Friday, May 22, 2015

Back Stories of a rider. (ပြိုင်ပွဲနောက်ကွယ်က စက်ဘီသမားတဦးရဲ့ အတွေးစများ)

Back Stories of a rider.
(ပြိုင်ပွဲနောက်ကွယ်က စက်ဘီသမားတဦးရဲ့ အတွေးစများ)

ဥရောပနဲ့ အမေရိကားမှာကျင်းပနေတဲ့ နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲတွေကို TV မှာကြည့်ရင်း၊ အင်တာနက်မှာရှာဖတ်ရင်းနဲ့ မြန်မာစက်ဘီးလောက အကြောင်းတွေးမိပါတယ်။

(Alberto Contador (Spa) Tinkoff-Saxo ရဲ့ နေ့လည်စာ၊ မြန်မာတွေစားသလို ဖီကြမ်းငှက်ပျောသီးတော့ မတွေ့မိပါ)

ပထမ ဆုံးတွေးမိတာ နိုင်ငံတကာအဆင့်မီ Pro စက်ဘီးအသင်းတွေ ဖွဲ့နိုင်ရေး ပါ။ အဲဒီထက်အဆင့်လျော့စဉ်းစားရင် အာဆီယံဒေသအဆင့်မီ Pro အသင်း တွေဖွဲ့ရေး၊ အဲဒါကိုမလုပ်နိုင်သေးရင်တောင် ပြည်တွင်းမှာ Pro အသင်းဖွဲ့ရေး များလုပ်နိုင်မလားလို့ပါ။ 

မြန်မာနိုင်ငံမှာ Pro အသင်းတွေရှိနေပြီးသားဖြစ်ရဲ့နဲ့ စာရေးသူမသိတာဆိုရင် တော့ ဆောရီးပါ။ ဒီစာမျက်နှာကိုဝင်ဖတ်နေကြတဲ့ စက်ဘီးသမားတွေက ကျ နော့်ဆီ ထင်မြင်ချက်ပေးကြစေချင်ပါတယ်။

ဒုတိယအချက်ကလည်း Pro အသင်းတွေမရှိခြင်းနဲ့ပဲ ဆက်စပ်နေမလားပါပဲ။ မြန်မာနိုင်ငံမှာ စက်ဘီးအသင်းတွေ၊ စက်ဘီးတင်တဲ့ကားတွေ မတွေ့မိသေးပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က နေပြည်တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှ အားက စားပွဲအကြို စက်ဘီးစီးပြိုင်ပွဲဆီ ကျနော်ရောက်သွားပါတယ်။ ဒီစာမျက်နှာထဲမှာ နေ့စဉ်လိုလိုပုံတွေတင်နေတဲ့ မော်လမြိုင်က ကိုဖိုးအောင်ရဲ့ ဖိတ်ကြားချက်နဲ့ပါ။

မြန်မာအသင်းစီးတဲ့စက်ဘီးတွေဟာ နိုင်ငံတကာအဆင့်မီ သိန်း ၃၀-၄၀ တန် ကာဘွန်ဘီးတွေဖြစ်ပေမယ့် ရှေ့မှာတင်ပြခဲ့သလို စက်ဘီးကိုထောက်ပံ့တဲ့ အပြင်အဆင်၊ အခင်းအကျင်းတွေကတော့ လိုနေဆဲပါ။ ထားတော့။ ဒါက တဖြေးဖြေးဖြစ်လာမှာပါ။ မြန်မာက အခုမှ နိုင်ငံတကာလမ်းမပေါ်တက်ဖို့ ခြေလှမ်းပြင်တုန်းမဟုတ်ပါလား။


