ နိုင်ငံ သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ နဲ့ စကင်0x081ာပူ နိုင်ငံ အခြေစိုက် Asia Media and Information Communication Centre (AMIC) အဖွဲ့တို့ရဲ့ ပူးပေါင်း စီစဉ်မှု အရ မီဒီယာဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့ အင်းယားကန် ဟိုတယ်မှာ စတင်ခဲ့ပါတယ်။

နှစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲကို ဘီဘီစီ အပါအဝင် ပြည်ပ အခြေစိုက် သတင်း ဌာန တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်း မီဒီယာ လွတ်လပ်ခွင့် ပိုရအောင် ဘယ်လိုလုပ်ကြ မလဲ၊ ဘာတွေ လုပ်ကြ မလဲ ဆိုတာတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်၊ အကြံပေးအဖွဲ့တွေဖွဲ့နိုင်မယ်၊ ကျွမ်းကျင်သူ တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်၊ ပြည်သူတွေရဲ့ အမြင်တွေကိုလက်ခံ ကျင့်သုံးနိုင်မယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့် ပိုရှိမယ့် အလားအလာတွေ မြင်တွေ့ရဖို့ရှိတယ် လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘီဘီစီ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေက ပြောကြား ခဲ့ပါတယ်။
..........................................................................................................................................................................

ပထမဆုံးအကြိမ် မီဒီယာဖွံ့ဖြိုးရေး ဆွေးနွေးပွဲ  ရန်ကုန်မှာကျင်းပ 

တနင်္လာ, 30 ဇန်နဝါရီ 2012. မသင်းသီရ။ VOA

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုရှိလာတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့အတူ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကိုလည်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပ သတင်းသမားတွေ စုပေါင်းပြီး မြန်မာ သတင်းမီဒီယာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ ကျင်းပနေတဲ့  ဒီ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ပြဌာန်းသင့်တဲ့ မီဒီယာဥပေဒတွေနဲ့အတူ သတင်းကျင့်ဝတ် ဆိုင်ရာတွေအပြင် သတင်းထောက် သင်တန်းကျောင်းတွေ ဖွင့်နိုင်ရေး ကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ အခုကျင်းပနေတဲ့ သတင်းမီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းပြည်ပ သတင်းသမားတွေ တွေ့ဆုံဆွေးနွေးကြတဲ့ ပွဲဖြစ်သလို အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် တိုးတက်မှုတွေ ရှိလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြား သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲကို  မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့က ဦးဆောင်ပြီး စင်ကာပူအခြေစိုက် AMIC လို့ခေါ်တဲ့ အာရှသတင်းမီဒီယာ ဖွံ့ဖြိုးရေးအဖွဲ့နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ရလာမယ့် သတင်းကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်တွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မယ့် တာဝန်ရှိသူတွေဆီ တင်ပြဖို့အထိ စီစဉ်ထားတယ်လို့ ဒီပွဲကို ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်တဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။
“ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းထဲမှာလည်း စတုတ္ထမဏ္ဍိုင်ရဲ့ အနေအထားကို ပြောတယ်။

အဲဒီအတွက် ကျနော်တို့က အဖြေရှာမယ်။ အကြံပြုချက်တွေပေါ့။ ဒီ workshop ကရမယ့် recommendation တွေ၊ action plan တွေကို သင့်တော်မယ့် သူများဆီ ပို့ဖို့ ကျနော်တို့က စီစဉ်ထားပါတယ်။ ကျနော်တို့ လုပ်လို့ရတဲ့အပိုင်းတွေက တတ်နိုင်သလောက် လုပ်သွားရင်တော့ တိုးတက်မှာပေါ့လေ။ ကျနော်တို့ လုပ်လို့မရဘဲနဲ့ အာဏာပိုင်တွေကပဲ လုပ်ပေးမှ ရမယ့်အပိုင်းကတော့ လုပ်ပေးမှပဲ တချို့က တိုးတက်မှာ။ အဲဒီတော့ နှစ်ပိုင်း ကျနော် ပြောချင်ပါတယ်။ policy maker တွေ လုပ်ပေးရမယ့်အပိုင်းကတော့ ဒါကတော့ အဲဒီ policy maker တွေရဲ့ ကိစ္စသာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ ပြည်တွင်းအပြင် ပြည်ပက သတင်းပညာရှင် ၉ ဦးက ဒီကနေ့မှာ စာတမ်း ၉ စောင် ဖတ်သွားပါတယ်။ အများစုက နိုင်ငံတကာ သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ပြောပြသွားသလို စာပေစိစစ်ရေးက ဒုညွှန်မှူး ဦးတင့်ဆွေကလည်း ပြန်ကြားရေးဌာနက ရေးဆွဲနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ အချက်တချို့ကို ရှင်းသွားရာမှာ ပုံနှိပ်ထုတ်ဝေရေး အတွက်သာ လျော့ပေါ့မှုတွေနဲ့ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် သတင်းမီဒီယာ တစ်ခုလုံး လွတ်လပ်မှုအတွက် ခြုံငုံပြီး ရေးထားတာ မဟုတ်ဘူးလို့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။

“တကယ်တမ်းပြောရရင် အခုဖြစ်လာမယ့်ဥပဒေ နံမည်ကို ကျနော်ပြောပြမယ်။ Printing, Press and Publication Law ဆိုတော့ မီဒီယာလို့ မသုံးထားဘူး။ ပုံနှိပ်စက်တွေနဲ့ ပုံနှိပ်ထုတ်ဝေခွင့် စာအုပ်များဆိုင်ရာ ဥပဒေ ဆိုတဲ့ပုံစံမျိုး။ သူက print မီဒီယာ တစ်ခုတည်း ရည်ရွယ်တဲ့သဘောမျိုး၊ ဆင်ဆာ မထားတော့ဘူး ဆိုတဲ့သဘောမျိုး။ ဆိုတော့ အရင်ဟာထက်စာရင်တော့ လွတ်လပ်မယ်၊ အကုန်လုံးတော့ လွတ်လပ်ခွင့် ပေးတာတော့ မဟုတ်သေးဘူး။

ကျနော်တို့ ပြောထားတာကတော့ လက်ရှိ ပြန်ကြားရေးက ရေးတဲ့ဥပဒေကို ရှေ့နေချုပ်ရုံးကို တင်ထားတယ်။ ပြန်ကျန်တဲ့အခါမှာ လွှတ်တော်ကို မတင်ခင်မှာ ကျနော်တို့ကို ဆွေးနွေးခွင့်ပေးမယ်၊ ချပြမယ်လို့တော့ ကတိပေးထားတယ်။ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း လိုအပ်တာတွေ ပြောကြတယ်။ ကျနော်တို့ human resource နဲ့ ပတ်သက်ပြီး တော်တော်လိုနေတယ်။ ဒါကြောင့်မိုလို့ training တွေ အများကြီးလုပ်ဖို့ လိုမယ်။ အဲဒါတွေတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော် ထင်တာတော့ အကုန်လုံး ရဖို့ မရဖို့ ဆိုတာထက် ကိုယ်သွားချင်တဲ့နေရာကို ခြေလှမ်းတစ်လှမ်းတော့ စလှမ်းလို့ ရတာပေါ့။ ကျနော်တော့ အဲဒီလို မြင်ပါတယ်။”

မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစော ပြောသွားတာပါ။ ဒီကနေ့ ဆွေနွေးမှုတွေအပေါ် ပြည်တွင်းသတင်းအယ်ဒီတာ ဦးစည်သူအောင်မြင့် သုံးသပ်တာကတော့ -
“တကယ့်တကယ် ဒီမှာတက်တဲ့သူတွေက အများစု စိတ်ဝင်စားကြတာက ကျနော်တို့ မြန်မာပြည်က အခြေအနေပေါ့နော်၊ မီဒီယာ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အခြေအနေ။ လက်ရှိ အနေအထားအပေါ်မှာတော့ ကျနော်တို့ သိပ် မဆွေးနွေး နိုင်ဘူး။ မဆွေးနွေးနိုင်တာက လောလောဆယ်မှာ ဆွေးနွေးဖို့ဆိုရင် အပြန်အလှန် ခေါ်တာပေါ့နော်။