စက်ဘီးစီးရင်း သောက်ရေဘယ်လိုဖြည့်မလဲ။

နိုင်ငံတကာပွဲတွေကိုကြည့်ရင်း ပထမ ဆုံး သတိထားမိတာက ရေဗူးတွေကို တခါသုံးပြီးလွှင့်ပစ်လိုက်တဲ့မြင်ကွင်းပါပဲ။ အခုခေတ် မြန်မာစက်ဘီးသမားတွေ ဘယ်လိုသုံးနေလဲတော့မသိပါ။ ၁၉၈၈ ၀န်းကျင် ကျနော်တို့စက်ဘီးသမားဘ၀ ကတော့ ရေဗူးတလုံးကို ၁၀၀၊ ၁၅၀ ကျပ်နဲ့ဝယ်ရလို့ တခါသုံးပြီးလွှင့်ပစ်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။ အဲဒီအချိန်က တလုံးအတွက် ကျောင်းစရိတ်က ကျပ် ၃၀၀ ပဲရှိတာပါ။


နိုင်ငံတကာပွဲတွေမှာတော့ ရေကုန်တာနဲ့လွှင့်ပစ်၊ အသစ်ဗူးတွေကို ကိုယ်ရဲ့ အသင်းကားကနေလာပေး၊ သို့မဟုတ် အသင်းဖေါ်တဦးဦးက နောက်မှာနေ ခဲ့ပြီး အသင်းကားဆီက ရေဗူးတွေယူကာ အသင်းသားတွေကိုလိုက်ပေးပေါ့။ ရေဗူးကအစ သူ့သက်ဆိုင်ရာ အသင်းတံဆိပ်တွေနဲ့။ 

ပြီးတော့ အစားအသောက်ပေးတဲ့ Feed လုပ်တဲ့နေရာမြင်ကွင်း။ မြန်မာနိုင်ငံ က တာဝေးပွဲတွေမှာလည်း အဲဒီလိုအစားအသောက်ပေးတဲ့နေရာရှိပါတယ်။ ဒါပေမယ့် ကိုယ့်အသင်းနဲ့ကိုယ်ပေးနိုင်တာမျိုးမဟုတ်။ အား-ကာ တာဝန်ရှိသူ တွေကပေးတဲ့ဟာ သင့်သလိုသာ ယူဖြည့်ပေတော့။ 

အစာထည့်ထားအိတ်ကလည်း တခါသုံးပါပဲ။ မြန်မာနိုင်ငံမှာစက်ဘီးစီးနေစဉ် တုန်းကတော့ နိုင်ငံတကာပွဲလည်းမကြည့်ဖူးတော့ ဒါတွေကိုမသိဘူး။ ရှေ့မှာ ညွန်းခဲ့တဲ့ မော်လမြိုင်က ကျနော့်ဆရာ ကိုဖိုးအောင်က ငှက်ပျောသီး (ဘာ ကြောင့်မှန်းမသိ၊ မြန်မာပြည်က အားကစားသမားတွေက ဖီးကြမ်းပဲစားကြ ပါတယ်၊ ဥရောပမှာတော့ ဖီကြမ်းသီးကိုတောင် မတွေ့မိပါ)နဲ့ တခြားစားစရာ အနည်းအကျဉ်းထည့်ထားတဲ့ အိတ်ကိုယူပြီး အမြဲတန်းလွယ်ထားတော့ ပွဲ အစ အဆုံး ဒီလိုပဲ လွယ်ထားရတယ်လို့ထင်ခဲ့ပေါ့။

မလွယ်လို့လည်းမရဘူးလေ။ လမ်းမှ ရေပြတ်ရင်၊ စားစရာပြတ်ရင် ကိုယ့်အ သင်းကားတွေ၊ ဆိုင်ကယ်တွေမရှိတော့ လိုသမျှအားလုံး ကိုယ်နဲ့တပါတည်း ယူသွားမှ စိတ်ချရတော့မပေါ့။


စက်ဘီးစီးရင်းနဲ့ အီးအီးပါချင်ရင် ဘယ်လိုလုပ်မလဲ။

ဒီဆောင်းပါးကိုဖတ်နေတဲ့ စက်ဘီးသမားတွေထဲမှာ ပြိုင်ပွဲဝင်နေရင်းနဲ့ အီးအီး ပါဖူးသူ ရှိပါသလား။ ပုံမှန်အားဖြင့်ကတော့ ပြိုင်ပွဲဆီ အာရုံစိုက်ထားတဲ့အတွက် အီးအီးဖက် သိပ်အာရုံလာလေ့မရှိပါဘူး။ ဒါပေမယ့် ဥရောပကပွဲတွေလို တနေ့ ကို ကီလို ၂၀၀ ကျော်၊ သတင်း ပတ်လောက်စီးမယ်ဆိုရင်တော့ ပြိုင်ပွဲအ တွင်း အီးအီးပါချင်သူရှိရင် ရှိလာမှာပေါ့။

Tour de France ပြိုင်ပွဲအတွင်း အီးအီးမအောင့်နိုင်တဲ့ စက်ဘီးသမားတဦး ဟာ လမ်းဘေးက အပန်းဖြေယဉ် (အပန်းဖြေကားတွေမှာ အိမ်သာလဲပါ ပါ တယ်) ထဲအတင်းပြေးဝင်ပြီး အိမ်သာတက်တာကို သတင်းဟာသအဖြစ်ပြ တာတွေ့လိုက်ဖူးပါတယ်။

တချိန်လုံး TV က လိုက်ဖ်ပြနေတာဆိုတော့ အီးအီးပါဖို့မလွယ်ပါ။ ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့ နေပြည်တော်ပွဲမှာတော့ ဘရူးနိုင်းကစက်ဘီးသမားထင် တယ်။ ပန်းဝင်ဖို့ ၁၀ ကီလိုလောက်အလိုမှာ အီးအီးမအောင့်နိုင်တော့လို့ဆိုပြီး စက်ဘီးကိုလမ်းဘေးချ၊ တောထဲပြေးဝင်သွားပါတယ်။ နေပြည်တော်မှာက ၀န်ကြီးဌာနတခုနဲ့တခုကြား တောတွေကခပ်ထူထူဆိုတော့ ဘယ် တီဗွီ က မှ ဒီအကွက်ကို မရလိုက်ပါ။

ဒါက အီးအီးကိစ္စ။ အီးအီးပါသူ မရှိသလောက်နည်းပေမဲ့ ရှုးရှုးပေါက်သူကတော့ အတော်များပါတယ်။ တနေ့ကို - နာရီစက်ဘီးပေါ်ထိုင်နေရတာဆိုတော့ ဘယ်အောင့်ထားနိုင်ပါ့မလဲ။ ဒါပေမယ့် ရပ်ပြီးပေါက်နေရင် နောက်ကျကျန်ခဲ့ မှာစိုးတော့ သွားရင်းနဲ့ရှုးရှုးပေါက်တဲ့နည်းတွေကို စက်ဘီးသမားတွေ ကျင့်ထား ရပုံပါပဲ။

တချို့ဆို အသင်းလိုက်တန်းစီပြီး တဦးလက်တဦးကိုင်ဖေးမရင်းနဲ့ သွားရင်းပန်း သွားတာ TV မှာ မကြာခဏမြင်နေရပါတယ်။ တချို့ကတော့ အုပ်စုလိုက် လမ်း ဘေးတလျောက်တန်းစီပြီး စက်ဘီးကိုခွာက ပေါက်တောလုပ်ကြပါတယ်။ ကင်မရာသမားတွေကလည်း ဒါမျိုးကို နောက်ကျောကနေပဲ ခပ်ဝါးဝါးရိုက်ရင်း ဟာသ လုပ်လေ့ရှိပါတယ်။


စက်ဘီးစီးရင်း နေ့လည်စာ သုံးဆောင်သူများ

အခု အီတလီမှာကျင်းပနေတဲ့ သတင်း ပတ်ကြာ Giro d'Italia ပြိုင်ပွဲအပါဝင် ပွဲကြီးမှန်သမျှဟာ နေ့လည်ပိုင်းစီးကြတာမို့ စက်ဘီသမားအားလုံး နေ့လည်စာ ကို စက်ဘီးစီးရင်းနဲ့ စားသုံးကြရပါတယ်။ စက်ဘီးစီးအကျီနောက်ကျောက အိပ်ကပ် ခုစလုံးမှာ အဲဒီအစာတွေနဲ့ပြည့်လို့ပေါ့။ 