ကျနော်တို့ ဒီဘက်က ဒါကို တာဝန်ယူလုပ်ကိုင် ဆောင်ရွက်နေတဲ့ အစိုးရပိုင်းကလူတွေလည်း ဆွေးနွေးပေးရမယ်။ နောက် ကျနော်တို့ ဒီဘက်က ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ မီဒီယာသမားတွေကလည်း ဆွေးနွေးပေးရမယ်။ ပြီးတော့ နိုင်ငံတကာကလည်း ဒီဆွေးနွေးချက်တွေ အပေါ်မှာ သူတို့အမြင်တွေ ဘာတွေ ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီဥစ္စာတွေကတော့ ဒီလောက်အထိ မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားကလူတွေက သူတို့ အတွေ့အကြုံတွေလောက် ပြောတယ်။ ကျနော်တို့ကလည်း မေးမြန်းတယ်။ ဒီလောက်ပဲ ကျနော်တို့ ဆွေးနွေးနိုင်တယ်။”


မနက်ဖြန်မှာတော့ သတင်းသမားတွေ အပြန်အလှန် ဆွေနွေးကြမယ့်အထဲမှာ သတင်းကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ၊ သတင်းထောက် သင်တန်းကျောင်း ဖွင့်နိုင်ရေး တွေလည်း ပါဝင်မယ်လို့ ဦးဆောင်စီစဉ်သူ ဦးကိုကို (စက်မှု) က ပြောပါတယ်။

“ဒါ မီဒီယာ ဥပဒေတစ်ခုတင် မကဘူး။ ဘယ်လိုဥပဒေ မျိုးတွေရော ကျနော်တို့က ရှိသင့်သလဲ၊ ဘယ်လို ဥပဒေမျိုးကတော့ မရှိသင့်ဘူးလဲ ဆိုတာတွေလည်း ကျနော်တို့က ဆွေးနွေးတဲ့အထဲမှာ ပါပါတယ်။ နောက်တစ်ခုကတော့ ကျင့်ဝတ် ethic ပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ သူ့ဟာသူ ဆွဲပြီး ကျင့်သုံးနေတာတွေလည်း ရှိတယ်။ အဲဒီတော့ မနက်ဖြန်မှာ ကျနော်တို့ကတော့ အနည်းဆုံးတော့ အားလုံးသိတဲ့ အားလုံး သဘောတူနိုင်မယ့် ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ guideline လေးတစ်ခုကိုပါ ချနိုင်အောင်လို့ ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်။

နောက် တတိယအချက်ကတော့ ကျနော်တို့က သတင်းထောက်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် သင်တန်းကျောင်းတစ်ခုဖြစ်အောင် ကျနော်တို့က ကြိုးစားနေတယ်။ အဲဒီ သင်တန်းကျောင်းကို ဘယ်လို ပုံစံမျိုး ပေါ်ပေါက်လာမယ်၊ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ် ဆိုတာကို ၀ိုင်း အဖြေရှာမယ်။ ၀ိုင်း ဆွေးနွေးမယ်။ သတင်းထောက်နဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတစ်ခုကို ကျနော်တို့ သိပ်မကြာမီပေါ့လေ တည်ထောင်သွားဖို့ ရှိပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံ စာပေ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ပြောသွားတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂ ၇က်ကြာ ကျင်းပမယ့် ဒီ သတင်းမီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်တွင်းက သတင်းဌာနတွေကို ဦးဆောင်နေတဲ့ သတင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေက သတင်းထောက်တွေ နဲ့အတူ ပြည်ပအခြေစိုက် ဗွီအိုအေ၊ ဘီဘီစီ၊ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်နေတာ ဖြစ်ပြီး သတင်းသမားဦးရေ ၁၀၀ နီးပါးလောက် ဆွေးနွေနေကြတာ ဖြစ်ပါတယ်။
.................................................................................................................................................................