စက်ဘီးစီးတာကို ဒုက္ခခံနေသူများအဖြစ်နောက်ပြောင်လေ့ရှိတဲ့ ကျနော်မိတ် ဆွေတဦးကတော့ TV ပေါ်က စက်ဘီးသမားတွေကိုကြည့်ရင်း ''မင်းတို့ စက်ဘီးသမားတွေကလည်း အရင်ဘ၀က ဘာဝဋ်ရှိလည်းမသိဘူး။ ထမင်းစားချိန်လည်း မနားရ၊ ရေသောက်ချိန်မှာလည်း ထွက်ပြေးကြနဲ့'' ဆိုပြီး ဝေဖန်ခဲ့ဖူးပါတယ်။

ဟုတ်တော့လည်းဟုတ်ပါတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာသူတွေပါပဲ။ ပြိုင်ပွဲဝင်ရင်း အစာစားတယ်ဆိုတာကလည်း ကုန်းတက်၊ ကုန်းဆင်းမရှိတဲ့အချိန်၊ အကွေ့ အကောက်မများတဲ့အချိန်တွေကိုရွေးပြီးစားရတာ။ စားနေချိန်မှာ လက်တဖက် ကလွတ်ထားရတာဆိုတော့ မတော်လို့ချော်လည်းသွားရင် အစားမက်လို့ ချော် လဲတာဆိုပြီး အပြောခံရနိုင်ပါတယ်။

တခါ ကိုယ်စားနေချိန်မှာ အခြားပြိုင်ဖက်တွေက အရှိန်တင်ပြီးထွက်ပြေးမသွား အောင်လည်း ဘေးပတ်လည်ကိုကြည့်ရပါသေးတယ်။ မိုးရွာပြီး လမ်းလျော်နေ ရင် အခြေအနေက ပိုဆိုးပေါ့။


...(လောလောဆယ် စဉ်းစားမိသလောက်ရေးလိုက်တာပါ။ ဆက်လက် တင်ပြပါဦးမည်...)

Saturday, May 16, 2015

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေလ ၁၆ စမည်

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေလ ၁၆ စမည်

|Dawei Watch|မော်လမြိုင်၊ မေ ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၆
ရက်တွင် မွန်ပြည်နယ်သို့ လာရောက်မည်ဟု မွန်ပြည်နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တလျှောက်တွင် ကျိုက်ထို၊ ဘီလင်း၊ သထုံ၊
မော်လမြိုင်နှင့် သံဖြူဇရပ်တို့တွင် လူထုဟောပြောပွဲများ
ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မေလ ၁၆ ရက်နေ့ညတွင် မြို့မိ
မြိုဖများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

“၁၆ ရက်နေ့ကျရင် မော်လမြိုင်ရောက်မယ် ညနေပိုင်းမှာ လှိုင်ဘောလုံးကွင်းမှာ
ဟောပြောပွဲလုပ်မယ်၊ မော်လမြိုင်မှာ အိပ်မယ် ပြီးတော့ နောက်နေ့မနက်ကျတော့
သံဖြူဇရပ် ကြာကန်ရပ်ကွက်က ကြာကန်ဘောလုံးကွင်းမှာ ဟောပြောမယ်” ဟု ဒေါက်တာ
ခင်ဆောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်
မတ်လ ၂၇ နှင့် ၂၈ ရက်တို့တွင် မွန်ပြည်နယ်သို့ လာရောက်ရန်
စီစဉ်ထားသော်လည်း ကျန်းမာရေးအခြေအနေနှင့်  ရာသီဥတုပူပြင်းမှုကြောင့်
ခရီးစဉ် ဖျက်သိမ်းခဲ့သည်။

“ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ မတ်လက
မွန်ပြည်နယ်ကိုလာမယ်ဆိုပြီးပြောထားတယ်၊ ဒါပေမယ့်
ကျန်းမာရေးအခြေအနေကြောင့် မလာဖြစ်တာကို အခု ကျန်းမာရေးလည်းကောင်းလာတယ်
အားလည်းအားတဲ့အတွက် မွန်ပြည်နယ်ကို ပြန်လာပေးတာ” ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင်ခရိုင် အတွင်းရေးမှူး
ဦးကိုကိုဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောန်ဆန်း မိန့်ခွန်းပြောကြားခဲ့သည့်
သေမင်းတမန်စစ်သင်္ချိုံင်းရှေ့ရှိ ကြာကန်ဘောလုံးကွင်းတွင် မိန့်ခွန်း
ပြောကြားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

သေမင်းတမန်စစ်သင်္ချိုင်းသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်
ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းက ဖောက်လုပ်ခဲ့သည့်
မြန်မာ-ယိုးဒယားနယ်စပ် မီးရထားလမ်းဖောက်လုပ်စဉ် ဂျပန်များ၏
စစ်သုံ့ပန်များအဖြစ်ခေါ်ဆောင်ခံရသည့် ဗြိတိသျှစစ်မှုထမ်းများ
သြစတြေလျစစ်မှုထမ်းများ ဒတ်ခ်ျစစ်မှုထမ်းများနှင့် အာရှချွေးတပ်သားများ
မြုပ်နှံထားသည့် နေရာဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲက မော်လမြိုင်သို့ လူထုဟောပြောပွဲ
လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင်
မော်လမြိုင်မှာ NLD နိုင်ခဲ့ပါက နောက်ထပ်တစ်ကြိမ်ထပ်မံ လာခဲ့မည်ဟု
မော်လမြိုင်လူထုကို ဂတိပေးထားသည်။

Friday, May 15, 2015

ဖြူ-နီ-၀ါ-စိမ်း အရောင်များနဲ့ ကမ္ဘာ့စက်ဘီးပြိုင်ပွဲ သင်္ကေတများ

(၂၀၁၆ အတွက် အရောင်သတ်မှတ်ခြင်းကို ဓတ်ပုံနဲ့တကွ အောက်ဆုံးမှာ ဖေါ်ပြထားပါတယ်)။
...

မြန်မာနိုင်ငံမှာ တာဝေးပြိုင်ပွဲ သိပ်မထွန်းကားသေးတဲ့အတွက် နိုင်ငံတကာပြိုင် ပွဲတွေက ဖြူ-နီ-၀ါ-စိမ်း အရောင်သင်္ကေတတွေကို နားလည်သူနည်းသေးတယ် လို့ထင်ပါတယ်။ ကျနော်ကိုယ်တိုင် ပြည်နယ်-တိုင်း ပြိုင်ပွဲ ကြိမ်နဲ့ တခွန်စိုက် တကြိမ်ပြိုင်ခဲ့ဖူးပေမဲ့ နိုင်ငံတကာပွဲတွေအကြောင်း ကောင်းကောင်းလေ့လာ ခွင့်မရခဲ့ပါ။
(၂၀၁၁ ခုနှစ်က Tour de France မှာ အ၀ါ၊ အစိမ်း၊ ပျောက်ကျားနဲ့အဖြူရောင် ရသူများ)

အခု အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ Giro d'Italia ပြိုင်ပွဲဟာ သတင်း ပတ်ကြာ ကျင်းပတဲ့ မဟာပြိုင်ပွဲ ခုထဲက တခုဖြစ်ပါတယ်။ အခြားပွဲ ခုကတော့ လာမဲ့ ဇူလိုင်လ ရက်နေ့ကနေ ၂၆ ရက်အထိကျင်းပမဲ့ Tour de France ပွဲနဲ့ သြဂုတ်လ ၂၂ ကနေ စက်တင်ဘာ ၁၃ အထိကျင်းပမဲ့ Vuelta a España တို့ဖြစ်ပါတယ်။ 

ဒီ ပွဲမှအပ ကျန်ပွဲတွေဟာ သတင်းတပတ် သို့မဟုတ် ရက်ကနေ အောက် ပွဲစဉ်များသာဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ ဥရောပမှာဖြစ်ပေမယ့် အခု နောက်ပိုင်း အမေရိကန်ပွဲတွေဟာလည်း အတော်လူစိတ်ဝင်စားမှုများပါတယ်။