မီဒီယာ စီမီနာမှာ ဦးတင်ဆွေ တင်ပြတဲ့စာတန်း...

 


Current Policy on Drafting
Media Law
Presented by
Tint Swe [Ye' Yint Tint Swe]
Deputy Director General.
Department of Information and Public Relations
Ministry of Information.

IntroductionMyanmar is now transforming to democratic society. To improve this
process one of the vital issue is "Attitude on Media". Nowadays Media (social
or virtual) is one of the crucial estate in political phenomena. Media,
politics and public life are inter-connected relations. Be that as it may, this
paper intends to trace the past Media Laws and the future legislation on
Media. As the presenter is one of the high officials in Information and Public
Relations, this paper is based on the experiences and personal attitude. Also
as an author of books and articles, this paper also represents the feelings and
speculation on future Media Law(s)

(Starting to change) The Media arena

Myanmar had no chance to convene on Media discussions in previous
years from 1962 to 1988, the Socialist Government run the Media Circle in
hegemony and party ideological sense. No one could interfere into the Socialist
party policy, and naturally one party system construed one man rule.

In that period, the regime established a watchdog corp, under the name
of Intelligence Service and the State policy based on one party system was
safeguarded by them. Every sectors were under watched and camour flage
as State Security and defending the Government. The Media world was also
tightened and under the iron heel, no writers, publishers and printers were
expressed free thinking and writings. The Press Serutinity and Registration
Department(PSRD) was also defamed as Military Police Office. Censorship
was very sensitive and naive. But the officials from PSRD were also human
beings. They had also human spirit and morality. They also loved liberty and
free thinking as well. But their profession was under the tightened rules, they
kept away their human spirit and obeyed the orders from upper authourities.
Then they were become notorious. No one can say, what is wrong and what
is right. Under those circumstances, no one could dare to convene like this
seminar.

This phenomena was not exceptional. The Media policy is depending
on State's Policy, it is quite match with the Governmental principles. Nowadays
Myanmar is fowarding to democratic nation with its new Constitution.
The Constitution 2008 indicates the three pillars as the other have, all laws
with previous ideology need to study and review. Some laws will be repealed,
some are need to amend and some are need to prescribe soon.
As the democratic constitutions are shown the importance of the fourth
estate, Myanmar also need to inline with the event. At the time, when the
National Convention on New Constitution processed, the Information Ministry
started to consider on the issue. Gradually, the policy reconsidered and
try to relax. But the process was not obvious and publicised.
This paper can only present briefly, because the work was too intrinsic
and the starting to make a new media law was departmental based. The following
will be the progressive schedule for the new media law from the year
2005.

1) Historically, Myanmar had the following laws regarding to Media.
(a) The Press Act 1867.
(b) The Press Emergency Powers Act 1931
(c) The Copyright Act 1914.

These laws were promulgated by the colonial government since 1867
when Myanmar was under British Government. These laws were enacted up
to 1962. (1)

In 1962, when the Army took the State power and established the Socialist
State, the above mentioned laws were still in practice and more rules,
regulations, instructions and directions were prescribed. Under the Burma
Socialist Programme Party, the Media Circle became rigid and tight, and the
Revolutionary Council (then the Military Government) promulgated the new
regulations and amended the existence.

(d) The Registration of Printers and Publishers law (1962)

But in the initial period of this law had no prior scrutinized regulation
for all literature and periodicals. But in 1964, due to the domestic
curcumstances the strict regulated for prior scrutinized became compulsory.
Later, there were so many rules, regulations, instructions orders and
from time to time notifications were made by concerning office. The 1962
law was amended two times in 1962 and 1971 and the Press Act 1867 was
repealed by this 1962 law.