မဟာပြိုင်ပွဲ ခုရဲ့အရောင်ရွေးချယ်မှုကိုပြောရမယ်ဆိုရင် အီတလီမှာကျင်းပတဲ့ Giro d'Italia က အမှတ်အများဆုံးနဲ့ ပထမ ရသူကို ပန်းရောင်အကျီပေး ပါတယ်။ ပြင်သစ်မှာကျင်းပတဲ့ Tour de France က အ၀ါရောင် အကျီပေးပြီး စပိန်မှာကျင်းပတဲ့ Vuelta a España က အနီရောင်အကျီပေးပါတယ်။

အဲဒီ ပထမ အရောင်မှအပ ကျန်တဲ့ အစိမ်း၊ အဖြူနဲ့ အဖြူ-အနီ ကွက်ကြား အကျီတွေကတော့ အတူတူပါပဲ။ အစိမ်းရောင်ရဲ့သင်္ကေတက အမှတ်အများဆုံး လူကိုပေးတာဖြစ်ပါတယ်။ အဖြူရောင်က လူငယ်ခြေတက်တွေကို ပေးတာဖြစ် ပြီး အဖြူနဲ့-အနီကွက်ကျားကတော့ တောင်တက်ဘုရင်တွေကိုပေးတာဖြစ်ပါ တယ်။

မြန်မာအသင်းတွေနဲ့ နိုင်ငံတကာအသင်းတွေကြား မတူတဲ့နောက်တချက်က တော့ အသင်းဖွဲ့စည်းပုံပါ။ ၁၉၈၈ အထိ မြန်မာအသင်းတွေရဲ့ဖွဲ့စည်းပုံမှာ ဦးသာရှိပါတယ်။ ဒါကလည်း မြန်မာနိုင်ငံမှာကျင်းပနေကြ ကွင်းတွင်းပွဲ ပွဲနဲ့ လမ်းပေါ်ပွဲတပွဲပေါ်အခြေခံပြီး တပွဲတယောက်နှုန်းနဲ့ ဦးရွေးထားတာလို့ ယူဆ ရပါတယ်။

နိုင်ငံတကာအသင်းတွေမှာတော့ တသင်းမှာစက်ဘီးသမား ၂၀-၃၀ ခန့်ရှိပေမဲ့ တပွဲမှာ ဦးစီသာဝင်ပြိုင်ခွင့်ရှိပါတယ်။ ဦးကို သင်းလောက်ခွဲပြီး နေရာခွဲ ပြိုင်လေ့ရှိပါတယ်။ ဥပမာ အခုဆိုရင် အီတလီမှာ သတင်း ပတ်ကြာပွဲကြီး ကျင်းပနေသလို ကားလီဖိုးနီးယားမှာလည်း ရက်ကြာပွဲကြီးတခုကျင်းပနေပါ တယ်။ ဒါကြောင့် တသင်းစီကနေ စက်ဘီးသမား ၁၈ ဦး တပြိုင်တည်း ၀င်ပြိုင် နေတယ်လို့ဆိုနိုင်ပါတယ်။

ဒီစက်ဘီးအသင်းတွေဟာ UCI ခေါ် နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ်က သတ်မှတ် ထားတဲ့ စံချိန်းစံညွန်းတွေနဲ့အညီဖွဲ့စည်းထားတာဖြစ်ပြီး ကြေးစားဘော်လုံးသ မားတွေလိုပဲ စက်ဘီးသမားတွေကိုလည်း ဈေးကြီးပေး ငှားကြရပါတယ်။ ဘောလုံးသမားတွေလိုပဲ ရာသီအလိုက် အသင်းပြောင်းကြပါတယ်။

အဓိကပွဲတွေဟာ ဥရောပနဲ့ အမေရိကားမှာသာရှိပြီး အာရှမှာမရှိပါ။ ကြေးစား စက်ဘီးသမားတွေထဲမှာလည်း အာရှသားတွေကို (တရုတ်ဦး၊ ဂျပန်တဦးမှအပ) မတွေ့မိသလောက်ပါပဲ။ ဒါ ပေမယ့် အာရှလိုပဲ ဆင်းရဲပြီး ကိုယ်ခန္တာအချိုးအစားငယ်တဲ့ တောင်အမေရိက တိုက် (အထူးသဖြင့် ကိုလံဘီယာ) က စက်ဘီးသမားတွေ ဒါဇင်နဲ့ချီရှိလာတာ ကတော့ အံ့သြစရာပါ။

မနှစ်က Giro d'Italia ပွဲမှာ ပန်းရောင်အကျီရသွားတဲ့ Nairo Quintana ဆိုရင် ကိုလံဘီယာနိုင်ငံသားဖြစ်သလို အခုပြိုင်ပွဲဝင်နေဆဲ Rigoberto Uran (Col) ဟာလည်း ကိုလံဘီယာနိုင်ငံသားပါပဲ။ ကွင်တားနားဟာ ဒီပွဲကိုမ၀င်ပဲနဲ့ ပြင်သစ်ပွဲအတွက် အထူးလေ့ ကျင်နေတယ်လို့ ယူဆရပါတယ်။

ဒီပွဲတွေအားလုံးထဲက မဟာ့မဟာပြိုင်ပွဲကတော့ လာမဲ့ ဇူလိုင်လ ရက်နေ့မှာ စတင်မဲ့ Tour de France ပါပဲ။ အခု ကွင်းခွဲပြီး ကစားနေကြတဲ့ စက်ဘီးသမား အားလုံး Tour de France ကို ၀င်ကြမှာပါ။ အဲဒီပွဲမှာ ပထမ အ၀ါရောင်အကျီရ ဖို့ဆိုတာ တကယ့်ကိုမလွယ်တဲ့ကိစ္စ၊ တကယ့်သူရဲကောင်းရွေးပွဲတခုပါပဲ။

ဒီလိုမလွယ်တဲ့ပွဲကို နှစ်ဆက်တိုက် ပထမ ရခဲ့သူကတော့ အမေရိကန်မှ Lance Armstrong ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တားမြစ်ဆေးသုံးတယ်ဆို ပြီး ဆုတွေအားလုံးကိုပြန်ရုတ်သိမ်းတဲ့အပြင် ဒေါ်လာသန်း ရာနဲ့ချီရှိတဲ့ စပွန်ဆာတွေကိုပါ ပြန်လျှော်ခိုင်းနေတဲ့အတွက် ဒုက္ခများနေပါတယ်။

ဒီပွဲတွေဟာ မြန်မာပရိတ်သတ်နဲ့ဝေးတဲ့အပြင် မြန်မာအများစုဟာ ဘော်လုံးကို သာအဓိကစိတ်ဝင်စား (လောင်းကြတယ်) ကြတယ်လို့သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစာမျက်နှာလေးဟာ စက်ဘီးအားကစားကို တကယ်စိတ်ဝင်စားတဲ့ မြန်မာပရိတ်သတ်၊ အထူးသဖြင့် မြန်မာစက်ဘီးသမားတွေအတွက် တစုံတရာ အကျိုးရှိမယ်ဆိုရင် နေ့စဉ်ရေးသားရကျိုးနပ်တယ်လို့ ယူဆထားပါတယ်။

ခင်မင်လေးစားစွာဖြင့်
ထက်အောင်ကျော်။


......

နောက်တိုး တင်ပြချက်...
...

အထက်ပါဖေါ်ပြချက်ဟာ ၂၀၁၅ ခုနှစ် မေလကသိထားသမျှကိုရေးထားခြင်းဖြစ်ပါတယ်။ အဲဒီဖေါ်ပြချက်ဟာ Grand Tour ၂၁ ရက်တာပွဲတွေအတွက်မှန်ပေမဲ့ ၁၀ ရက်တာ၊ ၇ ရက်တာ၊ ၄-၅ ရက်တာပွဲတွေမှာတော့ မတူတဲ့ သတ်မှတ်ချက်တွေရှိတာတွေ့ရပြန်ပါတယ်။