After 1988, the State Peace and development Council government still
applied the above mentioned laws and regulations. The registration of Printers
and Publishers Law 1962 was amended in 1989. But in 2004 October, the
most powerful Military Intelligence Corps was abolished and in 2005. The
Press scrutiny and Registration Department became under the Ministry of
Information. (Previously it was under Ministry of Home Affairs) and The
Order 22/2005 came out.
From that date 2005- The Relaxation Concept started gradually.

During the 22 years under military administration following the 1988
military coup, in keeping with the aim of establishing a democratic state,
basic requirements for such a state were put in place in all aspects. On the
other hand, various reforms that were called for were implemented gradually
in some certain sectors. With regard to print media the existing legal instruments
at that time were the 1962 Law for Registration of Printers and Publishers
with rules and instructions added from time to time; the 1931 Act
Providing Emergency Powers regarding Printing Presses; the 1914 Copyright
Law etc. In the period from 1988 to 2004 under the military administration,
the only significant change was that the former Literary Workers’ Organization
was reorganized as the Myanmar Writer and Journalists Association.
In October 2004, the powerful military intelligence was dismantled and significant
changes in print media were made. The Department for Press Scrutiny
and Registration that was formerly under the Home Ministry was placed
under the Ministry of Information in April 2005. From that time onward,
under the leadership of Brigadier General Kyaw Sann, Minister of Information,
changes in the conduct of print media business were carried out gradually
with the help of people engaged in this business. Thanks to their discipline,
their understanding of tactical moves made by my department in accordance
with strategies laid down by the ministry. Reforms made in print media
from 2005 to 2011 are listed below:- (2)
(a)In 2005, the following were carried out-
(1)Four aims and objectives regarding scrutiny of publications laid down;
(2) Restrictions prevalent in seven sectors regarding scrutiny of
publications were eased off;
(3) Two strategies for development of print media beneficial to national
interests and to enhance news content in domestic print media;
(4) Laying down of detailed 14 tactical operations and modalities;
(5) Granting publishing licenses to those actually involved in the
publishing business;
(6) Issuing publishing licenses in hundreds in order to promote
competiveness essential in a market economy.
(b) In 2006, the following were carried out-
(1) Writers and journalists were invited to attend a briefing on
developments that had taken place nationwide, disseminating factual
news through the media;

(2) Holding press conferences in various ministries to acquaint journalists
with the kind of work each ministry is doing;
(3) Clear up misunderstanding s by the UN and various countries through
publication of pertinent articles and news releases.
(c) In 2007, the Central Supervising Committee held its second conference
and laid down three policy goals as follows-
(1) To promote furtherance of national interests by media people;
(2) To adopt “rely on a positive approach, goodwill and take a charitable
view “ as ones’ watchword in this endeavour;
(3) To see that dissent do not degenerate into conflict.

(d) In 2008, a delegation headed by a Deputy Director General was sent to
Singapore on a study tour and the following steps taken –
(1) Print and Broadcast media met with AMIC /AIBD groups and on
return, put up proposed changes to respective media to the minister
who gave necessary instructions and comments regarding their
implementation;
(2) In order to obtain end user reaction on these issues, the Department
for Scrutiny and Registration of Publications met with members of
the Literati and Journalists’ Association to prepare
media for the task of taking self-responsibility in their work.
(3) To imbue press, publishers and editors with this concept of selfresponsibility;
meanwhile the ministry will not neglect its responsibility
to take the lead in instilling this concept among this community;
(4) To cultivate the practice of printing what is newsworthy; while giving
this information in a timely fashion.

(e) 2009.Chapter VIII of The Constitution of the Republic of the Union of
Myanmar (2008) provides in section 354,sub-section (a) that “ Every citizen
shall be at liberty….to express and publish freely their convictions and
opinions” and in sub-section (d) “ ..to develop their language, literature ,culture
they cherish, religion they profess and customs…” A print media law that
will satisfy these requirements being needed, the following steps were taken
for its realization-

(1) Print media laws from various countries were procured for study;
(2) Relevant measures were taken to draft a law that will bring the terms
provided by the Constitution into fruition. (3)
(f) In 2010, the following measures were taken-
(1) Meetings were held during the months of June, October and December
during this year to identify strategies on how to ease the present
restrictions in the process of scrutinizing publications through stepby-
step moves.
(2) The plan to bring step-by-step changes in the application of the present
policy on scrutiny of publications was approved.
From the year 2010 following the election of a democratic government, a
fourth column closely tied to the triumvirate of legislative, judicial and
administrative functions of the state was fashioned with the participation of
the people. Five principles were laid down to bring the various issues involved
into sharper focus. These were-
(1) The application of Unity in Democracy, the need for such a principle,
being evident in the lack of a united effort in the literary world during
the period 1948 to 1962.
(2) To uphold national interests as the underlying principle in every facet.
(3) To eschew partiality.
(4) To take the basic position that ones’ view shall be tempered by
disciplined freedom and responsibility, liberality with reason overall.
(5) That the Association of Literati and Journalists provide guidance in
this process.
Making a distinction between publish –then – submit and submit –
then – publish processes, from 2011 June, a total of 82 journals, 96
magazines and articles of general interest belonging to five categories
were allowed to publish without preview requirements in Phase I,
similarly, from 2011 December, 32 journals, 22 magazines and
articles of general interest belonging to two categories were given
free rein to publish without preview requirements; at present, ongoing
studies are being made to remove preview requirements for
publications in the remaining three categories. The number of
publications meanwhile has grown to 204 weekly journals, 189
monthly magazines and 532 miscellaneous publications. The types
of miscellaneous publications issued during the course of this year
number 12,405. (4)

A law for print media, that abides by the provisions set forth in the
constitution is also being drafted at the same time as mentioned
follows-
(a) Using the 1931 act granting emergency powers in dealing with
publishing houses and the 1962 Law for Registration of Printing
and Publishing as guides.
(b) Using tenets enshrined in the Universal Declaration of Human
Rights as guides in establishing terms for press freedom, rights and
responsibilities for writers and journalists and culling pertinent aspects
of legislation on print media promulgated in countries such as USA,
UK, Germany, Hungary, Singapore, Malaysia, Viet Nam , the
Philippines, Thai and Cambodia.
(c) The draft legislation will be submitted to the Attorney General’s
Office for comments , then to the cabinet for approval and then to
the Pyidaungsu Hluttaw for approval and its subsequent
promulgation in keeping with established procedure.
The Printing Press and Publications Law as it has been termed
provisionally, will be made up of chapters mentioned below-
Chapter I- Definitions.
Chapter II- Rights, Duties and Ethical Codes for Writers and
Journalists.
Chapter III- Principles to be observed by publications.
Chapter IV- Committee for Press Freedom and Raising Ethical
Standards.
Chapter V- Registration of Printers, Publishers and Distributors.
Chapter VI-Handing in Newspapers, Periodicals, Journals,
Magazines, Books and Other Publications.
Chapter VII- Newspapers, Periodicals, Journals, Magazines and Other
Publications that are contrary to terms and provisions of this law.
Chapter VIII- Dissemination of publications externally or internally.
Chapter IX- Penalties.
Chapter X- General Provisions.
While this piece of draft legislation undergoes the process necessary for it to
become law, as I have mentioned above, one thing I can assure you is that
such freedom, rights and protective measures granted by the constitution and
8
democratic principles shall be observed. Thank you for your kind attention
during this presentation and I would like to add that such comments and advice
given in this workshop by scholars, distinguished guests and those who have
presented papers will be noted down by me and given due consideration.
Media are intermediate agencies that enables communication to take
place. (5)
The Media are business and yet they are also ascribed a special function
in the democratic health of a society; the media are the news media and function
as journalism, but they are also the entertainment media and provide escape
from the presssures of everyday life. (6)
Successful media strategies are increasingly dependent on the
management of the policy. But the media have been criticised for a variety of
reasons
- they are said to focus too much on conflict & personalities.
- they are involved in unnessary intrusions of privacy.
- they exacerbate the distance between the public and those who govern
them.
- they do not facilitate a great diversity of view-point.
It is important that we critique modern media methods that alienate the
public and hinder the democratic health of a society, but we must do this
within a context that locates the Media as a legitimate and central
communicative mechanism in modern societies that validates the performative
basis of public life. (7)