ဥပမာ အခု ၂၀၁၆ ရာသီအစကနေ အခု မေလ လယ်လောက်အထိပွဲစဉ်တွေကိုအကြမ်းပြန်သုံးသပ်ကြည့် ပါ။ ဇန်နာဝါရီမှာစတင်တဲ့ သြစတေလျနိုင်ငံ Tour Down Under ပွဲမှာ ပထမ ရသူ Simon Gerrans (Aus) Orica–GreenEdge ကို အနီရောင်အကျီပေးလိုက်ပါတယ်။ တချိန်တည်း အာဂျင်တီးနားမှာကျင်းပတဲ့ Tour de san Luis ပွဲမှာ ပထမ ရသူ Dayer Quintana (movistar) ကိုတော့ အပြာရောင်အကျီပေးပါတယ်။ 




ဖေဖေါ်ဝါရီအတွင်းကျင်းပတဲ့ Dubai Tour မှာ ပထမ ရသူ Marcel Kittel (Ger) Etixx-QuickStep ကို အနီရောင်အကျီ ပေးပါတယ်။ တခါ အဲဒီပွဲအပြိး ဆက်တိုက်ကျင်းပတဲ့ Tour of Qatar မှာ ပထမ ရသူ Mark Cavendish (GBr) Dimension Data ကိုတော့ ရွှေရောင်အကျီပေးတာတွေ့ရပါတယ်။ ဖေဖေါ်ဝါရီလကုန်ခါနီးမှာကျင်းပတဲ့ Tour of Oman မှာ ပထမ ရသူ Vincenzo Nibali (Ita) Astana Pro Team ကို အနီရောင်အကျီပေးပါတယ်။ ဒါပေမဲ့ အဲဒီအနီရောင်နဲ့ Kittel ရတဲ့ အနီရောင် နဲနဲလေးကွာနေပြန်ပါတယ်။ 




ဒီနှစ်အတွက် ဥရောပမှာ ပထမဆုံးကျင်းပတဲ့ ပေါ်တူဂီက Volta ao Algarve ပွဲမှာ ပထမ ရသူ Geraint Thomas (Gbr) Team Sky ကို အ၀ါရောအကျီပေးပါတယ်။ စပိန်နိုင်ငံ မြေထဲပင်လယ်ဖက်မှာ ၅ ရက်ကြာကျင်းပခဲ့တဲ့ Ruta del Sol ပွဲမှာ ပထမ ရသူ Alejandro Valverde Belmonte (Spa) Movistar Team ကိုတော့ အနီရောင်အကျီပေးပါတယ်။



မတ်လလယ် အီတလီမှာကျင်းပတဲ့ Tirreno-Adriatico ပွဲမှာ ပထမ ရသူ Greg Van Avermaet (BMC) ကိုတော့ အပြာရောင်အကျီပေးပါတယ်။ အဲဒီပွဲ နဲ့တပြိုင်တည်းကျင်းပတဲ့ ပြင်သစ်က Paris-Nice ပွဲမှာ ပထမ ရသူ Geraint Thomas (GBr) Team Sky ကိုတော့ အ၀ါ ရောင်အကျီပေးပါတယ်။ 



မတ်လကုန်ပိုင်း စပိန်နိုင်ငံ ဘာစီးလိုးနားဒေသမှာကျင်းပတဲ့ Volta a Catalunya ပွဲမှာ ပထမ ရသူ Nairo Quintana (Col) Movistar Team ကိုတော့ အဖြူရောင်အကျီပေးပါတယ်။ ဧပြီလလယ်ပိုင်းက စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ပွဲမှာ ပထမ ရသူ Alberto Contador (Spa) Tinkoff Team က အ၀ါရောင် အကျီရပါတယ်။





ဧပြီလကုန်ပိုင်းက အီတလီနိုင်ငံ Trentino ဒေသမှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ Giro del Trentino ပွဲမှာ ပထမ ရသူ Mikel Landa Meana (Spa) Team Sky ကိုတော့ ကြက်သွေးရောင်အကျီပေးတာတွေ့ရှိရပါကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖေါ်ပြလိုက်ရပါတယ်။         ။

နေမျိုးဇင် နော်အုံးလှ ကျောင်းသားတွေနှင့် နိုင်/ကျဉ်း ၄၀၀ ကျော်

  • Friday, 15 May, The Voice Daily.
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/6931-nmz#sthash.Z2Si37Kg.dpuf

Share

Twitter Delicious Facebook Digg Stumbleupon Favorites More