The following points to ponder may conclude the paper.
Myanmar' transition is processing.It should understand that progress
will be slow,but the State move carefully. It is unlikely that without some
legal framework as exists for real-world speech and action, moral suasion
will be enough to convince public to support freedom of speech and expression.
It would be nice to have a flexible set of legislation, relaxible procedures
that could be used against different regimes and different period, time to time
different public.

The Media envirionment always demand for freedom of expression.
But every citizen must aware on his rights and responsibilities.
Media were central to both the freedoms and the disciplinary structures
of the nation & national identity.

Thank You all

End Notes
(1) Myanmar law Index 2011.
(2) Ministry of Information, Laws, Regulations, Instructions and Orders; Central Supervision Committee
Up to 2010 March
(3) Union of Myanmar Constitution 2008.
(4) Ministry of information, literature Scrutiny Policy: Changes and Performative;
Instructions and Notifications
1st Phase 2011 June
2nd Phase 2011 December
(5) O Sullivan. T-et -al, 1994 Key Concepts in Communication & Cultural Studies 2 nd edition: Routledge
london. P-176)
(6) [Geoffrey Craig "The Media, Politics & Public life South Asian Edition: Allen & Unwin 2007] P-3
(7) Shirky, Clay The Political Power of Social media, the Public Sphere and Political Change
Foreign Affairs, New York: Jan / Feb 2011 Vol 90, issue 1, P-28.

..................................................................................................
 
(မီဒီယာ အပြောင်းလဲနဲ့ဆိုင်တဲ့ တခြားသတင်းတွေကိုလဲ ပူးတွဲဖတ်ရှုနိုင်ရန် စုစည်းတင်ပြထားပါတယ်)

ဒီဗွီဘီလည်း ပြည်တွင်းဝင်ရောက်ရန်ကြိုးစားမည် Yangon Press International
ဇန်န၀ါရီ ၂၉၊ ၂၀၁၂

ဦးအေးချမ်းနိုင်
ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲ ဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့ လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဆိုသည်။

“ကျွန်တော်တို့ တစ်ယောက် နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ ရမလား ဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်း အထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေ လုပ်မှာပါ ” ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။

ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့ လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက် လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရနဲ့ ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက် ပြောင်းလဲမလဲ စတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခု လာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဒီဗွီဘီအနေဖြင့် ပြည်တွင်း အခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပ ထောက်ပံငွေများကို ဆက်လက် ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

“အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ ပုံစံနဲ့ပဲ သွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့ (Public service)ပဲ။ အမှီအခို ကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်း မဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေး အကူအညီ မပါလဲ သွားလို့ မဖြစ်ဘူး ” ဟု ဦးအေးချမ်းနိုင်က ဆိုသည်။

ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များ ခန့်အပ်ကာ လုပ်ကိုင်လျက်ရှိသည်။
ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကို အနောက်ဥရောပနိုင်ငံအချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျက်ရှိသည်။

ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကို အဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင် ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလ နှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံ ထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။

ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပ အခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျက်ရှိသည့် မြန်မာ ၀န်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက် သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့်လများ အတွင်း လာရောက်ခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘော ဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်း ရယူလိုသည့် ကိစ္စရပ်များ ရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။

နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ် လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျက်ရှိသည်ဟု သိရှိရသည်။ ။
..................................................................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More